kaiMay 5, 20172min016
Stephen Hawking says humans must colonize another planet in 100 years or face extinction Stephen Hawking warned that humans must colonize another planet or face extinction. In his upcoming documentary “Stephen Hawking: Expedition New Earth”, the physicist says Earth is becoming “increasingly precarious” because of threats from epidemics and asteroids. Hawking joins the likes of […]


kaiApril 23, 20171min05
America First “အမေရိကားပထမ” ဖြင့် တက်လာသော ထရမ့်၏သမ္မတသက် ရက်၁၀ဝ တိုင်ပါပြီ။ အစိုးရတရပ်အတွက် ပထမ ရက်၁၀ဝ အတွင်းဆောင်ရွက်ချက်များသည် အရေးကြီး၏။ နောင်ရက်လနှစ်များကိုထင်ဟတ်၏။ သမ္မတသက်တမ်းဒုတိယ၄နှစ်သို့သွားနိုင်/မနိုင် နိမိတ်ပြ၏။ အမေရိကန်တို့သည် အမေရိကား၏စစ်အင်အားကို စူပါပါဝါအဖြစ်ထိမ်းသိမ်းတိုးချဲ့လိုရင်းရှိကြသော်ငြား ဟိုပါဒီပါ ပါလေရာကမ္ဘာ့ပုလိပ်ကြီးနေရာမှကား ထွက်ချင်သူပိုများနေသည်။ Pew Research ရလဒ်များအရမူ မဲပေးနိုင်သူအမေရိကန် ၇၀%အထက်သည် ပြည်တွင်းရေးကိုသာအာရုံစိုက်စေချင်ကြသည်။ သမ္မတထရမ့်၏ အဓိက ကတိကြီးတခုမှာ တိုင်းပြည်၏ အင်ဖရာစရပ်ခြာအခြေခံအဆောက်အအုံကို ဒေါ်လာ ဘီလီယံထောင်ချီရင်းနှီးမြှုတ်နှံရင်း မြှင်တင်ဆောက်လုပ်ရန်ဖြစ်သည်။ Obamacare ကိုဖျက်၍အစားထိုးရန်ဖြစ်သည်။ အမေရိက-မက်ဟီကိုနယ်စပ်တွင် မက်ဆီကန်တို့စရိပ်နှင့်တံတိုင်းကြီးကာရန်ဖြစ်သည်။ အစ္စလမ်မစ်နိုင်ငံများမှ ပြောင်းခိုသူများကို ပြည်ဝင်ခွင့်ပိတ်၍ စိစစ်ထိမ်းချုပ်ရန်ဖြစ်သည်။ ညာစွန်းရောက်မျိုးချစ်တို့နှင့်ကိုက်သည်။ လိုက်သည်။ သို့သော်… သမ္မတသည် သမီးနှင့်သားမက်အား ကောင်းလှစွာသောလစာပေး၍ အိမ်ဖြူတော်တွင်အလုပ်ခန့်ထားခဲ့ရာ ၂ဦးလုံး ဧရာမလုပ်ငန်းရှင်ကြီးများဖြစ်နေကြသဖြင့် Conflict of […]


kaiApril 21, 20171min010
မြန်မာသက္ကရာဇ် ၇၀၄ ခုနှစ်တွင် နန်းတက်တော်မူသော မြင်စိုင်းငါးစီးရှင်ကိုယ်တိုင် ကဆိုသည့် မြင်စိုင်းမြို့ဘွဲ့၊ ကာချင်း (၂) ပုဒ် (၁) တာဝတိံသာ၊ နတ်ရွာလော၊ နတ်ရွာလော။ ဟုတ်တည်း ရှင်ချင်းရှင်ချင်း၊ ဟုတ်တည်း ဆွေရင်းဆွေရင်း၊ ဟုတ်တည်း သည်ရင်း* သည်ရင်း။ မြင်စိုင်းဟူသည်၊ ရွှေပြည်ရွှေပြည်။ မြင်စိုင်းရွှေမြေ၊ ပန်းသင်းခွေ၊ ပင်ခြေ ခြုံ*တက်နွယ်၊ ခြုံတက်နွယ်။ တောင်လေရှူန်းရှူန်း၊ မိုးခတ်အုန်း၊ ကင်ပုန်းပွင့်ချီချယ်၊ ပွင့်ချီချယ်။ နွယ်ပန်းခွာညို၊ ပွင့်ပေလို၊ ပြာသိုဆောင်းလလယ်၊ ဆောင်းလလယ်။ တောင်ထွတ်ဖျားဆီ၊ ရွှေစာတီ၊ သရီရ*ဓာတ်စွယ်၊ သရီရဓာတ်စွယ်။ ယာဆီမြေကောင်း၊ ကျသည့်ပြောင်း၊ မနှောင်းပြည့်ဆောလွယ်၊ ပြည့်ဆောလွယ်။ ခါနှင့်ဘုတ်ချိုး၊ ကြက်တော်မျိုး၊ လိုစိုး ကျက်မြေကျယ်၊ ကျက်မြေကျယ်။ ယှဉ်ဖော်မဝေး၊ ဖော်ရွှေကျေး၊ စာနွှေး* စားလိုဖွယ်၊ စားလိုဖွယ်။ ယရည်း* […]


kaiApril 4, 20172min020
လွန်ခဲ့တဲ့ ၁၁နှစ် ဒီနေ့ ၄-၄-၂၀၁ရ က.. မန္တလေးဂဇက်ဆိုတဲ့နာမယ်နဲ့သတင်းစာထုတ်ဖို့.. စပြင်ဆင်တဲ့အနေနဲ့.. ဒိုမိန်းအမည်ဝယ်တဲ့နေ့ပေါ့..။ (ပုံကြည့်) MandalayGazette.com ကို သီးသန့်ထောင်ပြီး ဖိုရမ်လုပ်.. အပြန်အလှန်ဆွေးနွေးတာတွေအတွက်.. မန်င်ဘာတွေလက်ခံခဲ့တာမှာ.. မန်ဘာထောင်ချီရှိခဲ့ပြီး.. ၂၀၀ရ နဲ့ ..၂၀၀၈ ၊ သင်္ကန်းရောင်တော်လှန်ရေးနဲ့.. နာဂစ်မုန်တိုင်းခေတ်မှာ..AP, AFP တို့ကတဆင့်… ပြည်တွင်းက ဓာတ်ပုံတွေ နိုင်ငံတကာကို ဖြန့်နိုင်ခဲ့သမို့.. ဝက်ဘ်ဆိုက်လည်း နာမယ်ကြီး.. ဟက်ကာလည်းဝင်ဖျက်လိုက်ပါလေေရာပေါ့..။ http://www.npr.org/templates/story/story.php… အခုရှိနေတဲ့ WordPress ပေါ်ကဝက်ဘ်ဆိုက်ကတော့.. ၂၀၀၉ မှစထောင်တာဖြစ်ပါတယ်..။ အဲဒီခေတ်တွေက.. မြန်မာပြည်တွင်းဆိုတာက.. အင်တာနက်ဆို.. gmail တောင်အနိုင်နိုင်ကြည့်ရတာမို့.. Mandalaygazette.com ကျ.. မြန်မာပြည်စစ်အစိုးရကလည်း မပိတ်ထား..မဘမ်းထားသမို့.. ပြည်ပ/ပြည်တွင်းပေါင်းကူးဖြစ်ပြီး.. မန်ဘာတွေများ.. စာတွေ ပုံတွေတင်နဲ့တော်တော်စည်ကားခဲ့ပါတယ်..။ ရှေ့စကားပြန်ဆက်ရရင်.. အင်တာနက်ပေါ်မယ်….ဝက်ဘ်ဆိုက်လုပ်တော့… လိုဂိုလေးပါဒီဇိုင်းလုပ်ဆွဲ.. နောက်… ပုံနှိပ်သတင်းစာအတွက်..လိုအပ်မယ့် […]


kaiMarch 26, 20171min05
၂၀၀၆ ခုနှစ်မှစ၍ အယ်ဒီတာ့သင်ပုန်းရေးခဲ့သည်မှာ ယခုလအပါအဝင်တွင် သင်ပုန်းဝင်ပုဒ်ရေ ၁၀ဝ ပြည့်ပါသည်။ ယခုုဧပြီလသည် မြန်မာတို့၏နှစ်သစ် ၁၃၇၉သို့ ကူးပြောင်းသောလလည်းဖြစ်၏။ အမေရိကရောက်မြန်မာတို့အတွက်မူ ဇန်နဝါရီမှစ၍ ခရစ်နှစ်ကူး၊ ချိုင်းနီးနယူးရီးယားနှင့် ယခုမြန်မာနှစ်ကူး ဆင့်ဆက်လာခဲ့ပေရာ (တိုင်းရင်းသားတို့၏နှစ်ကူးများထည့်မတွက်ပါသေးငြား )ကူးလှချည့် မြန်မာဟုသာဆိုရပေမည်။ မှန်ပါသည်။ ကူးသည်များသလို ကုန်သည့်အချိန်တို့မြန်လှပါ၏။ မြန်သောအချိန်တို့ကို သုံးသတ်ချုံ့ခြုံရေးပါမည်။ စာနယ်ဇင်း ဤသူဦးဆောင်ထုတ်ခဲ့သော ဂဇက်တို့သည် မြန်မာပြည်ပ နိုင်ငံရပ်ခြားတွင် ပုံမှန်ထုတ်အကြာဆုံးနှင့် စောင်ရေအများဆုံးဖြန့်နိုင်ထုတ်နိုင်ခဲ့သည်ဟု ဂုဏ်အတင်းယူကာဆိုရမည်။ မြန်မာပြည်အထိပင် ခြေလှမ်းကျယ်၍ ထုတ်ဝေနိုင်ခဲ့သည်။ ဟံသာဝတီဦးဝင်းတင်သည် နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့တွင် အကြံပေးအယ်ဒီတာအဖြစ်လုပ်ကိုင်စဉ် ၁၉၅၄ မှ ၁၉၅ရ ထိ “ဒို့ပြည် သတင်း” သတင်းစာ စောင်ရေ ၅ဝဝ ခန့် ထုတ်ခဲ့ဖူးသည်ဆိုပါသည်။ မြန်မာပြည်ပထုတ်အစောဆုံးတခု ဖြစ်နိုင်ကောင်း၏။ ထိုခေတ်က မြန်မာနိုင်ငံပြင်ပတွင် […]


kaiMarch 7, 20173min022
House Republicans release long-awaited plan to replace Obamacare March 6 at 10:03 PM House Republicans on Monday released long-anticipated legislation to supplant the Affordable Care Act with a more conservative vision for the nation’s health-care system, replacing federal insurance subsidies with a new form of individual tax credits and grants to help states shape their […]


kaiFebruary 23, 20171min03
လိုချင် ပေးလိမ့် လောကတွင်ပေးသူ/ယူသူများရှိသည်။ နှောင်ကြိုးပါသည်/မပါသည်လည်းရှိ၏။ အကျိုးလို၍ညောင်ရေလောင်းကြသလို “ငါ့လက်ကလွတြ်ဗွတ်” အလှူလက်ခံသူဘာဖြစ်ဖြစ်လှည့်မကြည့် ပြီးပြီးရော ပစ်လှူများလည်းရှိသည်။ သို့သော် လူ၏မူလအတွင်းစိတ်အရ “လိုချင်သောသူသည် ပေးချင်နေသည်”ဟုသာ ဆိုချင်သည်။ အတွေးနက်နက်ချ စစ်ဆေးကြည့်ပါလေ။ 1st amendment Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to […]


kaiFebruary 16, 20171min010
ဒီခေတ်မှာ နုပျိုချင်သူ လေဒီများအတွက် ကုန်ကျစရိပ်တွက်ထားတာပါတဲ့..။ အမေရိကားမှာ”မျက်နှာ”ပြင်ဆင်ခွဲစိတ်ကုသစရိပ်တြွေ့ဖစ်ပါတယ်..။ အသက် ၅၁နှစ်ရှိတဲ့ လော့စ်အိန်ဂျလိစ်က လေဒီတယောက်ကို စံထားဆန်းစစ်ရှာဖွေထားတဲ့ ဈေးနှုန်းတွေပါ..။ ဆိုတော့.. အောက်က ပုံကိုချဲ့ကြည့်ပြီး ဈေးနဲ့ အသေးစိတ်ကြည့်ကြစေလို..။


kaiJanuary 23, 20171min01
ဇန်နဝါရီ ၂၈တွင်ချိုင်းနီးစ်နယူးရီးယားနှင့် နှစ်ကူးပြန်ဦးမည်။ မြန်မာပြည်တွင် တိုင်းရင်းသား ၁၃၅မျိုးနှင့် ချိုင်းနီးစ်၊ အိနိ္ဒယန်း၊ ဟိန္ဒူ၊ မွတ်စလင်၊ ခရစ်ယန်များပါ နှစ်ရာချီ အတူတကွသွေးနှောနေထိုင်ကြရကား လူမျိုးရေး၊ ဘာသာရေးအရ နှစ်သစ်ကူးပွဲ အများဆုံးကျင်းပသည့်နိုင်ငံဟုဆိုမည်။ ထို့အပြင် ၁၉၆၂ခုနှစ်တွင်ဗိုလ်ချုပ်ကြီးနေဝင်းအာဏာကောက်သိမ်း၍ ပြည်သူပိုင်ခေါင်းစဉ်တပ် အေးဓမြတိုက်ကာ တိုင်းပြည်၏ငွေရှင်ကြေးရှင်များကို နှင်ထုတ်ခဲ့သော(ကျေးဇူး)ကြောင့် ယခုအမေရိကားရောက် မြန်မာပြည်မှပြောင်းခိုလာသူများတွင် မြန်မာပြည်ပေါက် တရုတ်၊ကုလား ကပြားများနှင့် ဆက်စပ်ဆွေမျိုးများ အများစုမှီခိုနေထိုင်ကြ၏။ သို့နှင့် လော့စ်အိန်ဂျလိစ်၊ ဆန်ဖရန်စစ္စကို၊ နယူးယောက်တို့တွင် အနေများသော မြန်မာ-အမေရိကန် ချိုင်းနီးစ်ကပြား တရုတ်များအတွက် နှစ်သစ်ဆုမွန်ဆက်ပေးလိုက်ပါသည်။ ပျော်ရွှင်တက်ကြွဖွယ် ကြက်ဖနှစ်သစ်ဖြစ်ပါစေ။ တက်ကြွတဲ့ကြက်ဖ ကြက်ဖနှစ်သည်တက်ကြွစွာ ကြိုးစားလုပ်ပါက အောင်မြင်ခြင်းရောက်မည့်နှစ်ဆိုသော်ငြား လက်တွေ့အချက်အလက်များအရမူ ယခုနှစ်သည် ကမ္ဘာမြေအတွက် ကြမ်းသောနှစ်ဖြစ်မည်ဟုဆိုချင်သည်။ ကမ္ဘာနိုင်ငံရေးအပြောင်းအလဲကြီးအဖြစ် ့ ဥရောပယူနီယံမှ ဗြိတိသျှတို့ထွက်ခွာခြင်း(Brexit) နှင့် အမေရိကသမ္မတသစ် […]


kaiDecember 28, 20161min06
၂၀၁ရမှလည်ပြန်နှစ်ဦးစာတို့ဖြစ်ပါ၏။ ဖတ်သူရှိ၍သိစေသော်..။ အဆိုတော်ကြီး David Bowie သေခြင်းဖြင့် စလိုက်သော ၂၀၁၆သည် ကမ္ဘာ့အကောင်းဆုံးအနုပညာသည်များစွာကို ခြွေချသွားခဲ့သည်။ ခရစ်စမတ်တွင် George Michael နှင့် ဒီဇင်ဘာ၂ရတွင်ပင် Carrie Fisher ကိုထပ်မံခေါ်ပေရာ ကြယ်တွေကြွေတဲ့နှစ် ဟုဆိုရပေမည်။ ခြောက်ပူးဃကြီး မြန်မာပြည်တွင် ၆၆(ဃ) ဆိုသော ဆက်သွယ်ရေးဥပဒေပုဒ်မကားလက်စွမ်းပြလှချေသည်။ အဆိုပါပုဒ်မ ပြဌာန်း အရ ဆက်သွယ်ရေးကွန်ယက် တစ်ခုခုကိုအသုံးပြုပြီး ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း ၊ အနိုင်အထက်ပြုကျင့်ခြင်း ၊ မတရားတားဆီးကန့်ကွက်ခြင်း အသရေဖျက်ခြင်း ၊ နှောက်ယှက်ခြင်း ၊ ခြိမ်းခြောက်ခြင်း ပြုလုပ်ကြောင်းပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ၃ နှစ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ကျခံစေ ရမည် ဟုဆိုသည်။ထိုပုဒ်မကြောင့် ဒီမိုသမား တော်တော်များများထောင်ထဲရောက်ကြသည်။ ဒေါ်အောင်ဆန်းစုကြည်အစိုးရအားဏာရပြီးနောက်လည်း မဖျက်နိုင်အား၊ ထိုပုဒ်မနှင့်ပင် […]


kaiNovember 29, 20161min02
နှစ်ကုန်နိဌာန်း နိုဝင်ဘာ၈ရက်နေ့က ရွေးကောက်တင်မြှောက်လိုက်သော အမေရိကသမ္မတသည် ကမ္ဘာကြီးအား လာမည့်နှစ် ၂၀၁ရ တွင်ဥပဒေသများချကာ “အသစ်ထုဆစ်” ပုံဖေါ်တော့မည်ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံရေးတွင်လည်း လက်ယာသမား ကွန်ဆာဗေးတစ်များ နေရာရစိတ်လာပေရာ အမျိုးသားရေးလည်းတွဲပါလာကြသဖြင့် ဆိုင်ရာနိုင်ငံတို့သည် မိမိတို့အကျိုးစီးပွားကိုသာ ဦးထိပ်တင်ထားကြမည့်သဘောဖြစ်ပေ၏။ မျက်မှောက်အခြေအနေတို့ကို အချက်အလက်တချို့နှင့် နိမိတ်ဖတ်ဆဝါးကြည့်ရင်း ပုံမှန် “နေထွက်တရက်”နှင့်အတူ ရောက်လာတော့မည့်၂၀၁ရကို ကြိုဆိုပါရစေ။ The People vs. System ဟီလာရီကလင်တန်သည် ဒေါ်နယ်ထရမ့်ထက် လူထုမဲဆန္ဒပေါင်း ၂သန်းကျော်အနိုင်ရလျှက် “လူထု”က ဟီလာရီကလင်တန်အားရွေးလျှက်ရှိနေသော်ငြား အမေရိကား၏ ဒီမိုကရေစီ”စနစ်”သည် ဒေါ်နယ်ထရမ့်ကိုသာ သမ္မတအဖြစ်ရွေးချယ်ထားပေသည်။ ဒီဇင်ဘာ၁၉ရက် နေ့တွင် အပြီးသတ်ထွက်လာမည်ဖြစ်သော Electoral votes များအရ ဒေါ်နယ်ထရမ့်သည် လိုအပ်သော ၂၇ဝကို သိသာစွာကျော်ကာ ၃၀၆ဖြင့်ဇန်နဝါရီလ ၂ဝရက်နေ့တွင် ၄၅ယောက်မြောက်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပါလိမ့်မည်။ Donald Trump […]