mgtharmyarAugust 13, 20111min05
ဘီစီ (722-481) လောက်ကတရုတ်ပြည်မှာ တိုင်းပြည်တစ်ခုလုံးအကျင့်ပျက်၊ချစားမှုများ ပြည်ထောင်စုအချင်းချင်းသွေးကွဲပြိုကွဲနေချိန်၊ တစ်တိုင်းပြည်လုံးမငြိမသက်ဖြစ်နေတဲ့အချိန်ပေါ့ အဲဒီလိုဖြစ်ပေါ်ရတဲ့အကြောင်းကတော့မင်းကမင်းလို မကျင့်၊မှူးမတ်များသည်လည်းမှူးမတ်လိုမကျင့်သော ကြောင့်ဖြစ်တယ်လို့ကွန်းဖြူးရှပ်ကပြောကြားခဲ့..   မင်းသည၊်မင်းဘဲဖြစ်ပါစေ မှူးမတ်တို့သည်မှူးမတ်ဘဲဖြစ်ပါစေ ဖခင်သည်လည်း၊ဖခင်သာဖြစ်၍ သားသည်လည်းသားဘဲဖြစ်ပါစေ (ကွန်ဖြူးရှပ် ဘီစီ 722-481) (ကွန်ဖြူးရှပ်)


mgtharmyarAugust 13, 20111min02
မြစ်ဆုံ၊မေခ၊မေလိခ၊မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်၍ နိုင်ငံတကာ နှင့်ပြည်သူလူထုအထင်မှားအမြင်မှားဖြစ်စေရန်အချို့ပုဂ္ဂိုလ်/အဖွဲ့အစည်းများ ကမဟုတ်မမှန်လုပ်ကြံရေးသားလုပ်ဆောင်လျှက်ရှိ နေဟုအစိုးရပိုင်သတင်းစာပါဆောင်းပါးရှင်(လျှပ်စစ်ဝန်ထမ်းတစ်ဦး)ဧ။်စွပ်စွဲချက် ကိုတုံ့ပြန်လိုက်ခြင်း။  (10.8.2011 ရေးသားတုံ့ပြန်ခဲ့သည်။)   (9-8-2011)နေ့စွဲနိုင်ငံပိုင်မြန်မာအလင်းသတင်းစာတွင်ဖော်ပြခဲ့သောဆောင်းပါးရှင် လျှပ်စစ်ဝန်ထမ်းတစ်ဦး၏မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်သည့်ဆောင်းပါးက mediaတွေကဘဲမဟုတ်မမှန်သတင်းကိုလုပ်ကြံပြီးရေးသားပြီးပြည်သူကိုAlarmist လုပ်နေတဲ့သဘောပြောဆိုရေးသားထားတာဟာမီဒီယာလောကကိုစော်ကားလိုက်ခြင်းဖြစ်တယ်လို မြင်မိပါတယ်။အဲဒီဆောင်းပါးရှင်ရဲ့ဆောင်းပါးများကိုကောက်နုတ်ချက်ချကြည့်ရင် ကောင်းကျိုး(advantages)များသာထုံစံအတိုင်းသတင်းစာဆောင်းပါးပုံစံရေးသားထာတာတွေရပါတယ် ။မြစ်ဆုံရေကာတာ(MyintsonDam)ကြောင့်လတ်တလောပြည်သူတွေခံစားရမဲ့ဒုက္ခများနှင့် တစ်နိုင်ငံလုံးနောင်ခံစားရဦးမည့်ဆိုးကျိုးများ(Disadvantages)ကိုရေးသားဖေါ်ပြထားခြင်းမတွေ့ရပါဘူး။   (၁)Impact areaမှာပြည်သူတွေဘယ်လောက်ထိခိုက်ဆုံးရှူံးပြီးလူတွေစိတ်ဒုက္ခရောက်ရတယ်ဆိုတဲ့လူအခွင့်အရေး ကိုဥပေက္ခာပြုထားခြင်း၊ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကြောင့်လူတွေဘယ်လောက် ဒုက္ခရောက်ဦးမယ်ဆိုတာကိုလစ်လျှူရှုထားခြင်း   (၂)ရေကာတာစီမံကိန်းကိုတရုတ်CPIကော်ပိုရေးရှင်းက3.6ဘီလီယံရင်းနှီးမြှုပ်နှံတည်ဆောက် လုပ်ကိုင်နေခြင်းဖြစ်တယ်လို့ပွင့်လင်းစွာရေးသားခြင်းမရှိပါ။   (၃) ရေကာတာမှထွက်ရှိမဲ့အကျိုးအမြတ်ဧ။်၇၀%ကိုတရုတ်ကရရှိမှာဖြစ်တယ်လို့ပြည်သူအများကိုချပြမထားခြင်း။ (၄)ထွက်ရှိမဲ့ရေအားလျှပ်စစ်ဧ။်၉၉%ကိုတရုတ်ကယူမည်၊၁%သာပြည်တွင်းမှာသုံးစွဲသွားမည်ဆိုတာဖော်ပြထားခြင်း မရှိပါ။ (၅)တရုတ်အစိုးရနဲ့မြန်မာအစိုးရနှစ်ဖက်စလုံးကရေကာတာကြီးကြောင့်ပတ်ဝန်ကျင်ထိခိုက်မှုမရှိစေရဟုအာမခံထား ခြင်းမရှိ (၆)ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာအစီရင်ခံစာတွင်၊ရေကာတာကြီးသည်စစ်ကိုင်းပြတ်ရွေ့ကြောလိုခေါ်တဲ့ငလျှင်ကြောအ နီးအနားမှာရှိတယ်ဆိုတာကိုဖော်ပြထားခြင်းမရှိ။   (၇)ပညာရှင်များသည်2009ခုနှစ်ဇန်နဝါရီလမှဇူလိူင်လအထိသာလေ့လာဆောင်ရွက်လို့သာဖော်ပြထားတာကိုတွေ့ရပြီး ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာအစီရင်ခံစာရဲ့လိုက်နာရမည်အဓိကစည်းကမ်းချက်(၁၀)ချက် အနက်(၁)ချက်သာလေ့လာရသေးတယ်ဆိုတာဖေါ်ပြထားခြင်းမရှိပါ။   (၈)ရေအားလျှပ်စစ်စီမံကိန်းကြောင့်ဒေသခံပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများ ရရှိမှာဖြစ်တယ်လို့ဖေါ်ပြထားတာကိုတွေ့ရပါတယ်။ဒေသခံပြည်သူတွေရရှိတဲ့လုပ်အားခနှင် ့တရုတ်ပညာရှင်များနဲ့အလုပ်သမားရရှိခံစားရမည့်အခွင်အရေးတူနိုင်သလားဆိုတာထည့်မတွက်ပြထားဘူး၊ ဘာလိုဒီလိုပြောရသလဲဆိုရင်ကျောက်ဖြူရေနက်ကွင်းစီမံကိန်းမှာတရုတ်အစိုးရကတင်သွင်းလာတဲ့ တရုတ်အလုပ်သမားတွေနဲ့အဲဒီမှာအလုပ်လုပ်နေတဲ့မြန်မာအလုပ်သမားတွေရဲ့အကျိုးခံစားခွင့်နှင့်နေရထိုင်ရတာ ဘယ်လောက်ကွာခြားသလဲဆိုတာကိုသွားရောက်လက်တွေ့ကြည့်ကြပါ။   (၉)စီမံကိန်းဧရိယာနှင့်မလွတ်ကင်းသောရွာများကိုသက်ဆိုင်ရာစံပြကျေးရွာ အသစ်များတည်ဆောက်၊အစားထိုးပေးထားတဲ့အတွက်ကြောင့်မှုလနေထိုင်ခဲ့သောအဆင့်ထက်များစွာ သာလွန်အောင်ဆောင်ရွက်ပေးထားကြောင်းဖေါ်ပြထားပါတယ်။ကျွန်တော်အနေနဲဆောင်းပါးရှင် ကိုမေးလိုက်ချင်ပါတယ်။ဆောင်းပါးရှင်အနေနဲ့ဒေသခံပြည်သူတွေများကို စာနာနားလည်စိတ်မရှိသူ၊ဆောင်းပါးရှင်သည်၊လူတွေရဲ့နေရာအစွဲ၊ဒေသအစွဲ၊ ကိုနားလည်းမှုမရှိသူဟုယူဆရပါတယ်။ဒေသခံပြည်သူများအနေနှင့်မိမိကျင်လည်ကျက်စားတဲ့နေရာ၊ မိမိလုပ်ကိုင်စားနေကြနေရာ၊မိမိရဲ့ဇာတိချက်မြေ ၊ယဉ်ကျေးမှုများကိုဘယ်လောက်တန်ဘိုးထားတဲ့ဆိုတာထည့်သွင်းမစဉ်းစားရင်တော့ လူအခွင့်ရေးချိုးဖောက်ရာရောက်တယ်ဆိုတာဆောင်းပါးရှင်နားမလည်းဘူးလားဆိုတာသိတာထင်ရှားပါတယ်။ […]


စုန္းထီးAugust 12, 20112min011
ဒါလားဟ ဒီမိုကရေစီ … ကျွန်တော်လည်း ဒီမိုကရေစီ ဆိုတာ ဘာမှန်းမသိပါ … ဒီလိုဆိုရင် ခက်ချည်ရဲ့ ကိုယ်အလိုချင်ဆုံးတစ်ခုက မရနိုင်ပြီကွယ်.. ကျန်တာတွေ မထူးတော့ဘူးရယ် ယဉ်တဲ့စိတ်ကူး အကောင်အထည်ဖော်နိုင်ဖို့ .. ခဲလေသမျှ သဲရေကျခဲ့ရပေါ့ကွယ် .. ရှင်ရင် ရွှေထီးဆိုကာ စွန့်စားခဲ့တာလည်း …………… လုပ်တော့လုပ်ပါ အမယ်များတာ ကြိုက်ပေမယ့် မနိုင်မှာ စိုးဝံ့ပါတယ် ငါးသိုင်းများရင် ဟင်းဟုံတယ်တဲ့ဗျ ကျွန်တော်ကတော့ သိသလောက် မှတ်သလောက် တက်သလောက် ဘာမှ မရှိသေးတော့ အပြုသဘော ဆောင်တဲ့ ဝန်ဆောင်မှုမျိုး မပေးနိုင်သေးတာ နားလည်ပေးကြပေါ့ဗျာ … ကာတွန်းတွေကိုတော့ မဇိ္ဇမ၊ မိုးမခ၊ ဧရာဝတီ စတဲ့ ဝက်ဘ်ဆိုဒ်တွေက ကူးယူမိခဲ့ပါတယ် …


kaiAugust 9, 20116min07
8 −1 0 1 2 3 4 5 6 7 8 9 → Cardinal 8 eight Ordinal 8th eighth Numeral system octal Factorization 23 Divisors 1, 2, 4, 8 Roman numeral VIII Roman numeral (Unicode) Ⅷ, ⅷ Greek η (or Η) Arabic ٨,8 Amharic ፰ Bengali ৮ Chinese numeral 八,捌 Devanāgarī ८ Tamil ௮ Hebrew […]


kaiAugust 6, 20111min023
ဩဂုတ်လ ၅ရက်ထုတ်.. မြန်မာ့အလင်းသတင်းစာထဲက… မောင်တင်အေး(သရက်)ရဲ့… .နိုင်ငံကိုစွန့်ခွာခြင်းဆောင်းပါးဖတ်ပြီး… ယူအက်စ်နေ မြန်မာတွေအပါအဝင်.. နိုင်ငံတကာကမြန်မာတွေ ပြန်ပြောချင်တာရှိချင်ရှိမှာပဲဆိုပြီး.. ဒီပို့စ်တင်ပါတယ်..။ (ပြောသာပြောတာ.. ဒီစာကိုဖတ်မိတဲ့.. မြန်မာတိုင်းက.. မြန်မာပြည်ကိုချစ်တဲ့.. မြန်မာတွေလို့ပဲ သတ်မှတ်မိပါတယ်.။ မြန်မာပြည်စွန့်ခဲ့သူတွေက… မြန်မာစာတွေ..မြန်မာသတင်းတွေ..ယောင်လို့မှ..မဖတ်ကြတာကိုးနော..) မူရင်းသတင်းဆောင်းပါးကိုတော့.. ရုပ်ပုံပြောင်းပြီးတင်ထားပါတယ.်.။ ကလစ်လုပ်ပြီး ဖတ်ကြည့်ကြပါနော.. ပြည်တွင်းနေ မြန်မာတွေကလည်း..  ဝင်ပြိးဆွေးနွေးရေးပေးကြပါဦး..။     58newsm  မြန်မာအလင်းသတင်းစာ မူရင်း (စာမျက်နှာ ၅ကိုကြည့်ရန်)


kaiAugust 5, 20113min012
အောက်ကစာတွေက.. ဒီမှာတင်ခဲ့တဲ့..” စောက်ချိုးတွေ ပြင်၊ ဒါပဲ…” http://myanmargazette.net/58273/politics-news-issues ရဲ့အဆက်..ဆက်တက်လာတဲ့ပြန်စာပါ..။ ရွာသားတွေဖတ်သင့်တယ်ထင်လို့… စာကလည်း.. တွေးခေါ်ဆွေးနွေးတာ.. သီးသန့်ဖြစ်နေတာမို့.. ပို့စ်ခွဲလိုက်တာပါပဲ..။ ဆိုင်ရာသူရဲ့ အာဘော်ဖြစ်ပါကြောင်း… ==================== ကိုရဲရင့်ငယ်နှင့် မိတ်ဆွေများခင်ဗျား၊ ကျနော် ၂၀၁ဝ ခုနှစ် ဩဂုတ်လက ရေးပြီး သိပ်မပျံ့နှံ့ခဲ့တဲ့ မြန်မာအသိုင်းအဝိုင်းမှာတောင် ဖတ်သူနည်းတဲ့ လစဉ်ထုတ် သတင်းစာ ဆောင်းပါးဟောင်းကို ြပန်တင်ပေးလိုက်ပါတယ်။ ဆက်တိုက်ဆိုသလို ဆောင်းပါးဟောင်း ငါးပုဒ်လောက် တင်ပေးဖိုု့ ရည်ရွယ်ပါတယ်။ ကျနော် ဒီ/ချုပ်နဲ့ ဒေါ်စု၊ ဦးဝင်းတင်တို့ကို ဝေဖန်တာ ခုမှ မဟုတ်ပါဘူး။ ပုဂ္ဂိုလ်ရေးအရ အလွန်လေးစားထိုက်သူတွေဖြစ်တာနဲ့ သူတို့လုပ်သမ ျှ အားလုံးထောက်ခံရမယ်၊ ကောင်းတယ်ဆိုတာမျိုးကတော့ ကျနော်ဟာ  စက်ရုပ်မဟုတ်သလို ကိုယ်တိုင်လဲ ထဲထဲဝင်ဝင် လေ့လာတဲ့သူဖြစ်တဲ့အတွက် မထောက်ခံနိုင်ပါဘူး။ တိုင်းပြည်မျက်နှာတစ်ခုတည်းကိုသာ ကြည့်ပြီး ဝေဖန်စရာရှိရင် ဘယ်သူ့မဆို ဝေဖန်ပါတယ်။ အောက်က ဆောင်းပါးကို ဖတ်ကြည့်ပြီး၊ အချက်အလက်နဲ့ တုန့်ပြန်ဖို့ တိုက်တွန်းလိုက်ကြောင်းပါ။ ကျန်းမာရွှင်လန်းကြပါစေ၊ မောင်ညွန့် (မင်းကျောင်းတိုက်) =================================== မိုးကျ […]


kaiJuly 31, 20117min025
အောက်ကအီးမေးလ်နဲ့ အပြန်အလှန်ပြောဆိုဆွေးနွေးထားတာတွေကို.. မေးလ်ဂရုကနေ ကူးယူပါတယ်..။ အားလုံးက မေးလိဂရုဆွေးနွေးတဲ့အထဲတင်ကြတာမို ့.. လူသူအဖတ်များစေချင်တဲ့ ဆန္ဒရှိမှာပဲယူဆပြီး ဒီမှာကူးတင်ပါတယ်..။ မြန်မာပြည်ပြင်ပက နိုင်ငံရေးစိတ်ဝင်စားတဲ့လူတွေကတော့ ဖတ်ပြီးနေကြလောက်ပေမဲ့. ပြည်တွင်းက စိတ်ဝင်စားသူမြန်မာများ ဖတ်စေချင်လို့ပါ။ မီဒီယာအနေနဲ့ မှတ်တမ်းကျန်ရစ်အောင် ထားတာဖြစ်ပြီး အားလုံးဟာ ဆွေးနွေးရေးသားသူများရဲ့ အာဘော်သာဖြစ်ပါတယ်လို့ ပြောထားပါရစေ..။ ရက်နာရီအလိုက် ပြန်စာတွေပါဖော်ပြပေးထားပြီး.. အသစ်ထပ်တက်လာတာတွေလည်း အခြေအနေပေးရင် ဆက်တင်ပေးပါ့မယ်..။ ================================ dateFri, Jul 29, 2011 at 5:29 PM နာမည်ကြီး၏ လစာနှုံးထားများ ဩစတျေးလျ ဝန်ကြီးချုပ်က တစ်ရက်ကို ၁၄၁၈ ဒေါ်လာ  ရပါတယ်။ အမေရိကန် သမ္မတက တစ်ရက်ကို ၆၄၇ရ ဒေါ်လာ ရတော့ ဩစတျေးလျဝန်ကြီးချုပ်ထက် ပိုများပါတယ်။ သူတို ့က နိုင်ငံရေးသမားတွေဆိုတော့ […]


KingJuly 30, 20111min013
စာဖတ်သူရော ဘယ်လိုတွေ တွေးလဲ ခဏလောက် ကိုယ့်အတွေးကို ပြန်စဉ်းစားကြည့်ရအောင် …. အားလုံးကို လေးစားလျှက် ……………… KING


kaiJuly 29, 20111min05
=== Update : July 30 2011 ၁၉၉ဝ ရွေးချယ်ခံအမတ်များ ပါလီမန်မှ ဒေါ်အောင်ဆန်းစုကြည် အိပ်ဖွင့်စာအပေါ်ပြန်ကြားစာထုတ်..။ ဒေါင်းလုပ်လုပ်ရန်..။ MPU statement on DASSK’s open letter 2011-7-30  


အာဂJuly 27, 20111min013
ဂျူလိုင်လ (၂၅)ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ သိန်းစိန်အစိုးရအဖွဲဝင် ဝန်ကြီး ဦးအောင်ကြည်နဲတွေ့ဆုံဆွေးနွေးပွဲကို အားလုံးသိပြီးသားဖြစ်မှာပါ.။ အချို့ကလည်း အကျိုးရှိမယ့် ရလဒ်ကောင်းတွေထွက်ပေါ်လာမယ်လို့ထင်တဲ့လူက ထင်ကြပါတယ်။ ကျွန်တော့်အမြင်ကတော့ ဒါဟာ အကျိုးရှိမယ့် ရလဒ်ထွက်ပေါ်လာမယ်လို့ ကိုလုံးဝမထင်မိပါဘူး။ ဒီလိုတွေ့ဆုံမှုကိုလည်း အချိန်ကိုက် လုပ်ဇာတ်တစ်ခုလို့ ပဲမြင်မိပါတယ်။ဘာဖြစ်လို့လည်း ဆိုတော့ အဲဒီလို့ အန်တီစု နဲ့ တွေ့တဲ့နေ့ က တိုက်တိုက်ဆိုင်ဆိုင်ဆိုရမလားပဲ။ သိန်းစိန် အဆိုးရ ရဲ့ပြည်ထောင်စု ဝန်ကြီး နိုင်ငံခြားရေးဝန်ကြီးက အာဆီယံအစည်းအဝေးပွဲမှာ လက်ရှိအာဆီယံ ဥက္ကဌ နဲ့တွေ့ဆုံပြီး နောက်လာမယ့် နှစ်မှာ မြန်မာပြည်က အလှည့်ကျဥက္ကဌ ဖြစ်ဖို့ အပြုသဘောဆောင်မဲဆွယ်နေသတဲ့..။ ဒီတော့ သူတို့က တော့ အာဆီယံကိုပြောပါလိမ့်မယ် မြန်မာပြည်မှာတွေ့ဆုံဆွေးနွေးပွဲဖြစ်ဖို့ အတွက် အခုအချိန်မှာ အန်တီစုနဲ့တွေ့ဆုံပြီးပြင်ဆင် နေပြီပေါ့။ ဒီတော့ မဲပေးပေါ့ ပေါ့ဗျာ.။ ဘန်ကီမွန်းတို့ဘာတို့ကလည်းကြိုဆို […]


လင်းဝေJuly 25, 20111min06
အရင် နဝတ(နအဖ) လက်ထက်မှာ ဆက်ဆံရေးဝန်ကြီးအဖြစ်ခန့်ထားခဲ့တဲ့ အခုလက်ရှိအစိုးရအဖွဲ့မှာလည်း အလုပ်သမားဝန်ကြီးအဖြစ်နဲ့ အစိုးရအဖွဲ့မှာ ဆက်လက်ပါဝင်နေသေးတဲ့ ဦးအောင်ကြည်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်မယ်လို့သိရပါတယ်။ ဒီနေ့ နေ့လည် တစ်နာရီမှာ ပြုလုပ်မယ်လို့လည်း သိရပါတယ်။ ဒီဆွေးနွေးပွဲဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်တည်ခွင့်နဲ့ပတ်သက်ပြီး အစိုးရဘက်က သတိပေးချက်ကို အန်အယ်ဒီ ဘက်မှ ပြည်ထဲရေး ဝန်ကြီးဆီ စာပြန်အကြောင်းကြားတာနဲ့ ဆက်စပ်မယ်လို့ ထင်ပါတယ်။ ရယ်စရာကောင်းနေပေမယ့် ဘယ်သူမှ ရယ်စရာလို့ မြင်မှာ မဟုတ်ပါဘူး။ ပြည်ထဲရေးဝန်ကြီးကို စာပို့လိုက်တာ အလုပ်သမားဝန်ကြီး နဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဖြစ်သူ ဦးအောင်ကြည်က လက်ခံတွေ့သလိုဖြစ်နေလို့ပါပဲ။ အန်အယ်ဒီ ကို ပြန်လည်နေရာချထားဖို့လားမသိပါဘူး။ ဘာပဲဖြစ်ဖြစ် ပြုလုပ်တဲ့ ဆွေးနွေးပွဲဟာ နေ့လည် သုံးနာရီမထိုးမီလေးမှာ ပြီးဆုံးသွားခဲ့ပါတယ်။ ဆွေးနွေးပွဲ အပြီးမှာ […]


kaiJuly 25, 20111min08
မြန်မာနိုင်ငံဟာ အာရှအင်အားကြီးနိုင်ငံကြီးတွေ ဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံအကြားမှာ တည်ရှိနေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ နှစ်နိုင်ငံအကြား စစ်အင်အားအသုံးပြု (The use of force) ရတဲ့ ပဋ္ဋိပက္ခတွေ ဖြစ်လာခဲ့ရင် အိန္ဒိယသမုဒ္ဒရာ စစ်မျက်နှာမှာ မဟာဗျူဟာတန်ဖိုး (strategic value) အမြင့်ဆုံးနိုင်ငံတနိုင်ငံအနေနဲ့ သတ်မှတ်ထားခြင်းခံရတဲ့ နိုင်ငံတ နိုင်ငံလဲ ဖြစ်ပါတယ်။ မြန်မာ့အရေးကို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ လူ့အခွင့်အရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ တိုင်း ရင်းသား စည်းလုံးညီညွတ်ရေး စတဲ့ အချက်တွေပေါ်မှာပဲ မူတည်ပြီး တွက်ချက်စဉ်းစားမှု လုပ်လို့ မရနိုင်ပါ။ ပထဝီဝင် နိုင်ငံရေး (Geopolitical factors) နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုလဲ ဆက်စပ်စဉ်းစားမှု လုပ်ဖို့ လိုအပ်ပါတယ်။ သို့မှသာ တိုင်းပြည်ရဲ့ အနာဂတ်အတွက် […]


panpanJuly 22, 20111min018
စာပေဟောပြောပွဲတစ်ခုမှာ စာရေးဆရာတစ်ဦး(အမည်မမှတ်မိပါ)ပြောသွားတာလေး သတိရလို့ ပြောချင်တာတွေ အမှန်အတိုင်းပြောပါတော့မယ် (မရိုက်ကြပါနဲ့နော် 😀 ) ဂျပန်ကလေးတစ်ယောက်က အင်္ဂလိပ်တစ်ယောက်ကို ပါးရိုက်လိုက်လို့ တရားရုံးမှာဖြေရှင်းရပါသတဲ့ တရားရုံးမှာ အကြောင်းအရင်းမေးတော့ ကလေးကဘာပြန်ပြောလဲ….“ကျွန်တော့ကိုကြည့်ပြီး ဟောဒီအင်္ဂလိပ်ကြီးက မင်းရုပ်က ငါတို့အင်္ဂလိပ်လူမျိုးနဲ့ တူတယ်ကွ လို့ပြောပါတယ်၊ ဒါနဲ့ ကျွန်တော်လည်း ဒါကျွန်တော့်မိဘတွေကို စော်ကားတာပဲဆိုပြီး ပါးရိုက်ခဲ့တာပါတဲ့”။ အဲလို နားထောင်လိုက်ရပါတယ်…။ စာရေးဆရာကလည်းထပ်ပြောပါတယ်..။ ကျွန်တော်တို့မှာရော…အဲလိုမဟုတ်ဘူးတဲ့။ အဲဒီမှာ ကျွန်မထပ်တွေးမိပါတယ်။ ကျွန်မတို့မြန်မာနိုင်ငံကလူတွေဟာ(လူတိုင်းနီးပါးဖြစ်ကုန်ကြပြီ) တော်တော်ကို မျိုးချစ်စိတ်နည်းပါးကြတာပဲ ဟိုနိုင်ငံကြည့်ဟိုနိုင်ငံကိုအားကျ အတုခိုး၊ ဒီနိုင်ငံကိုကြည့်ဒီနိုင်ငံကိုသဘောကျ။ ကောင်းတာတွေအတုခိုးပါလား၊ စည်းကမ်းရှိတာတွေ အားကျပါလား ခုတော့ ဘယ့်နှယ်…လောလောဆယ် ခေတ်အထဆုံးဖြစ်နေတဲ့ ကိုရီးယားအားကျတယ်။ ဇာတ်ကားတွေကြည့်ပြီးတော့။ မင်းသားလေးကချောလိုက်တာဟဲ့။ မင်းသမီးလေးဆံပင်ပုံကလှလိုက်တာ၊ ဒီတိုင်းငါလည်း လိုက်ညှပ်ဦးမယ်။ ဇာတ်ကားတစ်ကားပြီးသွားရင် မင်းသားမင်းသမီး ဖက်ရှင်တွေကျန်နေခဲ့တယ်။ ဆိုင်တွေမှာလည်း အဲဒီဖက်ရှင်ပစ္စည်းတွေ ရောက်ကုန်တယ်၊ […]