Ma MaMarch 7, 20121min026
ဒီကနေ့ တပေါင်းလပြည့်နေ့မို့ အလုပ်ပိတ်ပါတယ်။ ဇာတိမြို့မှာလည်း နှစ်စဉ် တပေါင်းလပြည့်နေ့မှာ ဘုရားပွဲတော်၊ စတုဒိသာ ကျွေးမွေးလှူဒါန်းပွဲနဲ့ ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွေရှိလို့ မိသားစုတွေ၊ ဆွေမျိုးတွေ၊ မိတ်ဆွေတွေနဲ့ အတူ သွားဖြစ်ခဲ့တယ်။ ရန်ကုန်ရောက်သူတွေ စုပေါင်းဖွဲ့စည်းထားတဲ့ မြို့နယ်အသင်းက စတုဒိသာ ကျွေးပွဲကို ဦးဆောင်လှူဒါန်းပါတယ်။ တမြို့တနယ်ရောက်နေကြတဲ့ မြို့သူ မြို့သားတွေကလည်း ကိုယ့်ဇာတိကို ချစ်ခင်ကြတဲ့ စိတ်ကလေးတွေကိုယ်စီနဲ့ ရောက်အောင်ပြန်လာကြတာတွေ့ရလို့ ဝမ်းသာကြည်နူးမိပါသေးတယ်။ ကိုယ့်မြို့စာသင်တိုက်က ဆရာတော်ကိုလည်း သွားဖူးခဲ့ပါသေးတယ်။ အဲဒီကျောင်းတိုက်မှာ သီတဂူဆရာတော်ကြီးရဲ့ ဦးဆောင်ပံ့ပိုးမှုနဲ့ မြို့ခံဆရာတော်ရဲ့ အနီးကပ်ဦးဆောင် ကြိုးစားမှုတွေနဲ့ မျက်စိခွဲစိတ်ကုသဆောင်နဲ့ မျက်စိဆေးခန်းကို အောင်မြင်စွာ ဖွင့်လှစ်ကုသနိုင်ခဲ့တာ အခုဆိုရင် ၁ဝနှစ်ကျော်ပြီ ထင်ပါတယ်။ တစ်ပတ်ခြား တစ်ကြိမ် တနင်္ဂနွေနေ့တိုင်း ကုသပေးတာဖြစ်ပါတယ်။ တောနယ်တွေကနေ မျက်စိကုသဖို့ ရောက်လာကြသူတွေဟာ ဘုန်းကြီးကျောင်းထဲမှာ နားနေနိုင်၊ […]


AKKOMarch 6, 20121min06
ခဏခဏ ကြုံနေရတဲ့ ပြသနာတွေထဲက တစ်လောက ကိုယ်ဝန်တားဆေးတွေရဲ့အကြောင်း ရေးပြပြီးပေမယ့် ဒီတစ်ခါတော့ သားကြောဖြတ်ခြင်းဆိုင်ရာ ဗဟုသုတအကြောင်း အနည်းငယ်ရေးပြပါဦးမည် ။ စီးပွားရေး ချွတ်ခြုံကျပြီး ၊သားသမီးလည်းများ ၊ အကာကွယ်အတားဆီလည်း မသုံးနိုင်တဲ့ မိသားစုမျိုးအတွက် ရည်ရွယ်ပါသည် ။ လွဲမှားစွာ အသုံးပြရန် ၊ အဓိပ္ပါယ်အကောက်မှားစေရန် မရည်ရွယ်ပါ ။ ရှင်လောင်းလှည့်သလို ဆူညံပူညံဖြင့် ဘုစုခရုလူတစ်စု ဆေးခန်းတွင်းသို့ ဝင်လာပါသည် ။ အသက်သုံးဆယ်ကျော်ခန့် သက်လတ်ပိုင်း အမျိုးသမီး တစ်ဦး ၊ သူမဧ။် အမျိုးသား ဖြစ်ဟန်တူသည့် အမျိုးသား တစ်ဦးနှင့် ၊ ၎င်းတို့ဧ။် သားသမီး အရင်းသော်လည်းကောင်း ၊ မွေးစားသားသမီးတော်စပ်နိုင်သူသော်လည်းကောင်း စုစုပေါင်းလေးယောက် ပါလာကြသည် ။ ထိုလူတို့ဧ။် သွင်ပြင်ပုံသဏ္ဍန်ကိုကြည့်ရုံဖြင့် နွမ်းပါးသော လက်လုပ်လက်စား […]


htet wayFebruary 21, 20121min017
  တစ်ရက် အမျိုးသမီးတစ်ယောက် က “ဆရာရယ် ဆေးသောက်တဲ့ အခါမှာ ဂျင်း(ချင်း)ပြုတ်ရည်နဲ့ သောက်ရမယ်ဆိုတာကြီးက မနိပ်ပါဘူးလေ။” တခါ ထန်းညက်နဲ့ ချင်းကြိုသောက်ရတဲ့ ခောတ်က မကုန်သေးဘူးလား။ကျမက ချင်းဆို မုန်းလွန်းလို့ပါဆရာရယ်လို့ ပြောရှာပါတယ်။တကယ်တော့ မြန်မာဆေးက ရေလဲသုံးရတာတွေရှိပါတယ်။တောင်ဇီးဖြူပြုတ်ရည်နဲ့သောက်ပါ၊ နံသာရည်နဲ့ လိမ်းပါ၊တောင်တံကြီးနဲ့ လိမ်းပါ စတာတွေကို လူအများက စိတ်ညစ်နေကြပြီး မသုံးကြတာလည်း ဖြစ်နိုင်ပါတယ်။တစ်ချို့ကတော့ လုံးဝ အထင်မကြီးတာပါ။ရှိစေတော့။ အာယုဗေဒဆေးကျမ်းကြီးမှ အစ တိုင်းရင်းဆေးတွင် တြိကဋုတ်သုံးပါး ဟူ၍ ဖေါ်ပြသုံးစွဲ ကြသောဆေးအခေါ်အဝေါ် တွင် ပါဝင်ပစ္စည်းမှာ ၁။ ချင်း ၂။ ပိတ်ချင်း ၃။ငရုတ်ကောင်း  သုံးပါးတို့ကို ပေါင်းစပ်ခေါ်ဝေါ်ခြင်းဖြစ်ပါသည်။ ထိုအထဲမှ ပူသော၊စပ်သော၊ခါးသော  ချင်းအသံထွက်(ဂျင်း)၌ အကြောင်းကို အနည်းငယ်တင်ပြလိုပါသည်။ရုက္ခဗေဒအမည်(Zingiber Officinale, Rose)ဟုခေါ်ပါသည်။ဂုဏ်သတ္တိမှာ နုတ်ကိုမြိန်ေ၏ ၊အစာကြေလွယ်၏သလိပ်သည်းခြေဒေါသကိုနိုင်၏ဟုဆိုပါသည်။လေကိုပြေစေသည်အစာကိုကြေစေသည်။ […]


Moe ZFebruary 21, 20121min034
မိဘများသည် မိမိတို့ရင်သွေးငယ်များ အနာဂတ်ဘဝလှပစေရန်၊ ပညာရေးအဆင့်မြင့်မားစေရန် ရည်ရွယ်ချက်ဖြင့် ငယ်စဉ်ကပင် မူကြိုကျောင်းများသို့ပို့ကြပါသည်။ မိဘအများစုသည် မိမိတို့နေထိုင်ကြီးပြင်းခဲ့ရသော စည်းကမ်းတင်းကျပ်သော အုပ်ထိန်းမှုများနှင့်၊ ညွှန်ကြားမှုအတိုင်းလုပ်ဆောင်ရသော ကျောင်းပတ်ဝန်းကျင်များကိုသာ  နှစ်ခြိုက်ကြပါသည်။ အဆော့သန်သောကလေးများက မိဘများကိုစိတ်ပျက်စေပါသည်။ အံ့ဩစရာကောင်းသောအချက်မှာ ကလေးစိတ်ပညာရှင်များ၏ ကစားခြင်းသည် အကျိုးမဲ့သက်သက်အချိန်ဖြုန်းခြင်းမဟုတ်ဟူသော အဆိုပင်ဖြစ်ပါသည်။ ပညာရှင်များ၏ သုတေသနပြုချက်များအရ ကစားခြင်းသည် ကလေးများအတွက် သင်ယူရာတွင် အထိရောက်ဆုံးနှင့် အစွမ်းထက်ဆုံးနည်းလမ်းဖြစ်သည်ဟုဆိုပါသည်။ကလေးများသည်ကစားနည်းများမှ သူတို့ကိုယ်တိုင်အကြောင်း၊ အခြားသူများနှင့် ပတ်ဝန်းကျင် ကမာ္ဘလောက အကြောင်းကို အခြေခံအကျဆုံးသင်ယူနိုင်ပါသည်။ ကစားခြင်းက ကလေးများ၏ဦးနှောက်ကို ပုံသွင်းတည်ဆောက်ပေး ပါသည်။ အာရုံကြောများ၏ ဆက်နွယ်ဖွဲ့စည်းမှုများကိုလည်း ပို၍သိပ်သည်းအားကောင်းစေပါသည်။ ဦးနှောက်ဆဲလ်များသည် လေ့လာသင်ယူနေသည်နှင့်အမျှ ပို၍သန်မာကြီးထွား ဖွံ့ဖြိုးလာမည်ဖြစ်ပါသည်။ ကစားခြင်းသည် ကလေးများအတွက် သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုပင်ဖြစ်ပါသည်။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ဓလေ့ထုံးတမ်းအစဉ်အလာပေါင်းစုံမှကလေးတိုင်း ကစားကြပါသည်။ ကစားနည်းအမျိုးမျိုးရှိကြသလို ကလေးများအား လွတ်လပ်စွာကစားစေခြင်းက […]


koaungFebruary 19, 20121min010
မြင်မိတဲ့ဟင်းလျှာများ (၃) ဖြစ်ပါတယ် မြင်သာမြင်ရမကြင်ရဖြစ်ခဲ့ရင်တော့ ခွင့်လွှတ်နားလည်ပေးစေလိုပါကြောင်း ဗဟုသုတရစေရန်ရည်ရွယ်ပါ၏                       သည်းခံအားပေးကြပါခင်ဗျား ရွာသူရွာသားများအားအစဉ်လေးစားလျှက်   မောင်အောင်


လင်းဝေFebruary 16, 20121min06
တစ်နေ့က ဖေ့စ်ဘွတ်ပေါ်မှာ တစ်ယောက်ကတင်ထားတဲ့ အာခေါင်ကွဲကလေးငယ်ကို ကူညီပေးပါဆိုတဲ့ပုံတွေ့မိတယ်။ အခြေအနေတော်တော်ဆိုးတဲ့ အာခေါင်ကွဲအမျိုးအစားပဲဗျာ။ အတော်သနားဖို့ကောင်းတဲ့ကလေး။ အဖေအမေ အစားအသောက်အနေအထိုင် လွဲမှားမှုကြောင့်ဖြစ်ရတယ်လို့ နားလည်ထားတာပဲ။ အဲဒီကလေး ဓါတ်ပုံမှာတော့ အမေက ဒီကလေးကို ထားပစ်ခဲ့ပြီး အဘွားလုပ်သူက ကြည့်ရှုနေရတဲ့အကြောင်း နဲ့ ကူညီပေးကြဖို့ ရေးထားတယ်။ ဘယ်ကို သွားကူညီရမယ်မှန်းလဲမသိပါဘူး။ စိတ်ထဲမကောင်းတော့ဖြစ်မိတယ်။ အဲဒါနဲ့ ခဏနေ အပြင်ထွက်လာတော့ ဟာမစ်တစ်မီးပွိုင့် မှာ မီးပွိုင့်မိနေတုန်း ကမာ္ဘအေးလမ်းပေါ်က ကြော်ငြာဘုတ်တွေကို ဖတ်မိတော့မှ အာခေါင်ကွဲကလေးတွေကို အခမဲ့ ခွဲစိတ်ပေးမယ်ဆိုတဲ့အကြောင်း မြန်မာဘီယာအုပ်စုက အသိပေးထားတဲ့ ဘုတ်ဖြစ်နေပါတယ်။ စောစောက ကလေးကို သတိရသွားပြီး ဖုန်းနံပါတ်ကို စိတ်နဲ့အမြန်မှတ်သော်လည်း ရွှေဂုံတိုင်မီးပွိုင့်မှာ ပွိုင့်ပြန်မိလို့ စိတ်ကပြန်ရွတ်ကြည့်တော့ သူ့ဟန်းဖုန်းနံပါတ်က ရလုံးပဲဖြစ်နေပါတယ်။ ဝ၉ ၄၃ဝ နဲ့စတာတွေက ၈လုံးဖြစ်ရမယ်လေ။ အဲဒါနဲ့ […]


padonmarFebruary 16, 20121min049
ဒီနေရာမှာ double click လုပ်ပါ၊Excel File နဲ့ ဇယားလေးတွေ့ပါမယ်။ SayaHtet တလောက အမျိုးသမီးတစ်လောက်က အဝလွန်နေတယ် ဆရာထက် ဆီမှာ အဆီကျဆေးမရှိဘူးလားမေးပါတယ်။အမျိုးသမီးက အဝလွန်နေပါတယ်။ ဆိုက္ကားမဆန့်အောင်ဝတာပါ။ ကျွန်တော်က အဆီအဆိမ့်ရှောင်ဖို့ ပြောပါတယ် သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောကျည်းရောဂါ၊ ဆီးချိုသွေးချိုရောဂါတွေရလာနိုင်ကြောင်းပြောတော့ နှလုံးသွေးကြောကျည်းတယ် သွေးတိုးတယ်လို့ ဖြေပါတယ်။ တကယ် အဆီကျချင်သူတွေက ဆေးထက် မိမိကိုယ်ကို ဂရုစိုက်ရပါမယ်။ အစားအသောက်ကို ဆင်ခြင်ရမယ်။နံနက်စာကို ၁၂နာရီမထိုးမှီစားပြီး ညနေစာကို လျှော့စားရပါမယ် နောက် လမ်းလျှောက်တာလည်း လုပ်ရပါမယ်။ အိပ်တာလည်း ဆင်ခြင်ရပါမယ်။အဓိကတော့ ဝမ်းမှန်ဆီးမှန်ပြီးအားလုံးသမမျှတမူရှိနေရပါမယ်။ ကိုယ်တိုင် ဆင်ခြင်မူ မရှိဘဲ ဆေးအားကိုးရုံနဲ့ တော့ မရနိုင်ပါဘူး။တအားအိပ် တအားစား အဆီအဆိမ့်တွေစား၊ နေရင် လည်း ဘယ်လိုမှ မပိန်နိုင်ပါဘူး။နောက် အမျိုးသမီးကိစ္စတွေ မှန်ကန်နေရပါမယ်။ဓမ္မတာကိစ္စမှန်ကန်မျှတနေရမယ်။ဒါကြောင့်တိုင်းရင်းဆေးအနေနဲ့တော့ […]


padonmarFebruary 14, 20121min045
ချိုချင်ရင် အနီရွေးပါလို့၊ အဆိမ့်လေး အဖြူပါ ပဲပြုတ်လည်းလာ၊ နံနံသာ ထည့်ပါတော့မနှေး၊ နှမ်းထောင်းပါ မကျန်ရတယ်ကွယ်၊ ပျားသလက်တဲ့လေး။ မြန်မာ့စားစရာတွေပုံ ပြက္ခဒိန်ထုတ်ချင်တယ်လို့ သူကြီးစာဖတ်ရတော့ မြန်မာ့ရိုးရာစစ်စစ် မုန့်ပျားသလက်(မုန့်ပျစ်စလက်လို့လည်း ခေါ်တတ်ကြတယ်လေ)ကို သတိရမိပါတယ်။ ဒါနဲ့ စမ်းချောင်းမဟာဘောဂလမ်းက ရွှေရည် လက်ဖက်ရည်ဆိုင်မှာ ရောင်းတဲ့ မုန့်ပျားသလက်သည်လေးကို သွားရိုက်လာပါတယ်။ ပုံကတော့ မကောင်းပါဘူး။ ကလေးမလေးကိုလည်း လုလင်လို သရုပ်မဆောင်ခိုင်းတတ်တော့ ပုံက လှလှပပ မထွက်လာဘူး၊ idea လေးပေးချင်တာပါ။ဒါ့ပုံဆရာတွေ ရိုက်ပေးကြပေါ့။ မရေးတတ်ပဲရေးထားတဲ့ ကဗျာကိုကဗျာဆရာတွေကတော့ ရီမှာပဲ။ ကဲ ဘာပဲဖြစ်ဖြစ် မုန့်လုပ်နည်းလေး ရေးဖူးတယ်ရှိအောင် အိမ်တွင်းမှုစာအုပ်ကကူးပေးမယ်။ (ဂီဂီကပြောတယ်လေ ဦးမာတို့ဦးကြာတို့က မုန့်လုပ်နည်း၊ဇာထိုးနည်းတွေ မရေးလို့ သများတို့ ခြောက်ရပါတယ်တဲ့) တရားခံမဖြစ်အောင် လိုင်းပြောင်းမယ်ရွာစားရေ။ လူ၂ဝဦးစာမုန့်ပျားသလက်လုပ်နည်း ဆန်ကြမ်း နို့ဆီဘူး ၄လုံး […]


PareByokeFebruary 13, 201222min08
    ခုတလောအမေရိကန် အားကစား လောက မှာ တဟုန်ထိုး ကျော်ကြား ရေပန်းစားတဲ့ Jeremy Lin  အကြောင်း နဲ့သူ့ရဲ့ ကစား နည်း၊ကစားပွဲ အချို့ကိုတင်ပြတာပါ     (ကျန်တာတွေ တင် တာ ပါ)   [HD] Jeremy Lin Post-Game Interview New York Knicks vs. Washington Wizards Feb 8, 2012 – YouTube   http://www.youtube.com/watch?v=qaawWnacmrU       The Jeremy Lin Show vs Washington Wizards | 2.8.2012 | HD […]


PareByokeFebruary 13, 201235min011
  ခုတလောအမေရိကန် basket ball အားကစား လောက မှာ တဟုန်ထိုး ကျော်ကြား ရေပန်းစားတဲ့ Jeremy Lin အကြောင်း နဲ့သူ့ရဲ့ ကစား နည်း၊ကစားပွဲ အချို့ကိုတင်ပြတာပါ သူ့မိဘများ ကထိုင်ဝမ် က ဖြစ်တယ်၊ အမေ ဘက်က အဘိုး နဲ့အဖွား က တရုပ် ပြည် မ ကဖြစ်တယ် သူက လောအန်ဂျိလစ် Los Angeles, California မှာ မွေး ပြီး Los Altos, California မှာကြီး တာ နံမယ်ကြီး Harvard ဟာဗတ် တက်ကသိုလ် မှဘောဂဗေဒ ဘွဲ့ဆွတ်ခူးခဲ့ တာ အားကစားထဲမှာ ဟာဗတ် တက်ကသိုလ် ဘွဲ့ရသူဆိုရင် သူတဦးဘဲရှိတာ […]


PareByokeFebruary 13, 201210min08
  အမေရိကန်ပြည်မှာလူမျိုးစု မျိုးစုံ နေကြတာ ဥပဒေ အရ သာတူညီမျှ အခွင့်အရေး ပေးတယ်၊ စောင့်ရှောက်ကာကွယ် လေးစား ကြတယ်၊   ပေါ်တာ ချောစွဲတာမျိုး၊ ဖြုတ်ထုတ်သတ်လို့ တောတွင်း မှာ ပုန်းရတာမျိုး၊ ရွာမီးရှို့ပစ်တာမျိုး၊   မဟာလူမျိုး ကြီးဝါဒမျိုး လို   ကျင့်သုံးတဲ့   အမြင်ကျဉ်း သမား အစွန်းရောက် သမားတို့ ခေါင်း မထောင်နိုင်လောက်အောင်ဖြစ်တယ်   ဇီးစေ့နဲမြင့်မိုရ်တောင်လို၊ မိုးနဲ့မြေလို   တခြားဆီ ပါ၊   ယေဘုယျ ဆိုရင်  ကိုယ့်လူမျိုးစု အလုံးစုံတွေကိုမှန်ကန်မျှတစွာ ဆက်ဆံအားပေးစောင့်ရှောက်တဲ့ အတွက် တိုင်းပြည်မှာ စည်ပင်သာယာ ဝဖြိုး ပြီး ချမ်းသာ လာတဲ့နိုင်ငံ ဖြစ်တယ်     […]


weiweiFebruary 12, 20121min018
ဒီကနေ့ ပိတ်ရက်လဲဖြစ်တာနဲ့ အလွန်လွယ်ကူရိုးရှင်းပြီး အာဟာရဓါတ်ပြည့်ဝတဲ့ အာလူးဆနွင်းမကင်းလုပ်စားဖြစ်ပါတယ် … ပါဝင်သည့်ပစ္စည်းများ အာလူး ….. ၃ဝ ကျပ်သား (ကီလိုဝက်) ခန့် သကြား ….. စတီးဇွန်းခပ်မောက်မောက် ၄ ဇွန်း ဂျုံမှုန့် ….. စတီးဇွန်းခပ်မောက်မောက် ၅ ဇွန်း အုန်းနို့အပျစ် ….. ၁၆ဝ မီလီလီတာ (ရယ်ဒီမိတ် ဗူးသေးတစ်ဗူး) ထောပတ် ….. စတီးဇွန်းတစ်ဇွန်း ဆား …. အနည်းငယ် ဘိန်းစေ့ …. အနည်းငယ် ပြုလုပ်ပုံအဆင့်ဆင့် အာလူးကို နူးအောင်အရင်ပြုတ်ရပါမယ်။ ပြီးရင် အခွံနွှာပြီး အာလူးသားများကို ကျေအောင်ခြေပေးရပါမယ်။ ထို့နောက် သကြား၊ ဂျုံမှုန့်၊ ဆား၊ အုန်းနို့၊ ထောပတ်ထည့်ပြီး နှံအောင်မွှေရပါမယ်။ အဲဒီနောက် စတီးလင်ဗန်း (သို့မဟုတ်) […]