ဟိ.။ :mrgreenn: ခေါင်းစဉ်က ဘယ်သူပေးဖူးလဲတော့ မသိ။ ပြင်သင့်ရင်ပြင်ပေးမယ်။ ဆရာမင်းလူလည်း ရေးဖူးပါရဲ့။ လက်ဖက်ရည်ဆိုင်ထိုင်တာကို အပြစ်မပြောဖို့ ဝတ္ထုလို ဆောင်းပါးလိုမျိုးလေးးး။ ဖတ်ပြီး သဘောကျဖူးရဲ့။ အရင်ကတော့ နှိုင်းယှဉ်စရာ သိပ်မရှိလို့ လက်ဖက်ရည်ဆိုင်ထိုင်ရင် ကို ဝေလေလေမှတ်ပြီး အပြောခံရတာ….။ ခုများတော့ အရက် ဘီယာဆိုင်က ရှောင်မလွတ်တာနဲ့ပဲ လက်ဖက်ရည်ဆိုင်လေး ထိုင်တာကို မပြောသာတော့…..။ ကျနော့ အကျင့်က လည်း လက်ဖက်ရည်ကို ဆိုင်မှာ ထိုင်သောက်ရမှ….။ ထိုင်တာတောင် ခုံပုလေးတွေနဲ့မှ ထိုင်သောက်ချင်တာ……။ ပလက်ဖောင်း မညီမညာမှာ ခုံပုပု ခနော်နီ ခနော်နဲ့လေးတွေနဲ့ ထိုင် စကားပြော…။ လမ်းမှာ ဖြတ်သွားဖြတ်လာ ဟိုကြည့်ဒီကြည့်… လက်ဖက်ရည်ကုန်သွားရင် (အဲ ကျနော်က နောက်တစ်ခွက် ထပ်မှာတယ်၊ ဟိ) အဲဒီ […]
