kaiSeptember 12, 20131min09
( စက်တင်ဘာ ၅ ရက်နေ့ထုတ် ပဲ့တင်သံ ဂျာနယ်နဲ့ စက်တင်ဘာ ၁၂ ရက်နေ့ထုတ် ပဲ့တင်သံ ဂျာနယ်များမှာ အပိုင်း (၁)၊ (၂) ခွဲပြီး ဖော်ပြထားသော ဆောင်းပါး ဖြစ်ပါတယ်)     အိုင်ဒီရော်လော်ဂျီဆိုတဲ့ စကားလုံးကို (၁၈) ရာစုနှောင်းပိုင်းမှာ ပြင်သစ်ပညာရှင် Antonie Destutt de Tracy က Eléments d’Idéologie ဆိုတဲ့ ပရောဂျက်မှာ စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ De Tracy က အိုင်ဒီရော်လော်ဂျီဆိုတာကို အတွေးအခေါ်များ၏ သိပ္ပံ (science of ideas) အဖြစ် ညွှန်းဆိုခဲ့ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ဇီဝဗေဒ (ဘိုင်အိုလော်ဂျီ) ကဲ့သို့သော သိပ္ပံပညာရပ်တခုအဖြစ် အိုင်ဒီရော်လော်ဂျီ ဆိုတဲ့ […]


kaiSeptember 6, 20133min09
အမေရိကပြည်ထောင်စု၏ ကျန်းမာရေးစောင့်ရှောက်မှုအာမခံစနစ် (၂၀၁၄)ခုနှစ် ရှေ့ပြေးအကြိုအစီအစဉ်များ (မောင်မိုးညို) (၂၀၁၀) ခုနှစ်မှစတင်၍ အထစ်အငေါ့များစွာ၊ ဆန့်ကျင်ကန့်ကွက်မှုများစွာကြားမှ ပေါ်ထွက်နေပြီဖြစ်သော အမေရိက၏ ကျန်းမာရေးစောင့်အာမခံစနစ်၏အဓိကရုပ်လုံးကား (၂၀၁၄) ဇန္နဝါရီ (၁) ရက်တွင် ပေါ်ထွက်လာတော့မည်ဖြစ်သည်။ စီးပွားရေးအကြိုးအမြတ်ကိုအဓိကထားလိုကြသော အချို့သော စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ ကျန်းမာရေးစောင့်ရှောက်မှုအာမခံစနစ်ကိုမိမိတသက်တာခံစားခွင့်မရှိသော ဝင်ငွေချို့တဲ့သူလူတန်းစားများ၏အကျိုးခံစားခွင့်ရရှိလာမည်ကိုမလိုလားကြသူများ နှင့် တယူသန်အမျိုးသားရေးဝါဒီများ နှင့်နိုင်ငံရေးသမားအချို့တို့က ဤဥပဒေရုပ်လုံးပေါ်လာနိုင်မည့် အခြေအနေအခွင့်အလမ်းများကို နည်းမျိုးစုံနှင့်တားဆီးမှုများလုပ်ခဲ့ကြသည်။ မငြင်းနိုင်သောအချက်ကား (၃) နှစ်သားသက်တမ်းရှိလာပြီဖြစ်သော  ဤ Affordable Care Act (ACA) ခေါ် Obamacare ၏အကျိုးထူးများကို၊ နိုင်ငံတဝှမ်းရှိ လူထုအပေါင်းကမျက်ဝါးထင်ထင်မြင်လာကြရပြီဖြစ်ပါသည်။ ထိုမျှသာမက အာမခံလုပ်ငန်းကုမ္ပဏီကြီးများ (Insurance carriers) ကပါ လက်ခံသဘောတူလာသည်နှင့်အမျှ အပြုသဘောဆောင်သောအစီအမံများလမ်းခင်းဆောင်ရွက်ပေးလာကြသည်ကိုတွေ့နေရပြီဖြစ်သည်။ နှစ်အလိုက် အာမခံပေးသွင်းရမည့် premium ကြေးများ ပုံမှန်မြှင့်တင်ကြသည်မှအပ၊ ဆန်ုကျင်သူများကဆိုခဲ့ကြသလို၊ premium […]


kaiAugust 2, 20136min067
ငါးကြီးဆီစားရင်.. ဆီးကျိတ်ကင်တာဖြစ်နိုင်ခြေများတယ်တဲ့.. ၇ဝရာခိုင်နှုန်းတောင်…။ ကိုလက်စရောတက်လို့စားသူများ.. သတိ..သတိ…။ 7/24/2013 @ 8:00AM |15,824 views Does Fish Oil Increase One’s Risk Of Getting Prostate Cancer? Comment Now Follow Comments Fish oil caps (Photo credit: Stephen Cummings) For the past week, the phone has been ringing ceaselessly at the office of Dr. David Samadi, chief of urology at Lenox Hill Hospital, […]


kaiJuly 7, 20131min08
ပလက်ဖောင်းပေါ်က အတွေးစများ   မြန်မာပြည်ပြန်ရောက်ပြီး သုံးရက်လောက်မှာ မိသားစု၊ ဆွေမျိုးနဲ့ မိတ်ဆွေများက လိုက်ပါပို့ဆောင်ပေးတဲ့ နေရာတွေကို သွားရင်း ပလက်ဖောင်းကိစ္စကို စပြီး သတိထားမိခဲ့ပါတယ်။ ဒါပေမယ့် ကိုယ်တိုင် ပလက်ဖောင်းပေါ်ကို ခြေမချရသေးတာကြောင့် အမြင်နဲ့ မရေးသင့်ဘူးထင်လို့ စာမရေးဖြစ်ခဲ့ပါဘူး။ ဒီနေ့တော့ အနားယူမယ်ဆိုပြီး ချိန်းဆိုထားမှုတွေ မလုပ်ထားတာကြောင့် အေးအေဆေးဆေး ပတ်ဝန်းကျင်ကို လေ့လာခွင့်ရသွားခဲ့ပါတယ်။   ပထမဆုံးအနေနဲ့ နေထိုင်ရာဝန်းကျင်ဖြစ်တဲ့ တက္ကသိုလ်ရိပ်သာလမ်းသစ်က ပလက်ဖောင်းပေါ်ကို စတင်ခြေချဖြစ်ပါတယ်။ အဲဒီမှာတင် အင်မတန်ထူးဆန်းတဲ့ ကိစ္စတွေကို တွေ့ရတော့တာပါပဲ။ လူသွားစင်္ကြန်ဆိုတဲ့ ပလက်ဖောင်းပေါ်မှာ ကားတွေက အစီအရီ တက်ရပ်ထားကြပါတယ်။ တချို့နေရာများ ဆိုရင် ကားသုံးစီးကပ်ပြီးရပ်ထားတာကြောင့် လူက လမ်းမကြီးပေါ် လမ်ဒဆင်းလျှောက်ရပါတယ်။   ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ မီးစက်ကြီးများကလဲ ပလက်ဖောင်းနေရာကို အပြည့်အဝ […]


kaiJune 3, 20131min011
ကလေးမွေးဖွားနှုန်း မြင့်မားခြင်း ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကလေးမွေးဖွားနှုန်း မြင့်မားခြင်းနဲ့ ဆိုင်တဲ့ ပြဿနာတွေ ရင်ဆိုင်ရလေ့ရှိပါတယ်။ လူမှုဝန်ဆောင်မှု အားနည်းခြင်း၊ စာတတ်မြောက်နှုန်း နည်းပါးခြင်း၊ ပညာဉာဏ်ရည်ချို့တဲ့ခြင်းနဲ့ family planning ဆိုင်ရာ ပညာပေးမှုများကို ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ အကြောင်းပြချက်များဖြင့် တားဆီးခြင်း စတာတွေကြောင့် ကလေးမွေးဖွားနှုန်းမြင့်မားမှုတွေ ရှိနေတတ်ပါတယ်။ ဒီအခါမှာ ကလေးမွေးဖွားနှုန်းနဲ့ တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း၊ မိသားစုရဲ့ ဝင်ငွေ စတာတွေက ယှဉ်တွဲတိုးတက်ခြင်း မရှိနိုင်တာကြောင့် မိသားစုအပေါ်မှာသာမက၊ တိုင်းပြည်အပေါ်မှာပါ economic burden ဖြစ်လာပြီး၊ ဆိုးကျိုးသက်ရောက်မှုတွေ ရှိလာတတ်ပါတယ်။ မျှတမှုမရှိတဲ့ လူဦးရေတိုးပွားမှုဟာ မိသားစုကိုလဲ ဆင်းရဲတွင်းထဲကို တွန်းပို့လိုက်နိုင်ပါတယ်။ ကလေးဆိုတာ မွေးဖွားပြီးရုံနဲ့ ပြီးဆုံးသွားတာမဟုတ်ပါဘူး။ ကြီးပြင်းလာအောင် ပြုစုစောင့်ရှောက် ပေးရမှုတွေ၊ ပညာသင်ကြားပေးရမှုတွေ ရှိပါတယ်။ ဒါကြောင့်လဲ ကျန်းမာပျော်ရွှင်ပြီး၊ […]


kaiMay 28, 201310min014
Lone Wolf Terrorism အကြောင်း သိကောင်းစရာ (၂၀၁၃) ခုနှစ်၊ မေလ (၂၂) ရက်နေ့က ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ အကြမ်းဖက်လူသတ်မှုတခု ဖြစ်ပွားခဲ့ပါတယ်။ ဒီသတ်ဖြတ်မှုကို ကျူးလွန်သူနှစ်ယောက်မှာ တဦးအပါအဝင်ဖြစ်တဲ့ နိုက်ဂျီးရီးယား နွယ်ဖွား Michael Adebolajo ဆိုသူက အကြမ်းဖက်မှုကို ကျူးလွန်ရုံတင်မကပဲ သတ်ဖြတ်ရာမှ အသုံးပြုခဲ့တဲ့ လက်နက်ကိရိယာများကို ကိုင်စွဲပြီး၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းချောက်တဲ့ စကားတွေပါ ပြောကြားသွားခဲ့ပါတယ်။ အကြမ်းဖက်မှုရဲ့ အတိမ်အနက်၊ အကြမ်းဖက်မှု လုပ်ဆောင်ပုံ၊ အသုံးပြုစကားလုံးများရဲ့ အလားအလာ စတာတွေက နိုင်ငံတော်အဆင့် ခြိမ်းချောက်မှု ဖြစ်တဲ့အတွက် ပြည်ထဲရေးဝန်ကြီးဦးဆောင်တဲ့ အရေးပေါ်အစည်းအဝေးကို ညတွင်းချင်း ကျင်းပပြီး၊ အကြမ်းဖက်မှုကို တုံ့ပြန်ခဲ့ကြပါတယ်။ ပြည်ပရောက်နေတဲ့ ဗြိတိန်ဝန်ကြီးချုပ်ကလဲ နောက်တနေ့မှာ ကျင်းပတဲ့ မြွေဟောက်အရေးပေါ် အစည်းအဝေးကို […]


kaiMay 7, 20131min04
ယူဂိုဆလားဗီးယား နိုင်ငံတော်ပြိုကွဲမှု (အပိုင်း – ၁) နိဒါန်း ပြည်တွင်းပဋ္ဋိပက္ခတွေမှာ အိုင်အိုလို့အတိုကောက်ခေါ်ကြတဲ့ International Organizations (နိုင်ငံတကာအဖွဲ့အစည်းများ) ကို ကိုယ်စားပြုပြီး၊ ကျယ်ကျယ်လောင်လောင် အသံပြုလေ့ရှိကြရာမှာ ဥရောပက အီးယူ (European Union) ကလဲ တခုအပါအဝင်ဖြစ်ပါတယ်။ အီးယူဆိုတဲ့ အဖွဲ့အစည်းဟာ (၁၉၉၃) ခုနှစ်မှာ Treaty of Maastricht အရ ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းဖြစ်ပြီး၊ (၂၀၀၉) ခုနှစ်၊ ဒီဇင်ဘာလမှာ Treaty of Lisbon စတင်အသက်ဝင်လာချိန်မှာ အီးစီလို့ အတိုကောက်ခေါ်ကြတဲ့ European Communities ရဲ့ လုပ်ငန်းတာဝန်များကို အစားထိုးထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အီးစီဆိုတဲ့ အဖွဲ့အစည်းကတော့ (၁၉၅၇) ခုနှစ်မှာ ပေါ်ပေါက်လာတဲ့ European Economic Community (EEC) […]


kaiApril 25, 201313min012
လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၄) (နိဂုံး)   (၃) ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Autonomy) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာကို ကွဲပြားခြားနားမှုများအား အပြန်အလှန် အသိအမှတ်ပြုလက်ခံပြီး၊ စည်းလုံးညီညွတ်ရေးကို ထိန်းသိမ်းထားပေးနိုင်စေတဲ့ နိုင်ငံရေးအစီအမံတခုအဖြစ် အသုံးပြုလေ့ ရှိကြပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတဲ့ စကားလုံးဟာ ဂရိဘာသာ auto (အဓိပ္ပာယ်– ကိုယ်ပိုင်) နဲ့ nomos (အုပ်ချုပ်ခြင်း) စတာတွေကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဒီသဘောတရားကို ယနေ့ခေတ်ကာလမှာ ဒဿနိကဗေဒ၊ သဘာဝသိပ္ပံနဲ့ နိုင်ငံရေးသိပ္ပံစတဲ့ ဘာသာရပ်နယ်ပယ် သုံးခုမှာ အသုံးပြုကြပါတယ်။ ဒဿနိကဗေဒပညာရှင်များက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာကို ကိုယ့်ကြမ္မာ ကိုယ်စီရင်ခွင့်ရှိတဲ့ တဦးချင်းပါဝါအဖြစ် သတ်မှတ်ထားကြပါတယ်။ သဘာဝသိပ္ပံပညာရှင်များကတော့ organic independence အဖြစ် သတ်မှတ်ထားကြပြီး၊ နိုင်ငံရေးသိပ္ပံဘာသာရပ်နယ်ပယ်မှာတော့ အုပ်ချုပ်ရေး၊ နိုင်ငံရေးရှုထောင့်ကနေ ရှုမြင်လေ့လာကြပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာကို အချို့သော အင်စတီကျူးရှင်းများမှာ […]


kaiApril 23, 20138min05
လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၃)   လူမျိုးစုရေးရာ ပဋိပက္ခများအား ဖြေရှင်းနိုင်သော နိုင်ငံရေးအစီအမံများ (၁) Consociational Democracy Consociational Democracy ဆိုတာက တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်တဲ့ နိုင်ငံတွေနဲ့ အခြားသော ယဉ်ကျေးမှူဓလေ့ထုံးစံ ကွဲပြားခြားနားမှုရှိနေတဲ့ နိုင်ငံတွေမှာ နိုင်ငံရေး လူ့အဖွဲ့အစည်း တရပ် ထူထောင်တဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေကို ကျော်လွှားနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေအကောင်အထည်ဖော်တဲ့ နိုင်ငံရေးအစီအမံ (political arrangement) တခုပါ။ ဒီသဘောတရားဟာ လူမျိုး၊ စာပေ၊ ကိုးကွယ်မှုနဲ့ ယုံကြည်ချက်တွေမှာ နက်နက်ရှိုင်းရှိုင်း ခြားနားမှုရှိနေတဲ့ လူ့အဖွဲ့အစည်းတွေအတွက် သင့်လျော်မယ့် democratic rule ပုံစံကို ဖော်ညွှန်းထားပါတယ်။ အဲဒီမှာ ကွဲပြားနေတဲ့ လူ့အဖွဲ့အစည်းတွေကို ညှိနှိုင်းစေ့စပ်ပေးနိုင်မယ့် political institutions တွေရဲ့ အခန်းကဏ္ဍဟာ […]


kaiApril 21, 20136min07
လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း- ၂)   (၂) Institutional Approach လူမျိုးစုရေးရာ ပဋိပက္ခဖြစ်နိုင်ချေကို ဆန်းစစ်ရာမှာ အင်စတီကျူးရှင်းတွေရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးပါတယ်။ လူမျိုးစုများအကြား ပူးပေါင်းဆောင်ရွက်ရေးကို အားပေးခြင်း (သို့မဟုတ်) ကန့်သတ်ခြင်းများ ပြုလုပ်ပြီး လူမျိုးစုများအကြား ဆက်နွယ်ပတ်သက်မှုတွေကို ဖော်ကျူးပေးနိုင်တာက အင်စတီကျူးရှင်းများ ဖြစ်ပါတယ်။ နိုင်ငံရေးပညာရှင် Crawford ဆိုသူက အင်စတီကျူးရှင်းများအနေနဲ့ ပူးပေါင်းဆောင်ရွက်ရေး၊ စည်းမျဉ်းများ၊ ဓလေ့ထုံးစံများ၊ လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာ ဆောင်ရွက်ရေး၊ ကိုယ်စားပြုရေး၊ တာဝန်ခံမှုရှိရေး စတာတွေကို အားပေးဖော်ဆောင်လို့ ရကြောင်း အကြံပြုထားခဲ့ပါတယ်။ identity politics မှ ပဋိပက္ခအဖြစ် မပြောင်းလဲ သွားစေရေးအတွက် နိုင်ငံတော် အင်စတီကျူးများပေါ်မှာ မူတည်ကြောင်း သူမက ဆိုထားခဲ့ပါတယ်။ identity politics ရှိနေချိန်မှာ […]


kaiApril 20, 20139min04
လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၁) ဒီမိုကရေစီဆိုတာ ပြည်သူလူထုက အုပ်ချုပ်ခြင်း (rule by the people)နဲ့ ပြည်သူလူထုအတွက် အုပ်ချုပ်ခြင်း (rule for the people) ဆိုတဲ့ စည်းမျဉ်းတွေအပေါ်မှာ အခြေခံထားတဲ့ နိုင်ငံရေးစနစ်တခု ဖြစ်ပါတယ်။ ပြည်သူလူထုဆိုတာကတော့ ဟုတ်ပါတယ်။ ဒါပေမယ့် မေးစရာတခုက ရှိလာပါတယ်။ ပြည်သူလူထုဆိုတာ ဘယ်သူတွေလဲ။ ဒီမေးခွန်းဟာ တိုင်းရင်းသားလူမျိုးစုများ စုပေါင်းနေထိုင်တဲ့ တိုင်းပြည်နိုင်ငံတွေအတွက်ဆိုရင် အလွန်ကို အရေးကြီးတဲ့ မေးခွန်းဖြစ်ပါတယ်။ multi-ethnicity ဆိုတဲ့ အကြောင်းအရာကို ကြိုတင်စဉ်းစားတွေးခေါ်မှု၊ ပြင်ဆင်မှုမရှိရင် ဒီမိုကရေစီ လူ့အဖွဲ့အစည်းတရပ် ဖွံ့ဖြိုးတိုးတက်လာမှုနဲ့ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံရေးတည်ငြိမ်မှု (political stability) တွေဟာ အခက်အခဲတွေ ဖြစ်လာစေတတ်ပါတယ်။ multi-ethnic context ပေါ်မှာ အခြေခံတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုတရပ် […]


ကို ၿပံဳးMarch 24, 20133min02
နဂါးဦးနှောက်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်ခြင်း (အပိုင်း-၁) အား ပြန်လည်ဖတ်ရှု့ရန် SSPP/SSA အဖွဲ့ တပ်မတော်နှင့် ဝမ်ဟိုင်းဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့စဉ်အတွင်း ခေါင်းဆောင်ဖြစ်သူ ပန်ဖနှင့် ခေါင်းဆောင်ပိုင်းအများစု ပန်ဆန်းသို့ သွားရောက်တိမ်းရှောင်ခဲ့ရဖူးသည်။ အပြန်အလှန်အကျိုးစီးပွားများ အတွက် ညှိနှိုင်းမှုများဆောင်ရွက်ခဲ့သည်။ ဝမ်ဟိုင်း၏နောက်ပေါက်မှတစ်ဆင့် ပန်ဆန်းသို့ဆက်သွယ်ရေးလမ်းထွင် ထားသည်။ ပန်ဆန်း၏ ရှေ့ကာအဖြစ်နေပေးမည်။ လိုအပ်သည်များထောက်ပံ့ကူညီပါရန် ညှိနှိုင်းသဘောတူထား သည်။ ဝမ်ဟိုင်းဒေသသည် မြန်မာနိုင်ငံအတွင်းပိုင်းသို့ ရောက်ရှိနေခြင်းကြောင့် မြန်မာ့တပ်မတော်၏ အချိန်မရွေး ချေမှုန်းခြင်းခံရနိုင်ကြောင်း သုံးသပ်လျက် “ ဝ ” တပ်ဖွဲ့နှင့် စစ်ရေးမဟာမိတ်ပြုကာ အားကိုးရှာထားခြင်းလည်း ဖြစ်သည်။ SSPP/SSA တပ်ဖွဲ့ဝင်များ လူ၊ လက်နက်တိုးပွားလာမှုကစဉ်းစားစရာဖြစ်သည် KIO/KIA အဖွဲ့   ဝမ်ပေါင်အိပ်မက်ရှည်ကို မက်ဆဲဖြစ်သည်။ ဗိုလ်ချုပ်ဂွမ်မော်က ဖေဖော်ဝါရီလ ၄ ရက်နေ့၊ ရွှေလီဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးစကားကို […]