theinlwinNovember 16, 20111min024
ဒေါ်အောင်ဆန်းစုကြည်…ဘယ်လဲ…ဘာလဲ…        မောင်သာရ သိတယ်နော်…၊ အခုလာတော့မယ့် နိုဝင်ဘာလ၁၈ရက်နေ ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုဦးစီးအဖွဲ့ ခေါ်ယူပြီး၊ ပါတီမှတ်ပုံတင်ရေး မတင်ရေးနဲ ့… ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရေး မယှဉ်ပြိုင်ရေးကို… ဆုံးဖြတ်မယ်လို့ ကျေညာထားပါတယ်။ သည်အဆုံးအဖြတ်ဟာ နိုင်ငံနဲ ့ပြည်သူရဲ့ ကံကြမ္မာနဲ့ အဓိက ပတ်သက်နေတဲ့အတွက်… ပြည်သူတရပ်လုံးက အထူးစိတ်ဝင်တစား ပြောဆိုငြင်းခုန် ဆွေးနွေးဝေဖန်နေကြတာကို တွေ့မြင်ကြားသိနေရပါတယ်။ သည်ကနေ ့၃ရက်အလို နိုဝင်ဘာလ ၁၅ရက်နေ ့အထိ သိရတဲ့သတင်းတွေထဲမှာကတော့… ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ဒေါ်အုံးလှနဲ့ အဖွဲ့ချုပ်ရဲ့အရွေးချယ်ခံလွှတ်တာ်ကိုယ်စားလှယ်၂ဦးအပါအဝင် အဖွဲ့ချုပ်ဝင်ပေါင်း ၃၂ယောက်က ပါတီ မှတ်ပုံမတင်ဖို့နဲ့ ရွေးကောက်ပွဲမဝင်ဖို့…လက်မှတ်ရေးထိုးကန့်ကွက် ထားပါတယ်။ အလားတူ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကလဲ… မှတ်ပုံမတင်၊ ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ်ကြောင်း ထုတ်ပြန်ကျေညာလိုက်ပါပြီ။ နောက်ထပ် ဘယ်ပါတီအဖွဲ့အစည်းတွေနဲ့ ဘယ်တသီးပုဂ္ဂလ အဖွဲ့ဝင်တွေက ဘယ်လိုကျေညာကြအုံးမယ်တော့ […]


timothyNovember 15, 20111min01
ရောင်းရင်းတို့ရေ။ အင်န်အယ်လ်ဒီပါတီကလာမဲ့သောကြာနေ့မှာနိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ဘို့မဲခွဲဆုံးဖြတ်မယ်လို့ကြားရတယ်။ စစ်တပ်ရဲ့ထောင်ခြောက်ထဲကျတော့မယ်။ စစ်တပ်ကအေဆီယံဥက္ကဌရာထူးလိုချင်လို့လမ်းဖွင့်ပေးနေတာ။ နောက်တော့အကုန်ပြန်ဖမ်းပြီး၊ စစ်တပ်အာဏာသိမ်းလိုက်မှာဘဲ။ ဘယ်တုံးကမှယုံကြည်လေးစားစရာတကွက်မှမရှိတဲ့စစ်အစိုးရကိုမယုံသင့်ကြဘူးလို့ပြောတဲ့လူတွေလဲရှိတယ်။ ကျွန်တော့အမြင်ကတော့NLD အနေနဲ့လုပ်သင့်လုပ်ထိုက်တဲ့၊ကာလံဒေသအချိန်အခါနဲ့လဲလိုက်လျောတဲ့မှတ်ပုံတင်ဖို့ဆုံးဖြတ်၊ရွေးကောက်ပွဲဝင်သင့်တယ်။ ဖွဲ့စည်းပုံဥပဒေကိုပြင်ရမယ်။ဖမ်းဆီးခံထားရတဲ့နိုင်ငံရေးသမားများအားလုံးလွတ်မြောကိရေး၊တိုင်းရင်းသားများနဲ့အပြစ်အခါတ်ရပ်စဲရေး၊ အမျိုးသားညီလာခံနဲ့ပြန်လည်သင့်မြတ်ရင်ကြားစေ့ရေး Truth and Reconciliation Conference တွေလုပ်ဘို့ရှိတယ်။ ဒါတွေအားလုံးကိုအခုအချိန်မှာစစ်တပ်ကလိုက်လျှောတုံးအခွင့်ကောင်းယူပြီးအတွင်ကဝင်လုံးရမှာဘု။ ဒီအဆင့်အထိရောက်လာရအောင်ပြည်တွင်းပြည်ပဖိအားအမျိုးမျိူးနဲ့တွန်အားပေးခဲ့ကြလို့ဖြစ်ပျက်အစဉ်ရောက်ခဲ့ကြတာဘဲ။ စစ်တပ်ထဲမှာလဲအမှားကိုမြင်လာတယ်၊ အရှေ့အလယ်ပိုင်းဒေသကအာဏာရှင်များတယောက်ပြီးတယောက်ပြုတ်ကုန်တာတွေကလဲ၊ စစ်အာဏာရှင်များအတွက်ရင်လေးစိုးရိမ်စရာဘဲ။ အားလုံးညီညီညွတ်ညွတ်နဲ့အမေစုရဲ့ခေါင်းဆောင်မှုကိုခံယူပြီးရှေ့ဆက်ရှောက်ဘို့ဘဲရှိတယ်။ လူထုအင်အား၊စည်းလုံးညီညွတ်မှုရဲ့အကျိုးကြောင့်ကျုပ်တို့လိုချင်တဲ့ဒီမိုကရေစီကိုရအောင်ယူကြရမယ်။ရလဲရမှာဘဲ။ တိုက်ပွဲကဆက်တိုက်ကြရဦးမယ်။NLD က ပါလီမံထဲမှာဝင်ပြီးပါလီမံပီပီသသဖြစ်အောင်လုပ်ယူရမယ်။ အတိုက်အင်္ခကအင်အားတောင့်တောင့်လာရင်မတရားတဲ့ဥကဒေတွေကိုပြင်လာနိုင်မယ်။ အမေစုနောက်မှာပြည်သူလူထုကဆက်လက်ပြီးမားမားမတ်မတ်နဲ့ရပ်တည်ပေးနိုင်ရင်၊ အခုလိုအခွင့်အရေးပေးတုံးအတွင်းကဝင်ပြီးတိုက်လိုက်ရင်စစ်အစိုးရကိုအလဲထိုးနိုင်မှာဘဲ။ စစ်အစိုးရကစိတ်ဖေါက်ပြန်ပြီးအာဏာသိမ်းဘို့လုပ်လာရင်လဲအင်အားကြီးတဲ့အတိုက်အခံNLD နဲ့ရင်ဆိုင်ရမယ်။ အတိုက်အခံခေါင်းဆောင်အမေစုကအဲဒီအချိန်ကြရင်တိုင်ပြည်နဲ့စစ်တပ်ကိုအရားဝင်အမိန့်ပေးလာနိုင်မယ်။ အခုအခြေအနေနဲ့ဘာမှမဆိုင်တော့ဘူး။ NLD ရဲ့ဆုံးဖြတ်မှုအတိုင်းတတိူင်းပြည်လုံးစည်းလုံးညီညွတ်စွာနဲ့တိုက်ပွဲဆက်ဝင်ကြပါစို့။ အင်အားကြီးမားတဲ့အတိုက်အခံနိုင်ငံရေးပါတီNLD ကိုထူထောင်ကြပ်စို့။    


theinlwinNovember 12, 20111min014
ဘယ်သူ ့ဘက်ကခြေသာသလဲ… မောင်သာရ အမှန်တော့ တော်ဝင်နှင်းဆီခြံမှာကျင်းပခဲ့တဲ့…လွတ်မြောက်နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကန်တော့ပွဲက ကျင်းပသင့်ကျင်းပထိုက်တဲ့ ပွဲဖြစ်ပါတယ်။ မိခင်ပါတီရင်းဖြစ်တဲ့ ဒီမိုကရစီအဖွဲ့ချုပ်က နရသိမ်ပြန် သားသမီးတွေ ထွေးပိုက်ကြိုဆိုရမယ့်ပွဲလဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီအဖွဲ့ချုပ်မှာ ကိုယ်ပိုင်ရုံးချုပ် ကိုယ်ပိုင်နေရာဌာန ရှိနေပါရက်ကယ်နဲ့ တခြားနေရာမှာ သွားရောက်အကန်တော့ခံတယ် ဆိုတာကတော့ မသင့်လျော်ရုံမက အမြင်လဲ စောင်းစေခဲ့ပါ တယ်။ ပြီး အကန်တော့ခံလူကြီးအရေအတွက်ကလဲ ဒီမိုကရေစီအဖွဲ့ချုပ်အလုပ်အမှုဆောင် အားလုံးမဟုတ်ပဲ…ထောင်ပြန်အုပ်စုဂိုဏ်းဂဏ သဘောနဲ ့… ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နဲ ့ ဦးဝင်းတင် ၃ဦးတည်းကိုသာ အထူးကွက် ကန်တော့ခြင်းကလဲ… လှေကြီးပေါ် လှေငယ်တင်သလို ဖြစ်စေခဲ့ပါတယ်။ သည်ဖြစ်ရပ်က… ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်ထဲမှာ နှစ်ပေါင်းအတန်ကြာ လျှို့ဝှက်စွာ အမြစ်တွယ်နေခဲ့တဲ့ ဂိုဏ်းဂဏရောဂါဆိုးကြီး…ပထမဆုံးအကြိမ် လူသိရှင်ကြား ပွင့်ထွက်ပေါက်ကွဲလာခြင်းဖြစ်ပါတတယ်။ စောစောပိုင်းကတော့ သည်ခေါင်းဆောင်၃ဦး နှစ်ရှည်လများ […]


kaiNovember 11, 20111min056
အောက်ကသတင်းကို VOAက ကူးပါတယ်..။ အဲဒီမှာက.. NLD ထဲကသဘောထားတွေ ပေးထားကြတာတွေ့ကြရမှာပါ။ လူထုသဘောထား မပါပါဘူး..။ အဲဒါနဲ့အဲဒီသတင်းလေးကူးတင်ပြီး ရွာထဲချပြလိုရင်းပါပဲ..။ ဖြစ်နိုင်ရင်တော့ သဘောထားလေး..ဆွေးနွေးချက်လေးပါ..ကော်မန့်ရေးပေးပေါ့..။ အခုလောလောဆယ် Poll လုပ်ထားတာအရ NLD ပါတီမှတ်ပုံတင်ခြင်း .. ပြုသင့်သည်။  78.27%  (1,419 votes) မပြုသင့်။  21.73%  (394 votes) Total Votes: 1,813 ၇၈.၂၇% က မှတ်ပုံတင်သင့်သည်… ဖြစ်နေတာမို့… မှတ်ပုံတင်ဖို့ လူထုကသဘောထားမှတ်ချက်ပေးထားတာ များတယ် သိသာပါတယ်..။ အခုလ.. ၁၈ရက်နေ့မှာ NLD (အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်)  ဗဟိုကော်မတီ ၁၀၆ ဦးပါ အစည်းဝေးကိုခေါ်ပြီး အပြီးဆုံးဖြတ်မှာမို့..  လူထုသဘောထားကို အဲဒီအစည်းအဝေးမှာအချက်အလက်တခုအနေနဲ့လုပ် ပေးချင်တာလည်းပါပါတယ်..။ (ယူတာမယူတာ.. တပိုင်းပေါ့.. 🙂  ) […]


mgtharmyarNovember 9, 20111min00
ယောနိသောမနသိကရ……ဒီချုပ် အမျိုးသားနိုင်ငံရေးသမားဆိုတာပညာကိုဦးထိပ်ထားတယ်၊အမှား၊အမှန်၊ မျှတမှု၊မမျှတမှု၊တန်းတူညီမျှရှိမှု၊မရှိမှုတိုကိုမှန်မှန်ကန်ကန်ဆုံးဖြတ်တွေးခေါ်နိုင်တယ်။ ဘာလိုလည်းဆိုတော့အရိပ်ကင်းလို့ဖြစ်တယ်၊နောက်ပြီးပြည်သူကြားမှာထာဝရရပ်တည်သွားနိုင်တယ်။ ဥပမာ(ဗိုလ်ချုပ်အောင်ဆန်း)ပါတီနိုင်ငံရေးသမားကျပြန်တော့ အာဏာကိုဦးထိပ်ထားတယ်၊ဘယ်လောက်ကောင်းအောင်လုပ်လုပ်၊ကျိုးစားကျိုးစား%နူန်းပြည့် ပြည်သူကပေးတဲ့အမှတ်မရနိုင်ပါဘူး၊ မအောင်မြင်နိုင်ပါဘူး။တစ်ချက်မှားသွားရင်သားစဉ်မြေးဆက်ခံရရော့။ ဥပမာ(ကက်စထရို)၊သူဆိုရင်တော်လှန်ရေးကာလတုန်းကပြည်သူအကြိုက်ဆုံးလူပေါ့ ၊ဒါပေမဲ့အာဏာလည်းရရော့ကမာ္ဘသမိုင်းဝင်အာဏာရှင်ဖြစ်သွားတာဘဲ၊ ဒါကြောင့်အာဏာဆိုတာကိုင်မိရင်လူးတတ်တယ်၊ကြာလာရင်ရူးတတ်ပါတယ် ။ဒေါ်စုတရားတွေအားထုတ်နေတယ်ဘဲသဘောက်ပေါက်မှာပါ။ဒါဟာ ဘာ ကိုဖေါ်ပြနေတာလဲဆိုတော့ပါတီနိုင်ငံရေးသမားနဲ့ပြည်သူ့နိုင်ငံရေးသမားရဲ့ခြားနားချက်ပါဘဲ။ အခုလည်းဒေါ်စုစဉ်းစားပေါ့။မိမိStance ကိုမိမိကိုယ်တိုင်ရိုက်ချိုးသလိုဖြစ်သွားမလားဆိုတာ။အခုလက်ရှိ အချိန်မှာဒေါ်စုမှာအာဏာမရှိပေမဲ့ဩဇာရှိတယ်။ဩဇာဆိုတာတာ အာဏာရှင်ကိုထာဝရစိတ် ဓါတ်ရေးရာမှာအနိုင်ယူနိုင်တယ်။အမှန်တရားကိုရောက်ရှိအောင်စောင့်ကြည် ့ဆော်ဪပေးယုံနဲ့တချိန်ချိန်မှာရောက်ရှိသွားမှာအသေအချာဘဲ၊ ဘာကြောင့်လည်းဆိုတော့ဓမ္မသည်အမြဲတမ်းအဓမ္မကိုအနိုင်ယူလေ့ရှိလိုပါဘဲ။ ဗုဒ္ဓကသေသေချာချာဟောကြားခဲ့ပါတယ်၊ပါပမိတ်ဆွေနဲ့ကလျာဏမိတ်ဆွေ ဆိုတာ၃၈ဖြာမင်္ဂလာမှာဟောကြားခဲ့ပါတယ်။ မှန်ကန်စွာနှလုံးသွင်းစဉ်းစားလော့၊……စဉ်းစားလော့….


thit minNovember 6, 20113min018
ကဲ……….. ဒီအထိ လာဖတ်တယ်ဆိုတော့ ဟာသလေးတပုဒ်ချီးမြှင့်ပါ့မယ်။ လက်ရှိ ကိုစူပါပါဝါကြီး ခံလိုက်ရတဲ့အကြောင်းပါ။ အိုဘားမား သမ္မတကြီးနဲ့ တွေ့ဆုံဖို့ နိုင်ငံကြီးတနိုင်ငံကဝန်ကြီးချုပ်တယောက်အလည်လာပါတယ်။ (တကယ်ဖြစ်ရပ်မှန်ဖြစ်ပြီးဘယ်နိုင်ငံကဘယ်သူဆိုတာသိပေမဲ့လူသားဂုဏ်သိတ်ခါအရ မပြောတော့ပါဘူးလူကြီးမင်းတို့ရေ) တွေ့တွေ့ခြင်း English လိုမကောင်းတဲ့ဒီဘက်ကဝန်ကြီးချုပ်ကအိုဘားမားကို (How are you? )လို့ပြောရမဲ့ အစားပေါ့နော် ( Who are you? ) လို့နှုတ်ဆက်လိုက်ပါသတဲ့၊ အိုဘားမားလဲ ကြောင်သွားတာပေါ့။(မှတ်ချက်။    ။ကိုကြောင်ခရီးသွားခြင်းကိုမဆိုလိုပါ) ဘာပြောရမှန်းမသိဖြစ်ပြီးမှ ဪ ဒါ  joke  လုပ်တာဘဲလို့ယူဆပြီးတော့……… (I am husband of Michelle)လို့ပြန်ဖြေလိုက်ပါသတဲ့။ အဲဒီမှာ ဒီဘက်ဝန်ကြီးပြန်ပြောလိုက်တာက………… (Me too) ပါတဲ့ ခင်ဗျား။ ( Michelle Obama)အိုဘားမားကတော် First Lady ကြီးလဲ ယောက်ျား နောက်တယောက်ရသွားရှာပါတယ်။ (ဟဲ […]


Foreign ResidentNovember 6, 20114min012
Voice Journal ရဲ့ ရှယ်ဖွချက် နှင့် အတွေးများ ( ၅ )   ရွာသားတို့ရေ ။ စာသိပ်ဖတ်လွန်းတဲ့ အဘရဲ့ အပြစ် လို့ပဲ ပြောရတော့မှာပဲ ။ ဖတ်မိတာလေးကနေ အတွေးပွားမိတာလေးပါ ။   ပထမဆုံး ဒီ ဆောင်းပါးလေး အရင် ဖတ်လိုက်ပါဦးကွယ် ။ ————————————– ၂၀၁၁ လူသားဖွံ့ဖြိုးမှုညွန်းကိန်း အစီရင်ခံစာ ။ SATURDAY, 05 NOVEMBER 2011 02:23      ဝင့်ထန်း   ကုလသမဂ္ဂက ၂၀၁၁ ခုနှစ် လူ့သားဖွံ့ဖြိုးမှုအစီရင်ခံစာကို နိုဝင်ဘာ ၂ ရက်နေ့တွင် ထုတ်ဝေခဲ့သည်။ ကမာ္ဘ့နိုင်ငံများရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာရာမှာ GDP, GNP စီးပွားရေးညွှန်းကိန်းများသာ မကတော့ဘဲ၊ […]


kaiNovember 5, 20112min020
ဒီနေ့ ညနေရုံးကစောဆင်းပြီး ဟောလိဝုဒ်က ချိုင်းနီးစ်သီရေတာမှာ ပြတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘိုင်အိုဂရပ်ဖီရုပ်ရှင် THE LADY‎သွားကြည့်တယ်..။ ရှယ်ရှိုးပေါ့..။ မနေ့ကလည်း.. အိမ်နားမှာ တခါပြသွားသေးတယ်လေ..။ အဲဒီမှာလည်း ရုံပြည့်ပါတယ်..။ အလကားပြတာကိုး..။ အဲဒါ..ကြည့်ထားတာလေး..ရုပ်ရှင်  ရီဗျုးနည်းနည်းလုပ်ပေးမလို့ပါ..။ ချိုင်းနီးစ်သီရေတာဆိုတာက.. ဟောလိဝုဒ်မင်းသားမင်းသမီး ဆယ်လီဘရိတ်တီတွေ.. လက်ရာခြေရာတွေ.. ကျောက်ပြားပုံနှိပ်ထားတာရှိတဲ့.. အခင်းပြင်လေးဘေးက..သမိုင်းဝင်ရုပ်ရှင်ရုံပါ..။ အကယ်ဒမီပေးပွဲလုပ်တဲ့.. ကိုဒတ်သီရေတာအောက်ထပ်ကပေါ့..။ စပွန်ဆာက.. အော့ဒီကားကမ္ပဏီကပါ..။ အဲဒါ ဦးစီးလုပ်တာက..AFI American Film Institute ဖြစ်တယ်..။ ပွဲကို ..မင်းသမီးမစ်ရှဲနဲ့ ပရိုဂျူဆာဘက်ဆင်န်တို့လာတယ်..။ ရုပ်ရှင်မပြခင်.. မိတ်ဆက်ထွက်ပြီးလူလုံးပြ….နောက်ရုပ်ရှင် တန်းပြတာပါပဲ..။ နေ့လည်ကတည်းက..အနားက ဟောတယ်မှာ မီဒီယာအစီအစဉ်ဖွင့်ထားပေမဲ့… ကျုပ်မသွားဖြစ်ခဲ့ပါဘူး..။ ညရုပ်ရှင်ပြီးတော့.. အဲဒီဟော်တယ်မှာ.. ဒင်နာပွဲရှိပါတယ်..။ အဲဒါတော့.. ခဏသွားကြည့်လိုက်ပါတယ်..။ ဆိုတော့.. ရုပ်ရှင်ကို.. စဖွင့်တာက.. ကလေးဘဝကဒေါ်စုကို… ဗိုလ်ချုပ်အောင်ဆန်းက.. မြန်မာတွေရဲ့.. ရွေရောင်လွှမ်းတဲ့ […]


kaiNovember 1, 20111min09
” ဒီနေ့တနေ့လုံး အစာငတ်ခံ ဆန္ဒပြတာနဲ့ ပတ်သက်ပြီး ငါစဉ်းစားနေခဲ့တယ်။ လူအများက ခန္ဓာကိုယ် အကြောင်းကို အပြောများကြတယ်။ ဒါပေမယ့် မယုံကြည်ကြဘူး ” ဘော်ဘီဆဲင်ဒ် (၁၉၈၁ ခုနှစ်) (၁၉၈၁) ခုနှစ်က အိုင်ယာလန်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ထောင်တွင်း အစာငတ်ခံ ဆန္ဒပြပွဲကြီးဟာ အိုင်ယာလန် နိုင်ငံရေးသမိုင်းမှာ မှတ်တိုင်ကြီးတခု ဖြစ်သွားခဲ့ပါတယ်။ ဒီဆန္ဒပြပွဲမှာ ရီပတ်ပလင်ကန် အကျဉ်းသား ဘော်ဘီဆဲင်ဒ် အပါအဝင် အကျဉ်းသား ဆယ်ဦး သေဆုံးခဲ့ပါတယ်။ ဒီအစာငတ်ခံ ဆန္ဒပြပွဲနဲ့ ထောင်တွင်းတိုက်ပွဲတွေဟာ ဗြိတိသျှအစိုးရရဲ့ အကျဉ်းထောင်ဆိုင်ရာ မူဝါဒတွေ ပြင်ဆင်မှုကို ဦးတည်စေခဲ့ပြီး၊ မြောက်ပိုင်းအိုင်ယာလန်ရဲ့ နိုင်ငံရေးအခြေအနေကို ကမ္ဘာကို မီးထောင်ထိုးပြခဲ့ပါတယ်။ အစာငတ်ခံ ဆန္ဒပြပွဲမှာ အဓိက သုံးခဲ့ကြတဲ့ လက်နက်ကတော့ လူ့ခန္ဓာကိုယ်ပဲ ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ကို […]


ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်း By Yangon Times Journal အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေး ကိစ္စက အရင်ကထက်စာရင် တိုးတက်လာတယ်လို့ တစ်ချို့က သုံးသပ်နေကြပါတယ်။ အန်တီနဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ပြီးတဲ့နောက် နိုင်ငံတော် သမ္မတကြီးနဲ့ တွေ့တာလည်း ကျွန်တော်တို့ တွေ့ရတဲ့အတွက် လက်ရှိအစိုးရနဲ့ သွားနေတဲ့ Dialogue အခြေအနေအပေါ်ကို အန်တီ ဘယ်လို သုံးသပ်ပါလဲ။ အန်တီအားရပါတယ်။ ပြည်သူတွေကလည်း မျှော်လင့်သလို အန်တီတို့လည်း မျှော်လင့်ပါတယ်။ ဒါပေမယ့် အန်တီ အမြဲပြောသလို မျှော်လင့်ရုံနဲ့ မကဘူး။ အလုပ်လုပ်ရမယ်၊ ကြိုးစားရမယ်၊ ဆက်ပြီး ကြိုးစားရပါမယ်၊ ဒါအစပဲ ရှိသေးတယ်။ အစကောင်းမှ အနှောင်းသေချာ ဆိုသလို အစကတော့ ကောင်းနေပြီ၊ အနှောင်းသေချာအောင် လုပ်ဖို့ပဲ လိုပါတယ်။ အန်တီလဲ […]


kaiOctober 17, 20112min02
တောင်အာဖရိက စေ့စပ်ဆွေးနွေးရေးဖြစ်စဉ် (အပိုင်း-၅) (နိဂုံးပိုင်း) အောင်ပွဲဆီသို့ ကြားဖြတ်အစိုးရဖွဲ့စည်းရေးအတွက် ဆွေးနွေးကြရာမှာ အစိုးရအဖွဲ့သစ်ကို ရွေးကောက်ပွဲပြုလုပ်ပြီး ရွေးချယ်ရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို အစိုးရအဖွဲ့သစ်က တာဝန်ခံရေးဆွဲရေး ကိစ္စတွေကို သဘောတူညီမှု ရခဲ့ကြပါတယ်။ ဒီလို ရွေးကောက်ပွဲပြုလုပ်ရာမှာလဲ အုပ်ချုပ်နေဆဲအစိုးရက ဝင်ရောက်စွက်ဖက်ထိန်းချုပ်မှုတွေ လျော့နည်းဖို့ သဘောတူညီခဲ့ကြပါတယ်။ ဒီသဘောတူညီ ချက်တွေ ပေါ်ထွက်လာဖို့အတွက် အုပ်ချုပ်နေဆဲအစိုးရက သူတို့ရဲ့ ရပ်တည်မှုကို အလျှော့ပေးခဲ့ကြရပါတယ်။ မင်ဒဲလားတို့ဘက်ကလဲ ကြားဖြတ်အစိုးရအုပ်ချုပ်နေဆဲကာလမှာ အမျိုးသားညွှန့်ပေါင်းအစိုးရ အသွင်နဲ့ အုပ်ချုပ်ရေး၊ ရွေးကောက်ပွဲအနိုင်ရခဲ့ရင် အစိုးရဝန်ကြီးနေရာအချို့ကို အခြားပါတီများမှ ပါဝင်ခွင့် ပေး၍ ညွှန့်ပေါင်းအစိုးရဖွဲ့စည်းရေး စတာတွေကို သဘောတူညီပေးခဲ့ရပါတယ်။ နှစ်ဘက်စလုံးက သူတို့ရပ်တည်နေတဲ့ ရပ်တည်ချက်ကနေ အလျှော့ပေးခဲ့ကြပါတယ်။ ပမာဆိုရရင် မြစ်ကမ်းတဘက် တချက်မှာ မျဉ်းပြိုင်လျှောက်နေကြရာက လမ်းလျှောက်ခြင်းကို ရပ်တံ့ပြီး ပေါင်းကူးတံတားခင်းဖို့အတွက် နှစ်ဘက်စလုံးက ကြိုးပမ်းကြတာမျိုး […]


kaiOctober 17, 20111min024
[polldaddy poll=5558047] = ကိုမိုးသီး ဘလော့ဂ်မှာ အောက်ကအတိုင်းဖတ်မိပါတယ်..။ ဝင်မယ်။မဝင်ဘူး ဒေါ်အောင်ဆန်းစုကြည် ကြေညာ တော့မယ်။ အောက်တိုဘာ ၁ရ ရက် နေ ့မှာ ဒါ်အောင်ဆန်းစုကြည် တရားစခန်းက ထွက်လာမှာဖြစ်ပါတယ်။ သူပြန်ထွက်လာရင်  ပါတီမှတ်ပုံတင်မယ်။ မတင်ဘူး။ ရွေးကောက်ပွဲဝင်မယ်။ မဝင်ဘူး ။   Yes or No  အဖြေကို ပြောလိမ့်မယ်လို ့ အားလုံး က မျော်လင့်နေကြကြောင်းသိရပါတယ်။ ဆိုတော့..  တိုင်းပြည်အပြောင်းအလဲအတွက်.. အရေးကြီးနေပြီမို့… နည်းနည်းဖြစ်ဖြစ်.. ဝင် ဆွေးနွေးကြစေချင်တာပါပဲ..။ ဘာအစွဲမှမထား..ဘယ်သူ့လွှမ်းမိုးမှုမှ မယူ.. ကိုယ့် စိတ်ထဲရှိတဲ့အတိုင်း ပြောကြရေးကြစေချင်တာပါ..။ နှလုံးသားထဲက အတိုင်းပေါ့..။ Poll ရလဒ်ကတော့ .. ဒီနေ့ ဒီအချိန်အထိ..အောက်ကအတိုင်းဖြစ်ပါတယ်…။ မှတ်ပုံတင်စေချင်တဲ့ဖက်က… ၃ဆကျော်ကျော်လောက် ပိုပေးထားတာတွေ့ရပါတယ်..။ NLD […]


Don Juan RonaldOctober 15, 20111min06
ပြီးခဲ့တဲ့တနင်္လာနေ့၊ ကျနော်တို့ရဲ့မြို့တော်ထိုင်ပေ ( Taipei )တွင်၊တရုတ်သမတနိုင်ငံ ( Republic of China ,also known as Taiwan )၏နှစ်၁၀ဝပြည့်အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲနှင့်စစ်ရေးပြပွဲ့များ စည်စည်ကားကားသိုက်သိုက်မြိုက်မြိုက်ကျင်းပခဲ့ပါသည်။ ၎င်းပွဲသို့တက်ရောက်လာသောနို င်ငံခြားရောက်တရုတ်(Oversea Chinese )၂၀၀၀ဝကျော်ထဲမှာဗမာပြည်မှအယောက်၆၀ဝကျော်ပါဝင်ကြောင်းသိရှိရပါသည်။ နှစ်ပေါင်း၁၀ဝကျော်တုံးကတရုတ်သမတနိုင်ငံသည်အာရှတွင်ပထမဦးဆုံးသော ဒီမိုဂရေစီနိုင်ငံကြီးဖြစ်ခဲ့ပေမဲ့၊တရုတ်လူမျိုး အများစုမှာနှစ်ပေါင်း၁၀ဝကျော်အတွင်းဒီမိုဂရေစီကိုလုံးဝခံစားခွင့်မရှိခဲ့ပါ၊ လွန်ခဲ့သည့်နှစ်၂ဝမှစ၍ထိုင်ဝမ်ကျွန်းမှာ သာဒီမိုဂရေစီအပြည့်အဝခံစားခွင့်ရှိလာကြသည်။ net ပေါ်မှာဒီလိုဟာသတခုရှိတယ်၊ တရုတ်တွေအများဆုံးနေထိုင်တဲ့အရပ်ဒေသ၄ခုရှိတယ်။ ပထမ-ဟောင်ကောင်မှာနေတဲ့တရုတ်တွေဆိုရင်၊ ဥပဒေကန့်သတ်ထားတာကနေလွဲရင်ဘာမဆိုလုပ်၍ရသည်။ ဒုတိယ-စင်ကာပူမှာနေတဲ့တရုတ်တွေဆိုရင်ဥပဒေဘောင်တွင်း၊ ခွင့်ပြုထားသည်မှလွဲရင်ဘာမှမလုပ်ရဘူး။ တတိယ-ထိုင်ဝမ်မှာနေတဲ့တရုတ်တွေဟာ ဥပဒေဘောင်အတွင်း၊ဘောင်အပြင်အကုန်လုပ်လို့ရတယ်။ စတုတ္ထ-တရုတ်ပြည်မကြီးမှာနေတဲ့တရုတ်တွေဆိုရင် ဥပဒေဘောင်အတွင်းဘောင်အပြင်အကုန်ဘာမှမလုပ်ရဘူး။   တရုတ်သမတနိုင်ငံတည်ပြီးခါစ၊မန်ချူးမင်းဆက်၏လက်ကျန်စစ်အာဏာရှင်များသည် နယ်ချဲ့များ၏ထောက်ခံမှုဖြင့်နှစ်ပေါင်း၂ဝနီးပါးအချင်းချင်းတိုက်ခိုက်သတ်ဖြတ်ခဲ့သည်။ စစ်အာဏာရှင်ကြီးလည်းဟုတ်၊မျိုးချစ်သူရဲကောင်းလည်းဖြစ်တဲ့ခေါင်းဆောင်ကြီး ချန်ကေရှိတ််သည်ကူမင်တန်အစိုးရကိုဦးဆောင်၍တရုတ်ပြည်ကြီးကို united ဖြစ်အောင်လုပ်နိုင်ခဲ့သော်လည်း၊များမကြာခင်တရုတ်ကွန်မြူနစ်၏ ဆူပူသောင်းကျန်းမှုကြောင့်ပြည်တွင်းစစ်ပြန်ဖြစ်လာသည်၊ ကွန်မြူနစ်များကိုအပြီးသတ်သုတ်သင်ပြီးခါနီးအချိန်မှာဖက်ဆစ်ဂျပန်များအလုံးအရင်းနှင့်ကျူးကျော်ဝင်ရောက်လာ၍၊ချန်ကေရှိတ်သည်ကွန်မြူနစ်များနှင့် peace လုပ်လိုက်ရသည်။ ချန်ကေရှိတ်သည်ရှိသမျှအင်အားဖြင်ရှေ့တန်းတွင် ဂျပန်တွေနှင့်စစ်တိုက်နေတဲ့အခါကွန်မြူနစ်များသည်နောက်ကွယ်မှာအင်အားစုစည်းနေသည်။ နဂိုမှညံ့ဖျင်းချည့်နဲ့ချူချာနေတဲ့တရုတ်တွေဟာဂျပန်တွေကို အရှုံးကြီးဘဲရှုံးနေပြီးပင်လယ်ကမ်းခြေတခုလုံးဂျပန်တွေက သိမ်းပိုက်သွားလိုက်တော့သည်။ နောက်ဆုံး US ကလူအင်အားရောငွေအင်အားရောအလုံးအရင်းနှင့် တရုတ်ကိုထောက်ပံကူညီပြီး၊ဖက်ဆစ်ဂျပန်များကို ၁၉၄၅ခုနှစ်တွင်အောင်မြင်စွာတိုက်ထုတ်ခဲ့သည်။ ထို့နောက်၁၉၄၉ခုနှစ်တွင်အင်အားချည့်နဲ့ပြီးလက်ပမ်းကျနေသော […]