ယခု နောက်ဆုံးဖြစ်တဲ့ ဘူးသီးတာင် မောင်တော ဘင်္ဂါလီ အကြမ်းဖက် တိုက်ခိုက်မှုဟာ မနှစ်က အောက်တိုဘာလထဲ ဖြစ်တဲ့ အကြမ်းဖက်မှု အဆက်ပါ။ အိုင်တီ အသုံးအနှုန်းလိုဆို ဘင်္ဂါလီ အကြမ်းဖက်မှု ဗားရှင်း-၂ ဖြစ်သည်။ ပထမ ဗားရှင်းမှာထဲက ဆရာစံ လယ်သမား အုံကြွမှုလို လုပ်မှာ မြင်နေရသည်။ ဘယ်လို ကင်ပွန်းတပ်တပ် ရပ်ရွာလူထု ပါလာလျင် အုပ်ချုပ်သူများ တုံ့ပြန်ရခက်သည်။ စစ်အုပ်ချုပ်ရေး ကြေငြာတောင် အရမ်းကာရော ပစ်မရ။ လုပ်ချင်တိုင်းလုပ်လို့ နိုင်ငံအချုပ်အခြာအာဏာ ဆုံးရှုံးရသည့် ၁၉၉ဝခုနှစ်များက ယူဂိုဆလားဘီးယားနိုင်ငံ သာဓက ရှိသည်။ နိုင်ငံတွင်း လူနည်းစု ဘော့စနီးယား မူဆင်များကို ဆားဘီးယားတို့ လူမျိုးတုံးသတ်ဖြစ်မှုနဲ့ ယူအက်စ်၊ ဥရောပနိုင်ငံများ စုပေါင်း နှိပ်ကွပ်တာ နောက်ဆုံး နိုင်ငံပြိုကွဲသွားသည်။ သင်ခန်းစာမှာ […]


၁၉၆၂ တွင် ကဗာ့ လူဦးရေ အများဆုံး နိုင်ငံနှစ်နိုင်ငံ စစ်မက်ဖြစ်ပွားခဲ့သည်။ တရုတ် – အင်ဒီးယား စစ်ပွဲကြောင့် လူ ၂၀၀ဝ အသက် ဆုံးရှုံးခဲ့ပြီး မီတာ ၄၂၇ဝ (ပေ ၁၄၀၀၀) ပင်လယ်ရေမျက်နှာပြင်အထက် ခက်ခဲကြမ်းတမ်း တောတောင်ထူထပ်သော ကာရာကိုရမ် တောင်တန်းတွင် အနိုင်လုခဲ့ကြသည်။ စစ်ပွဲ နောက်ခံသမိုင်း နှစ်နိုင်ငံအကြား နယ်စပ် အငြင်းပွားမှုမှာ အင်ဒီးယား နှင့် တရုတ်အကြား ဖြစ်သော ၁၉၆၂ စစ်ပွဲ၏ အဓိက အကြောင်းအရင်း ဖြစ်သည်။ ပေါ်တူဂီနိုင်ငံထက် အနည်းငယ် ပိုကြီးသော ထိုဒေသကို သူတို့ ထိန်းချုပ်သည့် ကက်ရှ်မီးယားအပိုင်းမှ ပိုင်ကြောင်း အိန်ဒိယက ခိုင်ခိုင်မာမာ ပြောဆိုပြီး တရုတ်က ထိုဒေသမှာ ရှင်ကျန်းပြည်နယ် အစိတ်အပိုင်း ဖြစ်ကြောင်း […]


kaiAugust 28, 20173min04
ယခုလမှာ Adverb clause လေးတွေအကြောင်းကို တင်ပြလိုပါတယ်။ ဦးစွာပထမ time clause လို့ခေါ်တဲ့ adverb clause လေးတွေအကြောင်းကို လေ့လာကြရအောင်။ clause နဲ့ sentence မတူတဲ့ အကြောင်းဖော်ပြခဲ့ဘူးပေမဲ့ ပိုပြီးသေချာသွားအောင် ထပ်မံပြောပြပါရစေ။ Sentence ဆိုတာ ကတ္တား subject ရော ကြိယာ verb ပါပါတဲ့ အဓိပ္ပါယ်ပြီးပြည့်စုံတဲ့ စကားစုကိုဆိုလိုပါတယ်။ ဥပမာ – “A monk should focus on a monk’s job.” “ဘုန်းကြီးဆိုရင် ဘုန်းကြီးအလုပ်ကို ဦးစားပေးလုပ်သင့်တယ်ပေါ့ ” ဒီစကားစုလေးမှာ ကတ္တား subject လည်းပါတယ်။ ကြိယာ verb လည်းပါတယ်။ အဓိပ္ပါယ်ကလည်း ပြီးပြည့်စုံတယ်။ ဒီတော့ sentence […]


kaiAugust 26, 20171min04
Fake News = ကောလဟာသ သမ္မတထရမ့်မှထပ်ခါသုံးခဲ့သော Fake News တို့သည် ကမ္ဘာသို့များစွာခြေဆန့်ခဲ့ပါပြီ။ ယခုတလောလေးတွင်မှ ယူကရိန်းပြည်တွင် ကောလဟာသမှိုင်းဖြင့် ပြည်သူတို့မည်မျှ ခံစားခဲ့ကြရသည်ဟူသောသတင်းတက်လာသည်။ တကယ်တော့ ယူကရိန်းသည် ရုရှန်းတို့ အမေရိကားမဝင်ခင် မြေစမ်းခဲ့သည့် ခရမ်းပျိုးပြည်ဖြစ်၏။ ၂၀၁၄ပြည်တွင်းစစ်အရ ထွက်ပြေးခဲ့ရသည့် ရုရှားယိမ်းယူကရိန်းသမ္မတအတွက် ရုရှန်းတို့မှ မီဒီယာဖြင့် တန်ပြန်စစ်နွှဲရာတွင် ကောလဟာသ များတောက်လျှောက်လွှင့်ထုတ်ခဲ့ကြသည်။ Fake News တို့ပထမဆုံးထုတ်လွှင့်ခဲ့သော တီဗီအစီအစဉ်အမည်ကား STOPFAKE ဟူသတည်း။ သို့နှင့် သတင်းလိမ် ကောလဟာသများအားယူကရိန်သားတို့ ပုံယုံခဲ့၍ ပြည်တွင်းစစ်မီးအောက်ရောက်ခဲ့သည်။ ကရိုင်းမီးယားနယ်ကိုလည်း ဆုံးရှုံးသွားသည်။ ယနေ့ကောလဟာသတင်းသည် ထိန်းချုပ်ထားသော မီဒီယာအောက်ရောက်လျှင် မနက်ဖြန်၌သတင်းမှန်ဖြစ်တော့သည်။ မဖြစ်လျှင်လည်း ယုံကြည်သွားသူတို့က ဖြစ်အောင်လုပ်ယူတော့သည်။ ၃ပင်လိမ်၍ ၁ပင်ခိုင် အမေရိကပြည်ထောင်စု၏ ၂၀၁၆ အထွေထွေရွေးကောက်ပွဲတွင်လည်း ရုရှန်းတို့ ဤနည်းနိဿယကိုပင်သုံးခဲ့ကြသည်။ […]


အွန်လိုင်းမှာ သူတပါးကို အထူးသဖြင့် မျိုးညစ်နဲ့ စစ်လော်ဘီတွေ အောက်လမ်းနည်းသုံး စော်ကားပုတ်ခတ်တာ မြင်တော့ စိတ်မချမ်းသာဘူး။ အရင်ကတော့ ပုံနှိပ်စာ… ခေတ်ပြောင်းသွားချိန် အွန်လိုင်းဖက် လှည့်တယ်။ အခုလည်း ငါးမင်းဆွေက အိုဘားမား ရန်ကုန်လာတုံး ဒေါ်စုနဲ့ နမ်းတဲ့ပုံပြပြီး သမတ အိုဘားမားကို တရားစွဲတယ်။ (သူ့ပရိုဖိုင်းကြတော့ သူ့မြေး ထင်ရဲ့.. ချာတိတ်မလေးတဦးကို ပေါင်ပေါ်တင် ဖက်ရိုက်တင်ထားတာမှ အားမနာ၊ သူမို့ ပြောထွက်ရဲတယ်) နိုင်ငံသား တဦးကို ပေးထားတဲ့ ဥပဒေရပိုင်ခွင့် အလွဲသုံးတာပေါ့၊ ဥပဒေကလည်း ဘယ်သူမဆို တဖက်သားကြောင့် စိတ်အနှောက်အယှက် ဖြစ်ရင်ကို တရားစွဲပိုင်ခွင့် ပြုတယ်။ စွဲသူက ကြိုက်သလို စွဲခွင့်ရှိပြီး ခိုင်လုံမှု ရှိမရှိ မူတည်လို့ တရားရုံးမှ လျောက်လွှာ လက်ခံလိမ့်မည်။ သဘောက တရားရုံးမှာ လျောက်လွှာတင်တာနဲ့ […]


သူ့ကို စိတ်အနှောက်အယှက် ပေးတဲ့ အမေရိကန် စစ်ပွဲနိုင် ဗီယက်နမ်ကို သင်ခန်းစာပေးဖို့ ဆုံးဖြတ်သော တရုတ်ကြီး။။။။။။ တရုတ်ပြည်ရဲ့ လူပုစိတ်တို ခေါင်းဆောင်ကြီး တိန်ရှောက်ပိန်က အမေရိကန်စစ်ပွဲ (၁၉၅၉ – ၇၅) နိုင်ထားသော ဗီယက်နမ်ကို တရုတ်နိုင်ငံ လုံခြုံရေး ခြိမ်းခြောက်သူအဖြစ် ပုံဖေါ်ရန် အခွင့်ကောင်းလို့ ၁၉၇၈ခုနှစ်တွင် ဆုံးဖြတ်ခဲ့သည်။ တရုတ် အဓိကရန်သူ ဆိုဗီယက် ပြည်ထောင်စုအား မိတ်ဖက်အဖြစ် ပြတ်ပြတ်သားသား ရွေးခဲ့သော ဗီယက်နမ်နိုင်ငံ၏ ဗီယက်နမ်ရှိ တရုတ် လူနည်းစုများအား ပြင်းပြင်းထန်ထန် ဖိနှိပ်မှု၊ နယ်စပ် ပဋိပက်ခ အကြမ်းဖက် သွေးထိုးလှုံ့စော်မှု၊ ကမ်ဘောဒီးယားနိုင်ငံရှိ တရုတ်လူ ခမာနီ အစိုးရအား နိုဝင်ဘာလတွင် ကျးကျော်သိမ်းပေါက် အမြစ်ဖြုတ် ရှင်းလင်းပစ်မှု တို့ဖြစ်သည်။ တချိန်ထဲတွင် ဆိုဗီယက်သည် တရုတ် မြောက်ပိုင်း […]


ဦးကြောင်ကြီးကား နှယ်နှယ်ရရ မဟုတ်၊ သားဖွားမီးယပ် အိုဂျီ ဆရာဝံ ဖြစ်သည်။ သို့သော်လည်း အအို ဦးစားမပေး အပျိုသာ ဦးစားပေး ရွေးကုသည်။ အအိုဆိုတာ ပြုစုမည့် လင်ယောက်ျားရှိတယ်၊ အပျိုကျတော့ ဘယ်သူ့ သွားအားကိုးမလဲ။ ငယ်စဉ်ထဲက ဝါသနာ ပါလွန်းရွေ့ တနေ့ ငါကြီးလာ ဆရာဝံ လုပ်မယ်၊ သေသေချာချာ စောင်မကြည့်ရှုမယ် စိတ်ဝယ်မှန်းကာ ပညာထူးချွန်အောင် ကြိုးစားသည်၊ ဆေးကျောင်းဝင်ခွင့်ရကာ အနှီဘာသာရပ်ဝယ် ထူးချွန်သောကြောင့် ဂုဏ်ထူး ပထမအဆင့်နှင့် အောင်သည်။ ထို့နောက် မာစတာဘွဲ့ရပြီး အိုဂျီ အထူးကု ကြောင်ကြီးဟု ပျိုပျိုတို့အလယ် ထင်ရှားလေသည်။ သိပ်သဘောကောင်း စေတဏှာပါတာ၊ ကြည့်ပေးတာများ အသေးစိတ်၊ သိပ်ကြင်နှာတတ်တဲ့ ဆရာဝံ….။ သို့သော် လောကနိယာမ အများကြိုက်လျင် အနည်းမုန်းသည်မို့ သူ့အား […]


၁၉၆၉ခုနှစ်တွင် တရုတ်ကို နြူကလီးယားအင်အားသုံး တိုက်ဖို့ ဆိုဗီယက် USSR ကြံစည်ခဲ့ကြောင်း…. ဆိုဗီယက်ပြည်ထောင်စုသည် ၁၉၆၉ခုနှစ်တွင် တရုတ်နိုင်ငံအား နြူကလီးယားဗုံးသုံး တိုက်ခိုက်လုနီးပါး ဖြစ်ခဲ့ပြီး ယူအက်စ်မှ မော်စကိုအား ထိုသို့ပြုပါက တတိယကဗာစစ် စတင်ခြင်းဖြစ်မည်ဟု ဆိုသောကြောင့် နောက်ဆုတ်လိုက်ကြောင်း တရုတ် သမိုင်းပညာရှင်တဦးမှ ပြောသည်။ ကျူးဘားကျွန်း ဒုံးပျံအရေးအခင်းပြီးလို့ ခုနှစ်နှစ်အကြာ ကဗာကြီးသည် နူကလီးယားစစ်ပွဲ ဖြစ်ရန် လွန်စွာ နီးကပ်ခဲ့ကြောင်း အာဏာရ တရုတ်ကူမြူနစ်ပါတီ ခွင့်ပြုချက်ဖြင့် ထုတ်ဝေသော ရှားရှားပါးပါး သုတေသန စာတမ်းက ညွှန်ပြသည်။ ၁၉၄၉ခုနှစ်မှစရွေ့ တရုတ်နိုင်ငံ ရင်ဆိုင်ခဲ့ရသော နြူကလီးယား အန်ဒရာယ် ခြိမ်းခြောက်မှု ငါးခုကို အသေးစိတ် မှတ်တမ်းတင် ပြုစုရေးသားသည့် ပညာရှင် Liu Chenhan က ကြောက်စရာ အကောင်းဆုံး […]


kaiAugust 12, 20171min04
ဒီလအတွက် မြန်မာပြည်ကအနုပညာရှင် အင်တာဗျူးကဏ္ဍကို ခိုင်ထူးနဲ့ လုပ်ဖြစ်ပါတယ်။ ကြားနေဖတ်နေကျမဟုတ်တဲ့ ဖွင့်ပြောခြင်းတွေကိုတွေ့ရမှာပါ။ ခိုင်ထူး နှင့် စကားပြောခွင့်ရဖို့ ကူညီပေးခဲ့သော ပါမောက္ခ ဒေါ်နီလာမြင့်ထူး နှင့်သူငယ်ချင်း ကျော်စန်းဦး တို့ကို ကျေးဇူး အထူးပါ ခင်ဗျာ…။ Q – တူးတူး သီဆိုခဲ့တဲ့ အဆင်သင့်ပဲဟေ့ စီးရီးစ် ကိစ္စ နဲ့ စလိုက်ချင်ပါတယ်။ အဆင်သင့်ပဲဟေ့ ကို ကိုခိုင်ထူး ဆိုဖို့ သေသေချာချာ ပြင်ဆင်ထားပြီးမှ ဘာဖြစ်လို့ တူးတူး ကို ပေးဆိုလိုက်ရတာပါလဲ…။ အဲဒါ ကို ကျွန်တော် စိတ်ဝင်စားပါတယ်…။ KH = အရင်က Aces နဲ့ သီချင်း မလုပ်ဖူးသေးဘူးဗျ။ တစ်ယောက်နဲ့ တစ်ယောက် သိတ်စိမ်းနေတယ်။ တစ်ယောက်နဲ့ တစ်ယောက် သဘောမပေါက်နိုင်ဘူး […]


နိုင်ငံတော်၏ကြောင် အာဏာရသည်မှာ တနှစ်စွန်းခဲ့ချေပြီ၊ ပြောင်းလဲချိန် တန်ပြီ ကြွေးကြော်သံနှင့်အတူ ယခင်သမတ ဘပြောင်အား အလဲထိုး အနိုင်ရ တက်လာခြင်းဖြစ်သည်။ လပေါင်းများစွာ ဟိုလုပ်ဒီလုပ် ယားလို့ပင် မကုတ်အား… ပွင့်လင်းမြင်သာမှုထက် ပိုအရေးကြီးသော တိုင်းရေးပြည်ရာများ ရှိနေသည်။ လူထုနှင့် ကင်းကွာနေပြီ၊ အာဏာရှင် ဆန်တယ် ဝေဖန်မှု မြင့်တက်လာရကား တခုခုလုပ်ရန် ဆုံးဖြတ်လိုက်ရပေသည်။ တခုခုကား ပိတ်သက်ကျီးနှင့် ပြန်လည် ထိတွေ့ရန် ဖြစ်သည်။ ခေတ်ခြင်း မတူတော့ပြီမို့ ယခင်လို သိန်းသောင်းချီ လူထုစည်းဝေးပွဲထက် လက်တဆုပ်စာ ဇကာတင် ပုဂိုလ်များနှင့် တွေ့ဆုံခြင်းသာ သင့်တော်မည်။ တီဗွီ၊ အင်တာနက်တို့မှ တိုက်ရိုက် ထုတ်လွှင့်လျင်လဲ လူအများထံ ရောက်သည် မဟုတ်ပါလော။ ။။။။။ သို့သော် သို့သော်….. ထိုင်နေအကောင်း ထသွားမှအကျိုး၊ တွေ့ကာမှ […]


ဟွက်ကဲ့ ယနေ့ ဗွီဘီဒီ ဒီဘိတ် တီဗွီအစီအစဉ်မှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ဆွေးနွေးပါမယ်။ ဖိတ်ကြားထားသူများမှာ ဖုပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာရမ်းကု၊ စစ်တပ်သေနင်္ဂဗျူဟာမှုး ငပွကြီး၊ ဒီမိုကရေစီ တပ်ဦးခေါင်းဆောင် ရဲရဲတောက် ကြောင်ကြီးတို့ ဖြစ်ပါတယ်။ မော်ဒရေတာအဖြစ် ဂဇက်ရွာ အယ်ဒီတာချုပ် မာမွတ်ခိုင်မ်မှ ဆောင်ရွက်ပါမည်။ ကျနော်က ဒီအစီအစဉ်ရဲ့ စပွန်ဆာ ဗွီဘီဒီ စားသောက်ဖွယ်ရာ ကဏ္ဍ တင်ဆက်သူ အောင်မိုးသူပါ။ အခမ်းအနား အစီအစဉ် စတင်ပါပြီ။ အမှန်တော့ ယနေ့  အစီအစဉ် ဆွဲထားသည်က ကြက်သား ပလတာ ချက်နည်း သို့ပေကလိ ကြက်ငှက်တုပ်ကွေးကြောင့် ဈေးထဲ ကြက်ရှာမရ.. ဒါနဲ့ ကြံမိကြံရာ အစားထိုး ဖုတ်ပူမီးတိုက် တင်ဆက်ခြင်း ဖြစ်သည်။ ။။။။။ အဟမ်း အားလုံးပဲ […]


လာကြည့်ကြပါဦး လဟ… ငါတို့ သပိတ်မှောက်တာ။ အော်သာအော် ဘယ်သူမှ စိတ်ဝင်တစား မရှိချေ။ ကိုယ်တော်တို့ဖာသာ ကိုယ်တော်တို့ အားလျားတိုင်း မှောက်နေ.. အလုပ်သွားရဦးမယ်၊ ဗိုက်ဆာ ဘယ်သူ ထမင်းကျွေးမှာလဲ… လက်လှုပ်မှ ပါးစပ်လှုပ်ရမယ်၊ ကိုယ်တော်လို မှောက်ခ ရှယ်ယာခွဲပေးလျင် တမျိုးပေါ့။ ဟောျင့် ဒါတော့ မျက်စောင်းလာ မထိုးနဲ့.. ငါတို့က လူအများ အကဲ့ရဲ့ခံပြီး ရှာထားတာ… ကြားက ဝင်ခုတ်လို့ကတော့ လက်သီးပဲရမယ်။ သပိတ်မှောက် ကိုယ်တော်များနှင့် တိုးရစ်များအား လိုက်ပို့သော အလိင်စက်တို့ အချီအချ ပြောနေသံဖြစ်သည်။ ကဲ ကဲ… ဘယ်သူလာလာ မလာလာ သူ့ဆန်စား ရဲရမယ်… ဆက်ဆွဲလိုက်ကြစို့…။ သပိတ် သပိတ် မှောက်မှောက်… ..။ ရန်ကုန်မြို့ ကြေးသွန်းဘုရားကြီး တန်ဆောင်းအတွင်း အစိုးရ […]


သောင်တလွဲထွေ… ဘာအဓိပါယ်မှ မရှိဘူး၊ အယူတိမ်း နတ်စိမ်းဖြစ်တာ ကိုးကွယ်စရာလား ကောင်းကောင်းမွန်မွန်ဆို ဟုတ်သေး ခုဟာ အရက်သောက်၊ ကြက်တိိုက်၊ နင်ပဲငဆပြော၊ နှမသားခြင်းကိုယ်ဂျင်းမစာ ဟိုနှိုက်ဒီနှိုက်။ ထေရဝါဒ ထွန်းကားတဲ့ တိုင်းပြည်ကွ ဒါမျိိုး လက်မခံနိုင်ဘူး။ မိဆာဒိဋ္ဌိတွေ တေငရဲကျမှာ။။။။ အီဂါး တောင်ပြုံးပွဲတော် နီးလာတိုင်း နှစ်စဉ်ပြောနေကျ မဘသကြောင်ကြီး၏ စကားလုံးများဖြစ်သည်။ ထိုသို့ စတေးတပ် ဖဘပေါ်တင်လျင် မန်းဒလေးမှ မဘသငပေ အဆဲလေးနှင့် ဒိုင်ဗင်ပစ်ဝင် ထောက်ခံသည်။ တဦးသဘော တဦးသိသည့် လိုက်ဖက်ညှီသော မျိုးညစ်ညီအကိုများဖြစ်သည်။။။ ယခုနှစ်တွင်မူ လေသံပြောင်း ဂငယ်ကွေ့ ကွေ့သည်။ ဘယ့်နှယ်ကွာ မိရိုးဖလာ အမြတ်တနိုးထား ကိုးကွယ်ပသတဲ့ တောင်ပြုံးပွဲ အနားကပ် ဖျက်ရတယ်လို့၊ လူတွေကွ နွားမဟုတ် မင်းတို့ လုပ်ချင်တိုင်းလုပ်ရအောင်။ လူတရာ […]