=============================== ကျွန်တာ် ပုဂံကို မကြာခဏ ရောက်ပါတယ်။ ရောက်တိုင်းလည်း ဘယ်တော့မှ မရိုးနိုင်ခဲ့ပါ။ ဒါကြောင့်လဲ နိုင်ငံတကာက ခရီးသွားဧည့်သည်တွေ လာကြတာ၊ မြန်မာပြည်အနှံ့က ခရီးသွားတွေလည်း လာကြတာ။ ကျယ်ပြောလှတဲ့ ပုဂံလွင်ပြင်ရဲ ့အလှကို အပြည့်အဝခံစားနိုင်ဖို့ ပုဂံဘုရားပုထိုးတွေပေါ်ကို တက်ပြီး ကြည့်ကြပါ တယ်။ ယခင်က နိုင်ငံတော် အဆင့် ဧည့်သည်တော်များကို ပုဂံမှာ ဉာဏ်တော် အမြင့်ဆုံးဖြစ်တဲ့ သဗ္ဗညုဂူဘုရားပေါ်က ပုဂံနေဝင်ချိန်အလှကို ကြည့်တဲ့ အစီအစဉ်တွေ လုပ်ခဲ့ ကြတာပါ။ နောက်ပိုင်းမှာတော့ ပုံစံအမျိုးမျိုး အယူအဆ အမျိုး မျိုးနဲ့ ပြင်တယ်၊ ထိန်းသိမ်းတယ် စသဖြင့် လုပ်ခဲ့လိုက်ကြတာ ဘုရားပုထိုးတွေပေါ်ကို လာရောက်တဲ့ ဧည့်သည်တွေ တက်ခွင့် မရှိတော့ပါဘူး။ အစပိုင်းက တက်ခွင့်ရှိတဲ့ ဘုရားပုထိုး အရေအတွက်က များပေမဲ့ […]
