ကိုယ်မင်းကို…အမြဲသတိယနေတာတော ့မဟုတ်ပါဘူး……ဒါပေမဲ ့ တစ်ခါတစ်လေသတိရလာတဲ ့အချိန်ဆိုရင်…..ကိုယ်ဟာ…အခြားသူတစ်ယောက်ကိုတောင် စကားပြောချင်တဲ ့စိတ်ကုန်ခမ်းသွားတဲ ့အထိ…ဖြစ်မိရဲ ့ကွယ်…….. တကယ်ပါ…အဲ ့လိုအချိန်မိူးဆိုရင်….ကိုယ်ဟာမင်းနဲ ့အနီးဆုံးမှာရှိခဲ ့တဲ ့အချိန်တွေကို…ပြေးသတိရမိတယ်….. အင်း…ပြင်းပြစွာနဲ ့ဆန္ဒတွေရှိနေခဲ ့ပြန်ရင်လည်း………ကိုယ်ဟာတနေရာရာမှာ…. သွားရောက်အပန်းဖြေခဲ ့ရသေးတယ်……. ကိုယ်မေ ့မပစ်ပါဘူး…ဒါဟာတကယ် ့ကိုဖြစ်ခဲ ့တာပဲ…ရိုးရိုးရှင်းရှင်းလေးပါ……. ကိုုယ်ဟာအစကတည်းက……ဝေါလ်ရှိနဲ ့calendar…တို ့ဆိုရင်crazy… တစ်ယောက်ဆိုတာ..မင်းသိပါတယ်….. ခု..ကိစ္စမှာလည်း…မင်းမှားသလား…ငါမှားခဲ ့သလား…ဆိုတာမင်းသေချာသိမှာပါ…… “ကိုယ်မှားသွားတယ်ကွာ”…..ဆိုတဲ ့မင်းရဲ ့စကားတစ်ခွန်းနဲ ့တင်…ကိုယ်..အရည်ပျော် ခဲ ့ရတယ်လေ…… အင်း..ကိုယ်ဟာခပ်ညံ ့ညံ ့…လူစားထဲများပါသွားမလား……. ဟင် ့အင်း….တကယ်ဆို..ကိုယ်တို ့နှစ်ယောက်ကြားမှာ…ဘယ်လိုမာနမုူိးမှမထားသင် ့ပါ(ရှိလည်း..မရှိစေရဘူး) ဒါဟာတကယ် ့ကိုသေချာသလောက်ပါပဲ……. ကိုယ်မင်းကို…ခင်ခဲ ့တာဟာ(ပါတ်ဝန်းကျင်ကတောင်အသိအမှတ်ပြု)…ဇီဝဇိုးငှက်လိုမုူိးဆိုတာ…. မင်းလည်းပါတ်ဝန်းကျင်နဲ ့အတူ….သိတန်ကောင်းရဲ ့……. မင်းကိုသတိရမိလို ့…..ရွှေကျင်ကဒါဒါရဲ ့…ကဗျာလေးကိုတင်ပြပေးလိုက်တယ်နော်….. သူငယ်ချင်းရာ..မင်းကိုသတိယတာပေါ ့.. သတိယခြင်းလှောင်ပိတ်မိနေတဲ […]


alinsettJuly 3, 20121min07
”ကောလိပ်တက်ဖို့ ကားလိုမယ်လေကွာ” ကျွန်တော် မျက်ရည်ဝိုင်းရပြီ။ ဘာဘာ့လက်ကို ကျွန်တော်ဆွဲယူပြီး ဖျစ် ထားသည်။ မျက်နှာများကိုကွယ်ထားသော မှောင်ရိပ်ကိုသာ ကျေးဇူးတင်မိတော့သည်။ ”ကျေးဇူးတင်ပါတယ်၊ ဘာဘာ” ကျွန်တော်တို့ကားထဲမှ ထွက်ပြီး ဖို့ဒ်ကားထဲဝင်သည်။ အပြာရင့်ရောင် ဂရင်းတော်ရီနိုကားဟု ဘာဘာဆိုသည်။ တိုက်တန်းကိုပတ်ပြီး ကျွန်တော် ကားမောင်း သည်။ ဘရိတ်၊ ရေဒီယိုနှင့် အချိုးအကွေ့ပြခလုတ်တို့ကို စစ်ဆေးသည်။ တိုက်တန်း မြေကွက်လပ်တွင် ကားရပ်ပြီး အင်ဂျင်ကို စက်သတ်သည်။ ”ကျေးဇူးတင်ပါတယ် ဘာဘာ” ……………………… ………………………. ………………………….. ____________________________________- ”ကျေးဇူးတင်ပါတယ် ဘာဘာ” တကယ်တော့ သည့်ထက်များများ ပြောပြချင်ပါသည်။ ဘာဘာ့မေတ္တာ အတွက်၊ ဘာဘာလုပ်ပေးခဲ့သမျှ အဝဝအတွက် ကျွန်တော် မည်မျှတန်ဖိုးထားကြောင်း၊ မည်မျှစိတ်ထိခိုက်ရကြောင်း ပြောပြချင်ပါသည်။ သို့သော် ”ကျေးဇူးတင်ပါတယ်” ဟုသာ ပြောထွက်ခဲ့သည်။ […]


alinsettJuly 1, 20121min05
____________________- –”သားလေး … အသက်လည်းမရှူဘူး။ အလာဟ်အရှင် … သားလေးအသက်ရှူလာအောင် ကယ်တော်မူပါ” ဘာဘာက အနီးတွင် ဒူးထောက်ထိုင်ချပြီး ငိုကြွေးနေသူ၏ ပခုံးကိုသိုင်း ဖက်သည်။ သို့သော် ကာမဲ၏ဖခင်သည် ဘာဘာ့ထံမှလွှဲဖယ်ပြီး ယာဉ်မောင်းကာရင် ဆီ ဝုန်းခနဲရောက်သွားသည်။ အဖြစ်အပျက်သည် မြန်ဆန်လွန်းအားကြီး၍ အသတ် အပုတ်ဟုပင်ပြော၍မရ။ ကာရင်သည် တစ်ချက်သာအော်လိုက်နိုင်ပြီး မြောက်သွား သောလက်တစ်ဖက်နှင့် ခြေတစ်ချက်ကန်အထုတ်ကိုသာ ကျွန်တော်မြင်လိုက်သည်။ ကာမဲဖခင်ကြီး၏ လက်ထဲတွင် ယာဉ်မောင်းကာရင်၏သေနတ်။ ”မပစ်ပါနဲ့” ဟု ကာရင်အော်သည်။ ဘယ်သူမှမတားလိုက်နိုင်ခင် ကာမဲ၏အဖေသည် သေနတ်ပြောင်းဝကို သူ့ပါးစပ်ထဲ သူပြန်ငုံလိုက်သည်။ ထိုသေနတ်ပေါက်ကွဲသံကို ကျွန်တော် သည်တစ် သက် ဘယ်တော့မှမမေ့နိုင်တော့ပြီ။ ဝင်းခနဲမီးပွင့်ကာ ဖြန်းခနဲပန်းထွက်လာသော သွေးများ …။ ……………………….. _______________________________ အခန်း (၁၁) ဖရီးမောင့်၊ […]


black chawJuly 1, 20123min063
ကြွားတယ် ထင်ရင်လည်း ခံရတော့မှာပဲ ကျောင်းဒကာရေ…။ ထူးအိမ်သင်ဆိုတဲ့ ပုဂ္ဂိုလ်အကျော်အမော်ကြီး နဲ့ ဘလက်ဆိုတဲ့ အညတြပုဂ္ဂိုလ်လေး တစ်ယောက်တို့ဟာ တစ်စားပွဲထဲထိုင်ပြီး စကားတွေ ပြောခဲ့ဘူးတယ်ဆိုရင် ကြွားတယ်ထင်ကြမှာလား ဟင်င်င်င်…။ ကဲ မြန်မာကားတွေလို နောက်ကြောင်းနည်းနည်း ပြန်ကြမယ်ဗျာ…။ တစ်ခါသားမှာပေါ့ ထူးအိမ်သင်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းစာရင်းဝင် ကိုကြွက်နီ (ခေါ်) သိမ်းတင်သား ဟာ အင်တာဗျူး ဂျာနယ်ရဲ့ တာဝန်ခံအယ်ဒီတာ ဖြစ်ခဲ့ဘူးပါသတဲ့…။ အဲဒီအချိန်မှာပဲ အင်တာဗျူးဂျာနယ်ရဲ့ တာဝန်ခံ အယ်ဒီတာ သိမ်းတင်သား နဲ့ အင်မတန်အဖွဲ့ကျနေခဲ့တဲ့ ပုဂ္ဂိုလ်လေးတစ်ယောက်ကတော့ ကျွနုပ်ဘလက် ပဲပေါ့ခင်ဗျာ…။ အမှတ်မမှားဘူးဆိုရင် ၂၀၀၁ ခုနှစ်လောက်ကပေါ့…။ တစ်ခုသောညနေခင်းတစ်ခုမှာ အင်တာဗျူးဂျာနယ်တိုက်ရဲ့ တာဝန်ခံအယ်ဒီတာစားပွဲရှေ့မှာ တစ်စုံတစ်ခုသော ကိစ္စနဲ့ ဘလက်ကျွန်ုပ်ဟာ ရောက်ရှိနေခိုက်ပေါ့…။ (အဲဒီတုန်းက အင်တာဗျူးဂျာနယ်တိုက်ဟာ ယုဇနဟိုတယ်ဘေးလမ်းကြားက တိုက်တန်းမှာ […]


Mr. MarGaJuly 1, 20128min0
အမှတ်လေးကို ရောက်လာပါပေါ့ တစ်ခန်းထက်တစ်ခန်း ကဗျာတွေကလဲ ပိုလို့ ပိုလို့ ကောင်းလာတယ်လို့တောင် ပြောရမလား မသိ ဒီ ပြခန်းမှာ ကဗျာ ဆယ့်ခြောက်ပုဒ် ထည့်သွင်း ပြသထားပါတယ်ဗျို့ အဲ……..အဲ မေ့တော့မလို့ ဒီအပတ် ပြခန်းပို့စ် တင်တဲ့ အမွန်က ပေးထားတဲ့ ကဗျာဆောင်းပါး တစ်ပုဒ် ရှိသေးတယ် ရှေ့ပို့စ်မှာ နေရာမလောက်လို့ ဒီမှာ ထည့်ပေးလိုက်ပါတယ်ခင်ဗျ။ ၁၉၆၉ ခုနှစ်၊ ဒီဇင်ဘာလ ထုတ် “တော်လှန်ကဗျာ” စာအုပ်မှာ ပါတဲ့  ဆရာကြီး ဒဂုန်တာရာ ရဲ့  အမှာစာပါ ခင်ဗျ။ (၁) ခေတ်ပေါ်ကဗျာသည် ဘာလဲ။ ခေတ်သစ်ကဗျာဟု ဆိုသူက ဆိုကြသည်။ မျက်မှောက်ခေတ်ကဗျာဟု ဝေဘန်ရေးဆရာတချို့က နာမည်ပေးကြသည်။ ယနေ့ လက်ရှိ ကဗျာရေးနေကြသူများရော၊ စာဖတ်ပရိသတ်ကပါ ယင်းဝေါဟာရသစ်ကို ပြဿနာမလုပ်ကြ။ ယင်းဝေါဟာရသစ်ကို ဘယ်ကဗျာဆရာကမှ အငြင်းပွါးမနေကြတော့။ သူတို့အားလုံးရင်ထဲက ကဗျာသစ်ပါတကားဟု ခံစားကြသောကြောင့် ဖြစ်သည်။ […]

Narzi-Market2.jpg

mike teeJune 30, 20121min0
ယခုပြသနာအစသည်ကားရှေ့ဦးစွာစတင်ခဲ့သည်မှာ ရခိုင်ပြည်နယ်ခွဲထွက်ရေးလိုလားသော အစွန်းရောက်ရခိုင်ပါတီ(RNDP)မှအဝကျွန်းသားရခိုင်ဘင်္ဂလီဦးအေးမောင်နှင့်၎င်းတို့လူများကြောင့်ဖြစ်သည်။ (၁)စတင်ပုံ အခွင့်အရေးအနည်းငယ်ရသည်နှင့် ရခိုင်ပြည်မှထွက်သော ရေနံနှင့်သဘာဝဓါတ်ငွေများကို ဗမာပြည်အစိုးရကရောင်းစားပြီးရငွေကိုယူနေသည် ရခိုင်ပြည်မှမရဆိုသည့်အကြောင်းကို အခြေခံပြီးရခိုင် ပြည်ခွဲထွက်ရန်ကြိုးစားသည့်(RNDP)ရခိုင်တိုးတက်ရေးပါတီနှင့်ရခိုင်အစွန်းရောက် တို့မှစတင်သည့်လိုက်သောမီပွားမီးစတစ်ခုဖြစ်သည်။ ရခိုင်ပြည်နယ်အမြို့မြို့အနယ်နယ်တိုင်းတွင်ဟောပြောပွဲကျင်းပ၊ရခိုင်ပြည်ခွဲထွက်ရေးCD များဖြန့်ဝေပြီးလှုပ်ရှားခဲ့ကြရာမှစတင်ခဲ့ခြင်းဖြစ်သည်။ (RNDP)သည်ပြဿနာ၏အစကိုသိသော်လည်း ယခုမှနယ်စပ်မှဝင်လာသောသူ များက နိုင်ငံသား/တိုင်းရင်းသားတာင်းသလို လုပ်ကြံပြောဆိုနေပါသည်။ မည်သူကမှထိုကဲသို့မတောင်းဆိုပါ။အစ္စလာမ်ဘာသာ ဝင်များသည် ယခင်က၎င်းတို့ရခိုင် သီးခြားနိုင်ငံတောင်းဆိုလှုပ်ရှားစဉ်ကပင် ပြည်ထောင်စုကြီးနှင့်သွေးမခွဲသဖြင့် မုန်းတီးနေခြင်းဖြစ်ပါသည်။ သတင်းမီဒီယာတို့နှင့်တွေဆုံစဉ်ကလဲ ၎င်းတို့သာနိုင်ငံသား၊အခြားဘာသာဝင် များသည် မနေ့တနေ့ကမှဝင်ရောက်လာသယောင်ပြောဆိုနေပါသည်။ အမှန်မှာ၎င်းတို့သာအဝကျွန်းသားရခိုင်ဘင်္ဂလီများဖြစ်ကြသည်။ (၂)ကျောက်နီမော်လူသတ်မှုမှာ လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးပြသနာကိုလူမျိုးရေးဘာသာရေး အသွင်ပြောင်းလဲသွားစေရန် သီတာထွေးနှင့်ထက်ထက်ပြသနာဖြစ်ပွားသည်မရေးဘဲ။ အမှန်ဖြစ်စဉ်မှာ သီတာထွေးနှင့်ထက်ထက်တို့သည်လူငယ်ဘာဝ(၁)နှစ်ကျော်ချစ်သူ များဖြစ်ကြသည့်။သီတာထွေးမှာ မျက်နှာများဩူဖစ်သည်။ထက်ထက်နှင့်ကြိုက်ပြီး(၁) ကြာတွင်ရေနံသဘာဝဓါတ်ငွေ့အတွက်လာရောက်လုပ်ကိုင်နေသောသူတစ်ဦးနှင့်ချစ်ကြိုက် ကြပြန်ရာ နဂိုရည်းစားဟောင်းထက်ထက်မှာမခံရပ်နီုင်ဖြစ်ပြီးထိုနေ့ကသီတာထွေးတစ်ယောက်ထဲ အပြန်နောက်ယောင်ခံလိုက်စဉ် သဘာဝဓါတ်ငွမှလက်ရှိရည်းစားနှင့် လူသူကင်းရှင်းသည့်နေရာတွင် ကျူးကျူးလွန်လွန်တွေ့ရသောအခါဒေါသမထိမ်းနိုင်ဘဲ သူငယ်ချင်းများနှင့်လိုက်ဖမ်းရာ သဘာဝဓါတ်ငွေမှ ကျူးလွန်းနေသူမှာထွက်ပြေးလွတ်မြောက်သွားပြီး၊သီတာထွေးကိုဖမ်းဆီးမိပြီးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ထက်ထက်မှာလဲနဂိုကပင်ရခိုင်လူမျိုးဗုဒ္ဓဘာဖြစ်ပြီးမိဘအရင်းများသည်လည်းရခိုင်ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။မူဆလင်များကကျွေးမွေးစောင့်ရှောက်ထားသော်လည်းဇာတိအရ မျိုးတူဇာတ်တူအချင်ချင်း သာချစ်ကြိုက်သည်။စစ်တွေ၊ကျောက်တော်မြောက်ဦး၊ဘူးသီးတောင်၊မောင်တောကျောက်ဖြူ၊ရမ်းြေဲ၊ကျောက်နီမော် ရခိုင်ပြည်နယ်စသည်တို့တွင်။ ရခိုင်နှင့်မူဆလင်ယူသည်ကိုတခါမှမကြားဘူးမရှိဘူးပါ၊။(လုံးဝလည်းမရှိပါ)မည်သည့်ရခိုင်မလေးကမှ မူဆလင်ကိုမည့်သည့်အခါမှချစ်လဲမချစ်မကြိုက်သလိုယူလဲမယူပါ၊ဟုတ်မဟုတ်လာရောက်လေ့လာပါ။ […]


alinsettJune 29, 20121min05
သေနတ်သံမြည်ဟိန်းသွားသည်။ ပြီးပြီ။ သွားပြီ။ ကျွန်တော့်အသက် တစ်ဆယ့်ရှစ်နှစ်။ လောကကြီးထဲ တစ်ကောင်ကြွက်တစ်မျက်နှာ။ ဘာဘာကွယ်လွန်ပြီ။ ဘာဘာ့သက်မဲ့ခန္ဓာကို မြှုပ် ရတော့မည်။ ဘယ်မှာများသွားမြှုပ်ရပါ့။ ပြီးလျှင် ကျွန်တော်က ဘယ်စခန်းမြန်းရပါ့။ မျက်ခွံကို ကယောင်ချောက်ခြားဖွင့်ကြည့်ရာ………………….. _______________________ မျက်ခွံကို ကယောင်ချောက်ခြားဖွင့်ကြည့်ရာ မတ်တပ်ရပ်နေဆဲဘာဘာနှင့် အခြားရုရှားအရာရှိတစ်ယောက်ကို တွေ့ရသည်။ ကျွန်တော့်ခေါင်းထဲမှ ချားရဟတ် လည်နေသော အတွေးများ ရပ်တန့်သွားသည်။ စောစောကသေနတ်သံမှာ ထိုအရာရှိ မိုးပေါ်ထောင်ထားသော သေနတ်ပြောင်းဝမှ ထွက်ပေါ်လာခြင်းဖြစ်၏။ ပြောင်းဝတွင် ယမ်းငွေ့လူနေသည်။ ဘာဘာ့ကို သတ်မလိုလုပ်ခဲ့သောစစ်သားသည် သူ့ပစ္စတိုကို သေနတ်အိတ်ထဲ ပြန်သိမ်းပြီးနေပြီ။ ခုတော့လည်း ခြေထောက်ကို ဟိုရှပ်သည်ရှပ် တောင်တိုက်မြောက်တိုက်။ ကျွန်တော့်မှာတော့ ရယ်ရအခက်ငိုရအခက်။ ကျွန်တော်တို့အား ဖာစီလို မတောက်တစ်ခေါက်နှင့် ငယ်သားများ၏အပြု အမူအတွက် တောင်းပန်နေသော ရုရှားအရာရှိသည် ဆံပင်များဖြူ၍ ကိုယ်ခန္ဓာခိုင်ဖြီး […]


same kyawJune 29, 20121min020
မန္တလေး ဂဇက်သူားများ စိတ်၏ကျန်းမာခြင်းကိုယ်၏ ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ အမှားပါရင်လဲခွင့်လွတ်ပါ ။စိတ်ထဲရှိတာ နာထောင်မဲ့သူမရှိလို့အားကိုးပြီးရေးလိုက်ပါသည်။ အမှန်တော့ ရွာထဲမှာ ခိုးနေ နေတာကြာလှပါပြီ။ခုတော့ပေါ်တင်နေ ကြောင်းပြပြီးပြီး။ခိုုးမနေတော့ဘူး။ ဒါကြောင့်သူကြီးမင်း အနေနဲ့ ရွာသူားတွေနဲ့ အတူတူအခွင့် အရေးပေးရမယ်လို့တောင်းဆိုလိုက်ပါတယ်။ တကယ်လိို့သူကြီးမှ မပေးပါ က ကမာ္ဘအရပ်ရပ်ရှိ ကျွူပ်၏ ညီအကိုတော်များ ကိုအကြောင်းကြားပြီး သူကြီးမှ လူ့အခွင့်အရေးချိူးဖောက်သည်ဟု အကြောင်းကြားပြီး နေရာအနှံရှိ မြန်မာသံရုံး ရှေ့ ဆန္ဒပြမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည် ပုံ ယုတ်ကမ်းညာ နောက်တာ လုပ်ကြည့်တာ ရမလားလို့  


kalarlattJune 28, 20121min033
မင်္ဂလာအပေါင်း ခညောင်းပါစေ ဆုတောင်းထောပနာပြုလျှက် မြန်မာပြည်အနောက်ဖက်ရိုးမခြေရင်း အမ်းမြို့လေးမှ ကျနော် ဘင်္ဂါလီ လူမျိုးတစ်ယောက်မိတ်ဆက်ရင်း ဝေဖန်လေကန်ရ အောင် မင်ဘာလုပ်ဝင်ခွင့်တောင်းခံအပ်ပါသည်။အလျှိုလျှို မိတ်ဆက်စာများ ရေးနေကြသည်ကိုတွေ ့ရသဖြင့် မိတ်ဆက် ရန်လိုအပ်သည်ဟု ထင်မြင်မိပါသဖြင့် မိတ်ဆွေအဖြစ် လက်ခံ ပေးပါဟု တောင်းဆိုပါရစေ။ယခုလို ဝင်ရောက်ရေးသားရန် ဖိတ်ခေါ်သော အဘအေးဝတီကြီးကို ကျေးဇူးတင်ကြောင်းဤ နေရာမှ ပြောကြားလိုပါသည်။  


alinsettJune 28, 20121min018
( ကျွန်တော် နှင့် အကြောင်းတရားများ…။ ) ရနံ ့တစ်ခု ကို ကျွန်တော် ရနေသည် ။ နှင်းဆီပန်းရနံ ့လား..၊ ဒါမှ မဟုတ်…စကားပန်းတစ်ပွင့်ပွင့်၏ ရနံ့လား..။ သေချာ မသိပါ..။ စိတ်ထဲက သိနေတာကတော့….ထိုရနံ ့သည်.. ပန်းရနံ ့ တစ်ခုခု ဆိုလျှင်…. သာမန် ပန်း ရနံ ့ မဟုတ် …။ သဘာဝတရားကို လွန်ဆန်ထားသော…..ပန်းတစ်ပွင့်ဖြစ်နိုင်ချေ ရှိသည့်…ရနံ ့ ။ ကျွန်တော် အိပ်မရတာ ဤ ပန်းရနံ ့ကြောင့်တော့ မဟုတ်ပါ..။ ကျွန်တော့် အိပ်စက်ခြင်းကို..ဖျက်လို ဖျက်ဆီး..ပြုနေသော..အရာ..တစ်ခု မက..ရှိနေပါသည် ။ ၆… ။ …………………… ………. ………။ ၅….။ ကျွန်တော် ဖတ်ချင်လွန်းအားကြီး..၍…ဝယ်ထားပြီး..ပြင်သစ် […]


snow whiteJune 28, 20121min044
“သူကြီးစနိုးတို့မန်းဂေဇက်ကိုမန်ဘာစဝင်တုံးက (၄000)ဘဲရတယ် နော် ခုမှမန်ဘာဝင်တဲ့ သူတွေ(၅000)ဖြစ်သွားတယ်နော် သူကြီးဘာလို့လည်းဟင်  စနိုးရွာထဲ မဝင်တာတော်တော်လေးကြာသွားပြီ  တကယ်မသိလု့ိမေးတာပါ(၅000)ဖြစ်သွားတာ ကြာပြီလားဟင်  စနိုးမေးချင်တာ ကဘာကြောင့်(၅000)ဖြစ်သွားတာလည်း သူကြီးများထီပေါက်လို့လား  ဒါမှမဟုတ် သူကြီးစိတ်ကြည်နေတုံး တယောက်ယောက်က (၅000)ပေးလိုုက် ရကောင်းမလား လို့အကြံပေးလို့ လားဟင်  သူကြီးပြန်လည်ဖြေကြားပေးပါနော်   ”                       မှားတာ ရှိတယ်ဆိုရင်ခွင့်လွှတ်ပေးပါနော်  သိချင်စိတ်ကို စိတ်ထဲမှာဘယ်လိုမှမထားတက်လို့ မေးမြန်းလိုက်ခြင်းသာဖြစ်ပါတယ် မည်သည့်ကိစ္စ ကြောင့်မှမေးမြန်းခြင်းမဟုတ်ပါ မကျေနပ်လို့မေးမြန်းခြင်းလည်းမဟုတ်ပါ  သူကြီးသိချင်လို့သာမေးတာနော်  


black chawJune 28, 20124min082
OUTSIDER BLACK ! မြန်မာစကားက မရှင်းမရှင်းဗျ၊ ကျောင်းဒကာကြီးတို့ရ…။ သူဌေးတဲ့။ သူကြွယ်တဲ့။ သူဌေးသူကြွယ်ကြီးတွေတဲ့…။ မသိရင် အတူတူပဲလို့ထင်စရာပဲလေ နော့။ သူဌေးဆိုတာ လူချမ်းသာတွေကို ခေါ်တယ်ဆိုတာလောက်တော့ ကလေးတွေတောင် သိနေတာပဲလေ။ မြန်မာပြည်မှာလည်း ကျိကျိတက် ချမ်းသာကြတဲ့ တိုင်းသိပြည်သိ သူဌေးကြီးတွေ ရှိကြလေသည် လို့ မှတ်သားရပေတာကိုး။ နောက်တစ်ဆင့်တက်တော့ သူကြွယ် တဲ့။ ဒါကျတော့ ဂုဏ်ရည်တစ်ဆင့်တိုးသွားပြီဗျာ။ ဟုတ်မဟုတ်တော့ မသိဘူးနော်…။ ကြားဖူးနားဝရှိတာလေး ပြန်ရေးပြတာ…။ လွဲနေရင်လည်း ပြင်ပေးခဲ့ဦးဗျ..။ မျိုးနဲ့ ရိုးနဲ့ ချမ်းသာလာတဲ့ သူဌေးကို သူကြွယ်လို့လည်း ဂုဏ်ပြုခေါ်ဝေါ်ပေပြန်တာကိုး…။ ခုနက ကျိကျိတက် ချမ်းသာကြတဲ့ မြန်မာပြည်ရဲ့ သူဌေးကြီးတွေထဲမှာ မျိုးရိုးစဉ်ဆက် ချမ်းသာလာခဲ့တဲ့ သူဌေး ဘယ်နှစ်ယောက်လောက်ပါသလဲ…။ သူကြွယ်ကြီးရယ်လို့ စာရင်းတို့လို့ရတာ ဘယ်နှစ်ယောက်လောက်ပါသလဲ…။ စိတ်ဝင်စားစရာတော့ […]


alinsettJune 27, 20121min04
_ကျွန်တော်ဖန်တီးခဲ့သည့်ကိစ္စ၏ အတိမ်အနက်ကို ယခုမှ ကျွန်တော်သဘောပေါက်တော့၏။ အလီ၏ မျက်နှာသေ ကြီးကပင် ဝမ်းနည်းနာကျင်မှုကို ဖော်ပြနိုင်အောင် လူတိုင်းကို ဝမ်းနည်းပက် လက်ဖြစ်စေခဲ့ပြီ။ ကျွန်တော်အားတင်း၍ ဟက်ဆန့်ကိုကြည့်ရာ ဟက်ဆန်သည် ခေါင်းငိုက်စိုက်ကျနေသည်။ ပခုံးနှစ်ဖက်ပျော့တွဲလျက်။ လက်ချောင်းများက ရှပ်အကျႌချည်စကို ရစ်ပတ်လျက်။ ဘာဘာ တောင်းပန်နေပြီ။ ”ဘာကြောင့်လဲဆိုတာ ပြောပြပါကွာနော်။ ငါသိဖို့လိုလို့ပါ” ………………………………… _______________________- ဘာဘာ တောင်းပန်နေပြီ။ ”ဘာကြောင့်လဲဆိုတာ ပြောပြပါကွာနော်။ ငါသိဖို့လိုလို့ပါ” အလီက ဘာာဘာ့ကို ဘာမျှမပြော။ ဟက်ဆန်က သူခိုးကြောင်းဝန်ခံစဉ်က အလီ ဘာမျှဝင်မပြောခဲ့သလို ယခုလည်း ဘာမျှမပြော။ ဘာကြောင့်များလဲဆိုသည်ကို ကျွန်တော် ယခုချိန်ထိနားမလည်။ သားအဖနှစ်ယောက်စလုံး မှောင်မိုက်သော တဲကလေးထဲ ငိုခဲ့ကြမည်ကို ကျွန်တော်တွေးလို့ရသည်။ ကျွန်တော့်အတွက် ဟက်ဆန် သူ့အဖေကိုတောင်းပန်ခဲ့လိမ့်မည်။ သို့ရာတွင် အလီ ဤမျှအထိ […]