အပိုဒ် ၂၁။ ကလေးများကို မွေးစားသည့်အခါ ၎င်းတို့အကျိုးကို ပထမဆုံး ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါသည်။ အပိုဒ် ၂၂။ ခိုလှုံသူဒုက္ခသည်အဖြစ် နိုင်ငံအတွင်းသို့ ဝင်ရောက်လာသော ကလေးများသည် ထိုနိုင်ငံတွင် ဖွားမြင်သော ကလေးများရရှိသည့် အခွင့်အရေးများနည်းတူ တန်းတူခံစားခွင့် ရှိစေရပါမည်။ အပိုဒ် ၂၃။ မစွမ်းမသန်ဖြစ်နေသော ကလေးများသည် အထူးပြုစုစောင့်ရှောက်မှု ခံယူနိုင်ခွင့်နှင့် လိုအပ်သောအထောက်အပံ့ရရှိခွင့် ရှိရပါမည်။ သို့မှသာ လွတ်လပ်မှု အပြည့်အဝဖြင့်နေနိုင်သောဘဝသို့ ရောက်ရှိမည်ဖြစ်ပါသည်။ အပိုဒ် ၂၄။ ကလေးများအနေဖြင့် အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုခံယူခွင့်ရှိပြီး ရေကောင်းရေသန့်နှင့် အဟာရရှိသော အစားအစာများစားသောက်ခွင့်နှင့် သန့်ရှင်းသောပတ်ဝန်းကျင်တွင် နေထိုင်ခွင့်ရှိပါသည်။ အပိုဒ် ၂၅။ မိဘပြုစုစောင့်ရှောက်မှုမဟုတ်ပဲ ဒေသတာဝန်ခံများ၏ ကြည့်ရှုစောင့်ရှောက်မှုခံနေရသော ကလေးများအား နေရာချထားမှုအခြေအနေကို ပုံမှန်သုံးသပ်မှု ရှိရပါမည်။ အပိုဒ် ၂၆။ ကလေးများသည် လူမှုဖူလုံရေးအာမခံချက်အပါအဝင် လူမှုဖူလုံရေးစောင့်ရှောက်မှု […]


