asiamastersAugust 22, 20111min07
ကျွန်တော်ရန်ကုန်မြို့ကို ပထမဦးဆုံးအကြိမ်ရောက်ဖူးခဲ့တာက ၁၉၇၅ ခုနှစ်ကဖြစ်ပါတယ်။ လေးတန်း စာမေးပွဲ ဖြေပြီးချိန်မှာ အဖွားဖြစ်သူနဲ့ရန်ကုန်မြို့ကိုပထမဦးဆုံးအကြိမ်ရောက်ဖူးခြင်းပါပဲ။ ၃၁ လမ်းမှာ အဖွားရဲ့ မောင်တစ်ဦးရှိပါတယ်။ အဲဒီအိမ်မှာပဲ တည်းခိုပါတယ်။ အတော့်ကို ဧည့်ဝတ်ကျေပွန်ပါတယ်။ အဖွားရဲ့မောင်ဟာ မကြာသေးခင်ကပဲ ကွယ်လွန်သွားခဲ့ပါပြီ။ ထားဝယ်ကနေရန်ကုန်ကို မြန်မာ့လေကြောင်းလိုင်း  ဖော်ကာ F-27 လေယာဉ်ကို စီးခဲ့တာ ဖြစ်ပါ တယ်။ ဒီ နယ်သာလန်နိုင်ငံက ထုတ်တဲ့ ဖေါ်ကာ F-27 ကို ကျွန်တော် Pilot ဖြစ်တဲ့ အချိန်ထိ လဲသုံးနေဆဲပါပဲ။ အဲဒီတုန်းက ရန်ကုန်မြို့တော်တွင်း နောက်ဖေးလမ်းကြားများဟာ အလွန်ညစ်ပတ်နံစော်ပါတယ်။ ရန်ကုန်မြို့ကို ပထမဆုံးရောက်တဲ့ အထိမ်းအမှတ်က ကားပေါ်ကဆင်းတာနဲ့ အန်ထွက်လာတာဖြစ်ပါတယ်။ လေယာဉ်မူးတာရယ်၊ ကားမူးတာရယ် အနံ့အသက် တွေရယ်အားလုံးပေါင်းဆုံလို့နဲ့တူပါတယ်။ အဲဒီတုန်းကတော့ ရန်ကုန်မှာဘယ်တော့မှ မနေတော့ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ […]


asiamastersAugust 21, 20111min05
အခြေအနေက အတော်ကြီးကိုမြန်မြန်ဆန်ဆန်တိုးတက်လာပါတယ်။ ဆရာမကိုပဲ ချစ်မိပြီ သီချင်းကလဲ ပိုမြိုင်ဆိုင် လာပါတယ်။ မင်္ဂလာဆောင်ဖို့အခြေအနေထိရောက်လာခဲ့ပါတယ်။ မင်္ဂလာဆောင်တာကလည်း ဒီဆေးရုံကြီးရဲ့ ဆင်ဝင်နှစ်ခုကြား မြေညီထပ်မှာရှိတဲ့ ရုပ်ရှင်ပြခန်းမှာဖြစ်ပါတယ်။ စစ်သေနာပတိချုပ်ကြီးရဲ့ မင်္ဂလာပွဲလဲဖြစ်ပြန်တော့ ဂျပန်ဗိုလ်ချုပ်ကြီးတွေ အတော်များများတက်ရောက်ပါတယ်။ ဂျပန်ဗိုလ်ချုပ်တွေရဲ့ကားတွေဟာ အလံပြဘုရားလမ်း အတိုင်း အပေါ်က အောက်ကို ဆင်းလာပြီး လာရောက်အားပေးတဲ့အတွက် အလွန်ခန်းနားကြီးကြယ်တဲ့ မင်္ဂလာပွဲဖြစ်ခဲ့ပါတယ်။ ကျွန်တော်ဒီအခန်းကို သွားရောက်ရှာဖွေခဲ့စဉ်က အတော်ရှာရမယ်ထင်ထားတာ၊ တကယ်တော့ ကျွန်တော့နေ့တိုင်း ထမင်းစား ဆင်းရင် ဖြတ်သွားနေတဲ့နေရာဖြစ်နေတယ်။ မင်္ဂလာပွဲမှာ ဒေါက်တာဘသန်းရဲ့ သမီးလေး ကစ်တီ (နောင် ဗိုလ်ချုပ်ကြီးနေဝင်းနှင့်အကြောင်းပါသည့် ဒေါ်ခင်မေသန်း) က စန္ဒယားတီးပါတယ်။ ဗိုလ်ချုပ်အိမ်ထောင်ကျပြီးချိန်မှာတော့ တာဝါလိန်းလမ်းမှာရှိတဲ့ ယခုဗိုလ်ချုပ်ပြတိုက်ကိုပြောင်းနေပါတယ်။ ဒီတော့ ကျွန်တော်လည်း ဒီအိမ်ကိုသွားတာပါပဲ။ အိမ်က ကိုလိုနီအိမ်ပုံလေးဖြစ်ပါတယ်။ မျှော်စင်လေးပါတယ်။ ခြံထဲစဝင်တာနဲ့ ညာဖက်မှာ ဗိုလ်ချုပ်စီးခဲ့တားကားရပ်ထားတဲ့ […]


asiamastersAugust 21, 20111min07
ဗိုလ်ချုပ်အတော်နေထိုင်မကောင်းဖြစ်ပြီဆိုတော့ ထုံးစံအတိုင်း ဆေးရုံအုပ်ကြီးကို ဖုန်းဆက်ပြီပေါ့။ နေမကောင်းတာက အမှန်ကတော့ ဝမ်းချုပ်တာပါ။ ဒီတော့ ဖျားလည်းဖျားတော့တာပေါ့။ ဆေးရုံအုပ်ကြီးဒေါက်တာဘသန်းဟာ ဒီသတင်းကိုရတာနဲ့ သူနာပြုဆရာမတစ်ဦးကို ဗိုလ်ချုပ်ကိုပြုစုဖို့လွှတ်လိုက်ပါတယ်။ သိပ်မကြာပါဘူး၊ သူနာပြုဆရာမလေးဟာ ရှိုက်ကြီးတငင်ငိုပြီးပြန်လာပါတယ်။ သူ့အပြောကတော့ ဗိုလ်ချုပ်က ဆဲလွှတ်လိုက်တယ်ပြောပါတယ်။ နောက်ဘယ်လိုချော့မော့ လွှတ်လွှတ် မသွားတော့ပါဘူး။ ဒီအချိန်မှာ ဒေါက်တာဘသန်းဟာ သူနာပြုတာဝန်ထမ်းဆောင်နေတဲ့ ဒေါ်ခင်ကြည်ကို ရွေးချယ်ပြီးလွှတ်လိုက်ပါတယ်။ အဆင်ပြေသလားမပြေသလားတော့မသိဘူး၊ တော်တော်နဲ့ကို ပြန်မလွှတ်တော့ပါဘူး။ ဒီလိုနဲ့ပဲ ဒေါ်ခင်ကြည်ဟာ နေ့စဉ်သွားရောက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒေါ်ခင်ကြည်မသွားတဲ့နေ့ဆိုရင်တောင် တယ်လီဖုန်း ဆက်ပြီး လှမ်းခေါ်တဲ့အဆင့်ကိုရောက်လာပါတယ်။ နေကောင်းသွားတဲ့အချိန်မှာ ယခင်က မှုံကုတ်နေတဲ့ ဗိုလ်ချုပ်ရဲ့ မျက်နှာဟာရွင်လန်းအသက်ဝင်လာပါတယ်။ တစ်ခါမှ မလာဖူးတဲ့ ဆေးရုံကြီးဘက်ကို လမ်းလျှောက်လို့ လာပါတော့တယ်။ ဒီဆေးရုံကြီးမှာက ဒေါ်ခင်ကြည်နဲ့ ဒေါ်ခင်ရီညီအစ်မနှစ်ဦးစလုံးသူနာပြုအလုပ်လုပ်ကြပါတယ်။ သူတို့ဟာ မြစ်ဝကျွန်းပေါ်ဖက်ကဖြစ်ပါတယ်။ ရန်ကုန်ရောက်ခါစမှာတော့ ဗဟန်းမှာ အခန်းငှားပြီးနေပါတယ်။ […]


asiamastersAugust 21, 20111min08
၁၉၉ရ ခုနှစ်မှာ နောက် ဒုတိယဝန်ကြီးချုပ်တစ်ဦးရဲ့ ထပ်မံတာဝန်ပေးချက်အရ ရန်ကုန်မြို့မှာရှိတဲ့ စစ်ထောက်ချုပ်ရုံးမှာ တာဝန် ထမ်းဆောင်ခဲ့ရ ပါတယ်။ အခုတော့ရုံးတွေကပြောင်းလဲကုန်ပါပြီ။ ယခင်စစ်ထောက်ချုပ်ရုံးဆိုတာက ယခု အထက-၁ ဒဂုံရှိတဲ့ အလံပြဘုရားလမ်း အတိုင်း ဆူးလေဘက်ကို မဆင်းပဲ အပေါ်တက်သွားလိုက်ရင် စစ်ရုံးတံခါးကြီးကိုတွေ့ရပါလိမ့်မယ်။ ဒီတံခါးကြီးကို အတွင်းကိုဆက်ဝင်သွားမယ်ဆိုရင် ဘယ်ဘက်လေးမှာရှိတဲ့ဒုတိယမြောက် အုတ်နီ အဆောက်အဦ တစ်ခုဖြစ်ပါ တယ်။ အဆောက်အဦဟာ (၃) ထပ်ရှိပြီး P  ပုံသဏ္ဍာန်ရှိပါတယ်။ P ရဲ့အတွင်းနေရာလေးမှာတင်းနစ်ကွင်းလေးရှိပါတယ်။ P ရဲ့ ခြေရင်းလေးမှာ ဘော်လုံးကွင်းအရွယ် မျက်ခင်းရှိပါတယ်။ ကိုလိုနီအဆောက်အဦတစ်ခုဖြစ်ပြီး အုတ်နီနဲ့ တည်ဆောက်ထား တဲ့အတွက် ကြည့်ရတာရိုးရိုးလေးနဲ့ အလွန်လှပါတယ်။ ကုက္ကိုလ်ပင်ကြီးတွေ အုပ်ဆိုင်းနေတော့ နေပူထဲကလာရင်တောင်အေးမြ သွားစေပါတယ်။ စစ်ထောက်ချုပ်ရုံးက ပထမထပ်မှာဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ရုံးခန်းဟာလည်း အဆောက်အဦရဲ့မြောက်ဘက် […]


NAYPYIDAW: Myanmar’s Democracy champion Aung San Suu Kyi said she was “encouraged “by her First meeting with the courtry’s new nominelly civilian president. In her first comments on Friday’s discussion with President Thein Sein,a forma general,the Nobel laureate indiciated that the one-hour meeting in the capital Nyapyidaw had gone well. “I am glad to see […]


asiamastersAugust 21, 20111min016
ကျွန်တော် အခုရန်ကုန်မှာနေထိုင်သော်လည်း ဇာတိကတော့ နယ်ကဖြစ်ပါတယ်။ မြန်မာတွေအမြတ်တနိုးထားတဲ့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အကြောင်းတွေကို အများနည်းတူပဲ သင်ခဲ့ရကြားခဲ့ရတာတွေရှိတော့ သိရှိခဲ့တာတွေ လည်းရှိတာပေါ့။ ကျွန်တော်က ၁၉၆၆ ခုနှစ်မှာမွေးတာဆိုတော့ ဗိုလ်ချုပ်တို့ လုပ်ကြံခံရတဲ့ ၁၉၄ရ ခုနှစ် ဇူလိုင်လ ၁၉ ရက်နဲ့ စာရင် အတော်အလှမ်းကွာနေပါပြီ။ ဒါပေမဲ့ ငယ်စဉ်ကတဲက နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့ရောက်တိုင်း မိုးကလေးတစိမ့်စိမ့်မှာ ဥဩဆွဲသံတွေကြားရင် အလိုလိုနေရင်းဝမ်းနဲသလိုခံစားရတယ်။ ကြောက်လန့်နေသလိုခံစားခဲ့ရပါတယ်။ ဒါက ဗိုလ်ချုပ် အောင်ဆန်းကို ပိုပြီး အမှတ်တရဖြစ်စေခဲ့တဲ့အကြောင်းရင်းတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လဲ ငယ်စဉ်က နယ်မှာနေခဲ့ရတော့ ဒိထက် ပိုပြီးတော့ ဘာမှ ထပ်မသိတော့တော့ပါဘူး။   ၁၉၉ဝ ခုနှစ်မှာ အလုပ်သမားဝန်ကြီးနဲ့ ဒုတိယဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိတာဝန်ထမ်းဆောင်ရပါတယ်။ အဲဒီတုန်းက ယခု […]


KingAugust 20, 20114min012
ရွာသူ/သားအားလုံးကို ဖတ်ဖူးရင် ဖတ်ဖူးမှာပေါ့ မဖတ်ရသေးတဲ့ သူအတွက် ရည်ရွယ်ပြီး ကျွန်တော့် မျက်စိထဲမှာ တိုးဝင်မိသမျှကို ဖော်ပြပေးလိုက်ပါတယ် … တစ်စုံတစ်ခုလောက် ရရှိသွားတယ် ဆိုရင်ပဲ ကျွန်တော် ပင်ပန်းရကျိုးနပ်ပါတယ်လို့ ပြောကြားရင်း … စပြီး ဖတ်ကြည့်ကြရအောင်ဗျာ … ####################################################### The Voice Weekly ဂျာနယ်တွင် မင်းထက်စံ ရေးသားသော  ” မြန်မာ့လက်ဝှေ့ကို ဂျပန်တွေဦးဆောင်တော့မှာလား “ သတင်းဆောင်းပါး မှ ကောက်နှုတ်ချက် … ” ကျွန်တော်တို့ မြန်မာတွေ နောက်သုံးနှစ်ဆိုရင် ဂျပန်ကို ယှဉ်လို့မရတော့ပါဘူး။ မြန်မာ့ရိုးရာလက်ဝှေ့နဲ့ သူတို့ရဲ့သိုင်းပညာ ပေါင်းစပ်ပြီး လေ့ကျင့်ထားတာ တော်တော်ကောင်းလာတယ်။ နည်းပြတွေရဲ့ နည်းစနစ်ပိုင်းကို တော်တော်လုပ်ရမယ့် အနေအထားဆိုတာကို ဂျပန်ပွဲက သက်သေပြနေပါတယ် “ ဟု […]


အထူးအဆန်းတော့လည်း မဟုတ်ပါဘူး အခုတစ်လော လူပြောများနေတာနဲ့ ရှာရင်း ကြံရင်းနဲ့ စုဆောင်းမိသမျှ တင်ကြည့်တာပါ … အဲလောက်ကြီးတော့ မဆိုးလောက်သေးပါဘူးနော် … အလွန်ဆုံးရှိလှ … ဆက်မပြောတော့ပါဘူးလေ ……. 😛 ရှေ့မီနောက်မီတွေတော့ သိကြမှာပေါ့ ကျုပ်တို့က အဲဒီနားတွေတောင် မရောက်ဖူးတော့ မသိဘူးဗျ …  အခုခေတ်က ကျောင်းတွေက မြို့ပြင်မှာ အဆောင်နာမည်တွေကလည်း အဲလိုဟုတ်တော့ဘူး .. ကျုပ်တို့ကျောင်းဆိုရင် အဆောင်(၁) (၂) .. အစရှိသဖြင့်ပေါ့ အဲဒါက ဘောသမားတွေ မဟုတ်ကြတော့ပါဘူးနော် အိမ်ကွင်းမှာအားပေးကြတဲ့ ချစ်ပရိတ်သတ်အချို့ပေါ့ … ဟုတ်တယ်ဟုတ် ဒီပုံမှာတော့ အတွေးအမျိုးမျိုးကို ရစေတယ်ဗျ .. ဘာတွေးမိလဲလို့တော့ မပြောပြတော့ဘူး လူကြီးမင်းတို့လည်း စဉ်းစားတွေးတောကြည့်ပေါ့ဗျာ ဒီဟာကတော့ … သိတဲ့သူတွေ သိကြမှာပေါ့ဗျာ လမ်းပေါ်မှာ […]


sitminnaingAugust 19, 20111min06
အားလုံးပဲ မင်္ဂလာပါ။ကျနော် စစ်မင်းနိုင်ပါ။        ငြိမ်းချမ်းရေးလမ်း ဒို့လျှောက်လှမ်းကြပါစို့သူငယ်ချင်း…. ဒီမှာ သူငယ်ချင်း….. ဒို့ငယ်စဉ်ကာလ ကလေးဘဝကပေါ့ အတူတူသွား အတူတူစား အတူတူကစားလို့ ပညာတွေသင် ပြုံးပျော်ရွင်ကြ လက်တွဲကြပေါ့… လူမျိုးမတူ ဘာသာမတူလဲ တမြေတည်းသားညီနောင်များမို့ ဒို့ချစ်ခင်ကြ လက်တွဲကြပေါ့…. ငယ်ကကြီးလာယခုခါမှ… အတ္တမာန ထောင်ကာကြွပြီး… မင်းကဘာကောင် ငါဘာကောင်နှင့် ဝါဒမှိုင်းအောက် ဒို့တတွေရောက်ပြီး အချင်းချင်းတိုက် ဒို့ဆက်မိုက်လို့ ဒို့ညီနောင်သွေးတွေ စတေးရတာလ ဲများလှပြီ ဒီမယ်သူငယ်ချင်း….. ဒို့ကိုပိုင်းခြား သွေးခွဲထားသည့် အာဏာရှင်စနစ် ဝါဒမှိုင်းညစ်ညစ်ကို ဒို့တတွေခွါချ ခဝါချပြီး ငယ်စဉ်ကာလ ကလေးဘဝလို အတူတူလက်တွဲ ယှဉ်ကာနွဲလို့ ငြိမ်းချမ်းရေးလမ်း ဒို့လျှောက်လှမ်းစို့သူငယ်ချင်း….                                                                     ပြည်သူ့စေတမာန် The World News Journal  August.12.2011  


KingAugust 18, 20112min012
အားလုံးလည်း သိပြီးသား ဖြစ်ချင်လည်း ဖြစ်မယ် … မသိသေးတာလဲ ဖြစ်ချင်ဖြစ်မယ်ပေါ့ဗျာ .. ပြည်ပမှာ နေတဲ့သူတွေအတွက် ဖတ်ရရင်လည်း ဖတ်ရမယ် မဖတ်ရရင်လည်း ပြည်တွင်းမှာ ဒီလို သတင်းတွေ ရေးသားကြတယ် … ဘာဖြစ်တယ်ပေါ့ဗျာ.. သိနိုင်စေဖို့ အစမ်းရေးတင်ပေးလိုက်တယ်ဗျ.. ပထမဆုံး ရေးပြချင်တဲ့ အကြောင်းအရာကတော့ Hot News ဂျာနယ်ရဲ့ Vol2. No.53 Page 10 မှာ ဖော်ပြထားတဲ့ စာရေးသူ ကိုရွှေအောင်သင်းရဲ့ ” သခင်အောင်ဆန်းကို ဈေးဗန်းခင်းသူများ ”‘ ဆိုတဲ့ ဆောင်းပါးလေးထဲက စာအချို့ကို ကောက်နှုတ်တင်ပြချင်ပါတယ်ဗျ .. Hot News ဂျာနယ်ဆိုတာလည်း အများပြည်သူတွေ သိကြတဲ့အတိုင်း ပုဂ္ဂလိက ဆေးရုံတစ်ရုံဖြစ်တဲ့ SSC အကြောင်း ဖော်ပြရင်း တရားစွဲဆိုခံရတဲ့ […]


kaiAugust 18, 20111min030
ပြည်ပရောက်တော်လှန်ရေးမျိုးဆက်များကဦးသိန်းစိန်၏ ဖိတ်ခေါ်မှုကို တုန့်ပြန်ချက်   ဦးသိန်းစိန်အစိုးရမှ ပြည်ပသို့ ရောက်ရှိနေခဲ့သော မြန်မာများကို မြန်မာပြည်သို့ပြန် လာရန်လမ်း ဖွင့်ဖိတ်   ခေါ်သည့် သတင်းကို ဩဂုတ်လ(၁၇) ရက်နေ့တွင်နေပြည်တော်မှသတင်း ထွက်ပေါ်လာခဲ့သည်။ထိုသတင်းကို တရားဝင် ကြေညာချက်အဖြစ် ထုတ်ပြန်ပေးရန် လိုအပ်ပေသည်။ ကျွနုပ်တို့ ပြည်ပရောက်နေသော တော်လှန်ရေးမျိုးဆက် အသီးသီးက ထိုထွက်ပေါ်လာသော သတင်းနှင့် ပတ်သက်၍ တဦးချင်း အမြင် သဘောထားများကို ဆွေးနွေးညှိနှိုင်းကြပြီး အောက်ပါ အချက်များကိုသဘောတူ ထုတ်ပြန်လိုက်သည်။ ၁။ ပြည်ပသို့ရောက်နေသူများကို လမ်းဖွင့်ဖိတ်ခေါ်လိုက်ခြင်းသည် အပြုသဘောဆောင်သည့်အတွက်ကြိုဆို သော်လည်း အဆင့်ကျော်နေသည်ဟု မြင်သည်။ပြည်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများကို ယခုအချိန်ထိလွွှတ် မပေးပဲထားရှိပြီး ပြည်ပတွင်ရှိသော တော်လှန်ရေးမျိုးဆက်များကိုလက်ကမ်းကြိုဆိုခြင်းသည် ပထမဆုံး လုပ်ရ မည့် အလုပ်မဟုတ်ခြေ ပထမဦးစွာပြုလုပ်ရမည့် လုပ်ငန်းစဉ်သည် ပြည်တွင်းရှိ နိုင်ငံရေး […]


ဘာရယ်လို့တော့ မဟုတ်ပါဘူး လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ လောက်က ရေးခဲ့တဲ့ ကဗျာ တစ်ပုဒ်ကို ဆရာမောင်သာချိုရဲ့ မုံရွာဟောပြောပွဲ အခွေမှာ နားထောင်ပြီး သဘောကျလို့ ကိုယ်လည်း ကဗျာ တစ်ပုဒ်လောက်ရေးကြည့်ရင်ကောင်းမလားလို့ တွေးမိတယ်ဗျ … ကဗျာဆရာက သုံးကြောင်းတည်းရယ် ရေးထားတာဗျ ကျွန်တော်လည်း အဲလိုရေးကြည့်ချင်တယ်ဆိုပြီး ရေးကြည့်လိုက်တယ်ဗျ … စရေးမိတာဆိုတော့ မှားတာရှိရင် ဝန်တာမိနော် … ကြိုပြောထားတာ ဟဲ ဟဲ .. ရွာသူ/သားတွေရဲ့ လက်ချက်တွေက နည်းနည်းပြင်းတော့ လန့်လို့ဗျ … ကဗျာဆရာ အမည်တော့ မေ့နေတယ်ဗျ … သိတဲ့လူရှိရင် ပြောပြပေးကြပေါ့ဗျာ.. သူ့ကဗျာက ဒီလိုဗျ .. သူခိုး .. သူခိုး…. လမ်းကြားမှာလား …. ပန်ကာအောက်မှာ ထိုင်နေ၏ […]


kaiAugust 15, 20111min019
ဘယ်မအေရိုးမှ မကောင်းပါဘူး(ရေးသူ-သခင်ဘမောင်) ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် ၁၂၄ရ ခုနှစ်မတိုင်မီ မြန်မာဘုရင် သီပေါမင်း လက်ထက် ပဒေသရာဇ်ခေတ်မှ ဗြိတိသျှနယ်ချဲ့ ခေတ်၊ ဂျပန်ဖက်ဆစ်ခေတ်၊ အင်္ဂလိပ် လွတ်လပ်ရေး ကျေညာပေးသော ခေတ်ထိ နှစ်ပေါင်းကိုးဆယ်မျှအတွင်း တိုင်းပြည် အုပ်ချုပ်သူ မင်း အစိုးရအမျိုးမျိုးတို့၏ အုပ်ချုပ်စိုးမိုးပုံတို့ကို ဖြတ်သန်းတွေ့သိခဲ့ ရသော ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ထို့ကြောင့် ကျွန်တော်တို့သည် ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် တွေ့ဆုံကြသည့်အခါ စပ်မိစပ်ရာ နိုင်ငံရေး၊ လူမှုရေး၊ စာပေရေးစသည်များကို ပြောကြရင်း ခေတ်အဆက်ဆက်တွင် ဆရာကြီး ဖြတ်သန်းတွေ့သိခဲ့ရသော မင်း အစိုးရများအနက် ပြည်သူတို့၏ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး စသည့်အကျိုးစီးပွါးများနှင့် ပတ်သက်၍ စီမံအုပ်ချုပ်ပုံတို့သည် မည်သည့်အစိုးရ ခေတ်၊ မည်သည့်အစိုးရလက်ထက်တွင် ကောင်းမွန်၍ မည်သည့်အစိုးရခေတ် မည်သည့်အစိုးရ လက်ထက်တွင် ဆိုးဆိုးဝါးဝါး ဖြစ်ပါသလဲဟု […]