အင်တာမီလန်အသင်း တိုက်စစ်မှူး ဆင်မြူရယ် အီတူး (နံပါတ် ၉) သည် ပြင်သစ် အသင်းခေါင်းဆောင်ဟောင်း ဇီဒန်းကဲ့သို့ပင် ပြိုင်ဘက်အသင်းသားရင်ဘတ်အား ခေါင်းဖြင့်ဝင်ဆောင့်ခဲ့သည့်အတွက် စီးရီးအေ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က ယူရို ၁ သောင်းဒဏ်ရိုက်ခဲ့ပြီး စီးရီးအေ ၃ ပွဲ ကစားခွင့်ပိတ်ပင်လိုက်သည်။ ယခုလ ၂၁ ရက်နေ့က စီးရီးအေ ပွဲစဉ် ၁၃ အဖြစ် ချီယေဗိုနှင့် အင်တာမီလန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ပွဲစဉ်တွင် အင်တာတိုက်စစ်မှူး အီတူးက ချီယေဗိုအသင်း နောက်ခံလူ ဆီဆာကို ပထမပိုင်း ပွဲကစားချိန် ၃၈ မိနစ်တွင် ခေါင်းဖြင့်ဝင်ဆောင့်ခဲ့ခြင်း ဖြစ်သည်။ ယင်းပွဲစဉ်တွင် လက်ရှိချန်ပီယံအင်တာက အိမ်ရှင်ချီယေဗိုကို ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ဖြစ်ပွားပုံမှာ ချီယေဗို နောက်ခံလူ […]
