alinsettMay 29, 20121min036
( ကျွန်တော် နှင့် တိမ်ယံသစ္စာ ) 2012 / မေလ သည်… အေးမြသော မိုးညများနှင့်အတူ…ထူးခြားကောင်းမွန်သော.စာအုပ်တစ်အုပ်ကိုပါ.. ခေါ်ဆောင်လျက်..ကျွန်တော့်ထံ ရောက်လာခဲ့သည် ။ ဝတ္ထု ပီပီသသ စာအုပ်များကို မက်မောစွာ.တောင့်တ တတ်သော ကျွန်တော့်အတွက်…. မမေ့နိုင်စရာ..စာအုပ်ကောင်းတစ်အုပ်ကို ဖတ်လိုက်ရပါသည် ။ ထိုစာအုပ်၏ အမည်မှာ..တိမ်ယံသစ္စာ ဖြစ်သည် ။ တိမ်ယံသစ္စာ ကို ဘာသာပြန်ပေးထားသူမှာ…ဝင့်ပြုံးမြင့် ဖြစ်၏ ။ ( ဘာသာပြန် စာရေးဆရာမ ဝင့်ပြုံးမြင့် ၏ ဆောင်းည ရှိုက်သံကို..ဂေဇက်တွင် ညွှန်းဆို ဝေဖန် ခဲ့ပြိးပါပြီ။ ) ဆရာမ ဝင့်ပြုံးမြင့် ရွေးချယ် ပြန်ဆိုသော.စာအုပ်များမှာ တစ်မျိုးတစ်မည် ထူးခြားနေတတ်တာ တော့….. အမှန်ပဲ ဖြစ်သည် ။ ယခုလည်း…တိမ်ယံသစ္စာ….တဲ့ ။ […]


ムラカミMay 27, 20127min0164
[polldaddy poll=6264789] = 1.                                                         နီးမှ ကပ်ပို့ကြလို့ ….. ပြောထားတဲ့ အချိန် ရောက်တာနဲ့ တန်းပြီး တင်လိုက်ကြောင်းပါဗျ… (ဖိုတို အင်ဖော်မေးရှင်း ကိုတော့ ….ကျနော် update လုပ်ပေးပါ့မယ်. …စောင့်နေတယ် ကြည့်နေကြတယ် ကြားလို့ … နံပါတ်အတိုင်း  အရင်ဆုံး ရှုစား အားပေးကြပါလို့…) ဒီရွာရဲ့ ဒါ့ပုံပညာ […]


Green RoseMay 25, 20121min070
စာရေးမယ်ရေးမယ်နဲ့ အကြောင်းအရာတွေက ခံစားလိုက်ပျောက်သွားလိုက်ဖြစ်နေတာ။ တစ်ခုခုကို တွေ့မြင်လိုက်ရတဲ့ အချိန်မှာ ဖြတ်ကနဲပေါ်လာတဲ့ အတွေးလေး တစ်ခုကို စာအဖြစ်ပြန်ရေးပြဖို့ တော်တော်မလွယ် တာပါ။ တွေးမိတဲ့အချိန်က လမ်းပေါ်မှာ သွားလာနေရင်းမျိုး ဖြစ်ဖြစ်နေတာများတယ်။ နောက် အားသွားတဲ့အချိန် ကျပြန်တော့လည်း ခံစားချက်က ပေါ့သွားသလိုဖြစ်နေတော့ မရေးဖြစ်ပြန်ဘူး။ စာရေးနိုင်တဲ့သူတွေကို တကယ်အားကျတယ်။ အကြောင်းအရာ တော်တော်များများကို ခဏခဏ ပြန်မခံစားမိပေမယ့် အခုရေးမယ့် အကြောင်းအရာ ကတော့ နှစ်ရှည်လများ ရင်ထဲမှာ တစိုက်မတ်မတ် ခံစားလာမိ နေတာလေးတွေ ဖြစ်နေတယ်။ လမ်းပေါ်မှာတွေ့နေရတဲ့ အရွယ်စုံ ပုံစံစုံ တောင်းရမ်းစားသောက်နေသူတွေပါ။ Green Rose က အရင်တုန်းက တောင်းစားတဲ့သူကိုဆိုရင် သနားဖို့ပဲသိတာ။ တခြား ရှည်ရှည်ဝေးဝေး ဘာမှ မတွေးမိခဲ့ပါဘူး ။ ငယ်ငယ်တုန်းက စိတ်ကူးယဉ်မိခဲ့တာလေးက လမ်းဘေးမှာတောင်းစားနေတဲ့သူတွေအကုန်လုံးကို […]


black chawMay 24, 20129min016
ကျွန်တော် တို့ မြို့ကြီးက ပျင်းစရာ ကောင်းလိုက်တာ ဦးလေးရေ။ ပိုပျင်းဖို့ကောင်းတာက မီးမလာတဲ့ ကိစ္စပဲဗျာ။ မီးများလာခဲ့ရင် အဲဒီ ပျင်းစရာကောင်းတာတွေကို ကျော်လွှားနိုင်ဖို့ ကိစ္စတော်တော်များများ ရှိနေတာပဲ မဟုတ်ဘူးလားဗျာ။ အခုတော့…။ သတင်းတွေဖတ်ကြည့်ပြန်တော့လည်း လျှပ်စစ်မီးမလာလို့ မြို့တွေမှာ ဖယောင်းတိုင်တွေနဲ့ ဆန္ဒပြပွဲတွေ လုပ်ကြသတဲ့။ တချို့မြို့တွေများ လျှပ်စစ်မီးကို ဘယ်လောက်တမ်းတကြသလဲဆိုရင် ဒီမိုကရေစီထက်တောင် လျှပ်စစ်ကို အရင်လိုချင်ကြသတဲ့။ ဒေါ်အောင်ဆန်းစုကြည်ကလည်း လျှပ်စစ်မီးမလာတာ စံနစ်ကြောင့်တဲ့။ ကျွန်တော် တို့သူကြီးကလည်း ထုံးစံအတိုင်း စံနစ်ကြောင့်မဟုတ်ဘူးလို့ ပြောဆဲပဲ။ သတင်းမှန်သမျှ လျှပ်စစ်မီးသတင်းတွေနဲ့ ပြည့်နှက်နေလို့ လျှပ်စစ် မိုးကောင်းကင် လို့တောင် နာမည်ပေးလိုက်ချင်သေး ဟေးဟေး။ အဲဒီလောက် ပျင်းစရာကောင်းတဲ့ မြို့ကြီးမှာ ပျင်းစရာကောင်းတဲ့ ပို့စ်တစ်ပုဒ်တင်မလို့ ကြံစည်နေမိပါတယ်ဗျာ။ အခုတလော MRTV-4 တို့ Sky-Net […]


Mr. MarGaMay 22, 20121min013
အခုတလော ဦးမာဃတို့ မန္တလေးမှာ မီးတွေ ပျက်နေတယ်။ မန္တလေးတင် မကပါဘူး တစ်နိုင်ငံလုံးနီးပါး ပျက်နေတာပါပဲလေ။ အဲဒါကို ရန်ကုန်က လူထုတွေက စ ပြီးတော့ ဖယောင်းတိုင်လေးတွေကိုင်ပြီး ဆန္ဒပြကြတယ်။ အဲဒီမှာ မီးပြန်လာပေးတယ်ဆိုလားပဲ (ဦးမာဃ မှတ်မိသလောက် ပြောတာပါ ) အဲဒီဆန္ဒပြပွဲအပြီး သိပ်မကြာခင်မှာ စွမ်းအင်ဝန်ကြီးဌာနက ပြည်သူတွေကို ကြေညာချက်ထုတ်ပေးတယ်။ အဲဒီ ကြေညာချက်အရ ဦးမာဃ သိလိုက်တာက မြန်မာနိုင်ငံဟာ ရေအားလျှပ်စစ်ကို အဓိက အားထားနေရgတယ်။ အခု နွေရာသီဆိုတော့ ဆည်တွေမှာ ရေကုန်ပြီ။ ရေမရှိတော့ ဘာနဲ့ပေးမလဲ။ သူတို့လဲ အတတ်နိုင်ဆုံး အများဆုံး ပေးနိုင်တဲ့နှုန်းနဲ့ ပေးနေတယ်။ အဲ မကြာပါဘူးဗျာ ရှမ်းပြည်က မဟာဓာတ်အားလိုင်းတိုင်တွေ မိုင်းခွဲခံရပြန်ပါရော။ အဲဒီလိုဖြစ်နေတဲ့အချိန်မှာ ဦးမာဃတို့ မန္တလေးကလဲ ရန်ကုန်ကို […]


yawaiMay 22, 20121min035
ပါပါရာဇီဆိုတာနဲ့ လေဒီဂါဂါသီချင်းများ ပြေးမြင်နေကြမလားပဲ။ ဒါမှမဟုတ်ရင်လဲ ဇာတ်လမ်းတွေထဲမှာ မြင်နေကြရတဲ့ စိတ်ရှုပ်စရာ သတင်းထောက်တွေလို့ပဲ မြင်နေကြမှာပါ။ ဒါပေမယ့် သူတို့ရဲ့ ကောင်းကွက်လေးတွေကို ကျွန်တော့်မိတ်ဆွေများကို ဖောက်သည်ချပေးချင်ပါတယ်။ သူတို့ဟာ နိုင်ငံကျော်စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ၊ အနုပညာရှင်ကြီးတွေနဲ့ ရာထူးကြီး ဝန်ထမ်းတွေကို ပစ်မှတ်ထားပါတယ်။ အထူးသဖြင့် ထိုသူများရဲ့ အညှီအဟောက် သတင်းတွေကိုပစ်မှတ်ထား ရှာဖွေကြတတ်တယ်။ ဒီတော့ သူတို့နိုင်ငံက လူတွေ ဘာလုပ်လုပ် ချက်ချင်းပျံနှုံ့ကုန်တာပေါ့။ မဟုတ်တာလုပ်ရင်လဲ မဟုတ်တာက ချက်ချင်းပေါ်တာပဲ။ ဟိုတနေ့က ဂျာနယ်ထဲမှာ ရွန်းနေ နိုက်ကလပ်မှာ စော်လေးတွေနဲ့ နမ်းနေတဲ့ပုံတွေကို သူတို့တွေဖော်ထုတ်ခဲ့တာကို တွေ့လိုက်ရတယ်။ ကောလင်း ဘယ်လို အသုံးအဖြုန်းကြီးတယ်ဆိုတာလဲ သူတို့ဝေဖန်ကြတာပဲ။ အိုဘားမားဆေးလိပ်ဖြတ်တာလဲ သူတို့ ရှာဖွေတင်ပြကြတယ်။ ဒီတော့ သူတို့နိုင်ငံမှာက ပါပါရာဇီတွေကို နာမည်ကြီးကြသူတိုင်း သတိထားနေရတယ်။ ရိုင်ယန်ဂစ်ဖောက်ပြန်တဲ့ သတင်းတွေ […]


htet wayMay 22, 20121min059
ညီမလေးရေ မိုးက သည်းသည်းမည်းမည်းရွာနေတယ် မေလ လယ်ပေမယ့် မိုးက တစ်နာရီလောက် ပင်လယ် တစ်ခု မှောက်ချ လိုက်သလို ရွာ ချလိုက်တာ ဓနိ မိုး အိမ်လေးတွေ မိုး ယိုလို့ တစ်ချို့ဆို ဓနိဟောင်းလေးတွေ ကေက်လို့ ပေါ့ အကိုကတော့ လမ်းဘေး လက်ဖက်ရည် ဆိုင်လေးမှာ မိုးကို ငေးလို့ အတွေး နယ်ချဲ့မိတယ်။ ဆရာ သစ္စာနီ ကဗျာ ထဲက လို မိုးကလွဲလို့ အားလုံးနဲ့ လွဲခဲ့ပေါ့ ဆိုသလို လွဲချော် ခြင်းတွေနဲ့ ပေါ့ ညီမလေးရယ်။ အကို က မိုးရေထဲပြေးနေတဲ့ ကလေးတွေကို ကြည့်လို့ ။ကလေးတစ်ယောက်က အိတ်တစ်လုံး လွယ်ပြီး မိုးရေထဲ အဆောင်းမပါဘဲ လျှောက်နေတယ် လက်ထဲမှာ […]


တစ်ခါတုန်းကပေါ ့ကွယ်……. အရမ်းခင်ကြတဲ ့သူငယ်ချင်းနှစ်ယောက်…ရှိသတဲ ့ကွယ်…… တစ်ကောင်ကဝက်ဝံဖြင်ပြီး…တစ်ကောင်ကမြင်းဖြစ်သတဲ ့ကွယ်…….. သူတို ့ကအိမ်နီးချင်းတွေဆိုပေမဲ ့….ညီအကိုအရင်းလိုချစ်ကြသတဲ ့….. အင်း….မြင်းကတော ့(နာဂရ…ကိုပေါက်…ကိုကြောင်….ဖရဲ….အလင်းဆက်….တို ့လို) အရက်နဲ ့..ဘီယာတို ့ဆိုရင်…လာထားပဲတဲ ့….. ဘယ်ကပဲလာလာ..ဘယ်ကမှမလာရင်..ဝယ်ပြီးသောက်သတဲ ့…ဝက်ငံလေးခင်ဗျ….. မြင်းကိုခင်တော ့..မြင်းဝယ်သောက်သမျှ..ပုလင်းခွံ…ဘီယာဘူးခွံတို ့ကို..လိုက်လံသိမ်းဆည်းစုဆောင်းတတ်တာပေါ ့ကွယ်….. တစ်နေ ့တော ့…မြင်းက..ဆိုင်ကယ်တစ်စီးနဲ ့ရွာထဲ..အဲလေ…တောထဲပတ်နေသတဲ ့….. ဒါကို..ဝက်ဝံလေးကမြင်တော ့…ဟာ…သူငယ်ချင်းရေ…ဘယ်တုန်းကဝယ်လိုက်သလဲ..လို ့မေးသတဲ ့ကွယ်…။ မြင်းလေးကလည်း…ဝယ်တာမဟုတ်ဘူးကွ….အရက်ပုလင်းထဲက.ကံစမ်းမဲပေါက်တာပါလို ့ဖြေသတဲ ့.. ဝက်ဝံလေးက..မင်းတော်တော်ကံကောင်းပါလား…လို ့ချီးကူးလိုက်သတဲ ့… တစ်လလောက်ကြာတော ့…တောထဲမှာ..လေယာဉ်တစ်စီးပျံနေတာကိုတွေ ့ရသတဲ ့….. လေယာဉ်ကိုတွေ ့တော ့…မြင်းကမော ့ကြည် ့လိုက်သတဲ ့… အလို…သူငယ်ချင်းဝက်ဝံကလေယာဉ်ပျံနဲ ့..တယ်မိုက်နေပါလားလို ့….လှမ်းနူတ်ဆက်သတဲ ့…. ဒါကို..ဝက်ဝံကမြင်တော ့..သူငယ်ချင်းရေ….မင်းဝယ်သောက်ထားတဲ […]


alinsettMay 19, 20121min022
( ၁ ) အရာရာဟာ..မုန်းစရာကောင်းလောက်အောင်…အေးစက်နေတယ်။ ည ..က လ…မရှိတဲ ့ည… ။ နှင်းစက်တွေ..တွဲလွဲ ခိုနေတဲ့ သစ်ပင်တစ်ချို ့ကလည်း..ငြိမ်သက် တိတ်ဆိတ်လို ့..။ ဟိုးဝေးဝေးက နာရီ သံချောင်းခေါက်သံ ဆယ့်တစ်ချက် ကြားလိုက်ရသလိုလို…..။ ဆယ့်တစ်ချက်လား..၊ ဆယ်နှစ်ချက်လား..မသေချာဘူး။ နာရီကို လက်ဖျံပေါ် လှမ်းကြည့်လိုက်ရုံနဲ ့ တိကျသေချာတဲ့ အချိန်ကာလ တစ်ခုကို သိရမှာ ဆိုပေမယ့်…… ကျွန်တော်..အချိန်ကာလ ဆိုတာကို မုန်းတယ် ။ အချိန် ကြာလာတာ နဲ့အမျှ… မေ့သင့်တဲ့အရာတစ်ခုကို မေ့သွားသင်ြ့ပီ….မဟုတ်လား။ ဒါပေမယ့်…. ရင်ဘက်ထဲက ဆွဲထုတ်ပစ်ပြီး… ဘာမှ မဖြစ်ပျက်ခဲံ့သလို…နေလိုက်ဖို ့…အခါခါ ကြိုးစားပါရက်နဲ ့……… ဘယ်လိုမှ မေ့လိုက်လို ့ မရဘူးကွယ်..။။ အတိတ်တွေက အတိတ်ဆီမှာပဲ.ကျန်ရစ်ခဲ့ပြီး… ပစ္စုပ္မန် […]


naywoon niMay 18, 20121min012
တိုင်းပြည်နဲ့ အဝှမ်း ပြုပြင်ပြောင်းလဲမှုဆိုတဲ့ စကားသံတွေ ညံနေတဲ့ အချိန်မှာ နေပြည်တော်ခရိုင်ထဲမှာပါနေတဲ့ တပ်ကုန်းမြို့က အ-ထ-က (၁) ကတော့ လုံးဝ အချိုးမပြောင်းသေးပါ…။ ကျောင်းဖွင့်ဖို့တစ်လအလိုမှာ ကျောင်းပြောင်းလက်မှတ်လာတောင်းနေသူတွေဆီက အလှူငွေ ဆိုပြီး ရသမျှ ရိုက်ခွာနေပါတယ်….။ ကျောင်းပြောင်းလက်မှတ်က ဘာအတွက်လာတောင်းတာလဲ ….။ ရိုးရိုးကျောင်းပြောင်းမှာလား…။ ဘော်ဒါထားမှာလားလို့ မေးပြီး ဘော်ဒါ သွားထားမှာဆိုရင် အလှူငွေ တစ်သောင်းခွ ဲ သွင်းခဲ့ပါလို့ ပြောတယ်…။ မိဘက အလုပ်ပြောင်းရလို့ ဒါမှမဟုတ် ကျောင်းထားပေးနိုင်တဲ့ တစ်ယောက်ယောက်ဆီကို ပြောင်းတာ ဒီကျောင်းကပြောင်းပြီး အခြားအစိုးရကျောင်းကိုပဲ ပြန်အပ်မှာ ဆိုရင်တော့ ငါးထောင်တောင်းနေပါတယ်…။ မနေ့က ကိုးတန်းကျောင်းသားတစ်ယောက် အတွက် ကျောင်းပြောင်းလက်မှတ်သွားယူခဲ့တဲ့ ကျောင်းသားမိဘတစ်ဦးက ပြန်ပြောခဲ့တာပါ….။ ဒါနဲ့ မသေချာလို့ အဲဒိ ကျောင်းက စာရေးမကို မေးကြည့်တော့လည်း […]


CrystallineMay 16, 20121min0
သူကြီးနှင့်တကွ ရွာသူရွာသားများအားလုံးမင်္ဂလာအပေါင်းခညောင်းပါစေရှင်။ မီးကတော့ ရွာသူအသစ်လေး Crystalline ဖြစ်ပါတယ်။ Mandalay Gazette ကိုအားပေးနေတာ ကြာပြီ ဖြစ်ပေမယ့်အခုမှပဲ register လုပ်ဖြစ်ခဲ့တာပါ။ ကံကဆိုချင်တော့ ရွာထဲကို မှတ်ပုံတင်ပြီ


poochMay 15, 20121min082
ကြာတော့လည်း ကြာခဲ့ပါပြီ။ ဒီပရုပ်လုံးလေး လည်ပတ်နေခဲ့တာ ။ ကိုယ်မမွေးခင်နှစ်တော်တော်ကြာ ကတည်းက ရပ်တည်လာခဲ့တာ။ စစချင်းတော့ အသေးစား လုပ်ငန်း နောက်တော့ အလတ်စားလုပ်ငန်း နောက်တော့ နောက်တော့ တန့်နေခဲ့တာ တော်တော်လေးတော့ ကြာနေပါပြီ။ ခုအချိန်မှာကတော့ ဆုပ်လည်း ဆူး စားလည်းရူး ။ ရှေ့တိုးရခက် နောက်ဆုတ်ရခက် ။ ဇော်ကန့်လန့် ဖြစ်နေခဲ့တာ ။ ခုရက်ပိုင်းများမှာတော့ တကယ့်ကိုပဲ ကသီကလင်နိုင်လာတော့သည်။ ဟင်း … ဆိုတဲ့သက်မ ကြီးတွေကိုလည်း အကြိမ်ကြိမ် ချနေခဲ့ရတာ ကြာပါပြီ။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက ဝင်လာမစဲ ချိုင်းနား မိတ် ထိုင်းမိတ် အော်ရဂျင်နယ် ပစ္စည်းတွေ ကြောင့်လည်း ရင်တမမ။ ဒီပစ္စည်းတွေကို ယှဉ်နိုင်ဖို့ ဆိုရင် ကိုယ့်ထုတ်ကုန်ကိုလည်း သူတို့လို ထုတ်နိုင်ဖို့ […]


etoneMay 15, 20121min049
ဗိုက်ကလေး(စိန်ပေါက်ပေါက်) ရဲ့ ကျနော်ရယ်၊ ပိုလီယိုရယ်၊ အမှိုက်ပုံစောင့် ခွေးတစ်အုပ်ရယ်ပို့စ်လေးကို ဖတ်မိပြီး … စိတ်မကောင်းလည်းဖြစ်မိသလို  စိတ်ဓါတ်ဆိုတာ ငွေကြေးကြွယ်ဝမှုနဲ့ မဆိုင်တာလည်း သိခွင့်ရခဲ့တယ် ။  မမြင်ရတဲ့ ကံကြမ္မာနဲ့ ဘဝပေးကုသိုလ်ကံကို အပြစ်မတင်ပဲ …  ကျရာနေရာမှာ အံဝင်အောင် အဆင်ပြေသလို နေကြရရှာတဲ့ စိတ်ခွန်အားထက်မြတ်သူတွေကို …. သဘောကျမိတယ် ။ အနေနိမ့်ကျပေမယ့် …. မလျော့သော ဇွဲ ၊ လုံလတွေကိုရင်းလို့ သမ္မာအာဇီဝကျကျ ရှာစားနေသူတစ်ယောက်နဲ့ ဆုံခဲ့တာလေး ပြန်ပြောပြချင်မိတယ် ။ သူတို့လိုပဲ စိတ်ခွန်အားထက်မြက်မှုတွေ ၊ ဘဝကို လွယ်လွယ်အရှုံးမပေးတဲ့ စိတ်ဓါတ်တွေ … ကျွန်မမှာလည်း ရှိချင် ၊ ပိုင်ဆိုင်ချင်ခဲ့တယ် ။ %%%%%%%%%%%%%%%%%%%%%%%% ရန်ကုန်မြို့ရဲ့ မြို့လည်ခေါင်မှာ အသက်ဆယ်နှစ်ခန့် ကလေးတစ်ယောက် […]