weiweiNovember 22, 20121min023
တန်ဆောင်းမုန်းလမှာ ဆေးပေါင်းခတဲ့ မယ်ဇလီဖူးသုတ်အကြောင်း ရေးတာ ဖတ်ရတော့ ဒီအပါတ် ဓါတ်ပုံရိုက်ဖြစ်ခဲ့တဲ့ ပွေးကိုင်း မယ်ဇလီပင်များကို သတိရမိတာနဲ့ မမြင်ဖူးတဲ့သူတွေ မြင်ဖူးအောင် တင်လိုက်ပါတယ်။ ဆောင်းရာသီဝင်ပြီဆိုတာနဲ့ ပွေးကိုင်းပန်းလေးတွေ ပွင့်လာတာ မြင်တွေ့ရပါတယ်။ ဘယ်သူမှလဲ မစိုက်ပဲနဲ့ အလေ့ကျပေါက်တဲ့အပင်များဖြစ်ပါတယ်။ ပန်းပွင့်ကို မန်ကျီးသီးနဲ့ရောပြုတ်ပြီး တို့စရာအဖြစ်စားကြတယ် … ဒီအတိုင်းပြုတ်ပြီးလဲ သုတ်စားကြပါတယ် … ဝမ်းနှုတ်ဆေးအနေနဲ့ အသုံးဝင်တဲ့ ဆေးဘက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။ တခြား အသုံးဝင်တာရှိရင်လဲ ဖော်ပြပေးစေလိုပါတယ် ….


ခင္ခNovember 22, 20121min040
ဆေးဖက်ဝင်တဲ့ မဲဇလီဖူး။ တန်ဆောင်မုန်းလပြည့်ညမှာ မဲဇလီဖူးသုတ်စားတတ်ကြတာကို သတိရမိလို့ မဲဇလီဖူးရဲ့ ဆေးဖက်ဝင်အကျိုးပြု ချက်လေးတွေကို ရှာဖွေပြီးတွေ့တာနဲ့ မျှဝေရေးပေးလိုက်တာပါ။ မဲဇလီဖူးအနေနဲ့  ကျန်းမာရေးအရ အောက်ပါအချက်များကောင်းစေတဲ့အကျိုးရှိကြောင်းသိရပါတယ်။ ၁။ သွေးအားကောင်းစေတဲ့အပြင် သွေးကိုလည်း သန့်စေပါတယ်။ ၂။ မဲဇလီဖူးမှာပါတဲ့ သဘာဝအခါးဓာတ်က အသည်းအားကောင်းစေပါတယ်။ ၃။ အစာချေစနစ်ကောင်းမွန်စေပြီး ပျို့အန်ခြင်း၊ အက်စစ်ဆန်တက်၍ လေချဉ်တက်ခြင်း၊ ရင်ပူခြင်းတို့ကို သက်သာ စေပါတယ်။ ၄။ ခန္ဓာကိုယ်အတွက်လိုအပ်သော ပရိုတင်းဓာတ်ကို ဖြည့်တင်းပေးသလို ကိုယ်ခန္ဓာကြီးထွားမှု့ကိုထောက်ပံပေး ပါတယ်။ ၅။ အူမကြီးကိုကောင်းစွာ အလုပ်လုပ်စေလို့ ဝမ်းပျော့ပျော့သွားစေပါတယ်၊ အူမကြီး၊ အူသိပ်အူမများရှိ တုတ်ကောင်၊ သန်ကောင်နဲ့ ကပ်ပါးကောင်တွေကို ဖယ်ရှားပေးပြီး အူသန့်စေပါတယ်။ ၆။ ကစီဓာတ်ကြွယ်ဝစွာပါလို့ ခန္ဓာကိုယ်အတွင်း ဇီဝဖြစ်စဉ်ကို ကောင်းကျိုးပြုပါတယ်။ ၇။ သရက်ရွက်ထဲရှိ ကောင်းသောဆဲလ်များကို တိုးပွားစေလို့ […]


ခင္ခNovember 16, 20121min025
အစာကို ဆေးဝါးအဖြစ် အသုံးချပြီး ကျန်းမာအောင်နေကြပါစို့ ခင်ခ အသီးအရွက်တွေ သစ်သီးတွေ၊ အသားစားခြင်း ငါးစားခြင်းတွေ၊ အရက်ကိုဘယ်လိုသောက်သင့်တာတွေ အဲဒီလို အမျိုးမျိုး ကျန်းမာရေးဗဟုသုတ မျှဝေရေးခဲ့ပါတယ်၊ အဲဒီရေးခဲ့တာတွေထဲက အဓိက အကျိုးဖြစ်စေတဲ့ အချက်လေးတွေကို တစ်စုတစ်စည်းထဲပြန်လည်ပြုလုပ်ပေးလိုက်တာပါ။ အစားအသောက်ဆိုတာ နေ့စဉ် သင့်ကျန်းမာရေးအတွက် ဆေးတစ်လက်ပါ။  ကျန်းမာဖို့ရာအတွက် တစ်နေ့ သုံးကြိမ်စားလေ့ရှိတဲ့ အစားအသောက်ထဲမှာ ဘယ်လို အာဟာရကို များများ ထည့်စားသင့်ပြီး ဘယ်လိုအစား အသောက်တွေကို လျှော့စားသင့်တယ်၊ ရှောင်သင့်တယ်ဆိုတာ သိစေဖို့ အတွက် အောက်ပါအချက်လေးတွေ ဗဟုသုတ အဖြစ်သိထားကြရင်ဖြင့်။ (၁) ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ တစ်နေ့တာမှာ မပါမဖြစ် ထည့်စားသင့်တဲ့အရာက ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ ဖြစ်ပါတယ်။ ဥပမာ အားဖြင့် တစ်နေ့ကို ထမင်းသုံးကြိမ်စားရင် သုံးကြိမ်စလုံးမှာ ဟင်းသီးဟင်းရွက် […]


ခင္ခNovember 15, 20121min037
ပိန်သောသူများ အတွက်ရည်ရွယ်၍ လူရယ်လို့ ဖြစ်လာရင် တစ်ချို့ကပိန်သည်၊ တစ်ချို့က ဝ သည်ဟူ ၍ ကွဲပြားလာကြပါသည်။ ထိုသို့ကွဲပြား သလို လူတွေရဲ ့စိတ်ထဲမှာလဲ  ကွဲပြားသောခံစားချက်များ ကိုယ်စီ ရှိနေကြပါသည်။ ပိန်တဲ့သူက ဝချင်သည် ဝတဲ့သူကပိန်ချင်သည်။ အခု ပိန်တဲ့သူရဲ ့ ဝ ချင်တဲ့ စိတ်အဟာရ ပြည့်သွားအောင် မြန်မာ့တိုင်းရင်း ဆေးပညာ နဲ ့ လေ့လာ ဓါတ်စာ စားကြည့်ရအောင်၊ လူရယ် လို ့ ဖြစ်လာရင် လူတစ်ယောက်မှာ ဓါတ်ကြီး လေးပါးနဲ ့တည်ဆောက်ထားကြတယ်လို ့ ဆိုပါသည်။ ဓါတ်ကြီးလေးပါး ဆိုသည်မှာ အရပ်သုံးစကား ဖြစ်ပါသည်။မြန်မာ့တိုင်းရင်းဆေးပညာမှာတော့ ဓါတ်ကြီး  ငါးပါးဖြစ်ပါသည်။ အရပ်ထဲက ဓါတ်ကြီးလေးပါးမှာ ပထဝီဓါတ်၊ အာပေါဓါတ်၊ တေဇောဓါတ်၊ […]


မောင်ဆန်းNovember 14, 20123min040
  ဒီရက်ထဲ ဘန်ကောက်ကို အလုပ်ကိစ္စကြောင့် ခဏ ရောက်နေရပါတယ် အပြင်သွားရင်း နဲ့ နေ့တိုင်း ချက်တူချက်ပန်းခြံ (Chatuchak Park) ကို ဖြတ်သွား ဖြစ်နေတယ် ပန်းခြံလေးက ရှည်မျောမျော ၊ ရေကန်လေးတွေ တံတားလေးတွေ လမ်းလေးတွေက သပ်သပ်ရပ်ရပ် ပန်းပင်လေးတွေ သစ်ပင်လေးတွေကလဲ လှလှ ပပ နဲ့ မို့ လျှောက်နေရတာကို မောမှန်း မသိတော့ပဲ ပတ်ဝန်းကျင်မှာ နစ်မြောသွားမိတာပဲ…   ပန်းခြံထဲမှာ လမ်းလေးတွေကို ကတ္တရာခင်းထားတယ် ၊ သစ်ပင်လေးတွေက ညှိုးနွမ်းနေတာ မရှိပဲ စိမ်းလန်းစိုပြေ နေတယ်… တွေ့နေကျ မြင်ကွင်းတွေက လူကြီး လူငယ်တွေ ကျန်းမာရေးအတွက် လမ်းလျောက်ကြတယ် အနှေးပြေးကြတယ် အဘွားကြီးတွေ ကက်ဆက်ဖွင့်ပြီး လေ့ကျင့်ခန်းလုပ်တယ် တစ်ခါတစ်လေ ကတောင် […]


weiweiNovember 14, 20121min019
ဆနွင်းမကင်းလို့ဆိုလိုက်တာနဲ့ သိပ်ခက်မှာပဲ .. ပင်ပန်းမှာပဲလို့ပဲ ထင်ကြပါတယ်။ မြန်မာအလှူပွဲတွေမှာ ရိုးရာမုန့်တစ်မျိုးအနေနဲ့ မပါမဖြစ်တဲ့ မုန့်တစ်မျိုးဖြစ်ပါတယ်။ အိမ်မှာ ဒီအတိုင်း မုန့်လုပ်စားတဲ့ သွားရေစာအနေနဲ့ လုပ်စားလေ့မရှိကြဘူး။ သိပ်ခက်တယ်လို့ ထင်ကြတာကြောင့်လဲ ဖြစ်ပါလိမ့်မယ်။ ကျွန်မကတော့ အလွယ်ဆုံးနည်းလမ်းသုံးပြီး အိမ်မှာ လုပ်စားလေ့ရှိပါတယ်။ ဒီတစ်ခါ လုပ်နည်းရေးရင်း အမြည်းကျွေးလိုက်ပါတယ်။ ပါဝင်သောပစ္စည်းများ ရွှေကြည်မှုန့် …… ၂ဝ ကျပ်သား သကြား …… ၂ဝ ကျပ်သား အုန်းသီးရည်နှင့်ရေအရော စုစုပေါင်း ၇၅ဝ မီလီလီတာ (၃ ခွက်စာ) ဆီ ……. ၅ ကျပ်သားခန့် ထောပတ် ……. ထမင်းစားဇွန်း ၃ ဇွန်း ဆား ……. လက်ဖက်ရည်ဇွန်း ၃ ဇွန်း ဒူးရင်းသီး …… […]


ခင္ခNovember 14, 20121min029
မမဗိုက်များ အတွက်ပါ။ အခုရေးသားမျှဝေမယ့်အကြောင်းအရာများသည် ဖတ်ဖူးခဲ့တဲ့ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ မြင့်မောင်မောင် နှင့် ဆွေးနွေးမှု့များ၊ မေးမြန်းဖြေကြားမှု့များ ပြုလုပ်သည့်အကြောင်း အရာကို အခြေခံ၍ ထုတ်ဝေထားသော ဆေးပညာစာအုပ်များမှ ကောက်နုတ်တင်ပြပေးခြင်းဖြစ်ပါသည်။ ကိုယ်ဝင်ဆောင်မိခင်များ ဘယ်အချိန် ဗိုက်အပ်သင့်လဲ အများအားဖြင့် ဗိုက် (၇)လ ကျော်မှာအပ်ကြပါတယ်၊ အဲဒါနဲ့ပက်သက်ပြီး နည်းနည်းဆွေးနွေးပြောမယ် ပထမ ဆုံး သွေးစထိမ်သွားပြီ ရက်ကျော်သွားပြီဆိုတာနဲ့ မိခင်မှာ စိတ်လှုပ်ရှားမှု့၊ ဝမ်းသာမှု့၊ စိုးရိမ်မှုတွေ အများ ကြီး တစ်ပြိုင်တည်းပေါ်လာတယ်၊ နောက်ပြီး မူးတယ်၊ အနည်းငယ်ပျို့ချင်တယ်၊ တစ်ချို့ အမျိုးသမီး တွေ ဒီလိုဖြစ် တာ အရမ်းဆိုးတယ်၊ အော့တယ်၊ အန်တယ်၊ အစာလုံးဝလက်မခံဘူး၊တစ်ချို့ကျတော့ အဖတ်လက်မခံဘူး၊ ကိုယ်ဝန်စရှိပြီး ရက်ပိုင်း သို့မဟုတ် တစ်ပတ်၊နှစ်ပတ်၊ […]


ခင္ခNovember 12, 20121min033
ခရမ်းချဉ်သီးအသုံးဝင်ပုံ   ခရမ်းချဉ်သီးမှာ ဗီတာမင်စီ၊ အမျှင်ဓာတ်၊ ဖောလိတ်ဓာတ်၊ ဗီတာမင်ဘီနဲ့ ပိုတက်စီယမ် သတ္တုဓာတ်တွေ ပါရှိပါတယ်။ ဒီလို အာဟာရဓာတ်တွေ ပါရှိတဲ့အပြင် လူကိုလည်း မဝစေပါဘူး။ ခရမ်းချဉ်သီး တစ်လုံး မှာ ကယ်လိုရီ ၇၂ ကီလိုဂျူးလောက်သာ ပါရှိတာကြောင့်ပါ။ Antioxidant ပါရှိမှု   ခရမ်းချဉ်သီးမှာ Lycopene လို့ခေါ်တဲ့ ရောဂါ တိုက်ဖျက်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) ပါရှိပြီး ကင်ဆာရောဂါကို ကာကွယ် ပေးနိုင်တယ်လို့ ဆိုပါတယ်။ Lycopene ဓာတ်က ခရမ်းချဉ်သီးကို အနီရောင် ဖြစ်စေတဲ့ ဓာတ်ပါ။ ခရမ်းချဉ်သီး အရောင်ရင့်လေ Lycopene ဓာတ်များလေပါပဲ။ ရောဂါတိုက်ဖျက်မှု ဆီးအိတ်ကင်ဆာ လေ့လာချက်တွေအရ ခရမ်းချဉ်သီးကနေ Lycopene ဓာတ် အများဆုံး ရရှိတဲ့ […]


ေမာင္ရိုးNovember 11, 20121min032
မကြာသေးမှီကပဲ ခရီးတစ်ခုထွက်ဖြစ်ပါတယ် ။ အလုပ်ကိစ္စနဲ့ နယ်ဘက်ကို ဆိုပါတော့ ။ သွားရင်း လာရင်း တွေ ့ကြုံခဲ့တာတွေရယ် တွေးမိတဲ့ အတွေးတွေရယ် ပြန်ပြောင်းအောက်မေ ့သတိယတာတွေရယ် ကို နဲနဲ လောက်တော ့ မောင်းထု ပါရစေ …….။ ကျနော် အခုပြောမဲ့အကြောင်းအရာတွေ ၊ ဖြစ်ရပ်တွေဟာ မြို ့ပေါ်နေ ပညာတတ် လူတတ်တန်းစားနဲ့ အထက် လူတွေနဲ့တော့ သိပ်ပြီးမသက်ဆိုင်လှပါဘူး ။ သို့သော် လည်း …….မြန်မာပြည်ရဲ ့ ဆင်းရဲသားအောက်ခြေ လူတန်းစား များစွာနဲ့တော့ အထူးသက်ဆိုင်လှပါတယ် ……။ ရန်ကုန်မြို ့ဧရိယာ မှာ (၇)သန်း ခန် ့နေထိုင် ကြတယ်လို့ ကြားဖူးပါတယ် ။ အတိအကျတော့ မဟုတ်ဘူးးပေါ ့ […]


Ma EiNovember 8, 20122min030
သီတင်းကျွတ်မှာစားစရာ… သီတင်းကျွတ်မှာ ကန်တော့ဘို့ရာရှိလို့ Trader Hotel က ဒေါ်လှ 25 တန် Cherry,  Chocolate Cake တစ်လုံးဝယ်လိုက်ပါတယ်… လှလဲလှ ရနံ့လေးကလဲ စားပစ်ချင်လောက်အောင်ကို် မွှေးနေတာ…အဲ့ဒါ MG က ရွာသူား တွေကို သတိရတာနဲ့ ဘဲ… Cherry  Cake  အပြင် ကိုယ်တိုင်လုပ်ထားတဲ့ အုန်းသီး နို့မလိုင် ပေါင်မုန့်လေး လဲ တင်လိုက်မယ်နော်… ဌာပနာရန် အတွက် အုန်းယို၊ပဲ၊ နာနတ်ယို၊ ဒူးရင်းယို စသည်ဖြင့် အမျိုးမျိုး  ထည့်နိုင်ပါတယ်… ထည့်သွင်းတဲ့ ဌာပနာ အလိုက် အမည်အမျိုးမျိုးခေါ်လို့ရတဲ့ ပေါင်မုန့်ကလေးတွေ ဖြစ်သွားမှာပါ… အုန်းသီးပေါင်မုန့်၊ ပဲပေါင်မုန့် စသည်ဖြင့်ပေါ့… အခု ပေါင်မုန့်ကတော့ အုန်းသီးနဲ့ နို့မလိုင် ယိုလေး မွန်ကစ်တို့ […]


moemakhaNovember 7, 20121min017
ပြုလိုက်ပါတဲ့ကုသိုလ် ရလိုက်ပါတဲ့ရောဂါ ကျနော်တို့အညာက မြို့တော်မှာပေါ့ဗျာ . ဝါတွင်းဥပုဗ်နေ့ညနေတိုင်း  ဥပုဗ်ညည်ေတွေကို ရည်စူးပြီးတော့ စတုဒိသာ ဖျော်ရည်တိုက်ပါတယ်. ဒါပေမဲ့ တကယ်လာကြတာက အရွယ်စုံ လူစုံ အရောင်အသွေးစုံလာကြပါတယ်. ကျနော်တွေးနေတာက တိုက်ဖို့ခွက်တွေက တယောက်ပြီးတယောက် လက်ဆင့်ကမ်းသောက်နေကြတာကိုပါ ဘယ်သူက ဘာရောဂါရှိမှန်းမသိ ပေါ့ပေါ့ဆဆ အပျော်လာသောက်နေကြတဲ့လူတွေကလဲ အများကြီး အချိန်နဲ့နေရာကလဲ ညနေဆိုတော့ စည်ကားနေတဲ့အချိန် လမ်းပေါ်မှာလဲ တိုက်မိခိုက်မိ သွားလာသူတွေလဲ အနှောက်အယှက်ဖြစ်ရတယ်။ အလှူခံရင်း စီစဉ်ကြေငြာနေသူကလဲ တကယ့် နားမချမ်းသာစရာ ကိုမိုက်ခဲ ၊ သူတယောက်ထဲ ယဉ်ထိမ်းလုပ်လိုက် ဂေါပကလုပ်လိုက်၊ “ဆိုင်ကယ်တွေ ဖြေးဖြေးစီးကြပါ ၊ ပါဆယ်တွေ မထုပ်ကြပါနဲ့ ၊ ဦးဘယ်သူက ဘယ်လို့လှူသွားပါတယ်၊” စုံလို့ စုံလို့ ကုသိုလ်ပြုတာတော့ သာဓုခေါ်ချင်ပါတယ်၊ ဒါပေမဲ့ ဖျော်ရည်တိုက်လို့ အဟာရဖြစ်လာမှ […]


NovyNovember 6, 20121min040
ပန်းသီးပုံးလိုက်ဝယ်မယ်ဆိုရင် သတိထားဖို့နဲ့ သိထားစရာလေးတွေကို ကိုယ်တွေခံခဲ့ရလို့ ရွာသူားတွေကိုလည်း နိုဗွီလို မအေး၂ခါမနားရလေအောင် ပြန်လည်ဝေမျှလိုက်ပါတယ် ကန်တော့ရမဲ့လူကြီးတွေများလွန်းလို့ ပန်းသီးနဲ့ ပန်းသစ်တော် ပုံးလိုက်ဝယ်မှအစဉ်ပြေမယ် ဒါကြောင့်မို့   ပြီခဲ့တဲ့ စနေနေ့ညနေက သီရိမင်္ဂလာဈေးကို ရောက်ခဲ့တယ်ပေါ့ အရင်တုံးကလည်း ၁နှစ်ကို ၂ခေါက်လောက်တော့ ပုံးလိုက်ဝယ်ဖြစ်ပါတယ် အခုလို အဖြစ်မျိုး မကြုံဘူးပါဘူး ပန်းသစ်တော်ဝယ်တာဘာပြဿနာမှ မရှိပေးမဲ့ ပန်းသီးဝယ်တာမှာတော့ ခံလိုက်ရပါတယ် ပန်းသီး ၁ပုံးကို ၂သောင်း ပေးရပါတယ် အကန့်၄ကန့်ပါတယ် တစ်ကန့်မှာ ၁၅လုံးပါ အပေါ်ကန့်ကို ဖွင့်ပြတယ် အပြည့်ပါတယ် အောက်မှာလဲဒီအတိုင်းပဲလို့ပြောတယ် ကိုယ်လည်းအောက်ကို မဖွင့်ခိုင်းမိလိုက်ဘူး အိမ်ရောက်တော့ ပုံးကိုဖွင့်ပြီးကတော့ဖို့အတွက် အလုံးတွေကို ထုတ်တော့မှ ဒုတိယ အကန့်မှာ ၆လုံးရော့နေတယ် စိတ်တော့တိုသွားတယ် ပြီးတော့မှ ဒီလောက်နဲ့တော့ ကိုယ်လည်းမွဲမသွားပါဘူးလေးဆိုပြီး စိတ်ကိုဖြေလိုက်တယ် ပြီးတော့တတိယအကန့်ကိုဖွင့်ချိန်မှာတော့ ဒေါသကငယ်ထိပ်ရောက်သွားတယ် […]


ခင္ခNovember 5, 20121min022
စားစရာထဲက အဆိပ်သင့်ဓါတုပစ္စည်းများ မြန်မာနိုင်ငံသားတွေအတွက် အစားအသောက်တွေကနေ တဆင့်ကြုံတွေ့ရနိုင်တဲ့ ဓာတုအဆိပ်သင့် နိုင်ချေ တွေအကြောင်း ကိုမျှဝေရေးပါရစေ။ အလွန်အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေကို လူတွေအတွက် အဆိပ်သင့်စေမှန်းမသိကြဘဲ မြန်မာနိုင်ငံထဲက စားသောက်ကုန်လုပ်ငန်း တွေမှာ တွင်တွင်ကျယ်ကျယ် သုံးနေတာတွေ့ရပါတယ်။ ဒီအထဲမှာ အဓိက သုံးနေ တာက အစားအသောက်ကို တာရှည်ခံအောင် လုပ်တဲ့ နေရာမှာ သုံးနေတာလို့ ဓာတုဗေဒ ပညာရှင် ဒေါက်တာ ခင်မောင်ညိုက ပြောပါတယ်။ အဓိက ဒီမှာ သုံးနေကြတာက အစားအသောက်ကို တာရှည်ခံအောင်လုပ်တဲ့ ပစ္စည်းတွေပေါ့။ ဥပမာ ဝက်အူ ချောင်းမှာ ဆိုရင် ယမ်းစိမ်း ထည့်မယ်၊ မုန့်ဟင်းခါးမှာ ဆိုရင် ဘိုရက်စ် လို့ခေါ်တဲ့ လက်ချားတွေထည့်မယ်ပေါ့။ မုန့်ဟင်းခါးမှာ ၂ မျိုး ရှိတယ်။ ရှယ်နဲ့ရိုးရိုးနဲ့ပေါ့။ ရှယ်ဆိုရင်တော့ […]