ရင်ကြားစေ့ရေး မစေ့ရေး

ဟွက်ကဲ့ ယနေ့ ဗွီဘီဒီ ဒီဘိတ် တီဗွီအစီအစဉ်မှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ဆွေးနွေးပါမယ်။ ဖိတ်ကြားထားသူများမှာ ဖုပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာရမ်းကု၊ စစ်တပ်သေနင်္ဂဗျူဟာမှုး ငပွကြီး၊ ဒီမိုကရေစီ တပ်ဦးခေါင်းဆောင် ရဲရဲတောက် ကြောင်ကြီးတို့ ဖြစ်ပါတယ်။ မော်ဒရေတာအဖြစ် ဂဇက်ရွာ အယ်ဒီတာချုပ် မာမွတ်ခိုင်မ်မှ ဆောင်ရွက်ပါမည်။ ကျနော်က ဒီအစီအစဉ်ရဲ့ စပွန်ဆာ ဗွီဘီဒီ စားသောက်ဖွယ်ရာ ကဏ္ဍ တင်ဆက်သူ အောင်မိုးသူပါ။ အခမ်းအနား အစီအစဉ် စတင်ပါပြီ။ အမှန်တော့ ယနေ့  အစီအစဉ် ဆွဲထားသည်က ကြက်သား ပလတာ ချက်နည်း သို့ပေကလိ ကြက်ငှက်တုပ်ကွေးကြောင့် ဈေးထဲ ကြက်ရှာမရ.. ဒါနဲ့ ကြံမိကြံရာ အစားထိုး ဖုတ်ပူမီးတိုက် တင်ဆက်ခြင်း ဖြစ်သည်။ ။။။။။

အဟမ်း အားလုံးပဲ မင်္ဂလာဒုံ..ခိုနီဒုံ.. ကျနော် မော်ဒရေတာ ဦးမာမွတ် ပထမဆုံး မေးမှာ ဖုပါတီက တလိပ်စံဒါက်တာ ရမ်းကုပါ။ တလိပ်စံဒေါက်တာခများ အမျိုးသား ရင်ကြားစေ့ဖို့ ဘာလိုမလဲ။ အပ်ချည်၊ အပ်နဲ့ ကြယ်သီး လိုပါမယ်။ တွယ်ချိတ်ကတော့ ယာယီပဲ သုံးသင့်တယ်။ မှတ်သားလောက်ပါတယ်။ ဟိုဖက်က စစ်တပ်လော်ဘီ ကိုပွ ကရော…၊ ကျနော်ကတော့ စူပါဂလူးကော်သုတ် စေ့သင့်တယ် ထင်ပါတယ်။ ကြယ်သီးတပ်တာ မခိုင်လို့ ဟပြဲဖြစ်တယ် မဟုတ်လား။ ကိုယ်တွေ သိတာ အဲဒီနည်းပဲ။ ခွီး… ကြောင်ကြီး လွန်စွာ တင်းသွားလေသည်… ဘာကွ မြေဥစစ်တပ် လေလာမဥနက်.. ခလေးကစားစရာ မဟုတ်ဖူး၊ ကိုက်ထည့်လိုက်မယ်.. ဂရား။ အေးလေ စိန်ကောင်း ကျောက်ကောင်း ရောင်းတာ ဆေးပေါ့လိပ်သည် ကန့်လန့်ကန့်လန့်… ဒေါကီးကာ လည်ပင်း ထညှစ်မည်လုပ်ရွေ့ မနည်းဖြန်ဖြေရသည်။ ဒီမိုကြောင်ကြီး ရှုးရှဲခွီးနေသလောက် ဖုနှင့်စစ်လော်ဘီက အေးဆေး.. အမယ်  ပြုံးလို့ပင်နေသည်။  ထိုင်ခုံနောက်မှီ မျက်လုံးပင် မှိန်းလိုက်.. သူအလည့်ရောက်လျင် ပြောလိုက်။ အမှန်တော့ ဘိန်းထိုးလာပြီး ဖီးလ်အပြည့် ဝင်နေခြင်း ဖြစ်သည်။ မသိသူများကတော့ အေးဆေးတည်ငြိမ်လှချည်ပေါ့။ ။။။။။

စေ့ဖို့မလို မေ့နို့ချို

မော်ဒရိတ်တာ မာမူခိုင်မ်ကလည်း မွှေသည်၊ ခေါက်ဆွဲစားသော ဒိုင်လူဂျီးပမာ စစ်နှင့်ဖုဘက် ပေါ်တင်တမျိုး မသိမသာတဖုံ မျက်နှာလိုက်သည်။ ဒီမိုသမား အလှည့်ဆို မြန်မြန်ဖြတ်ပစ်သည်။ ပွဲကား တဖက်သက်မို့ heat တက်လာပြီ.. ထိန်းမရတော့… မာမွတ်ခိုင်မ် မေးခွန်း အသစ်မေး အာရုံပြောင်းရသည်။ အမျိုးသား ရင်ကြားစေ့ရေးပဲ ပြောနေတော့ အမျိုးသမီး ရင်ကြားစေ့ရေး မလိုတဲ့ သဘောလား။ မလိုဘူး… ရူးနေလား သူ့ဟာသူ လွတ်လွတ်လပ်လပ် ထားလိုက်၊ ဂန်ဒူးလား နဲ့ ဆွေးနွေးသူအားလုံး တသံထဲ ထွက်လာသည်။ ပရိတ်သက်ထီးများမှ အားပါးတရ လက်ခုပ်တီး ထောက်ခံသည်။ ပရိတ်သတ် လေဒီများကမူ ရင်ကြားမစေ့ရေးသာမက ဘောင်းဘီချက် မဖုံးရေးပါ ပြောစေလိုသည်။ အစောက ရန်ဖြစ်သလောက် ယခု အားလုံး တသဘောထဲ ဖြစ်ပြီ။ ထို့ကြောင့် ဘုံသဘောတူညီချက်ရပြီး တိုင်းပြည်ငြိ်မ်းချမ်းဖို့ အမျိုးသမီး ရင်ကြားမစေ့ရေးမှ စတင်ရမည်။ ။။။။။။

4 comments

  • သင့်အေးရိပ်

    August 7, 2017 at 11:02 pm

    ဗြန်းဗဒါတွေပါခွါ!!!
    :k:

    Reply

  • Shar Thet Man

    August 8, 2017 at 4:45 pm

    ပုံလေးကြိုက်သွားပြီ

    Reply

  • kai

    August 13, 2017 at 3:46 pm

    National ကို အမျိုးသားလို့ ဘာသာပြန်လိုက်တဲ့.. ရှေးပညာတတ်ပုဂ္ဂိုလ်ကြီးတွေကို.. အံ့ဩတယ်..။
    ကြည့်ရတာ.. အိမ်ကမိန်းမ, အမျိုးသမီးတွေကို ေ-ာက်ညင်ကပ်လို့လားမသိ..။

    ဆိုတော့..
    National Women Outreach Initiative ကို ဗမာလိုဘယ်လိုပြန်မလဲ သိချင်သား..။ :i:

    Reply

  • ဦးကျောက်ခဲ

    August 16, 2017 at 5:10 pm

    ဒါလေးများ Victoria’s Secret ဝတ်… ရင်ကြားရော တင်ကြားရော စေ့တယ်…
    ခင်ဗျားတို့ဆီမှာ ပိုက်ပိုက်ပေးရင် ဝတ်တောင်ပြသေးမဟုတ်လား… :k:

    Reply

Leave a Reply

Your email address will not be published.