” ဒို့အရေး… ဒို့အရေး… “ ” စာပေလွတ်လပ်ခွင့်ရရှိရေး… ဒို့အရေး… ဒို့အရေး… “ ဂဇွတ်ကျေးရွာအုပ်စုသူကြီးမင်းကတော်… အတင်းနှိုးသဖြင့် သူကြီးမင်းဦးခိုင် အိပ်မုံစုံမွားနှင့်ထလာသည်… ဘာမပြောညာမပြောနှင့် သူကြီးသမီးလေးချာချာ အိပ်နေသောအခန်းကို ပြေးသွားသည်… “ငါ့သမီးလေးမှရှိလေစ… ဘယ်ကောင်အလစ်သုတ်သွားပြီလဲမသိ…” သူကြီးမင်းကတော်နောက်မှ နားရွက်လှမ်းဆွဲမှသတိပြန်ဝင်လိုက်၏… ” ဒီမှာ ဦးခိုင်… အခုကိုင်လှုပ်နေတာ ရှင့်သမီးချာချာကို မဟုတ်ဘူး… ရှင့်ထိုင်မယ့်ထိုင်ခုံကို ကိုင်လှုပ်နေတာ… “ ” ဘယ်လို… ကျုပ်ထိုင်ခုံကို ကိုင်လှုပ်နေတယ်… ဘယ်သူတွေတုန်း… ရွာထဲက ဟိုစပ်စပ်ဒီစပ်စပ်နဲ့ လက်သမား… မောင်ဇာလား…” ” ဒီမယ် ဦးခိုင်… ရှင့်မလဲတစ်နေ့တစ်နေ့ အအိပ်ပဲမက်နေတယ်… ရှင်အအိပ်မက်လို့ ရှင့်သမီးရွာကို အိမ်သာနက်ကြီးစီးပြီးလာလည်တဲ့ တစ်ရွာသားနောက် ကောက်ကောက်ပါအောင်လိုက်သွားတာမမှတ်သေးဘူးလား… “ ” […]
