မြန်မာတို့စကားကြွယ်ဝစာလုံးလှများသည်ဆိုကြသည်။ အင်္ဂလိပ်လို I နှင့်You ကိုပင်မြန်မာတို့က ကျွန်တော်၊ ကျုပ်၊ ငါ၊ ကျွန်ုပ်၊ အရှင်၊ ဘုရား၊ သခင်၊ ခင်ဗျား၊ နင်၊ မင်း၊ စသဖြင့်ခေါ်ကြပေသည်။ အသက်အရွယ် အတန်းအစား ဇတ်ဇာတိအခြေကြည့်ပြီး အမျိုးမတော် သွေးမစပ်ပါသော်ငြား ဒွေးလေး၊ ဦးလေး၊ အမေ၊ ကြီးတော်၊ အဒေါ်၊ အန်ကယ်၊ အန်တီ၊ အဖွား အဖိုး၊ အဘ၊ အကိုကြီး၊ ညီလေး စသဖြင့် ညွှန်းဆိုခေါ်သည်လည်းရှိ၏။ ကျောက်ထက်အက္ခရာတင်ထားသောမြန်မာအက္ခရာစာလုံးမှတ်ရာကျန်သည့် မွန်၊ မြန်မာ၊ ပါဠိ၊ ပျူ ဖြင့်ရေးထိုးထားသော မြစေတီကျောက်စာ(AD 1113)မှတွက်လျှင် မြန်မာစာပေသည်နှစ်၉၀ဝတိတိရှိပြီဟုဆိုနိုင်ပါလိမ့်မည်။ အိန္ဒိယပြည်မှ ဗြာဟ္မီအက္ခရာနှင့် ပါဠိစာပေကို မြန်မာမှုပြုယူသုံးသော မြန်မာ့စာပေသည် ရဟန်းပညာရှိလူပညာရှိတို့အစဉ်အဆက် ပေထက်ကျောက်ထက်အက္ခရာတင်ခြင်းတို့နှင့်အတူ ခရီးရှည်ကိုဖြတ်သန်းရင်းဖွံ့ဖြိုးတိုးတက်ခဲ့သည်။ ထိုထိုသောသမိုင်းလမ်းခရီးလျှောက်ခဲ့သော မြန်မာစာပေသည် ကမ္ဘာ့အသုံးအများဆုံး […]
