မြန်မာပြည်ကကျန်းမာရေးလောကဘက်တစေ့တစောင်း မောင်မိုးညိုမြန်မာနိုင်ငံတွင်တွေ့ကြုံခဲ့ရသောကျန်းမာရေးစောင့်ရှောက်မှုကိုဒီနေရာတွင်ဖေါက်သယ်ချလိုပါသညိ။ (၁၉၉၀)နောက်ပိုင်းဝန်းကျင်လောက်ကထင်ပါသည်၊ မြန်မာနိုင်ငံတွင်ပြောင်းလဲလာသော”တံခါးဖွင့်စီးပွားရေး မူဝါဒ”အရဆေးရုံစောင့်ရှောက်မှုလုပ်ငန်းတွင်စီမံချက်ကြီးတခုစတင်အကောင်အထည်ဖေါ်လာပါသည်။ “စရိတ်မျှပေးကျန်းမာရေး” (cost-sharing healthcare system) ဟုဆိုပါသည်။ ယင်းကားမြန်မာနိုင်ငံ၏ ထိုစဉ်ကရှိခဲ့သော”အခမဲ့”ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှ”အခဖြင့်”ကျန်းမာရေးစောင့်ရှောက်မှုသို့ပြောင်းလဲ ရေး၏ပထမခြေလှမ်းဖြစ်ခဲ့ပါသည်။ နေ့စဉ်ဆရာဝန်လူနာများကိုစစ်ဆေးစမ်းသပ်ပြီးညွှန်ကြားလာသောဆေးမှတ် တမ်းစာရင်းပေါ်မူတည်၍သူနာပြုများကဆေးရုံတွင်း (အစိုးရဆေးသိုလှောင်ရေးဌာနမှပို့ပေးသော)ဆေးဝါးများ၏ အဘိုးအခအချို့တဝက်ကိုလူနာကကျခံရသည်။ ဥပမာ-penicillin ထိုးဆေးတလုံးကို (၇- ကျပ်)(ထိုစဉ်က) ကျသည်ဆိုပါစို့။ လူနာကဆေးတန်ဘိုး၏ (၁ဝ ရာနှုန်) ဖြစ်သော (ပြား-၇၀)ကိုပေးရသည်။ ဆေးရုံတွင်ကုန်ကျ မည့်ဆိုတာကိုကြိုတင်သိပြီးလူနာရှင်တွေကလဲရှိရှိမရှိရှိ၊ပေါင်နှံကုန်ကျခံကာပေးကြသည်။ ယင်းလောက် သောငွေပမာဏမှာလဲမထောင်းတာလှသည်မို့ဘာမှပြဿနာမကြားမိပါ။ ပြဿနာကားမူလကအလကား ရဘူးသောယင်းဆေးကိုတတ်နိုင်သူ(ဆေးရုံဆေးခန်နှင့်နီးစပ်သောအသိုင်းအဝိုင်းလူနာရှင်တွေ)ကသိပ်မကြိုက် ပါ။ ဘာမဟုတ်သောငွေပေးရသည်ကိုဂုဏ်ငယ်သည်ဟုထင်ကြသည်။ ဆိုရလျင်- ငွေမရှိသူလူဆင်းရဲလူများစုက စရိတ်မျှပေးဆေးကိုဝယ်သုံးကြရသော်လည်းမျက်နှာရှိလူချမ်းသာလူတန်းစားများကအခမဲ့ရနေကြသည်။ ထို့အပြင်ယင်းဆေးများကိုပြင်ပသို့တဖန်ပြန်ရောင်းလိုသောလူတန်းစားတရပ်ပေါ်လာမှန်းမသိပေါ်လာသည်။ ယခင်ကအစိုးရဆေးနှင့်ဆေးပစ္စည်းကော်ပိုရေးရှင်းဆိုင်မှဝယ်ယူပြီးမှောင်ခိုပြန်သွင်းခြင်းထက်၊ဆေးရုံဆိုင်တွင်မှရသောထိုစရိတ်မျှပေးဆေးများကပိုတွက်ချေကိုက်သည်ဟုထင်ကြသည်။ ဆေးအရောင်းအဝယ်လုပ်ငန်း ကားသာမာန်လူတန်းစားတွင်သာမက၊ဆရာဝန်များအတွင်းပင်နေရာကောင်းကောင်းယူခဲ့ပြီး၊တချို့ဆရာဝန်များဆိုလျင်ဆေးမကုတော့ဘဲဆေးကိုယ်စားလှယ်၊ဆေးရောင်းဆိုင်များအကျဖွင့်ကာစီပွားဖြစ်နေကြသည်။ ရန်ကုန်မြို့ဆူလေဘုရားအနီးကုန်သွယ်ရေဒကော်ပိုရေးရှင်း (၁၀)ဆေးဆိုင် (နောင် ဆေးနှင့်ဆေးပစ္စည်း အဖြစ်ဆူလေဘုရားလမ်း “ဂုဏ်”ရုပ်ရှင်ရုံအနီးဆေးဆိုင်တို့ကားဆရာဝန်အပေါင်းတို့၏ဝင်ငွေလမ်းခင်း ရာစားကျက်များဖြစ်ခဲ့သည်။ ဆရာဝန်များကိုဆေးထုတ်ပေးသောနေ့များဆိုလျင်ကား၊ဆေးဆိုင်မန်နေဂျာကအစ ဆိုင်ဒ၇ဝမ်အထိဟောက်သမျှကိုထိုထိုဆရာဝန်အပေါင်းတို့ကမျက်နှာငယ်ငယ်ဖြင့်အောက်အိသည်းခံခဲ့ကြရ သည်။ မြန်မာပြည်တွင်ဘာဆေးမေးမလဲ၊ အကုန်ရှိပါသည်။ ဈေးဘဲစကားပြောသည်။ […]

