alinsettJune 25, 20121min04
”သားအေမားလည်း ကာကာ့ကို ပြောချင်တာ အချိန်မရွေးပြောနိုင်တယ်။ သိတယ်နော်။ အချိန်မရွေးပဲ” ”သိပါတယ်” ဟု ကျွန်တော် မရေမရာဖြေလိုက်သည်။ သူ ကျွန်တော့်ကို ကြာမြင့်စွာ ကြည့်နေပုံသည် ကျွန်တော့်ထံမှ စကားအလာကို စောင့်နေသလိုဖြစ်သည်။ သူ၏နက်ရှိုင်းသော မျက်လုံးနက်နက်များက ကျွန်တော်တို့ကြားတွင် မြွက်ဟ မထားသော လျှို့ဝှက်ချက်ရှိကြောင်း အရိပ်အမြွက်ပြောနေသည်။ တစ်ခဏတော့ ကျွန်တော့်ဝေဒနာကို ထုတ်ဖော်ပြောမိတော့မလို ဖြစ်သွားသည်။ ပြောမိလျှင် သူ ကျွန်တော့်ကို ဘာထင်မည်နည်း။ ……………………………………………………………………………………………… __________________________ တစ်ခဏတော့ ကျွန်တော့်ဝေဒနာကို ထုတ်ဖော်ပြောမိတော့မလို ဖြစ်သွားသည်။ ပြောမိလျှင် သူ ကျွန်တော့်ကို ဘာထင်မည်နည်း။ မုန်းရုံပဲရှိမည်။ ”ဒီမှာ” ရာဟင်ခန် ကျွန်တော့်ကိုတစ်ခုခု ပေးနေသည်။ ”မေ့တော့မလို့၊ ဟက်ပီဘတ်ဒေး အေမား” အညိုရောင်သားရေဖုံး မှတ်စုစာအုပ်ကလေးဖြစ်သည်။ ရွှေရေးအနားကွပ် ဘောင်ပေါ် ကျွန်တော့်လက်ချောင်းများ […]


ကျွန်တော်..မန်းဂေဇက်ထဲကိုဝင်ရောက်လာကတည်းက….ဂေဇက်သူဂေဇက်သားတွေကကြိုဆိုလိုက်ကြတာ သောင်းသောင်းဖျဖျပါပဲ…ဘယ်လောက်ဝမ်းသာစရာကောင်းလိုက်ပါသလဲ……. တကယ် ့ကိုကျေးဇူးတင်ခဲ ့မိပါတယ်….ကျွန်တော် ့ဖက်ကလည်းဂေဇက်သူ/သားများကိုလည်းစာတွေ…ကဗျာတွေရေးပါဦးမယ်ဟု ပြောခဲ ့ဘူးတာကိုလည်းမှတ်မိကြဦးမယ်ထင်ပါတယ်……တကယ်တန်းလည်းရေးဖြစ်ခဲ ပါတယ်…….. မန်းဂေဇက်ကဘာနဲ ့တူသလဲကျွန်တော် ့ကိုမေးရင်…ကျွန်တော်ကတော ့အောက်ပါအတိုင်းဖြေဖြစ်မယ်ထင်ပါတယ်…… အာဟာရပြည် ့ဝအောင်…မျှတစွာစားသုံးလို ့ရတဲ ့..ချို..ချင်..ဖန်..ငံန်..စပ်..ခါး…အားလုံးပါဝင်တဲ ့ ဟင်းပွဲကြီးတစ်ပွဲပါလို ့ပြောပါရစေ….ဘာလို ့လည်းဆိုတော ့ကျွန်တော်တို ့ဂေဇက်ထဲရောက်သွားရင်…. ပျော်ရွှင်စရာတွေလည်းတွေ ့မယ်…ဝမ်းနည်းစရာတွေလည်းတွေ ့မယ်….အံ ့ဩစရာတွေလည်းတွေ ့မယ်…. မမြင်ဘူးတာတွေလည်းမြင်ရမယ်…အစုံ…အစုံပါပဲ… ကျွန်တော်စိတ်ညစ်စရာတွေ ့ရင်လည်း…အားပေးနှစ်သိမ် ့ပေုးကတယ်…ပျော်ရွှင်နေရင်လည်း…မျှဝေခံစားပေုးကတယ်….. နောက်ဆုံး…တစ်ယောက်နဲ ့တစ်ယောက်ကတိုင်ပင်ဖေါ်တိုင်ပင်ဖက်တွေဖြစ်နေကြသေးတယ်…………………် ကွန်မန် ့တွေအပြန်အလှန်ပေးကြ….တစ်ယောက်နဲ ့တစ်ယောက်ရယ်စရာတွေပြောကြနဲ ့ပေါ ့…… ကွန်မန် ့တွေပေးတဲ ့အထဲမှာ…… ရယ်စရာအပြောဆုံးက…..ဖရဲ ဘာတွေရေးလို ့ရေးမှန်မသိတာ…..ကိုေုကာင ရေးါ်လို ့မဆုံးတာက……..အလင်ဆက် လမ်းသလားနေတာက……..ကိုပေါက် ဆရာုကီးတစ်ဆူက….ကိုပေ ဗျစ်ဗျစ်ဗျစ်မပါပဲကွန်မန် ့မပေးတာက…..စိန်ဗိုက်ဗိုက် အရက်အေုကာင်းရေးသူက……..အူးဗိုက်ကလေး နာဂရ မဟာရာဇာ ကိုရင်မောင် […]


alinsettJune 24, 20121min04
…………………………… ယခုမှ ဟက်ဆန် တလည်းသီးတစ်လုံး ကောက်သည်။ ကျွန်တော့်ဆီ သူလျှောက်လာသည်။ တလည်းသီးကိုခွဲပြီး သူ့နဖူးနှင့် ရိုက်ချလိုက်၏။ ”ကဲကွာ” သူ့မျက်နှာမှ အနှစ်နီနီများ သွေးထွက်သလို ယိုကျလာသည်။ ”မင်းကျေနပ်ပြီလား။ မင်းနေသာသွားပြီလား” ဟု သူအက်ကွဲစွာပြောပြီး ချာခနဲလှည့်ကာ တောင်ကုန်း အတိုင်း ပြေးဆင်းသွားသည်။ ကျွန်တော် မျက်ရည်တမံကျိုးခဲ့ရသည်။ ဒူးထောက်လျက်သား ရှေ့တိုး နောက်ငင် ယိမ်းထိုးလှိုက်ဖိုနေသည်။ ”ငါ မင်းကို ဘာဆက်လုပ်ရမလဲ ဟက်ဆန်။ ငါ ဘာဆက်လုပ်ရမလဲ” မျက်ရည်သွေ့စ တောင်ကုန်းပေါ်မှ ကျွန်တော် မလှမ်းချင့်လှမ်းချင် ဆင်းလာချိန်တွင်မူ ဤမေးခွန်း၏အဖြေကို သိခဲ့ရပြီ။ ____________________________________ ထိုနှစ်နွေ၊ ၁၉၇၆ခု နွေတွင် ကျွန်တော် တစ်ဆယ့်သုံးနှစ်ပြည့်ခဲ့သည်။ အာဖဂန်နစ္စတန် ငြိမ်းချမ်းသိုသိပ်ခဲ့သောနောက်ဆုံးနှစ်၏ နောက်တစ်နှစ်ဟု ခေါ်ရမည်။ ကျွန်တော်နှင့် ဘာဘာ့ကြား သွေးအေးသွားသည်။ […]


etoneJune 24, 20121min042
မြင်ဖန်များလာတဲ့ မြင်ကွင်းမျိုး ၊ ကြုံဖန်များလာတဲ့ အဖြစ်ပျက်မျိုးဆို လူသဘာဝအရ ရိုးအီသွားတတ်ကြပေမယ့် ….ကျွန်မကတော့ မြင်ရဖန်များလို့ ၊ ကြုံရဖန်များလို့ … မရိုးနိုင်ပဲ …ပွင့်အန်ထွက်ချင်နေတဲ့ ကိစ္စလေးတွေ မြိုသိပ်နိုင်စွမ်းမရှိလို့ …. ဖွင့်ချပြလိုက်ပြီဗျို့ ….  ။ တိုက်ဆိုင်သူတို့ကိုလည်း အားနာပါတယ် …. မေတ္တာပို့လျှင်လည်း ခံယူပါ့မယ် … ။ နေရင်းထိုင်ရင်း  ပျားအုံဒုတ်နဲ့ ထိုးတယ်လို့တော့ မထင်စေချင်ပါဘူး .. ဒါပေမယ့် ကာစတန်မာတွေကို ဆွဲဆောင်တဲ့နည်းလမ်းက .. ပရိယာရ်လွန်ကဲသွားပြီး လိမ်ညာမှုသဘောဘက်သက်ရောက်သွားတယ်ဆိုတာလေး သိစေရုံလောက်ပါ …. ။ %%%%%%%%%%%%%%%%% မြို့လည်ခေါင်နဲ့ လှည်းတန်းလို လူစည်တဲ့နေရာမျိုးက လူသုံးကုန်ပစ္စည်းဆိုင်(ဘာဆိုင်လဲဆိုတာ …ဆက်စပ်တွေးကြည့်ကြပါ ။ )  တချို့ရဲ့ …. လိမ်လည်ဆွဲဆောင်နည်းကို စပြောပါမယ် ။ ဘာတဲ့ […]


alinsettJune 23, 20121min04
ဝေဖန်ခြင်း ။ ။ ၁ ။။ ။။ ဝေဖန်ခြင်း ဆိုသည်မှာ…. အရာဝတ္ထု တစ်ခု၏ ကောင်းခြင်း ၊ ဆိုးခြင်းဆိုင်ရာ ဂုဏ်သတ္တိများ ၏ တန်ဖိုး ကို ခွဲခြား..သတ်မှတ် စိတ်ဖြာ..ခြင်း ဖြစ်သည်..ဟု ဆိုလျှင် မမှားနိုင်ပါ ။။ တန်ဖိုးနှင့် အကောင်း အဆိုး ဆိုင်ရာ စံ / သတ်မှတ်ချက်များ…ပါဝင်လာသောကြောင့် … အရေးကြီးသော အလုပ် ဖြစ်ပါသည် ။ ဆုံးဖြတ်ချက် တစ်ချက် မှားသွားလျှင်… တစ်သက်စာ နောင်တ ရ ဖွယ် ဖြစ်၏ ။ သတ်မှတ်ချက် တစ်ခု လွဲချော် သွားလျှင်… ဘာနဲ ့မှ မတူသော အရှက် ရစရာ အဖြစ် အနုပညာသမိုင်းမှာ […]


alinsettJune 22, 20121min03
”အစ်ကိုအေမားပေါ် ငါဘာလုပ်ခဲ့မိမှန်း မသိဘူး။ ငါ့ကိုပြောပြပါလား။ ဘာဖြစ်လို့ အတူမဆော့တော့တာလဲ” ”မင်း ငါ့ကို ဘာမှမလုပ်ပါဘူး၊ ဟက်ဆန်။ သွားမှာသာသွားကွာ” ”ပြောပြပါလား၊ ဒါဆို နောက်မလုပ်တော့ဘူး” ကျွန်တော် ပေါင်ခွင်ပေါ် ခေါင်းမှောက်ချပြီး ပြုတ်တူညှပ်သလို နားသယ်ကို ဒူးနှစ်လုံးဖြင့် ညှပ်ထားသည်။ ”မင်းနောက်မလုပ်ဖို့ကိစ္စကို ငါပြောပြမယ်” ဟုဆိုကာ မျက်စိများ တင်းတင်းမှိတ်ထားသည်။ ”ဘာဖြစ်ဖြစ် ပြောပါ” ”ငါ့ကိုနှောက်ယှက်နေတာတွေ ရပ်စေချင်ပြီ။ ငါနဲ့ဝေးဝေးနေ” ________________________________________ ”ငါ့ကိုနှောက်ယှက်နေတာတွေ ရပ်စေချင်ပြီ။ ငါနဲ့ဝေးဝေးနေ” ဟု ကျွန်တော် ငေါက်ထည့်လိုက်သည်။ ကျွန်တော့်နည်းနာအတိုင်း သူကျွန်တော့်ကို ပြန်လုပ်စေ ချင်သည်။ တံခါးဆောင့်ဖွင့်ပြီး ပြန်အော်စေချင်သည်။ ဤနည်းဖြင့် ကျွန်တော်တို့ ကြားမှ အဖုအထစ်ကိုရှင်းရန် ပိုလွယ်ကူသွားလိမ့်မည်။ သို့သော်ဟက်ဆန်သည် ဘာဆိုဘာမျှ မလုပ်ဘဲ အတန်ကြာမှ ကျွန်တော်တံခါးဖွင့်ကြည့်လိုက်ရာ သူမရှိတော့။ […]


အဇဋာJune 21, 20121min026
<ဟိုးမှာမြင်နေရတဲ့ မီးခိုးတလူလူနဲ့ နေရာလေးကို သိပ်သွားချင်နေခဲ့တယ်။ အဲဒီမှာ ဘာတွေ ရှိနေနိုင်လဲ။ အဲဒီနေရာလေးဟာ အဝေးကကြည့်ရတာ ညို့ညို့မှိုင်းမှိုင်းနဲ့။ အဲဒီနေရာ ဟာ ရွာကလေးတစ်ရွာ လို့တော့ ဖြတ်သွားဖြတ်လာရှိဖူးတဲ့ လူတစ်ချို့က ပြောကြတယ်။ အဲဒီရွာကလေး သိပ်သာယာမှာပဲ။ ကျွန်တော်တို့ သိထားဖူးတဲ့ ရွာကလေးတွေရဲ့ ထုံးစံအတိုင်း ရွာသူ/ရွာသားတွေနဲ့ အရမ်းပျော်စရာကောင်းနေမှာပဲ။ ရွာကလူတွေရဲ့ ဒေသိယ ဘာသာစကားတွေကို သင်ယူရင်း အရမ်းပျော်ရွှင်စရာ ကောင်းနေမှာပဲ။ ကျွန်တော် ထင်နေခဲ့မိတယ်။ အရမ်းသာယာလှပတဲ့ ရှုမျှော်ခင်းတွေရဲ့ ဘေးမှာ ချိုချိုသာသာ စကားဝိုင်းဖွဲ့နေကြမယ့် ရွာသူရွာသားတွေ ရှိနေမှာပဲ လို့…။ ကျွန်တော် ထင်နေခဲ့မိတယ်။ ရွာသူ/ရွာသားတွေဟာ ရွာကို ရောက်လာတဲ့ ဧည့်သည်တွေကိုလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေကြလိမ့်မယ် လို့။ ရွာအဝင်လမ်းမှာ ဆူးညှောင့်ခလုတ်တွေကို ရွာသူ/ရွာသားတွေက ခုတ်ထွင်ရှင်းလင်း ထားလိမ့်မယ် […]


အလွမ်း…….. ကောင်းမွန်စွာခံစားတတ်ဖို ့တော ့တကယ် ့ကိုလိုအပ်ပါတယ်…….. ကျွန်တော်ရည်းစား(ချစ်သူ)စထားတတ်တဲ ့အရွယ်တုန်းက..အလွမ်း…ဟင်အင်းအလွမ်ဆိုတာ…ဘာမှန်းမသိ..။ ရည်းစားတွေတစ်ယောက်ပြီးတစ်ယောက်….ထားတတ်လာခဲ ့တဲ ့အရွယ်မှာလည်းဘာမှန်းမသိခဲ ့…(တကယ်)။ မျက်နှာများတဲ ့လူ..ရည်းစားကိုမှိုလိုပေါက်အောင်ထားတတ်သူ…ဒသဂီရိဘီးလူးခေါင်းနဲ ့လူ…လို ့ အမည်တွေတစ်မိူးပြီးတစ်မိူးမရိုးနိုင်အောင်ကန်းပွန်းတပ်ခဲ ့ကြသည်….။ တကယ်တန်းဆန်းစစ်ကြည် ့တော ့လည်းဟုတ်သလိုလိုပင်.. ကျွန်တော်ကိုယ်တိုင်ကလည်းသာယာသလို…ရှိခဲ ့သား….. နောက်..မာယာများတတ်သော(အခို ့)ကောင်မလေးများကိုလည်းလက်တဲ ့စမ်းချင်တဲ ့သဘော…… တစ်ခုတော ့ပြောရဦးမယ်….ကျွန်တော်ရည်စားထားခဲ ့သမျှကောင်မလေး(ရည်းစား)ဟုသတ်မှတ်ခံရသောမိန်ကလေးများထံမှ…ခွင် ့ပြု ချက်မရပါပဲ..လက်ကိုတောင်မကိုင်ခဲ ့ပါ…(ပါးလေးနုတ်ခမ်းလေးကို…နမ်းဖို ့ဆိုတာ..ဝေးလေစွ)…ယုံပါ။ တစ်နေ ့..အစ်ကိုတစ်ယောက်လိုချစ်ခင်ရသော…ကိုသက်ဆိုသူနှင် ့တွေ ့တော ့…သူ ့ကောင်မလေးကအဆက်ဖြတ်သွားတဲ ့အကြောင်းကို..စီကာပတ်ကုံး ပြောပြလေသည်..။သူတကယ်ချစ်ခဲ ့တဲ ့ကောင်မလေးက..ကျောင်းပိတ်ရက်နွေရာသီမှာ“သီလရှင်ဝတ်မှာမို ့..သူ ့ကိုမေ ့လိုက်ပါတဲ ့”။ ဘယ်လောက်ရီစရာကောင်းတဲ ့အကြောင်းပြချက်လဲ…..။ ကျွန်တော်..ကိုသက်ကို..သနားလည်းသနား…ရီလည်းရီချင်မိတယ်.. ကျွန်တော် ့ကိုကျွန်တော်..ဆန်းစစ်ကြည် ့တော ့….ကျွန်တော်ကိုသက်ကို..ကိုယ်ချင်းမစာနိုင်သေးတဲ ့အရွယ်မို […]


alinsettJune 21, 20121min09
”မေးစရာရှိ မေးလေ” ”စွန်ပြိုင်ပွဲပြီးကတည်းက သူအိမ်ပြန်လာတော့ သွေးနည်းနည်းထွက်နေ တယ်။ ရှပ်အကျႌပြဲနေတယ်။ ဘာဖြစ်ခဲ့သလဲ အလီမေးတော့ သူက ဘာမှမဟုတ်ပါဘူး တဲ့။ စွန်လုရင်း ကလေးအချင်းချင်း ရန်ဖြစ်ကြတာပါတဲ့” ကျွန်တော် စကားမပြန်။ ကြက်ဥသာ ခေါက်မြဲခေါက်နေသည်။ ”သူတစ်ခုခု ဖြစ်ခဲ့သလား။ အလီ့ကို မပြောဘဲ အုပ်ထားတာရှိသလား၊ အေမား” __________________________________________________ ”သူတစ်ခုခု ဖြစ်ခဲ့သလား။ အလီ့ကို မပြောဘဲ အုပ်ထားတာရှိသလား၊ အေမား” ကျွန်တော် ပခုံးတွန့်ပြသည်။ ”ကျွန်တော် ဘယ်လိုလုပ်သိမှာလဲ” ”အေမား အလီ့ကို ပြောမယ်မဟုတ်လား။ တစ်ခုခုဖြစ်ခဲ့ရင် ပြောမယ် မဟုတ်လား” ”သူဘာဖြစ်နေမှန်း ကျွန်တော် ဘယ်လိုလုပ်သိမှာလဲ။ သူဖျားချင်ဖျား နေမှာပေါ့။ လူဆိုတာ ဖျားတတ်တာပဲဟာ။ ကဲ၊ ကျွန်တော် အခုချမ်းလွန်းလို့ ခဲပြီး သေတော့မယ်။ ‘ဒီနေ့မီးမွှေးဦးမှာလား” […]


ko layJune 21, 20121min06
Pfingo ကို ဘယ်လိုသုံးလို့ရပါသလဲ။ အကောင့်ဘယ်လို လုပ်ရပါသလဲ။ ဘယ်ဖုန်းတွေကိုခေါ်လို့ရပါသလဲ။ နှုန်းထားကရော ဘယ်လောက်လဲ။ ဒါတွေအပါအဝင် pfingo အကြောင်းကို ဖြစ်နိုင်သမျှ စုံစုံလင်လင် သိချင်ပါတယ်။ ကျေးဇူးပြုပြီး သိသူတွေ ဖြေကြားပေးစေလိုပါတယ်။


“ အလုပ်ထွက်စာပါအစ်ကို…” ကျွန်တော်မော့ကြည့်လိုက်မိသည်… မွန်မွန်ဆိုသောမိန်းခလေးတစ်ယောက်… ကျွန်တော့်ထက် တစ်နှစ်မျှသာငယ်သော်လဲ အလုပ်ရာထူးအရတလေးတစား “အစ်ကို”ဟု သူခေါ်လေ့ခေါ်ထရှိသည်…   “ ဘာလို့အလုပ်ထွက်ချင်ရတာလဲ… မွန်မွန်…”   “ ညီမဆက်မလုပ်ချင်တော့ဘူး… ရုံးထဲကလူတွေကိုလဲညီမရင်မဆိုင်ချင်တော့ဘူး…”   “ ရုံးကလူတွေက မွန်မွန့်ကို ဘာပြောလို့လဲ… မွန်မွန်အလုပ်မှာအဆင်ပြေနေသားနဲ့…”   မွန်မွန်ငြိမ်ကျသွားသည်… ထို့နောက်…   “ အားလုံးနဲ့ညီမအဆင်ပြေပါတယ်… ဒါပေမယ့်ဟိုနေ့ကဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး… ညီမအလုပ်ဆက်လုပ်ချင်စိတ်မရှိတော့လို့ပါအစ်ကို…” ကျွန်တော်နားလည်လိုက်ပါပြီ… သူ့အလုပ်ထွက်စာကိုလက်ခံထားပြီး… နောက်ထပ်(၃)ရက်ခန့် စဉ်းစားစေလိုကြောင်းနဲ့ အကယ်၍အလုပ်မထွက်လိုသေးလျှင် ပြန်လာနိုင်သေးကြောင်းပြောပြီပြီး မွန်မွန်ကို အိမ်သို့ပြန်စေပါသည်… အခန်းအတွင်းမှထွက်သွားသော မွန်မွန်ကိုကြည့်နေရင်း ကျွန်တော့်စိတ်ထဲတွင် မည်သည့်အခါမှပြန်မလာသောထွက်သွားခြင်းကို ခံစားမိလိုက်ပါသည်….   လွန်ခဲ့သော ဆယ်နှစ်ခန့်ကအဖြစ်အပျက် အကျိုးအကြောင်းတိုက်ဆိုင်သဖြင့် ဒီနေ့ကျွန်တော်တွေးလိုက်မိ၏… အဲဒီနေ့က မွန်မွန်ဘာကြောင့်အလုပ်ထွက်သွားခဲ့သလဲ… အဲဒီနေ့မတိုင်ခင် (၃)ရက်လောက်က မွန်မွန်ရုံးကနေခွင့်ယူခဲ့သည်… အကြောင်းကား […]


alinsettJune 20, 20121min06
လမ်းမြှောင်တစ်ခုလုံး အုတ်ကျိုးအုတ်ပဲ့ သံတိုမယ်နတွေ ပွစာကျဲနေသည်။ စက်ဘီးတာယာဟောင်းများ၊ ပုလင်းပတ်ကွာနေသော ပုလင်းများ၊ စုတ်ပြတ်မဂ္ဂဇင်း စာစောင်နှင့် အထိတ်တလန့် ပြူးတူးပြဲတဲ သတင်းစာများ၊ အားလုံးဗြဲလရမ်း ပျံ့ကျဲနေသည့်အလယ်တွင် အုတ်နှင့်အင်္ဂတေပြားအပုံကြီး။ သံချေးကိုက် သံကြွပ် မီးလင်းဖိုတစ်လုံး နံရံကိုမှီလျက်ရှိသည်။ အစုတ်ပလုတ်ပုံကြီးထဲမှ ကျွန်တော်မကြည့်ဘဲ မနေနိုင်သော အရာနှစ်ခုမှာ …………………………………… …………………………………………………………. …………………………………………………………… ___________________________________________ အစုတ်ပလုတ်ပုံကြီးထဲမှ ကျွန်တော်မကြည့်ဘဲ မနေနိုင်သော အရာနှစ်ခုမှာ တစ်ခုက နံရံကိုမှီထောင်ထားသော အပြာရောင်စွန်။ သံကြွပ်မီးလင်းဖိုအနီးတွင် ရှိသည်။ နောက်တစ်ခုမှာ အုတ်ကျိုးပုံပေါ် ပစ်တင်ထား သော ဟက်ဆန်၏ အညိုရောင် ချည်ကတ္တီပါဘောင်းဘီ။ ”မသိတော့ဘူးကွာ။ အဖေပြောတော့ အပြစ်ရှိတယ်တဲ့” ဟု ဝေလီပြောသည်။ ဝေလီ့စကားသည် မရေရာခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ထိတ်လန့်ခြင်း သုံးမျိုးစလုံး တစ်ပြိုင်တည်းပေါင်းထားသော စကားဖြစ်သည်။ […]


၁၉.၆.၂၀၁၂…..မှာကျရောက်တဲ ့အမေစုရဲ ့မွေးနေ ့မှတိုင်…… နောင်နှစ်ပေါင်း..(၁၂၀)..တိုင်အောင်ပြည်သူတွေရဲ ့အကိူး…တိုင်းပြည်ရဲ ့အကိူးစီးပွားတွေကို ဆထက်ထမ်းပိုးဆောင်ရွက်နုိုင်သောအမေ…….. “အသက်တစ်ရာ….အနာမရှိ”…..ဆိုတဲ ့စကားအတိုင်း….. အမေကျန်းမာပျော်ရွှင်စွာ…..မိသားစုနဲ ့အတူ….. ပြည်သူပြည်သားများနှင် ့အတူထာဝရပျော်ရွှင်နိုင်ပါစေလို ့…… ဂေဇတ်သူ…ဂေဇတ်သားများနှင် ့အတူ….ကျွန်တော်တို ့…ဆုတောင်းပေးလိုက်ပါတယ်…..အမေ…… ၁၉.၆.၂၀၁၂မှာကျရောက်တဲ ့ အမေစုရဲ ့(၆၇)နှစ်မွေးနေ ့သို ့….မှတ်မှတ်..ရရ ချစ်ခြင်းမေတ္တာဖြင် ့ မိုးမင်းသား