ဒီရက်ပိုင်းအတွင်းမှာ စာတွေအတော်များများ တက်လာတော့ ဖတ်နေရပါတယ်.. ဒါပေမယ့် ကိုယ်ပိုင်စာတွေအရေးကောင်းတဲ့ Hmee ပြောသလိုပါပဲ၊ ကိုယ့်ရဲ့စိတ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် ကိုယ်ပိုင်အတွေးအခေါ်တွေ၊ အရေးအသားတွေနဲ့ ရေးတင်နေကြသူတွေ၊ ကိုယ်ပိုင်အတွေ့အကြုံတွေကို ရေးသားတင်ပြနေကြတဲ့ စာရိုက်သူတွေ၊ ဥပမာဆို “ဆူး”၊ ကျွန်တော်ကိုယ်တိုင်ဆိုရင်လဲ ဒီ Site ကို ဝင်ရောက်ဖတ်နေကြတဲ့သူတွေ ပညာရရှိစေရေးအတွက် KFC ကြက်ကြော်နည်းတွေကို အသေးစိတ် ရေးပြဖို့ရှိသလို တစ်ခြားသော ဗဟုသုတရဖွယ်ရာတွေကို ချပြဖို့ရာ အများကြီးရှိနေပါတယ်။ ဒါပေမယ့်လည်း… ကိုယ်တင်လိုက်တဲ့ Post တစ်ခု (ကိုယ့်အတွေးနဲ့ကိုယ်ဆို သိပ်ကို တန်ဖိုးရှိမယ်လို့ထင်တဲ့ စာတွေ)ခမျာ တစ်ရက်တာတောင် စံမြန်းခွင့်တွေမရဘဲ အလိုလို နောက်ရောက်သွားရရှာလေတော့ Keyboard ပေါ် လက်တင်လိုက်တာနဲ့ စာရေးချင်စိတ်တွေ ကုန်သလောက်တော့ ရှိနေတာအမှန်ပဲပေါ့လေ။ လူသစ်တွေ များပြားလာတာကို ကြိုဆိုပါတယ်။ ဒါပေမယ့် ကိုယ်ပိုင်စာတွေကိုတော့ […]



