Comment ဆိုတဲ့ စကားလုံးကို Dictionary ထဲမှာ ကြည့်လိုက်တော့ Noun အနေနဲ့ “ထင်မြင်ချက်၊ သုံးသပ်ချက်” လို့ တွေ့ရပြီး Verb အနေနဲ့ ကတော့ “ထင်မြင်ချက်ပေးသည်၊ မှတ်ချက်ပေးသည်၊ ဝေဖန်သည်” လို့ တွေ့ရပါတယ်။ ပို့စ်တစ်ခု တင်လိုက်တဲ့အခါ ပို့စ်တင်တဲ့လူတွေက သူ့ပို့စ်ကို ပေးမယ့် ထင်မြင်ချက်၊ မှတ်ချက်၊ ဝေဖန်ချက်တွေကို မျှော်လင့်မိတာတော့ အမှန်ပါပဲ။ ကွန်မန့်တွေထဲမှာ ကောင်းတဲ့ မှတ်ချက်လေးများ တွေ့ရပြီဆိုရင် အားရှိသွားပြီး ထပ်ရေးဖို့ ခွန်အားတွေ တိုးရပါတယ်။ ဆိုးတဲ့ မှတ်ချက်တွေ တွေ့ရမယ်ဆိုရင်တော့ စိတ်ပျက်မိမှာ အမှန်ပါပဲ။ လူကိုးဗျ …။ ဒါပေမယ့် အပြုသဘောဆောင်တဲ့ ဝေဖန်ချက်၊ မှတ်ချက်တွေကိုတော့ ကြိုဆိုလျက်ပါပဲ။ ဒါက ပို့စ်ပိုင်ရှင်ဘက်ကို ကျနော့်အနေနဲ့ ကြည့်ကြည့်တာပါ။ […]


မြစ်ဆုံစီမံကိန်းကိုအမြန်ဆုံးပြန်စနိုင်ရန် အစိုးရချင်းညှိနှိုင်းသွားမည်ဟု တရုတ်သံအမတ်ကြီးဆို   ကဲ Mandalay Gazette ဝင်တွေရေ ဒီနေ့ မြန်မာပြည်ထဲမှာ ရခိုင် – မွတ်စလင်အရေး အခင်းတွေဖြစ် တဲ့အချိန်မှာ မြန်မာပြည်ကိုနောက်ပိုးသိပ်မဲ့ စီမံကိန်းကို တရုတ်အစိုးရကနေပြီးတော့မှ ယုတ်ယုတ်မာမာကြံစည်နေပါတယ်။အဲဒါကတော့ မြစ်ဆုံစီမံကိန်းကို ပြန်စဖို့ပါပဲ။ ဒီနေ့ထုတ် 7 Days News ဂျာနယ်မှာ ပါတဲ့ သတင်းအရ တရုတ်သံအမတ်ကြီးက မြစ်ဆုံစီမံကိန်း ကိုရပ်လိုက်တာ မဟုတ်ပါဘူး။ဆိုင်းငံ့ထားတာပါလို့ တိတိကျကျထပ်ခါတလဲလဲ ပြောနေတဲ့စကားသံပါရှိ ပါတယ်။ 7 Days Journals နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာသံအမတ်ကြီး မစ္စတာလီဂျန်ဝှာ တို့တွေ့ ဆုံတဲ့အမေးအဖြေမှာတိတိကျကျပြောဆိုသွားတာပါ။ ကျွန်တော်တို့ထင်ထားတာက မြစ်ဆုံစီမံကိန်းကို လုံးဝရပ်ဆိုင်းလိုက်တာလားလို့ထင်ထားပေမဲ့ သက်ဆိုင်ရာ သတင်းအစအနတွေအနေနဲ့ရော ကျန်အစိုးရအသိုင်းအဝိုင်းမှာ ပါ ခေတ္တရပ်ဆိုင်းတယ်ဆိုတဲ့ သတင်းဟာပျံနှံ့နေပါတယ်။ဒီနေ့ 7 Days ဂျာနယ်ကိုဖတ်ကြည့်လိုက်တော့မှပဲ […]


alinsettJune 6, 20121min09
နောက်တစ်နေ့မနက် ဟက်ဆန်က ကျွန်တော့်အတွက် မနက်စာပြင် ပေးနေစဉ် ကျွန်တော့်အား ဘာဖြစ်လို့လဲဟုမေးသည်။ ကိုယ့်အလုပ်ကိုယ်လုပ်ဟု ကျွန်တော် ပက်ခနဲ ပြောချလိုက်သည်။ ‘ဖျင်းတဲ့ဉာဉ်’ ဟု ပြောသော ရာဟင်ခန့်စကား မှားပါသည်။ ________________________________ အခန်း(၄) ဘာဘာ့ကိုမွေးသော ၁၉၃၃ ခု၊ အာဖဂန်နစ္စတန်ကို ဇဟီရာရှားဘုရင်၏ နှစ်လေးဆယ် စိုးစံမှု စတင်သောနှစ်တွင် ကဘူးမြို့၏ ဂုဏ်သရေရှိမြို့မျက်နှာဖုံး မိသားစုမှ လူရွယ်ညီအစ်ကိုနှစ်ဦး ယာဉ်တိုက်မှုဖြစ်သည်။ ပြင်သစ်ဝိုင်တန်ခိုး၊ ဆေးခြောက်အရှိန် တို့ဖြင့် ပါမန်အသွား ဟာဇာရာလင်မယားနှစ်ဦးကို ပွဲချင်းပြီးတိုက်သတ်ခဲ့ခြင်း ဖြစ်သည်။ ရဲသားများက မိဘမဲ့ဖြစ်သွားသော ငါးနှစ်သား ယောက်ျားလေးတစ်ယောက် နှင့် ပူပန်နောင်တ တရားတို့ရနေသော ညီအစ်ကိုကို ကျွန်တော့်အဖိုး တရားသူကြီး ရှေ့မှောက် ခေါ်ငင်လာသည်။ ကျွန်တော့်အဖိုးသည် ဂုဏ်သိက္ခာအစွန်းအထင်း လုံးဝမရှိခဲ့သူ။ အင်မတန် လူလေးစားခံရသော […]


စဆရ ႀကီးJune 6, 20121min026
ဒီနေ့ သတင်းလေးဖတ်ရပါတယ်.. အဲဒီက စာရေးသူတစ်ယောက်ရဲ့ အာဘော်အလိုအရဆို ကျွန်တော်တို့ဆိုက်ကြီးက သွေးထိုးလှုံ့ဆော်နေသလိုလို၊ သတင်းဖော်ပြတာပဲ မြန်သလိုလို၊ တောင်ကုတ်မှာ လူသတ်ခံရတာ ဒီဆိုက်ကြောင့်ပဲလိုလို၊ ရွာသူ/သား တွေ ဖတ်ကြည့်စေလိုကြောင်း… အောက်မှာတော့ သူရေးထားတာ အပြည့်အစုံလေးပါ။ လူမျိုးရေး ပြဿနာကို ဘယ်လိုကိုင်တွယ်ကြမလဲ။ သန်းစိုးလှိုင် (မိုးမခ)၊ ဇွန် ၆ ၊ ၂၀၁၂ မေလ ၂၈ ရက်နေ့က ကျောက်နီမော်ကျေးရွာအနီးမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အပေါ် အစပြုပြီး ဇွန်လ ၃ ရက်နေ့မှာ တောင်ကုတ်မြို့မှာ အစ္စလာမ်ဘာသာဝင်တွေ အုပ်စုလိုက် အသတ်ခံ လိုက်ရပါတယ်။ အဲဒီအဖြစ်အပျက်ဖြစ်ပွားတဲ့ ညမှာပဲ စစ်တွေမြို့မှာလည်း ဈေးကောက်ကိစ္စနဲ့ ပတ်သက်ပြီး စကားများရာမှ တဆင့် ရဲစခန်းကို ဝိုင်းဝန်းတောင်းဆိုမှုဖြစ်ပွားကာ ည သန်းခေါင်အချိန်မှာတော့ သေနတ်နဲ့ ပစ်ခတ်လူစုခွဲတဲ့ […]


ကျွန်တော့် စိတ်ကူး လေး အောင်မြင်စွာပြီးဆုံးသွားလို့ အတိုင်းမသိဝမ်းသာမိပါတယ် ။ ယခုလအတွက်ခေါင်းစဉ် ကိုလည်း ရွေးချယ်ပြီးပါပြီ ။ July အတွက်ကိုတော့ ကိုမှော်ဆရာ က မပေးသေးတော့ ကိုစိန်သော့နဲ့ ဘယ်လိုလုပ်ရမလဲ မသိသေးပါဘူး ။ ဆိုတော့ ရိုက်ချင်သပါ့ဆိုရင် ဘဝ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကြိုတင်ရိုက်ကူးထားနိုင်ပါတယ်။ ဒါ့ထက် ပြပွဲ အတွက် လိုအပ်နေတဲ့ ဆုရဓာတ်ပုံ ရွေးချယ်ဖို့အတွက်ကိုလည်း အကူအညီ အကြံဉာဏ် တောင်းခံအပ်ပါတယ် ။ ကဲ .. ဒီ လ(June) အတွက်ပါဗျာ .. . တစ်ယောက်ကို တစ်ပုံ ပဲ ပေးပို့ရမှာဖြစ်ပါတယ် ။ ခေါင်းစဉ် ………………. ချစ်စရာ့အရွယ် အမျိုးအစား …………….. ဆေးရောင်စုံ အငယ်ဆုံးအရွယ်အစား ……….800 […]


သိန္နီမြို ့………. ရှမ်းပြည်နယ်မြောက်ပိုင်းသိန္နီနယ်ကိုအုပ်ခူပ်ခဲ ့သောစော်ဘွားကြီးတစ်ဦးသည်… မိုးညှင်း မိုးကောင်းတို ့ကိုပင်ပိုင်ဆိုင်သည်…။ကျောက်စိမ်းထွက်ရာဒေသများဖြစ်ကြသည်…. တရုတ်တို ့ကထိုဒေသကိုဆိုင်ဇိ(ကျောက်စိမ်းပြည်)ဟုခေါ်တွင်ခဲ ့သည်။ နောင်တွင်ဆိုင်ဇီမှဆိုင်စီဖြစ်လာသည်…။ စော်ဘွားရုံးစိုက်ရာမြို ့ကိုဝိုင်းဆိုင်စီဟုခေါ်သည်…။ဆိုင်စီသည်သိန္နီဖြစ်လာသည်။ သံဖြူဇရပ်(မြို ့) ခရစ်နှစ်၁၉၀ဝကျော်ခန် ့ကမော်လမြိုင်..ထားဝယ်လမ်းဘေးတွင်ထောင် ့ရှစ်ထောင် ့ရှိပြီး အောက်ခံအုတ်ခင်းအင်္ဂတေကိုင်ထားသောသွပ်မိုးဇရပ်(စရပ်)တစ်ထောင်ရှိခဲ ့သည်။ ထိုသံဖြူမိုးဇရပ်ကိုအစွဲပြုရွေ ့သံဖြူဇရပ်မြို ့ဟုခေါ်တွင်ခဲ ့သည်…။ သာယာဝတီမြို ့ သာယာဝတီသမိုင်းနှင် ့ခြေရာတစ်ထောင်မောင်မဲခေါင်ဇတ်လမ်းအရ….. ရာဇဝင်သင် ့ရွေ ့တိုင်းပြည်မှအမတ်ကြီးထွက်ပြေးတိမ်းရှောင်သွားခဲ ့ရသည်။ အမတ်ကြီးကတော်မအောင်ဖြူသည်..ဖျာလိပ်ကိုပိုက်..ဒယ်အိုးကြီးကိုခေါင်းပေါ်အုပ်လျျှက်.. အမတ်ကြိးရှိရာသို ့လိုက်လာခဲ ့သည်..။ လမ်းတွင်မြို ့..တည်နေသည်နှင် ့သွားတိုးသည်….။တိုင်စိုက်မရရွေ ့မြို ့တည်နေသူများ ဒုက္ခရောက်နေကြသည်။သံခမောက်စောင်း…တနွဂ်နွေသမီးကိုစတေးရန်စောင် ့မျှော်နေကြသည်။ မအောင်ဖြူကိုတွေ ့သောအခါ..ဖမ်းဆီးခူပ်နှောင်သတ်ဖြတ်ကြသည်။ တိုင်တွင်းကြီးထဲသို ့..မအောင်ဖြူကိုပစ်ချပြီးတိုင်ထူကြသည်..။ တိုင်ထိပ်သို ့သွေးများပန်းတတ်သည်..။ထိုစဉ်ကျီးတစ်ကောင်တိုင်ပေါ်လာနားသည်။ သာသာယာယာအော်မြည်သည်။ထို ့ကြောင် ့သာယာသောမြို ့(သာယာဝတီ)ဟု အမည်ပေးခဲ […]


alinsettJune 4, 20121min08
‘အပြင်မှာ ဘုရားသာ တကယ်ရှိလို့ကတော့ ဘာဘာ စကော့ဝီစကီ သောက်တာတို့၊ ဝက်သားစားတာတို့ … ဒါတွေထက် ပိုအရေးကြီးတဲ့ကိစ္စတွေ သူလုပ်ပါစေ ဆုတောင်းတယ်။ ကဲ သွားတော့။ ဒုစရိုက်အကြောင်းပြောရတာ ရေငတ်လာပြန်ပြီ” _______________________________________ ဘားတွင် ဘာဘာ အရက်ဖြည့်သည်ကို ကျွန်တော်ကြည့်ရင်း ယခုလို စကားပြောပုံမျိုး နောင်ဘယ်လောက်ကြာကြာ စောင့်ရဦးမည်နည်းဟု တွေးမိသည်။ အမှန်မှာ ဘာဘာသည် ကျွန်တော့်ကို နည်းနည်းတော့မုန်းတီးသည်ဟု ကျွန်တော့် စိတ်ထဲ သိနေခဲ့သည်။ ဘာကြောင့် မမုန်းရမည်နည်း။ သူချစ်မြတ်နိုးရသော မင်းသမီး ကို သတ်ခဲ့သူမှာ ကျွန်တော်ပေပဲ။ ကျွန်တော် ဘာမှမတတ်နိုင်တော့။ တတ်နိုင်သည့် နည်းနည်းကလေးမှာ ဘာဘာနှင့်တူအောင် ကိုယ်နှုတ်ဆောက်တည် ယဉ်ကျေးဖွယ်ရာ ရှိဖို့ပင်။ သို့ရာတွင် ကျွန်တော်သည် ဘာဘာနှင့်တူမလာခဲ့။ လုံးလုံးတူမလာခဲ့ပေ။ ္ထ ကျောင်းတွင် ‘ရှာဂျန်ဂီ’ […]


ဒီကောင် ကြောင်ဝတုတ်… ကိုယ့်ဟာကို ဝတ္တုဆက်မရေးပဲ… ရူးကြောင်ကြောင်ထပြီး စိတ်ပေါက်ရာနောက် ကောက်ကောက်လိုက်တယ်လို့ ဆိုချင်ဆို… ကြိုပြီးတောင်းပန်ထားချင်တာကတော့ စိတ်နောက်နောက်နဲ့ပြောတဲ့စကား အမှားတစ်ထောင်ဆိုတော့ မှားရင်လဲ မလိမ်မိုး မလိမ်မာလေးမို့ ခွင့်လွှတ်ကြပါတော့ဗျာ… ကဲ… စပြောရရင်… ဟိုလူသဂျီး… အစကိုဆွဲထုတ်စေချင်ပေမယ့်… ဘယ်သူမှထုတ်တာမတွေ့ရတော့ ကျုပ်မှာ အိပ်မပျော်နိုင်… အစဆွဲထုတ်မယ်လို့ စဉ်းစားပြန်တော့ မပြည့်ဝတဲ့ဗဟုသုတနဲ့ တစ်ထွာတစ်မိုက်ဦးနှောက်က မလိုက်နိုင်… အဲဒီတော့ သဂျီးဆိုတဲ့လူပြောတဲ့စကား ပြန်စဉ်းစားရအောင်လေ… ဘာတဲ့…   “ စနစ်ကြောင့်မဟုတ်ဘူး…” သူကဘာကိုဆိုလိုချင်မှန်းသေချာမသိ… ဒါပေသည့် သဂျီးရယ်လို့ရာထူးကို ကိုယ့်ဟာကိုယ်ယူထားမှတော့ ကြယ်လေးလုံးတစ်ဦးတည်းပိုင်ဆိုင်ထားမှဖြင့် ပေါက်လွှတ်ပဲစားဖြင့် မပြောနိုင်ကောင်းရဲ့ဆို မီရာအတွေးနဲ့စဉ်းစားကြည့်တော့… သူပြောလိုက်တိုင်း နိုင်ငံတော်ရဲ့အုပ်ချုပ်မှုဟာကွက် တွေနဲ့ပတ်သက်တိုင်း ဒင်းကဒီစကားပြောလေ့ရှိတယ်… ဟုတ်ပါပြီ… ဒါဆို နိုင်ငံတော်ရဲ့စနစ်က မှားခဲ့လား… မမှားခဲ့ဘူးလားပြန်ကြည့်ဖို့လိုလာပြန်ရော… ယနေအချိန်အထိ မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၃)ဆက်ပြောင်းခဲ့တယ်ပေါ့ […]


Mr. MarGaJune 3, 201221min0
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ အားလုံး မင်္ဂလာပါဗျို့ ကဗျာပြခန်း အမှတ်နှစ်က ကြိုဆိုပါတယ် ကဗျာလေးတွေကို  အေးအေးဆေးဆေး ခံစားနိုင်အောင် လုပ်ပေးထားပါတယ်။ အစကဗျာကနေ အဆုံး ကဗျာအထိ ခံစားချက် အမျိုးမျိုးကို ပေးစွမ်းနိုင်မှာပါခင်ဗျာ။ ဒါဆို အေးအေးဆေးဆေး ကြည့်ကြပါခင်ဗျ။   *** အချို့အချို့သော ပုံများတွင် စာသားများအား ထင်ရှားစွာ မမြင်ရပါက အဆိုပါ ပုံပေါ်တွင် Click တစ်ချက်နှိပ်၍ ကြည့်ရှုခံစားနိုင်ပါကြောင်း ***   >>> ကဗျာစာသားချည်းသာ ဖတ်ရှုလိုပါလျှင် <<< ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~                           $$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$ ရွှေလရောင် သခင်ကိုယ်တော်မှိုုင်း (၁၈၇၆ – ၁၉၆၄) […]


alinsettJune 3, 20121min05
ကျွန်တော်ပြောသော စကားလုံးသည် ဘာဘာ … ဟက်ဆန်ပြောသော စကားလုံးသည် အေမား … ။ ကျွန်တော့်အမည် အေမား။ အတိတ်ကို ပြန်တူးလိုက်တော့ ၁၉၇၅ခု ဆောင်းဥတုနှင့် အလုံးစုံသော နောက်ဆက်တွဲကိစ္စများ ဖြစ်ပေါ်လာခြင်းအကြောင်းအတွက် အခြေခံအချက် အလက်များကို ကျွန်တော် ပြောပြပြီးပြီဟုထင်သည် xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx အခန်း (၃) အစဉ်အလာစကားတို့အရ ကျွန်တော့်အဖေ ဘာဘာသည် ဘော်လူချစ္စတန်နယ်တွင် ဝက်ဝံတစ်ကောင်ကို လက်နက်မဲ့နပန်းလုံးခဲ့ဖူးသည်။ အကယ်၍သာ ဤပုံပြင်သည် ဘာဘာမဟုတ်ဘဲ အခြားတစ်ယောက်ဖြစ်နေပါက အာဖဂန်တို့၏ ချဲ့ကားတတ်သော သဘောလေးပါဟု ခေါင်းထဲရှင်းထုတ်ပစ်လိုက်မည်မလွဲ။ ကြွားချင်တဲ့ဝေဒနာပါ တကားဟုပင် ယူဆခံရနိုင်သည်။ တစ်ယောက်ယောက်က ငါ့သား ဆရာဝန်ကွ ဟုဆိုလျှင် ဖြစ်နိုင်ချေရှိသည်မှာ သူ့သားသည် အထက်တန်းကျောင်းတွင် ဇီဝဗေဒကို တစ်ကြိမ်တစ်ခါအောင်ခဲ့နိုင်သည်။ သို့သော် ဘာဘာနှင့် ပတ်သက်သည့်ပုံပြင်ဆိုလျှင် မယုံသူမရှိကြ။ […]


alinsettJune 2, 20121min012
အလီသည် သူ၏အရိုးပေါ်အရေတင် ခြေထောက်ကို စက်ဝိုင်း သဏ္ဍာန်ဝိုက်၍ယူကာ ခြေထောက်ချလိုက်တိုင်း ခန္ဓာတစ်ကိုယ်လုံး ညာဘက်သို့ ယိမ်းသွားပုံသည် မယုံနိုင်လောက်စရာပင်။ ဟပ်ထိုးလဲမကျသည်က ပဉ္စလက် အသေးစားပင်ဖြစ်နေသည်။ သူ့အတိုင်း ကျွန်တော်ကြိုးစားလျှောက်ရာ မြောင်းထဲ ထိုးဆင်းတော့မလိုဖြစ်ပြီး ကိုယ့်ဖာသာ တခစ်ခစ်နှင့်ရယ်ရသည်။ အလီက ကျွန်တော့် ကိုလှည့်အကြည့် ကျွန်တော်တုပသည်နှင့် ပက်ပင်းတိုးသွားသည့်တိုင် ဘာတစ်ခွန်းမှ မပြော။ ထိုစဉ်က ဘာမှမပြောဆိုခဲ့သလို နောင်ဘယ်တော့မှလည်း မပြောခဲ့ချေ။ ဆက်သာလျှောက်နေခဲ့သည်။ အလီ့မျက်နှာသွင်ပြင်နှင့် လမ်းလျှောက်ပုံကြောင့် နီးပါးဝန်းကျင်မှ ကလေး ငယ်များ အလီ့ဆိုလျှင်ကြောက်ကြသည်။ ________________________________________ …………………..ခပ်ကြီးကြီးကောင်လေးများကား တကယ့် ပြဿနာ။ လမ်းပေါ် အလီ့ကိုတွေ့သည်နှင့် လိုက်ကြသည်။ အလီ ဖယ်ယမ်းဖယ်ယမ်း လမ်းလျှောက်ပုံကို ပြောင်ကြသည်။ တချို့ကောင်လေးများက အလီ့ကို ”ဟေး ဘာဘာလူ၊ ခင်ဗျားကြီး ဒီနေ့ဘယ်သူ့ကိုစားလဲ” ဟု […]


alinsettJune 1, 20121min023
အခန်း(၁) ၂ဝဝ၁ခု၊ ဒီဇင်ဘာ ၁၉၇၅ ခု၏ အေးစိမ့်သောဆောင်းရာသီတစ်ရက်က တစ်ဆယ့်နှစ်နှစ်သားအရွယ် ကလေးဘဝကို ယခုကျွန်တော် ပြန်ရောက်နေသည်။ ထိုနေ့က တမိုးလုံးမှောင်ဝေကာ ရိုးချောင်းလေးသည်ပင် ရေတွေခဲလျက်ရှိသည်။ ဖရိုဖရဲပြိုလဲနေသော ရွှံ့နံရံနောက်ဝပ်၍ ရိုးချောင်းအနီးမှ လက်ကြားလမ်းလေးထဲ ချောင်းနေခဲ့ရသော ထိုအခိုက်အတန့် ထိုကာလကို ပြက်ပြက်ထင်ထင် အမှတ်ရနေသည်။ နှစ်တွေမနည်းတော့။ သို့သော်ငြား အတိတ်ဟုဆိုလျှင် မဟုတ်သေး။ အတိတ်ကို ဘယ်ပုံဘယ်နည်း မြေမြှုပ်သဂြိုလ် နိုင်ကြောင်း ကျွန်တော် လေ့လာသင်ယူခဲ့ခြင်းမှာ အတိတ်သည် ကျွန်တော့်အပေါ် ကုပ်ကတ်တွယ်တက်လာနေသည်။ ခုတော့လည်း အတိတ်ကို လည်ပြန်လှည့်ကြည့် လိုက်မှ လွန်ခဲ့သောနှစ်ဆယ့်ခြောက်နှစ်လုံးလုံး ထိုလက်ကြားလမ်းလေးထဲကိုသာ ကျွန်တော်အစဉ်တစိုက် ချောင်းနေခဲ့ပါကလားဟု သိလိုက်ရတော့၏။ နွေတုန်းက ပါကစ္စတန်မှ ကျွန်တော့်မိတ်ဆွေကြီး ရာဟင်ခန် ကျွန်တော့်ကို ဖုန်းဆက်ခေါ်သည်။ သူ့ကိုလာတွေ့ဖို့ပြောသည်။ မီးဖိုချောင်ထဲ ဖုန်းခွက်ကိုင် လျက်သား […]


blueroseMay 30, 20121min07
ကောင်မလေးရေ……. ငါနင့်ကိုချစ်နေတဲ့အချိန်မှာ ငါဆိုတဲ့လူတယောက် ကမာ္ဘမြေပေါ်မှာရှိနေမှန်းတောင် နင်မသိပါဘူး ငါနင့်ကိုလွမ်းနေတဲ့အချိန်တိုင်းမှာ နင်ကတယောက်သောသူကို လွမ်းဆွတ်နေခဲ့တယ်နော် ငါ့ဘက်ကတော့ကံကြမ္မာက မတရားဘူးလို့ပဲပြောရမလား ငါ့ဘက်မှာကံတရားကရှိမနေဘူးလို့ပဲပြောရမလား နင်ငါ့ရှေ့ရောက်လာတိုင်း ပြောတတ်တဲ့စကားလုံးလေးတွေ ပြုံးတတ်တဲ့နင့်အပြုံးလေးတွေ လူတိုင်းကိုကြင်နာစွာနဲ့ ဆက်ဆံတတ်တဲ့နင့်အကြည့်လေးတွေ နင့်ချစ်သူအပေါ်မှာ ကလေးတယောက်လို ဂျီကျတတ်တဲ့နင့်အကျင့်လေးတွေ အားလုံးကိုငါအမှတ်ရမိလို့ နေပါတယ်ကောင်မလေးရေ…. ငါမျှော်လင့်မိပါတယ် တနေ့နေ့တချိန်ချိန်ကျရင် နင်နဲ့အနီးဆုံးနေရာမှာ ငါရှိနေပါရစေလို့လဲ နင့်အကြောင်းလေးတွေလည်း ငါ့ဒိုင်ယာရီစာအုပ်ထဲမှာ နေရာယူတာပြည့်လို့နေခဲ့ပြီ ဘုရားရှိခို်းတိုင်းလည်း ဆုတောင်းမိပါရဲ့ ကောင်မလေးရေ…. လူတွေငါ့ကိုကဲ့ရဲ့ပေမယ့်ငါဝမ်းမနည်းပါဘူး လူတိုင်းမှာကိုယ်စီလွတ်လပ်စွာ ချစ်ပိုင်ခွင့်ရှိကြပါတယ်လေ ငါလည်းနင့်ကိုလွတ်လပ်စွာ ချစ်ပိုင်ခွင့်ရှိနေပါတယ်နော် ကောင်မလေးရေ….. ငါနင့်ကိုအရမ်းလွမ်းနေတယ် ငါနင့်ကိုအရမ်းချစ်နေတယ် ငါနင့်ကိုအရမ်းတွေ့ချင်နေတယ် ခုချိန်မှာငါနင်နဲ့အနီးဆုံးနေရာမှာ ရှိနေခွင့်ရမယ်ဆိုရင်တောင် မဖြစ်နိုင်တော့ပြီမို့ ငါ့ဘဝငါ့နှလုံးသားငါ့ခံစားချက်တွေ အားလုံးဟာငါနဲ့အတူ ရုပ်ဒြပ်မရှိတဲ့ လေထုထဲမှာ မျောလွင့်လို့နေခဲ့ပြီလေ နောက်ဘဝဆိုတာများ ရှိခဲ့မယ်ဆိုရင်တော့ ကောင်မလေးရေ ငါဆုတောင်းခဲ့ပါတယ် ထာဝရမင်းဘေးမှာ မင်းစိတ်တိုင်းကျ မင်းအလိုကျ […]