ခင္ခJanuary 9, 20131min035
ရှက်တတ်သူများ ဖတ်စေဖို့။   ရှက်တတ်သူတွေလို့ဆိုရင် အမျိုးသမီးတွေ အများဆုံးဖြစ်မယ်ထင်ပါတယ်၊ သူတို့ဘာကိုရှက်တတ်တာလဲ ဆိုတာလေ့လာကြည့်ရင် အမျိုးသမီးတိုင်းလိုလို လှချင်ကြပါတယ်၊ လှချင်ပေမယ့် မျက်နှာဝန်းကျင် ဆံပင် နဲ့ အသားအရည်တွေ ပျက်စီးလို့ အလှပျက်ရင်ဘဲ ရှက်တတ်ကြတာတွေတွေ့ဖူးတယ်၊ သွားလေးတွေဝါနေလို့ ရယ်ချင်ရင် ပါးစပ် လေးကို ပဝါလေးကာရယ်ရတာတို့၊ မျက်နှာမှာ အမဲစက်လေးတွေ ပေါက်လာလို့ စိတ်ညစ် နေတာတို့ မျက်နှာ လေးချောမွတ်နေချင်တာတို့ စတဲ့ မလှမှာစိုးကာ ရှက်တတ်သူ အမျိုးသမီးများ အရှက်မရ အလှရဖို့ တစ်ချို့ အချက်လေးတွေ ဗဟုသုတအဖြစ် စုစည်းမျှဝေပေးလိုက်တာပါ။ သွားဖြူစင်နည်း သွားများဖြူဝင်းစေဖို့ သီးမွှေး ဌက်ပျောသီးလေးက စွမ်းဆောင်ပေးမှာပါ။ – သီးမွှေးဌက်ပျောသီးလေး တစ်လုံးကို အခွံနွှာလိုက်ပါ – အသားကိုတော့ စားလိုက်ပေ့ါနော်။ – အခွံကို မပစ်လိုက်ပါနှင့် […]


Wai Yan LattJanuary 9, 20131min06
““ဆရာမနက်တိုင်း မနက်တိုင်း လမ်း လျှောက်တယ်မို့လား”” ““ဟုတ်ကဲ့ ကျွန်တော်မနက်တိုင်း ကျန်းမာရေးအတွက် လမ်းလျှောက်ပါ တယ်။”” ““ဆရာ့ကို ကျွန်တော်မနက်တိုင်း တွေ့တွေ့နေရလို့ပါ။ လမ်းလျှောက်ရင် ကားတွေကို သတိတော့ထားပါ ဆရာ ရယ်။ လွန်ခဲ့တဲ့ (၃-၄)ရက်လောက်က လှည်းတန်းဈေးထဲက ကုန်စုံရောင်းတဲ့လူ ငယ်လေးတစ်ယောက်လမ်းလျှောက်နေ တုန်း ကားတစ်စီးကဝင်တိုက်သွားတာ ပွဲ ချင်းပြီးပဲတဲ့ တရားခံကားကိုလည်း မသိ လိုက်ဘူး။ တိုက်တဲ့ကားကမောင်းပြေး သွားတယ်လို့တော့ ပြောနေကြတာပဲ ဆရာ””တဲ့။ ““ဟုတ်ကဲ့ ကျွန်တော်သတိထားပါ့ မယ် ကျေးဇူးတင်ပါတယ်ခင်ဗျာ”” နေ့စဉ်လမ်းလျှောက်ရင်းတွေ့နေကျ မျက်မှန်းတန်းမိသူတစ်ဦးက စေတနာဖြင့်ပြောလာခြင်းဖြစ်သည်မှာ ခံစားမိသည်။ ရန်ကုန်မြို့တွင်ကားအမျိုးမျိုး စည်း မဲ့ကမ်းမဲ့မောင်းနှင်နေသည်ကို သတင်းရင်းမြစ်အသီးသီးကတဆင့်ပြည်သူများ သိပြီး ဖြစ်ပါလိမ့်မည်။ထို့အတူ နယ်မြို့များတွင်လည်း ကား၊သုံးဘီးဆိုင်ကယ်၊ရိုးရိုးဆိုင် ကယ်များ စည်းမဲ့ကမ်းမဲ့ မောင်းနှင်မှုများ ကြောင့် လူအသေအပျောက်ရှိသော သတင်းများကိုလည်း […]


ခင္ခJanuary 8, 20131min071
“ ရှက်တတ်သူများ မဖတ်ပါနဲ့ ´´   အိမ်ထောင်သည်တွေနဲ့ ချစ်သူစုံတွဲတွေ အတွက် အနမ်းသည် ကျန်းမာရေးတွင် အထောက်အကူ ဘယ်လိုပြုစေ သလဲ အဆိုတွေလား အကောင်းတွေလား ဗဟုသုတအဖြစ်သိထားရအောင် ဖတ်ဖူးခဲ့တာလေးကို ပြန်လည်ရှာ ဖွေပြီးမျှဝေပေးလိုက်တာပါ။ အဲဒါကတော့ – “ အနမ်းနဲ့ ကျန်းမာရေး ´´တဲ့ ခင်ဗျ။ သင့်မှာ ချစ်သူ ရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူး ပါသလား။ ပြီးတော့ ချစ်သူကို နမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူ ပြုတယ်ဆိုတာ ကိုရော သိပါသလား။ ကဲ … စိတ်ဝင်စား တယ်ဆိုရင် အောက်မှာ ရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်း ဘယ်ပုံ ဆက်စပ်နေတယ် ဆိုတာကို ဆက်ပြီး […]


ဇီဇီJanuary 7, 20131min033
  ဒီ တစ်ပတ်တော့ ကြက်သားပဲရည်သုပ်လေး စားကြမလား။ ဒီနည်းက သူငယ်ချင်းမလေး တစ်ယောက်ဆီက ရတဲ့ နည်း။ နည်းနည်း လွယ်သလိုရှိပြီး စားကောင်းလို့ မှတ်ထားတာ။ ဒီက ကြက်သားတွေက စားလို့မကောင်းဘူး။ အရသာမရှိဘူးပဲ ပြောရမယ်။ အဲ့ဒီလို ကြက်သားမျိုးကို အရသာရှိအောင်လုပ်နိုင်တဲ့ နည်းဆိုတော့ မဆိုးပါဘူးလေ နော့။ – ကြက်အကောင် သေးသေးတစ်ကောင်ကို နှုတ်သီး၊ ခြေသည်းစတာတွေဖြတ်ပြီး ဆား၊ နနွင်း၊ ငံပြာရည် နဲ့ အကောင်လိုက်ကို နှံ့အောင်နယ်ထားလိုက်။ – ကြိုက်တတ်ရင် ကြက်ရိုးအပိုတောင်းလာတာတို့၊ ကြက်မြစ်ကြက်သည်းတို့ရှိရင် ထည့်လိုက်ပါဦး။ အရသာနယ်ထားဖို့တော့ မမေ့နဲ့ ပေါ့ နော့။ တစ်ကောင်လုံး ကုန်တဲ့ လူအင်အားမရှိရင်တော့ ခုတ်ပြီးသား အသားကို သုံးပေါ့လေ။ – ပြီးရင် အိုး အနေတော်နဲ့ […]


koaungJanuary 3, 20131min020
၂၀၁၃  နှစ်သစ်မှာ  ရွှင်လန်းချမ်းမြည့်ကြပါစေ အစားအစာသည် လူ၏အဓိကလိုအပ်သော  မဖြစ်မနေစားသုံးရသည့်  အရာဖြစ်ပေ၏  သို့သော် အစားအစာတိုင်း  ကျန်းမာမှူကိုဖြည့်စည်းနိုင်ခြင်း မရှိပေ  သို့ပါ၍  အစာလည်းဆေး ဆေးလည်းအစာ ဖြစ်လျှင်ပို၍သင့်မြတ်သည်ဖြစ်ရာ   စားသောက်ရာတွင် ဘာကိုစားသင့်သလည်း  ဘယ်လိုစားရမလည်း  ဘယ်မျှစားသင့်သလည်း  စတာတွေကို မစားခင်ဆင်ခြင်နိုင်မှသာလျှင် စားသောအစာသည်  ဆေးဘက်ဝင်၏  မဆင်မခြင်စားသောက်ပါ က  စားသမျှအစာသည်  မလိုအပ်သော အရာများအဖြစ်ပြောင်းလဲ၍  အဆိပ်များအဖြစ်ရပ်တည်၍  အထွေထွေရောဂါဘယ များကိုဖြစ်ပွါးစေ၏ ထို့ပါ၍  နေ့စဉ်စားသမျှ အစာများအလွယ်တကူကြေညက်စေရန်  အသီးအနှံများစားခြင်း ရေများ များသောက်ခြင်းဖြင့် ချေဖျက်နိုင်ပါ၏ ယခုကျနော် မျှဝေချင် တာကတော့   တန်ဘိုးမကြီး အလွယ်တကူသုံးဆောင်နိုင်ပြီး  ကိုယ်တွင်းမှာမလိုအပ်တဲ့  အဆီဓတ်နဲ့ကဆီဓတ် များကို  နည်းစေမဲ့  ဖျော်ရည်သောက်နည်းဘဲဖြစ်ပါတယ် (၁)    ရေ၅၀ဝစီစီ (၂)    ပန်းသီး ကြီးလျှင်  တစိတ်  /   […]


ခင္ခJanuary 1, 20131min028
ဘုန်းကြီးပါစေ ကျန်းမာပြီး သက်ရှည်ပါစေ   လူကြီးသူမတွေကို သွားရောက်ကန်တော့သောအခါ ပေးလေ့ရှိကြတဲ့ ဆုလေးတစ်ခုက “ ဘုန်းကြီးပါစေ သက်ရှည်ပါစေ ´´ လို့ ကြားဖူးကြမှာပါ။ ယခုခေတ်သစ်မှာ အနေအထိုင် အသွားအလာ အဓိက အစား အသောက် ပုံစံတွေပြောင်းလာကြတယ်၊ ပြုပြင်စီမံထားတဲ့အစာတွေ အလွယ်တကူစားသောက်လို့ရတဲ့ အသင့် စားရယ်ဒီမိတ်တွေ စီပွားရေးဆန်စွာ ပြုလုပ်ထားတဲ့ မသန့်တဲ့ဆီတွေ ဒါတွေကြောင့် ဘုန်းကြီးရုံ သက်ရှည်ရုံနဲ့ ဆုတောင်းပြည့်ဖို့ထက် ဘုန်းကြီးပါစေ သက်ရှည်ပါစေ ဆိုတဲ့ဆုပေးတဲ့နေရာမှာ “ ဘုန်းကြီးပါစေ ကျန်းမာပြီး သက်ရှည်ပါစေ ´´လို့ ကျန်းမာစေဖို့ပါ ဆုတောင်းပေးရ လိမ့်မယ်လို့ တွေးမိပါတယ်။ ဆရာဝန်တစ်ချို့နဲ့ စကားပြောဆွေနွေးမှု့အရရယ် ဖတ်ဖူးတဲ့စာပေတွေအရရယ် သက်ရှည်ကျန်းမာဖို့အတွက် အဓိကကျတဲ့ အချက် သုံးချက်ရှိပါတယ်။ ၁။ မျိုးဗီဇ ၂။ အစားအသောက် […]


သမ္မတကြီး ၂၆.၁၂.၂၀၁၂ ရက်နေ့က ပြောသွားတဲ့ မိန့်ခွန်းထဲက ဟောဒီ အချက်ကလေးက ကျနော် ရေးမယ်ရေးမယ်နဲ့ အကောင်အထည်မပေါ်ခဲ့တဲ့ အကြောင်းအရာတစ်ခုကို တွန်းအားပေးလာတယ်..။ အဘစိန်က ဒီလိုပြောလာတယ်.. နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ အကောင်အထည်ဖော်စဉ် တစ်ချိန်တည်းမှာပဲ၊ ပြည်သူတွေရဲ့ စားဝတ်နေရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ ပြည်သူ့ဘဝလုံခြုံမှုနဲ့ လူမှုစီးပွားရေး တိုးတက်မှုတို့အတွက် ပြည်သူဗဟိုပြု လူမှုစီးပွားရေး ပြုပြင်ပြောင်းလဲမှုကို ပြုပြင်ပြောင်းလဲရေး ဒုတိယအဆင့်အဖြစ် ဆောင်ရွက်ရန် မူဝါဒ ချမှတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဟုတ်ပေ၏။ သမ္မတကြီးက နိုင်ငံအများအံ့ဩရတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းကြီးကို ဦးဆောင်ပြီး လုပ်ပြနေပါတယ်။ လိုအပ်တဲ့ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေကို ခေတ်နဲ့ဆီလျှော်ပြီး၊ ပြည်သူများ လက်တွေ့လုပ်ကိုင်နိုင်မယ့် အခြေအနေတွေနဲ့ ကိုက်ညီအောင် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပ ပညာရှင်များ၊  ပြည်သူများအပါအဝင်  သဘောထား […]


ဇီဇီDecember 27, 20121min031
အမှန်တော့ ဒီပို့(စ) ကို ၂၅ ရက်နေ့ကတည်းက တင်မလို့ပဲ။ ထုံးစံအတိုင်း စာရေးရမှာ ပျင်းနေတာ။ ကြားရက်ပိတ်တဲ့ ရုံးပိတ်ရက်လေးမှာ စားချင်တဲ့ အစားအသောက်ကို အပျင်းနည်းနဲ့ လုပ်စားဖြစ်တာကို ရေးချင်လို့။ နည်းမှန်လမ်းမှန်တော့ မဟုတ်ဘူး။ အဲဒီတော့ နည်းမှန်လမ်းမှန် ချက်ပြုတ်တတ်သော ညီမလေးတို့ မမတို့ သည်းခံကြပါ။ ၂၅ရက်မနက်က အမှန် ဈေးဝယ်ရမဲ့နေ့။ မန်းလေးက ပါလာတဲ့ ရိက္ခာကလည်းကုန်ခါနီးမို့။ နိုးတဲ့အချိန် ဈေးမသွားချင်တဲ့အပြင် မန်းလေး ဂျုံ ခေါက်ဆွဲသုပ်လေးကလည်း စားချင်လာရော။ ဒီတော့ ကြံရဖန်ရပြီ။ နောက်ဆုံးလက်ကျန် ခေါက်ဆွဲခြောက်လေး ရေစိမ်ထားတုန်း ကြက်ဥလေးပြုတ်၊ ဝက်သားလေးပြုတ်ပြီး ပါးပါးလှီးထားလိုက်တယ်။ ဆီချက်က တော့ အလွယ်နည်းပဲ။ မန်းလေးက ဝယ်လာတဲ့ ကြက်သွန်ဖြူကြော်ကို ပန်းကန်လုံးထဲ ထည့်။ ဆီကို ၂မိနစ်လောက် မိုက်ခရိုဝေ့(ဖ) […]


ခင္ခDecember 26, 20121min023
ဆောင်းရာသီ လေအေးအေးမှာ ဆိုင်ကယ်စီးရင်ဖြင့်   ဒီနေ့မနက်စောစော ကိစ္စတစ်ခုရှိလို့ မန်းမြို့ထဲဆိုင်ကယ်နဲ့လာတော့ အလွန်အေးတဲ့ဆောင်းလေက ဆိုင်ကယ် မောင်းရင်းတိုးလေတော့ ချမ်းလေပေါ့ဗျာ။ ဒါနဲ့ဘဲ ဖတ်ဖူးတဲ့စာပေတွေထဲက အလွန်ချမ်းအေးတဲ့ ဆောင်းရာသီ မှာ ဆိုင်ကယ်မောင်းသူတွေအတွက် ကျန်းမာရေးဗဟုသုတ အသိလေးတွေ မျှဝေချင်စိတ်ဖြစ်မိတာနဲ့ ရေးဖြစ် တာပါ။ ဆောင်းတွင်းကာလှ အေးလှတဲ့အခါမှာ ဆိုင်ကယ်ကိုမောင်းနှင်ကြတဲ့သူတွေမှာ ဆိုင်ကယ်နဲ့လိုက်ဖက်သော လေတိုးလို့ အအေးဒါဏ်ကိုခံနိုင်ဖို့ ဘောင်းဘီတွေ အနွေးအကျင်္ ီတွေနဲ့ တစ်ချို့ဆိုရင် မျက်နှာ လည်ပင်းကို တောင်မှ အဝတ်များ မာဖလာများနဲ့ ပတ်ကာသွားကြတာပါ၊ ဆောင်းတွင်းမှာတော့ အအေးဒါဏ်ကြောင့်လား မသိ ဆိုင်ကယ်စီးဦးထုပ်ဆောင်းလာသူများလာတာတွေ့ပေမယ့် တစ်ချို့ကတော့ ဆိုင်ကယ်စီးဦးထုပ်မဆောင်း ဘဲ အနွေးထည်အကျင်္ ီမှ နောက်လှန်ချလို့ရတဲ့ ခေါင်းစွပ်ကို ဆောင်းကြတာတွေ့ရပါတယ်၊ အဲဒါကို ဦးထုပ် ဆောင်းရတာထက် စတိုင်လ်မိုက်သည်လို့ လူငယ်တစ်ယောက်ကဆိုပါတယ်။ […]


ခင္ခDecember 19, 20121min025
သက်သတ်လွတ်စားရင် ကျန်းမာရေးကောင်းနိုင်ပါသလား။ သက်သတ်လွတ်စားသူတွေဟာ အခွံမာသီး (Nuts)၊ ထမင်းကြော်၊ အာလူးကြော်နဲ့ အကြော်စုံတွေလို အဆီများ တဲ့ အစာစားတတ်ကြပါတယ် ။ ဟင်းအချို့မှာ ပါဝင်တဲ့ အုန်းဆီနဲ့ စားအုန်းဆီတွေဟာ ပြည့်ဝဆီတွေမြင့်မားစွာ ပါရှိပြီး သွေးတွင်း ကိုလက်စထရော အဆင့်ကို မြင့်တက် စေနိုင်ပါတယ်။ ဥအမျိုးမျိုးနဲ့ နွားနို့ကိုပါ စားသုံးတဲ့ သူတွေ Lactoovo vegetarians ဟာလည်း ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီတွေစားသုံးမိနေကြပါတယ်လို ။ တစ်ပတ်ကို ဥသုံးလုံးထက် ပို မစားသင့်ပါ။ မလိုင်အပြည့်ပါဝင်တဲ့ နွားနို့အစား အဆီမပါဝင်တဲ့ နွားနို့နဲ့ ဒိန်ချဉ်ကို စားသုံးသင့်တယ်လို့ ဆိုပါတယ်။ ကျန်းမာရေးအတွက် ပိုကောင်းတာ ဒါမှမဟုတ် ပိုဆိုးတာဖြစ်စေဖို့အတွက် အသားနဲ့ အရွက်တွေ နှစ်မျိုးစလုံး စားသုံးမယ့် အစား ဟင်းသီးဟင်းရွက်ပဲစားဖို့ […]


ムラカミDecember 18, 20127min027
    ၂။   အိပ်စက်ခြင်းဟာ သင့်အတွက် ထိပ်တန်းဦးစားပေးတော့ ဖြစ်ချင်မှဖြစ်မှာပေမယ့် လိုအပ်ရင် ပြုပြင်ပြောင်းလဲ သင့်ပါတယ်။ အိပ်ဆစက်ဖို့ ဘာကြောင့်လိုအပ်သလဲ ဆိုတာရဲ့ နောက်ကွယ်ကကိစ္စကိုတော့ ရှာဖွေဖော်ထုတ်ဆဲဖြစ်ပြီး စမ်းသပ်မှုတွေကတော့ အိပ်ချိန် နည်းတာဟာ မဖြစ်သင့်ဘူး လို့ ဆိုပါတယ်။ ညဘက်မှာ လုံလောက်စွာ အိပ်စက် အနားယူခြင်းကြောင့်ရတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေက အများအပြားရှိပါတယ်။ အိပ်ချိန်မလုံလောက်တာကြောင့်ဖြစ်ရတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဟာလည်း တပုံတခေါင်းပေါ့။   ၃။   ကျနော်တို့ အိပ်စက်မှုကို အမှန် တကယ်လိုအပ်ပါတယ်။ ၂၄နာရီလုံးလုံး အိပ်မထားတဲ့လူတယောက်ရဲ့ အခြေအနေဟာ သွေးထဲမှာ အရက် ဝ.၁% ရှိနေတဲ့ အခြေအနေနဲ့ အတူတူပါပဲတဲ့ .. (ဒါဟာ ဥပဒေအရ အရက်မူးနေတယ် ပြောနိုင်တဲ့ ပမာဏဖြစ်ပါတယ်)   […]


ခင္ခDecember 17, 20121min021
ဆီးချိုရောဂါပျောက်စေတဲ့ နည်းလမ်းလေးပါ။ ဆေးမသောက်ပဲ ပျောက်တယ်ရယ်လို့တော့ မဟုတ်ပါဘူး။ သို့ပေမယ့် ဒီ သဘာဝ နည်းလမ်းက ဆီးချိုရောဂါ ရှိသူများ အတွက် အလွယ်ကူဆုံးနဲ့ အကောင်းဆုံးထဲက ကုထုံးနည်း တစ်ခု ဖြစ်ပါတယ်။ ဆေးသာက်နေရာ သူများလည်း အသုံးပြုလို့ ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ရုံးပတီသီး လိုအပ် ပါတယ်။ ရုံးပတီသီး (Lady Finger) ၂ လုံး (၂တောင့်) ကို ထိပ်နှစ်ဖက် ဖြတ်၊ အလယ်မှာ ဓားနဲ့ အပေါက်/အဆင်း ဖောက်ပေးပြီး ရေဖြည့်ထားတဲ့ ဖန်ခွက်ကြီးထဲကို ညအိပ်ယာဝင်ခါနီးမှာ ရောစိမ်ထားရပါမယ်။ ဖုံးအုပ်ထား လို့လည်း လိုပါတယ်။ အိပ်ယာထလို့ မနက်စာ စားခါနီးမှာတော့ စိမ်ထားတဲ့ ရုံးပတီသီးကို ဖယ်လို့ သောက်နိုင် ပါပြီ။ ဒီမှာ […]


johnnydeerDecember 17, 20121min013
အကျိုးရှိတဲ့ စာလေးရေးလိုက်ပါဦးမယ်။ကလေးမွေးတော့မယ့် သူတွေအတွက် သိသင့်သိထိုက်တာလေးတွေပါ။ဆရာဝန်လဲ မဟုတ်ပါဘူး။တတ်လွန်းလို့လဲ မဟုတ်ပါဘူး။ကိုယ့်တုန်းကမသိခဲ့လို့ ဒုက္ခရောက်ခဲ့ရတာလေးတွေ မသိသေးတဲ့လူတွေအတွက် စေတနာလေးနဲ့ပါ။ လူတွေ တော်တော်များများ အသိမှားနေတာက ကလေးတစ်ယောက်မွေးပြီးပြီဆိုရင် မိခင်နို့က တန်းထွက်တယ်လို့ ယူဆကြပါတယ်။ရာနှုန်းတော်တော်များများ မထွက်ကြပါဘူး။မွေးပြီး ၃..၄ ရက်..တပတ်လောက်နေမှ ထွက်ကြတာပါ။အဲ့ဒါကြောင့် ကလေးမွေးတော့မယ်ဆိုရင် နို့မှုန့်ဘူး မဖြစ်မနေ ဝယ်ထားပါ။ကလေးမွေးမွေးပြီးပြီးချင်း စ ဖြစ်တာကတော့ ကလေးအသားဝါ ရောဂါ ပါပဲ။ဒီရောဂါနဲ့ ပတ်သက်ပြီးလဲ မသိတဲ့သူတော်တော်များပါတယ်။အယူအဆ မှားနေတဲ့သူတွေလဲ အများကြီးပါပဲ။အသားဝါဆိုတော့ ကူးတတ်တယ်။ဆေးရုံမှာ မွေးရင် ကူးတတ်တယ် ဆိုပြီး များသောအားဖြင့် အမှတ်မှားကြပါတယ်။ကလေးအသားဝါဆိုတာ လူကြီးအသားဝါနဲ့မတူပါဘူး။ကူးလဲ မကူးတတ်ပါဘူး။ကလေးတစ်ယောက်ဟာ ကိုးလ ဆယ်လနီးပါးမိခင်ရဲ့ ချက်ကြိုးကတဆင့် အစာအဟာရအတွက် မှီခိုခဲ့ရပါတယ်။မွေးပြီး ပြီဆိုတာနဲ့ မှီခိုနေတဲ့အဆင့် ကနေ အင်္ဂါအစိတ်အပိုင်းအားလုံးဟာ ကိုယ့်ဘာသာကို စ ရုန်းကန်ရတော့တာပါပဲ။ အဲ့ဒီမှာ အစာခြေအင်္ဂါတွေ […]