လက်ပံတောင်းအကြမ်းဖက်နှိမ်နင်းခံရမူကိုအိမ်ဖြူတော်သို့တိုက်ရိုက်ကန့်ကွက်ကြောင်းပေးပို့နိုင်..

လက်ပံတောင်းကြေးနီစီမံကိန်းမှ သပိတ်စခန်းများကို အကြမ်းဖက်နှိမ်နင်းမူအား ဆန့်ကျင်ရှုတ်ချလိုသည့် မြန်မာပြည်သူပြည်သားများအနေဖြင့် အိမ်ဖြူတော်(အမေရိကန်အစိုးရ)အား တိုက်ရိုက်လက်မှတ်ရေးထိုး ပန်ကြားနိုင်ပါသည်။

ပန်ကြားချက်ကိုအောက်ပါလင့်မှ သွားရောက်၍လက်မှတ်ရေးထိုးနိုင်ပါသည်။

(ဒီဇင်ဘာလ ၂၉ရက်နေ့အထိ လက်မှတ်ရေးထိုးသူဦးရေ ၂၅၀၀ဝပြည့်ရမည်ဖြစ်ပြီး၊လက်မှတ်မရေးထိုးမှီ အကောင့်အသစ်ပြုလုပ်ရမည်ဖြစ်သည်…။

လက်မှတ်ရေးထိုးရန်လင့်…့http://wh.gov/5Yrl

ကဲ..ဒီရွာထဲက သူကြီးကစပြီး လှည်းနေလှေအောင်း၊မြင်းဇောင်းမကျန် ရှိရှိသမျှ ရွာသူားအပေါင်းတို့ …

အပြောမဟုတ်အလုပ်နဲ့သက်သေပြကြပါဆို့…

10 comments

  • မောင်သုည

    December 1, 2012 at 12:28 am

    ကျုပ်ကတော့လက်မှတ်ထိုးပြီးပါကြောင်း ကြေညာမောင်းခတ်လိုက်ပါသည်…။

    Reply

  • သခင် Mobile

    December 1, 2012 at 1:44 am

    ကျုပ်လဲပါပါတယ်ဗျို့။
    အခုပဲ လက်မှတ်သွားထိုးလိုက်ပါ့မယ်။
    တစ်တပ်တစ်အားပေါ့ဗျာ။ နီးစပ်ရာ နိုင်ငံသားစိတ်ဓာတ်ရှိတဲ့ အပေါင်းအသင်း
    တွေကိုလဲ စည်းရုံးလိုက်ပါမယ်။

    Reply

  • kai

    December 1, 2012 at 1:56 am

    အိမ်ဖြူတော်ကိုရော.. မြန်မာလူထုကိုရော.. ဩဇာရှိနေတဲ့.. ဒေါ်အောင်ဆန်းစုကြည်တယောက်လုံး,, ငုတ်တုတ်ရှိနေတာကို ကျော်ပြီးလုပ်သလိုခံစားမိတယ်..။ အိုဘားမားလည်း.. ဒီလိုတွေးမှာပဲ..။

    အနှစ်၁၀၀ဝ ကျိန်စာ :buu:

    Reply

    • first last

      December 1, 2012 at 8:40 am

      Good point.

      Reply

    • ခင်ခ

      December 1, 2012 at 10:43 am

      ပြည်အင်အားသည် ပြည်တွင်းမှာ ရှိသည်တဲ့။

      Reply

    • ဦးကြောင်ကြီး

      December 1, 2012 at 11:26 am

      သဂျီးတောင် မူရင်းဘုရားဟောကို ကျော်ပြီး ပစ်စုတ်ပန်ဝါဒီ မိုးပြာဂိုဏ်းစားလုပ်သေးတာပဲဗျာ…
      တိုင်ကြဟေ့.. တရားတယ်။

      Reply

  • တညင်သား

    December 1, 2012 at 7:19 am

    ဒုက္ခ …..
    အော် …… လူတွေ လူတွေ

    Reply

  • မောင်သုည

    December 1, 2012 at 8:50 am

    သူကြီးနှာစီးနေရင် ဘာမင်တွန်သောက်ပျောက်သွားလိမ့်မယ်…

    Reply

  • pazflor

    December 1, 2012 at 3:45 pm

    အဲ့လောက်ထိလုပ်ဖို့ မလိုဘူးထင်ပါတယ်ဗျာ။ ဒါဟာ ပြည်တွင်းကိစ္စပါ။ ဒါမျိုးလုပ်တာ ကိုယ်နိုင်ငံကို အရှက်ရစေပါတယ်။
    လူစုခွဲတုန်းက သုံးတဲ့ ပစ္စည်းဟာ ဓါတုလက်နက်ဟုတ်မဟုတ်စစ်ဆေး၊ ဟုတ်ရင် ပြည်ထဲရေးဝန်ကြီးကိုတရားစွဲပေါ့။
    နောက် တရုတ်ဘက်ကပေးတဲ့ လျှော်ကြေး ဘာညာ ဟာ မျှတလားမျှတလားဆိုတာ သိအောင်လုပ်၊ မဟုတ်ရင်တရာစွဲ။
    နောက်ပတ်ဝန်းကျင်ထိခိုက်အောင်လုပ်တယ်၊ ရှေးဟောင်းပစ္စည်း ဖျက်စီးတယ်ဆို သေချာ သက်သေယူ၊ ပြီးရင် တရားစွဲ ဒါမျိုးလုပ်ရမယ်လို့ထင်ပါတယ်။
    ပတ်ဝန်းကျင်ပျက်စီးအောင် စည်းမရှိကမ်းမရှိလုပ်တယ်၊ တိုင်လို့ မြန်မာတရားရုံးက ဘာမှ မလုပ်ဘူးဆိုရင်တော့ နိုင်ငံတကာကို တက်ရမှာဖြစ်ပါတယ်။
    ခက်တာက မြန်မာပြည်ထဲ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေဆိုတာ သေချာရှိပုံမရတော့ သူတို့ဘက်က အဲ့ဒါနဲ့ ကိုင်ပေါက်မှာဘဲခင်ဗျ။

    Reply

  • uncle gyi

    December 1, 2012 at 10:14 pm

    အော်မောင်ဗားမားမောင်ဗားမား
    မြန်မာလာတုန်းကကျုပ်ပြောခဲ့ပါသေးတယ်
    အသွားမတော်တလှမ်းလို့
    အခုတော့ကျုပ်ပြောစကားနားမထောင်လို့
    နင်မဟုတ်နင့်အမေပဲလို့အပြောခံနေရပြီ
    ဘယ့်နယ့်လုပ်ကြမတုန်း

    Reply

Leave a Reply

Your email address will not be published.