အောင်မြင်မှုရဲ ့ကွာဟချက်

Mon LayAugust 9, 20171min04

မြန်မာပြည်မှစီးပွားရေးလုပ်ငန်းအများစုသည် နိုင်ငံတကာမှ လုပ်ငန်းများနှင့် နှိုင်းယှဉ်လျှင် လုပ်ငန်းရှင်၏ နာမည်ကို ပိုမိုရှေ့တန်းတင်ပြီး အလုပ်လုပ်ကိုင်ကြသည်ကို တွေ့ရသည်။ ဒါကတော့ ဘယ်သူပိုင်တဲ့ဘဏ်၊ ဘယ်သူပိုင်တဲ့ လေကြောင်းလိုင်း၊ ဘယ်သူပိုင်သည့် ဆောက်လုပ်ရေးလုပ်ငန်း စသည်ဖြင့် လုပ်ငန်းနာမည်ထက် လုပ်ငန်းရှင်၏နာမည်ကို အဓိကထားကာ အလုပ်လုပ်ကိုင်ကြသည်။ နိုင်ငံတကာတွင် အောင် မြင်နေသော လုပ်ငန်းများကိုကြည့်လျှင် Citibank ပိုင်ရှင်၏ နာမည်ကို စဉ်းစား၍မရ၊ Microsoft ကို Bill Gates ထူထောင်ခဲ့သည် မှန် သော်လည်း လက်ရှိအုပ်ချုပ်နေသူမှာ နာမည်သိပ်မကြီးသည့် အိနိ္ဒယမှ အမှုဆောင်အရာရှိချုပ်တစ်ဦး၊ နိုင်ငံတကာလေကြောင်းလိုင်းများသည် မည်သူပိုင်သည်ထက် ဝန်ဆောင်မှုနှင့် အန္တရာယ်ကင်းမှုကို မူတည်ပြီး သူ့ခရီးသည်နှင့်သူ ရှိကြသည်။ ထိုကုမ္ပဏီအများစုသည် ပိုင်ရှင်မည်သူဆိုသည်ထက် လုပ်ငန်းအမှတ်တံဆိပ်များကို ပိုမိုအလေးထားကြသည်။ လုပ်ငန်းအမှတ်တံဆိပ်ပေါ်မူတည်ပြီး ထိုလုပ်ငန်းများ၏ တန်ဖိုးကို သတ်မှတ်ထားသည်။ တစ်ကမ္ဘာလုံးတွင် တန်ဖိုးအရှိဆုံး အမှတ်တံဆိပ်အဖြစ် ၂၀၁၆ ခုနှစ်တွင် ဒေါ်လာ၁၄၆ ဘီလီယံခန့်ဖြင့် သတ်မှတ်ခံရသော Apple အမှတ်တံဆိပ်သည် သူ၏ CEO Steve Jobs ကွယ်လွန်သွားရုံဖြင့် တန်ဖိုးကျမသွားပေ။

 

ဒါကတော့ 7 days news မှာဖတ်လိုက်ရတဲ့အကြောင်းလေးပါ

တိုးတက်နေတဲ့နို်င်ငံနဲ့ တိုးတက်ဆဲမြန်မာနိုင်ငံနဲ့ စီးပွားရေးကွာခြားချက်ကိုသွားတွေ့ပါတယ်။

ကုန်ပစ္စည်းအရေအသွေးကိုသာအဓိကထားလို့ ခုထိနာမည်ကျော်ပြီးအောင်မြင်နေတာလို့မြင်ရပါတယ်။

 

4 comments

  • ko six

    August 9, 2017 at 9:17 pm

    ဟုတ်တယ်နော်။
    မြန်မာတွေက ဆယ်လီ၊ ဆယ့်တစ်လီတွေ အရမ်းဖြစ်ချင်သမလား မသိ

    Reply

  • ကထူးဆန်း

    August 12, 2017 at 1:09 pm

    ကိုယ့်ကိုယ် ကို ဆန်းစစ်ကြည့်တာတော့ ဘယ်သူပိုင်လို့ ဆိုတာထက် quality ကိုသာ ဦးစားပေးတာများသလားလို့

    alpine , life သောက်ရေ သောက်တာ ဦးစိုင်းပိုင်လို့ သောက်တာ မဟုတ်ဘဲ သူ့ quality က အခြားတံဆိပ် quality ထက်ကောင်းတယ်ထင်လို့

    MAI နဲ့ MNA လေကြောင်းလိုင်းနှစ်ခု ယှဉ်ရွေးရင် ဆရာကေ ျာင်းကြောင့် MNA ရွေးတာ မဟုတ် ..MNA က လေယာဉ်အသစ်မို့လို့စိတ်ချရမယ်ထင်လို့ ရွေးတာ

    ဘဏ်ရွေးတာတော့ ဘယ်သူပိုင်တယ် ဆိုတာကြောင့် .. တမလွန်ရောက်သွားသူတစ်ဦးကြောင့် သူ့သားပိုင်ဘဏ်ကိုဘယ်တော့မှ မစဉ်းစားဘူး .. ဘယ်သူက တော့ ပိုရိုးသားမယ်တစ်ခုခုဆိုစကားတည်မယ်ထင်လို့ …

    🙂 🙂

    Reply

  • kai

    August 12, 2017 at 4:33 pm

    ကမ္ဘာကျော်ဂျပန်ကုမ္ပဏီတွေမှာတော့.. မျိုးရိုးနာမယ်တွေနဲ့ ရှိတာပဲ..။
    အင်္ဂလိပ်လိုနာမယ်တွေနဲ့.. အနောက်နိုင်ငံကုမ္မဏီ၊ကော်ပိုရေးရှင်းကြီးတွေကြား… ခေါ်ရခက်တဲ့ ဂျပန်နာမယ်တွေနဲ့.. ကမ္ဘာကိုထိုးဖေါက်ခဲ့တာပဲ..။
    ဖြစ်တာပဲ..။ :k:

    Reply

  • Shar Thet Man

    August 16, 2017 at 9:20 am

    အမြင်လေးတွေရေးပေးသွားလို့ကျေးဇူးတင်ပါတယ်

    Reply

Leave a Reply

Your email address will not be published.