မိန်းမယူလိုက်ပါတဲ့….ကောင်းတဲ့ မိန်းမနဲ့ ရရင် စိတ်ချမ်းသာရလိမ့်မယ်တဲ့…မကောင်းတဲ့ မိန်းမနဲ့ ရရင် တွေးခေါ်ပညာရှင်ဖြစ်လာလိမ့်မယ်တဲ့…ဆိုကရေးတီးက ပြောတာပါ… ပေါက်တတ်ကရ ရေးတတ်တဲ့ ကျွန်တော်က နောက်တမျိုးပြောင်းပြောမယ်နော်.. .လောင်းကစားလုပ်လိုက်ပါ…နိုင်ရင် ပိုက်ပိုက်တွေ ရပြီး ပျော်လိမ့်မယ်…ရှုံးရင်တော့ ကိုယ့်တန်ဖိုးအမှန်ကို သိလိမ့်မယ်လို့…ကိုယ့်တန်ဖိုး အမှန်ဆိုတာက ဥပမာပေါ့လေ…ကိုယ်က ပိုက်ဆံလိုရော ခင်တယ်ထင်တဲ့ ရင်းတယ်ထင်တဲ့လူတွေဆီပဲ ပိုက်ဆံ ချေးရတာပေါ့… အဲ့ဒီအချိန်မှာ ကိုယ့်လူတွေက ကိုယ့်ကို ဘယ်လောက်တန်ဖိုးဖြတ်ထားသလဲ.. ကိုယ့်တန်ဖိုးကဘယ်လောက်လဲ ကွက်ကွက်ကွင်းကွင်း သိရတော့တာပါပဲ…စိတ်ဆိုးစရာတော့ ရှိပါဘူး…ကျေးဇူးတောင်တင်ရဦးမှာ…မိတ်ဆွေတို့လဲ ကိုယ့်တန်ဖိုးလေး သိချင်ရင် ပိုက်ဆံ လိုက်ချေးကြည့်လေ…စမ်းကြည့်ပါ…ကိုယ့်အပေါ်မှာ ရှိတဲ့ ခင်မင်မှု၊ယုံကြည်မှုတန်ဖိုးအမှန်ကို သိရတာပေါ့…မရှိတဲ့ လူတော့ သွားမချေးကြည့်နဲ့နော်..အားနာစရာတွေ ဖြစ်ကုန်လိမ့်မယ်… ကဲ..ထားပါ…ကျွန်တော်ပြောချင်တာ ဒါမဟုတ်ဘူး…ကျွန်တော် ဘော့လုံးခန့်မှန်းတွေဆို အမြဲ ကန်ပြီးမှ ဖတ်လေ့ ရှိတယ်…အဖြေသိပြီးမှ ဖတ်ကြည့် တအားရီရတာ…လွဲချက်တွေကတော့ လက်လန်တယ်…အဲ့ဒါနဲ့ ကိုယ်ကိုတိုင် ခန့်မှန်း […]
