တလောက အမျိုးသမီးတစ်လောက်က အဝလွန်နေတယ် ဆရာထက် ဆီမှာ အဆီကျဆေးမရှိဘူးလားမေးပါတယ်။အမျိုးသမီးက အဝလွန်နေပါတယ်။ ဆိုက္ကားမဆန့်အောင်ဝတာပါ။ ကျွန်တော်က အဆီအဆိမ့်ရှောင်ဖို့ ပြောပါတယ် သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောကျည်းရောဂါ၊ ဆီးချိုသွေးချိုရောဂါတွေရလာနိုင်ကြောင်းပြောတော့ နှလုံးသွေးကြောကျည်းတယ် သွေးတိုးတယ်လို့ ဖြေပါတယ်။ တကယ် အဆီကျချင်သူတွေက ဆေးထက် မိမိကိုယ်ကို ဂရုစိုက်ရပါမယ်။ အစားအသောက်ကို ဆင်ခြင်ရမယ်။နံနက်စာကို ၁၂နာရီမထိုးမှီစားပြီး ညနေစာကို လျှော့စားရပါမယ် နောက် လမ်းလျှောက်တာလည်း လုပ်ရပါမယ်။ အိပ်တာလည်း ဆင်ခြင်ရပါမယ်။အဓိကတော့ ဝမ်းမှန်ဆီးမှန်ပြီးအားလုံးသမမျှတမူရှိနေရပါမယ်။ ကိုယ်တိုင် ဆင်ခြင်မူ မရှိဘဲ ဆေးအားကိုးရုံနဲ့ တော့ မရနိုင်ပါဘူး။တအားအိပ် တအားစား အဆီအဆိမ့်တွေစား၊ နေရင် လည်း ဘယ်လိုမှ မပိန်နိုင်ပါဘူး။နောက် အမျိုးသမီးကိစ္စတွေ မှန်ကန်နေရပါမယ်။ဓမ္မတာကိစ္စမှန်ကန်မျှတနေရမယ်။ဒါကြောင့်တိုင်းရင်းဆေးအနေနဲ့တော့ ဦးစွားသွေးသားမှန်ကန်အောင် ထိန်းညှိပေးပါတယ်။နောက် ဝမ်း မှန်အောင် ဆေးပေးပါတယ်။ အခိုးအပုတ်စင်အောင်ပြုပြင်ပြီးမှ အဆီကျဆေး ကိုပေးပါတယ်။ကိုယ်တိုင်လည်းဂရုစိုက် […]
