Telecommunication Business အပိုင်း(၃)

nigimi77April 22, 20111min04

တစ်နိုင်ငံနဲ ့ တစ်နိုင်ငံ  ကြိုးမဲ့ ဆက်သွယ်ရေး စနစ် ကို   ဝန်ဆောင်ခ ယူပုံခြင်းကလည်း မတူကြပါဘူး။ ထုံးစံ အတိုင်း သေချာသိထားတာကလည်း ကိုရီးယားနိုင်ငံ

အကြောင်းပဲ ဆိုတော့ ဇာတ်လမ်းက ပြန်စပါမယ်။  အဲဒီမှာ  ၁၉၉၅ ခုနှစ် နှောင်းပိုင်းမှ စပြီး တဖြည်းဖြည်းနဲ ့ Mobile Phone တွေ အသုံးတွင်ကျယ်လာတာကိုး။

အစောပိုင်းတုန်းကတော့  Mobile တွေ ဈေးကြီးမြင့်လွန်းလို ့ သာမန် လူတန်းစားတွေဟာ  P.P လို ့ ခေါ်တဲ့  Personal Pager တွေကိုပဲ သုံးနိုင်ကြပါတယ်။

သူတို ့ဆီမှာလည်း အရင်ကဆို လူတန်းစား ကွာဟချက် ကြီးမားနေပါသေးတယ်။  တယောက်ယောက်က Phone ခေါ်ရင် P.P မှာ နံပါတ်ပေါ်တော့ ဘယ်သူက

ခေါ်တယ်ဆိုတာကို သိရပြီး အများသုံး Phone တွေနဲ ့ ပြန်ဆက်သွယ်လို ့ရတာပေါ့။  အဲဒီခေတ်တုန်းက  ထမ်းဖုန်းလို ့ ခေါ်လို ့ရနိုင်တဲ့ အုတ်နီခဲ အသေးစား

အရွယ်လောက်ရှိတဲ့  Mobile Phone တစ်လုံးဟာ အဲဒီခေတ်ပေါက်ဈေး  ဝမ်ငွေ ရသိန်းကျော်  ၈ သိန်းနီးပါးပေးရပါတယ်။ 

အဲဒီအချိန်က  သာမာန်   လူတစ်ယောက် Mobile Phone သုံးနိုင်ဖို ့ဆိုတာ   လစာ ၄ လစာရဲ  ့ ငွေပမာဏနဲ ့ ညီမျှပါတယ်။  နိုင်းယှဉ်ချက် အနေနဲ ့ မြင်သာအောင်

ကြည့်မယ်ဆိုရင် အဲဒီအချိန်  အဲဒီ ၂ လစာဟာ မြန်မာပြည်မှာ  မြန်မာငွေ ၃~၄ သိန်းတန်  Toyota Sprinter တစ်စီးဝယ်လို ့ရတယ်လို ့ မှတ်မိပါတယ်။

ကာလက အတော်ကြာပြီမို ့ ကျွန်တော် အမှတ်မှားတာလဲ ဖြစ်နိုင်ပါတယ်။  တဖြည်းဖြည်းနဲ ့ ပြောင်းလဲလာလိုက်တာ  အခု အချိန်မှာဆို  ကိုရီးယားမှာ  Phone 

လျှောက်ရတာဟာ မြန်မာပြည်က လမ်းဘေး တွေ ့ကရာဆိုင် ကွမ်းယာ ဝယ်လို ့ရသလိုုပါပဲ (စကားချပ်။  Post  Paid Phone များကိုဆိုလိုပါသည်) ။ 

ဘယ် အစိုးရရုံး ကိုမှ သွားစရာ မလိုပါဘူး။  ဘယ်ဆက်သွယ်ရေးဝန်ထမ်းကိုမှလည်း  ၂၅၀၀၀ ဝန်ဆောင်ခ မပေးရပါဘူး  အခု မြန်မာပြည်က  Hand Set 

အရောင်းဆိုင်လို ဆိုင်မျိုးတွေအထဲကို ဝင်သွားလိုက်တာနဲ ့  ဆိုင်ဝန်ထမ်းတွေဟာ မိတ်ဆွေကို  ၄၅ ဒီဂရီ  ခါးချိုးပြီး လှိုက်လဲပျူငါစွာ ကြိုဆိုပါလိမ့်မယ်။

ရာသီဥတုက အေးနေခဲ့ရင်တော့ မိတ်ဆွေ အတွက်  ကော်ဖီပူပူလေး တခွက်က အလိုက်သိစွာ ရောက်လာပါလိမ့်မယ်။

မိတ်ဆွေ လုပ်ရမဲ့ အလုပ်ကတော့ သိပ် မများလှပါဘူး။  မှန်ပုံးထဲမှာ ထည့်ထားတဲ့  မော်ဒယ် မျိုးစုံ အထဲကမှ စိတ်ကြိုက်ရွေးချယ်ပြီး အဲဒီအထဲကမှ

ဘယ် တယ်လီကွန် ကို အသုံးပြုမှာလဲ ဆိုတာကို ပြန်ရွေးရတာပေါ့။   တယ်လီကွန် အပေါ် မူတည်ပြီး  အသုံးပြုတာကြာလေ အသုံးပြုခ ပိုမို သက်သာလေ

နောက်ဆို  အရေးပါအရာရောက်တဲ့ ဖောက်သည်ကြီး စာရင်းထဲဝင်ပြီး  Diamond Member Card တွေပေးနဲ ့ သူ ့ထက်ငါ အပြိုင်အဆိုင် မြူဆွယ်ကြပါတယ်။

ရွေးချယ်မှုပြီးသွားရင် ဖောင်မှာပါတဲ့ အချက်အလက် အချို  ့ကို ရေးဖြည့်ပေးပြီး  မိတ်ဆွေလိုချင်တဲ ့ နံပါတ်(အနောက်ဂဏန်း၄လုံးကို)  စိ်တ်ကြိုက်ရွေးချယ်

နိုင်ပါသေးတယ်။  နံပါတ်တူနေရင်တော့ ပြန်ထပ်ရွေးပေါ့။  အားလုံးပြီးစီးတဲ့ အချိ်န် ၄၅ မိနစ်လောက်အတွင်းမှာ  မိတ်ဆွေဟာ ကွမ်းယာဆိုင်မှာ ကွမ်းကို

စိတ်ကြိုက် ဝယ်ယူပြီး ဆိုင်အမိုးအောက်မှ ထွက်လာကာ  မြိန်ရေရှက်ရည် ပြုံးပြုံးကြီး မျူံ   ့နေသကဲ့သို ့  ဖုန်း အသစ်သစ်စက်စက်နဲ ့  မျောက်အုံးသီးရ သလို

ထွက်ခွာသွားနိုင်ပါပြီ။   

ဆိုလိုရင်းက  မြန်မာပြည်ဟာ  အခြား အရှေ  ့တောင်အာရှနိုင်ငံတွေထက် အတော်ကြီးကို ကွာဟနေစေခဲ့တဲ့ အချိန်တွေကြောင့် အခုလက်ရှိ  Service Number

အတွက်ကို ပေးရတဲ့ (ဒီနေရာမှာ ထည့်ပြောလိုတာ တခုက မြန်မာပြည်မှာ Phone ဝယ်တယ်ဆိုတဲ့ အသုံးအနှုံးအမှားဟာ တွင်ကျယ်နေပါတယ်။ တကယ်တမ်း

ဝယ်ယူတာက Hand Set သာဖြစ်ပြီး၊  လိုင်း အတွက်ကတော့  Service Provider ဆီကနေ  Service Number ကို ငှားရမ်းသုံးစွဲခြင်းသာဖြစ်ပါတယ်။)

ငွေကြေးပမာဏဟာ  အတော်များပြားနေမှာ သေချာပေါက်ပါပဲ။  ကိုင်ဆောင်နိုင်သူ လက်တစ်ဆုပ်စာလောက်ပဲ ရှိတဲ့အထဲ  အခွင့်ထူးခံတွေ အတွက်က အလကား

ပေးရတဲ့ အတွက် ကနဦးတပ်ဆင်ခဆိုတာ ကနဦးမှာ ကနဦး သုံးစွဲသူတွေက အားပါးတရ ကျခံပေးကြရမှာပါ။ တကယ်တမ်း ကျသင့်ငွေက အဲဒီလောက် မများ

ပေမဲ့ ကြိုးနီစနစ် အဆင့်ဆင့်မှာ  ဆခွဲကိန်းတွေ တက်လာတာပါပဲ။  အခွင့်ထူးခံတွေနဲ ့ ပတ်သပ်လို ့ပြောရရင်  ဦး S.K.D ရဲ  ့သားနဲ ့ မိတ်ဆွေဖြစ်ခဲ့ကျတယ်ပေါ့။

အင်းယားလမ်းထဲက သူ တို ့အိမ်မှာပဲ အိပ်လိုက်စားလိုက်နဲ ့ တနေ ့ကျတော့  အခန်းရှင်းပေးရင်း ခုတင်အောက်က  Phone တလုံးထွက်လာတော့ ဒါဘာလဲ

အပျက်ကြီးလားလို ့မေးကြည့်တာ အကောင်းပါ မင်းသုံးချင်ရင် ယူသွားလေ ဆိုတာနဲ ့ ကောင်းကောင်းအားပေးခဲ့ပါတယ်။ ဘယ်လောက်ဆက်ဆက် တပြားမှ မကျပါတဲ့။  သူတို ့တွေ ကိုင်ခွင့်ရတဲ့  Phone တွေပြောတာပါ။ အဲတော့လဲ ဒို ့ပြည်သူတွေက ခါးစည်းခံပေါ့။

 လမ်းကြောင်းက လွဲပြန်ပြီ….။   ဆိုတော့…. အခု တလော အသံတွေဆူနေတာက အရင်က နံပါတ်ကောင်းဆိုရင် ၄ဝ လောက်ပေးပြီး ဝယ်သုံးခဲ့တဲ့ ပိုက်ဆံဝါလား

တွေ  အခု ၅သိန်းတွေ ပေါ်လာတော့ နစ်နာတယ် ဘာညာပေါ့။   လုပ်ငန်း လိုအပ်ချက်အရ မရှိမဖြစ် ဝယ်သုံးခဲ့တဲ့သူတွေဟာ သူတို ့ရတဲ့ အကျိုးအမြတ်တွေတင်

ကြေနပ်လို ့ရပေမဲ့  သူများက အမြီးလေးပေါက်နေတာ ငါလဲပေါက်ချင်တယ် ဆိုတဲ့ ပိုက်ဆံဝါလားများကတော့ အလွန်ကို ဆူကုန်ပါတယ်။

ဒါပေမဲ့လည်း အထက်ပါ အကြောင်းအရများကို ကြည့်ခြင်းအားဖြင့်  မိမိက ကနဦး သုံးစွဲသူဖြစ်ခဲ့တဲ့ အတွက် အနစ်နာခံရမှာပါပဲ။  မိမိလို လူတွေကြောင့်

နောက်လူတွေ ဒီလို ဈေးသက်သက်သာသာနဲ ့ သုံးလာနိုင်တယ်လို ့ ကြံဖန်ပြီး ဂုဏ်ယူရင် ကျေနပ်စရာပါ။

 

ဆက်ရေးပါဦးမယ်….။

4 comments

  • nigimi77

    April 22, 2011 at 3:22 am

    လွန်ခဲ့တဲ့ ၃ ရက်ထဲကတင်တာ အခုမှပဲ တက်လာတော့တယ်။

    Reply

  • bigcat

    April 22, 2011 at 4:44 am

    မိုလ်ဘိုင်းဖုန်းပေါ်ကာစက အသိတယောက်က အိမ်ကိုဖုံးဆက်ပြီး တအောင့်လောက်နေရင် သူ့ဟန်းဖုံးကို ခေါ်ခိုင်းတယ်။ ငယ်နိုင်တယောက်က သူနဲ့အပြင်သွားဖို့ အတင်းခေါ်တာ ငြင်းမရလို့ အရေးကြီးကိစ္စနဲ့ အပြင်ကဖုံးခေါ်တယ်ဆိုပြီး လစ်ထွက်ချင်လို့တဲ့။ ကျနော်လည်း ခေါ်ပြီးဖုံးထဲကနေ ပေါက်တတ်ကရ သူ့ကိုဆဲတယ်။ သူကလည်း ဟိုဖက်ကနေ ပြန်မဆဲနိုင်ဘဲ ဟုတ်ကဲ့ဟုတ်ကဲ့နဲ့ ခံလိုက်ရတယ်…

    Reply

  • zoe

    April 22, 2011 at 8:33 am

    nigimi77 ပြောသ လိုုမဝယ် ဝယ်အောင်service တွေ promotion တွေ အလုအယက် ပေး ပြီးရောင်း တာဆို တော့လူတိုင်းလိုလို mobile phone ရှိ ပါ တယ် ။ ဈေးကလဲ အမျိုးမျိုးပါ ။ ကိုယ့် တယ်လီကွန် မှာcontract ဆက် ယူအောင် စက် ကိုအခမဲ့ပေး တဲ့ promotion တောင် လုပ် သေး ။ မြန်မာ ပြည် မှာ ဒီလိုမဖြစ် နိုင် တာ ဗဟိုအုပ်ချုပ် မှူ ကြိုးနီ နဲ့ တဦးတည်းမောင်ပိုင် လုပ် ချင်တော့ ပြည်သူပြည်သား တွေပဲ နစ်နာပါတယ် ။

    Reply

  • thethtet87

    May 7, 2011 at 2:45 pm

    အကိ်ုရေမတွေ့တာကြာပြီနော်။အရင်တုန်းကလိုငြင်းစရာခုန်စရာဆွေ့းနွေးစရာတာမရေးတော့ဘူးလား။အကိုရေးတဲ့ဘာ
    သာရပ်ပိုင်းဆိုင်ရာတွေကိုတော့တကယ်ကြိုက်တယ်။အထည်ချုပ်လုပ်ငန်းအကြောင်း၊အခုမိုဘိုင်းအကြောင်းကိုကော
    ပေါ့။တစ်ခုဘဲအယူဝါဒကတော့ခံယူချက်ချင်းမတူညီလို့နေမှာပါနော်။အကိုPost တွေတော်တော်များများကျွန်တော်
    Printe ထုတ်ပြီးဖတ်တယ်အကို။အကြောင်းအရာရေးသားတဲ့အပိုင်းမှာတော့အတူယူလောက်အောင်ကောင်းမွန်ပါတယ်
    အခုအကြောင်းအရာကလည်းကျွန်တော်ကြိုက်တယ်အကို။ကျွန်တော်တို့အလုပ်အရဖုန်းကမသုံးမဖြစ်သုံးနေရတာ။
    ကျွန်တော်တို့နိုင်ငံကဈေးတအားကြီးပြီ၊အခွင့်ထူးခံလိုဖြစ်နေကြတယ်နော်။ကျန်တဲ့အိမ်နီးချင်းနိုင်ငံတွေယှဉ်ရင်
    အားငယ်ဖို့တောင်ကောင်းတယ်နော်။ခေတ်မှီဆက်သွယ်ရေးတွေမဖွံ့ဖြိုးရင်စီးပွားရေးလူမုှရေးတွေဖွံ့ဖြိုးဖို့ခက်မယ်
    ထင်တယ်နော်။

    Reply

Leave a Reply

Your email address will not be published.