ဆီးချိုရောဂါအန္တရာယ် ဉာဏ်ယှဉ်၍ ကာကွယ်မယ် (ဒေါက်တာဒေါ်ခင်နွယ်ဝင်း)

padonmarJune 1, 20141min027

21.3.2014 သောကြာနေ့ ဓမ္မဗျူဟာ
ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်း
ဒေါက်တာ ဒေါ်ခင်နွယ်ဝင်း (OG-USA)၏
ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဟောပြောပွဲ

ဆီးချိုရောဂါအန္တရာယ် ဉာဏ်ယှဉ်၍ ကာကွယ်မယ်

ဆီးချိုရောဂါသည် ယခုအခါ ကမာ္ဘပေါ်တွင် အဖြစ်များဆုံးရောဂါဖြစ်နေပါသည်။

အဖြစ်အများဆုံးတိုင်းပြည်မှာ တရုတ်ပြည် ဖြစ်ပါသည်။

ဆီးချိုရောဂါဖြစ်ရခြင်း အကြောင်းကို သေချာသိထားပြီးလျှင် ရောဂါဖြစ်ရသော အကြောင်းရင်းကို ဖယ်ရှားခြင်း ဖြင့်ရောဂါကို မဖြစ်အောင် ကာကွယ်နိုင်၍ ၊ရောဂါဖြစ်နေလျှင်လည်း ထိန်းထားနိုင်ပါသည်။

ဆီးချိုရောဂါဆိုသည်မှာ သွေးထဲတွင် သကြားဓာတ်သည် လိုအပ်သည်ထက်ပိုနေခြင်း ဖြစ်ပါသည်။

ဆေးပညာအရ Diabetes Mellitus ဟုခေါ်သည်။

ဆီးချိုရောဂါဖြစ်လျှင် နောက်ဆက်တွဲအဖြစ် သွေးတိုး ၊ လေဖြတ် ၊ ကင်ဆာ ၊ Cholesterol တက် ၊ (Dementia) သူငယ်ပြန် ၊ ကျောက်ကပ်ပျက် ၊ အသည်းအဆီဖုံး (Fatty Liver) စသော ရောဂါများ ဖြစ်နိုင်ပါသည်။

ဆီးချိုမျိုးရိုးရှိသည်ဆိုခြင်းမှာ မိမိကိုယ်ထဲတွင် ဆီးချို ဖြစ်နိုင်သော ခလုပ်လေး ၁ခုပါလာသကဲ့သို့ဖြစ်ပြီး ထိုခလုပ်ကို မနှိပ်မိအောင် ဆင်ခြင်လျှင် ဆီးချိုမဖြစ်နိုင်ပါ။

ဘယ်လောက်ဆို ဆီးချိုရောဂါလို့ခေါ်သလဲ

Fasting Blood Sugar (အနည်းဆုံး ၈ နာရီအစာဖြတ်ပြီး စစ်ခြင်း) မှာ 125mg/dL ထက်ပိုလျှင် ဆီးချိုရောဂါဟု သတ်မှတ်ပါသည်။ 100mg/dL မှ 125mg/dL ကြားဆိုလျှင် Prediabetes (ဆီးချိုမဖြစ်မီ အခြေအနေ) ဟုသတ်မှတ်ပြီး စောစောသိ ၊ မြန်မြန်ထိန်းပါက ဆီးချိုမဖြစ်အောင် ကာကွယ်နိုင်ပါသည်။

ဆီးချိုရောဂါဖြစ်လျှင် တွေ့ရတတ်သော လက္ခဏာများ

မောပန်းလွယ်ခြင်း၊ရေငတ်ခြင်း၊ဆီးအလွန်သွားခြင်း၊မကြာခဏဆာလောင်နေခြင်း၊ကိုယ်အလေးချိန်ကျခြင်း(အချို့တွင် ဝလာတတ်ပါသည်)မျက်စိမှုန်လာခြင်း၊စိတ်တိုလွယ်ခြင်း၊ရောဂါပိုးဝင်လွယ်ခြင်း၊အနာကျက်ခဲခြင်း စသည်တို့ဖြစ်ပါသည်။

ဆီးချိုအမျိုးအစား
Type 1 Diabetes = မွေးရာပါ (သို့) အသက်ငယ်ငယ်နှင့် ဖြစ်သည်။ ဆီးချိုရောဂါသည်၏ 5% ခန့်သာဖြစ်သည်။
Type 2 Diabetes = အသက်ကြီးမှ ဖြစ်သည်။ ကမာ္ဘပေါ်တွင် အများဆုံးဖြစ်သည်။

ဆီးချိုဘာကြောင့်ဖြစ်

၁။ အစားအသောက်
၂။ ဟော်မုန်းမညီမျှမှု တို့ကြောင့်ဖြစ်သည်။

၁။ အစားအသောက်
အချိုရည်ထုတ်လုပ်သော၊ အသင့်စားအစာ ထုတ်လုပ်သော ကုမ္ပဏီကြီးများက စားသုံးသူများကို စားချင်စိတ် ဖြစ်အောင် လှုံ့ဆော်ကြေညာနေကြပါသည်။ အချိုရည်သောက်လျှင် အရည်ဖြစ်သောကြောင့် သွေးထဲသို့ အချိုဓာတ် ချက်ချင်းရောက်သဖြင့် ခန္ဓာကိုယ်မှ Insulin ပိုထုတ်ပါသည်။ Insulin ဟော်မုန်းသည် ခန္ဓာကိုယ်ဆဲလ်တွင်းယောင်ကိုင်းမှု ဖြစ်စေပါသည်။
စိုက်ပျိုးရေးကုမ္ပဏီများမှလည်း ပိုးမွှားဒဏ်ခံနိုင်အောင် ပိုးသတ်ဆေးများကို၎င်း ၊ ပိုးဒဏ်/ပိုးသတ်ဆေးဒဏ်ခံနိုင်၍ အထွက်ကောင်းသော မျိုးဗီဇပြုပြင်ထားသည့် (Genetically Modified Foods) အပင်များ တီထွင်လာပါသည်။ (အထူးသဖြင့် ပြောင်းဖူး ၊ ပဲပုပ် ၊ Canola Oil Seed တို့တွင်ဖြစ်သည်။) ထိုအစာများမှာ ယခုထိ လူသားများအတွက် အန္တရာယ်ရှိကြောင်း မဖော်ထုတ် နိုင်သေးသော်လည်း တိရစာ္ဆန်များတွင် စမ်းသပ်ရာ အန္တရာယ်ရှိကြောင်း တွေ့ထားပါသည်။
ဆေးဝါးကုမ္ပဏီကြီးများမှလည်း ဆီးချိုဆေးများရောင်းကောင်းအောင် ထုတ်လုပ်နေကြပါသည်။ အချို့ဆီးချိုဆေးများ သည် နှလုံးရောဂါကို ဖြစ်စေနိုင်ပါသည်။

၂။ Hormone Imbalance ဟော်မုန်းမညီမျှမှု

ဆီးချိုရောဂါဖြစ်စေမှု၏ နောက်ခံအကြောင်းမှာ Hypothyriod (Thyroid hormone လျော့နည်းမှု)ကြောင့် ဖြစ်ကြောင်း ယနေ့ဆေးပညာက ဖော်ထုတ်တွေ့ရှိလာပါသည်။ ဤအချက်ကို လူသိနည်းနေသေးပါသည်။

Hypothyroid ဖြစ်ရခြင်းအကြောင်းမှာ
၁။ အိုင်အိုဒင်းစားသုံးမှုနည်းခြင်း
၂။ အိုင်အိုဒင်းကို ဖျက်သော Fluoride , Chlorine , Bromine များသုံးသောကြောင့် (ဥပမာ သောက်ရေ ၊ သွားတိုက်ဆေး ၊ Mouth Wash ၊ Cipro ဆေးများ (Fluoride) ပရိဘောဂ ၊ လိုက်ကာ ၊ ကော်ဇောတို့တွင် မီးမလောင်အောင် ထည့်ထားသော Fire Retardant များ (Bromine) နှင့် ဂေါ်ဖီပန်း ၊ ဂေါ်ဖီထုပ်အစိမ်းစားခြင်း)
၃။ Auto immume disease
၄။ ခန္ဓာကိုယ်ထဲတွင် T4 မှ T3 ပြောင်းပေးနိုင်သည့် Selenium ချို့တဲ့ခြင်း
၅။ စိတ်ဖိစီးမှု (Stress) ကြောင့် Cortisol ဟော်မုန်းတက်ခြင်း
၆။ အူထဲတွင် သဘာဝတိုင်းရှိနေသော ကောင်းသည့် ဘက်တီးရီးယားပိုးများ သေ၍ မကောင်းသောပိုးများပွားလာခြင်း

Hypothyroid တွင် အဖြစ်များသော လက္ခဏာများ
၁။ ဆံပင်ကျွတ်ခြင်း ၊ ထိပ်ပြောင်ခြင်း
၂။ လက်သည်းတွင်အစင်းထင်ခြင်း ၊ ညိုမဲခြင်း
၃။ မျက်ခုံးမွှေးပါးလာခြင်း
၄။ တချိန်လုံးချမ်းနေတတ်ခြင်း
၅။ နံနက်အိပ်ရာထတွင် နုံးချိနေခြင်း
၆။ မှန်ကန်စွာတွေးတောနိုင်မှုမရှိတော့ခြင်း
၇။ အသားများ ၊ အဆစ်များ နာနေခြင်း
၈။ ဝမ်းချူပ်ခြင်း
၉။ မျက်နှာဖောသွပ်သွပ်ဖြစ်ခြင်း
၁၀။ အခြားရောဂါမရှိပဲ ခြေကျင်းဝတ်များ ယောင်ခြင်း
၁၁။ ဗိုက်ပူလာခြင်း
၁၂။ ခန္ဓာကိုယ်အလေးချိန်တက်၍ ဝလာခြင်း
၁၃။ ခန္ဓာကိုယ်အပူချိန်ကျနေခြင်း(နံနက်အိပ်ရာထ သွားမတိုက်မီ ချိုင်းအောက်တွင် သာမိုမီတာတား၍ နေ့စဉ်တိုင်းကြည့် ပါက 97.8 ံ F ထက် အမြဲနည်းနေခြင်း
၁၄။ အရေပြားရောဂါများဖြစ်ခြင်း(ဝဲနှင်းခူ ၊ သမင်ဖြူ ၊ တင်းတိပ်)
၁၅။ နှလုံးခုန်မမှန်ခြင်း
၁၆။ ရောဂါပိုး မကြာခဏဝင်ခြင်း
၁၇။ သွေးတွင်း Cholesterol တက်ခြင်း

ဆီးချိုမဖြစ်အောင်/ထိန်းနိုင်အောင် ကာကွယ်ပေးနိုင်မည့်နည်းလမ်းများ

Public Level လူထုအဆင့်
– ကျန်းမာရေးဖောင်ဒေးရှင်းများ ဖွဲ့၍ ပြည်သူများသို့ ဗဟုသုတ ဖြန့်ပေးသင့်ပါသည်။
– အစိုးရတာဝန်ရှိသူများမှ ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက် ဆေးဝါးများကို Policy ဖြင့် ထိန်းချုပ်ပေးသင့်ပါသည်။

Personal Level တကိုယ်ရည်အဆင့်

၁။ ကျန်းမာရေးတွက်ကောင်းကျိုးမပေးသော အစာများကို မစားသင့်ပါ။ အစားအသောက်ကို စားသင့်သည်ကိုသာ ထိန်းချုပ်စားလျှင် ဆီးချိူဆေး / Insulin ဖြတ်နိုင်လာပါသည်။

၂။ အူထဲမှ ကောင်းသောပိုးများကို ဖြည့်ပေးရန် Probiotic 10-20 Billion ဆေး ကို နေ့စဉ်သောက်ပါ။ (အထူးသဖြင့် နေမကောင်းလျှင် သောက်ပါ။) ဒိန်ချဉ်သောက်လျှင်လည်းရသော်လည်း အစာအိမ်မှ အက်ဆစ်က ထိုပိုးများကို သတ်ပစ်သောကြောင့် Probiotic ဆေးလောက် မထိရောက်ပါ။

၃။ ရှောင်ရန်
– Gluten ဟုခေါ်သည့် အစေးဓာတ်တမျိုးပါသော အစာများ မစားပါနှင့်။(ရွှေကြည်မှုန့် ၊ ဂျုံခေါက်ဆွဲ ၊ ပေါင်မုန့်ညို ၊ ဘာလီဆန် ၊ Cereals ၊ ကြက်သားမှုန့် ၊ ကြက်သားအရသာရည်တို့တွင် Gluten ပါသည်။ ရှောင်ပါ။)
– (ဆန် ၊ အာတာလွတ်မှုန့် ၊ ပြောင်း ၊ အာလူး ၊ ဆပ်ဆန် ၊ ပဲပုပ် ၊ သာကူတို့တွင် Gluten မပါစားနိုင်သည်။)
– အချိုရည်ရှောင်ပါ။
– နွားနို့တွင်ပါသော ပရိုတင်းသည် ဓာတ်မတည့်သူများတွင် ခန္ဓာကိုယ်ဆဲလ်တွင်း ယောင်ကိုင်းခြင်း ဖြစ်စေသောကြောင့် ရှောင်ပါ။
– သကြားကို ဆီးချိုမရှိသူလည်းရှောင်ပါ။

စားနိုင်သောအစာများ

ဟင်းသီးဟင်းရွက်များများစားပါ။(ထမင်းစားပြီးလျှင် အရွက်စုံဖျော်ရည်သောက်ပေးခြင်းဖြင့် ထမင်းထဲမှ ပါသော သကြားဓာတ်ကို ဖြည်းဖြည်းချင်းသာ တက်စေပါသည်။)
– မြေပဲ ၊ သစ်ကြားသီးအဆံ ၊ နေကြာစေ့ ၊ ဖရုံစေ့များ စားနိုင်သည်။
– ပဲဆီ ၊ ပဲပုပ်ဆီ ၊ ဟင်းရွက်ဆီထက် အုန်းဆီသည် အပူပေးလျှင် ဓာတ်မပြောင်းသောကြောင့် ပိုသုံးသင့်သည်။
– အုန်းထမင်း ၊ အုန်းနို့ စားနိုင်ပါသည်။
– Low Fat အစာများစားရန် မလိုအပ်ပါ။
– ထောပတ်သီး သက်သက်သောက်ပါ။(နို့ဆီ + သကြားနှင့် ဖျော်မသောက်ရ။)
– ……………………………………………………………………………………………………………………………………………
Osteoporosis အရိုးပါးခြင်း အကြောင်း ဗဟုသုတရဖွယ်များ

– အများထင်သလို ကယ်လဆီယမ်နည်းသောကြောင့် မဟုတ်ပါ။
– ခန္ဓာကိုယ်တွင်း အက်ဆစ်ဓာတ်များနေသောကြောင့် ဖြစ်ပါသည်။ အသားများများ စားသူများတွင်ပို၍ ဖြစ်ပါသည်။
အရိုးပါးကာကွယ်ရန်
– လမ်းလျှောက်ပါ။
– အလေးဖြင့်လေ့ကျင့်ခန်းလုပ်ပါ။
– အရွက်စုံဖျော်ရည်သောက်ပါ။(Brocoli ပါအောင်ထည့်ပါ။)
– Magnesium သောက်ပါ။ ဆားခါးဖြင့် ရေချိုးပါ။
– Vit D3 သောက်ပါ။

27 comments

  • Shwe Poe

    June 1, 2014 at 2:14 am

    ကျေးဇူးများလိုက်တာဗျာ အခုမှပဲ သေချာ သိရ တော့တယ်
    တစ်ခုလောက် မေးချင် ပါတယ် ကျနော့် အရိုးအဆစ်တွေ က သိပ်မ ကောင်းဘူး
    လို ့ခံစားရတယ်ဗျ ဥပမာ မေးရိုးနဲ ့နားထင် အဆက်နားမှာ အစာစားတဲ့အခါ နောက်
    အာသန်းမိတဲ့အခါတွေမှာ အရိုးချင်းထောက်နေသလိုတစ်တစ်တောက်တောက် အသံ
    တွေကြားနေရတယ် ဗျာ လမ်းလျှောက် ရင် လည်း ဒူးဆစ်က ပျော့ခွေလဲ လဲကျဖူးတယ်
    လူရှေ့သူ ရှေ့ မှာ အဲ့လို လဲကျ ခဲ့လို ့အရှက်လည်းရဖူးပါတယ် အဲ့ဒါ အစားအ သောက်
    နဲ ့ဆိုင် တာလား ဘယ်လိုဆေးတွေ သုံးသင့်လဲဗျ ဘယ်ဆရာဝန်နဲ ့မှ မတိုင် ပင် မိဘူး
    ဖြစ်နေတယ်
    🙂

    Reply

    • padonmar

      June 3, 2014 at 10:01 pm

      ရွှေပိုးရေ
      မေးရိုးနဲ့ နားထင်စပ်ဆိုတာ အပေါ်+အောက် မေးရိုးဆုံတဲ့နေရာပါ။
      အချို့ပါးစပ်အကျယ်ကြီးဟပြီး သန်းလိုက်ရင် အောက်မေးရိုးပြုတ်ထွက်တတ်ပါတယ်။
      အဲဒီနေရာက ချောင်နေရင် အသံမြည်တာပေါ့။
      သန်းရင် သတိထားပါ။
      ရိုးရိုးမြည်တာတော့ မပူရပါဘူး။
      ……..
      ဒူးဆစ်က ပျော့ခွေကျတယ်ဆိုတာ အရိုးပျော့တယ်လို့ မထင်ပါ။
      ခြေထောက်၊ခြေသလုံးကြွက်သားတွေ မသန်မာမထိန်းနိုင်လို့ ဖြစ်ပါလိမ့်မယ်။
      ခြေထောက် လေ့ကျင့်ခန်းလုပ်ပေးပါ။
      ရေကူးပါ။

      Reply

  • tun swe

    June 1, 2014 at 2:24 am

    Thank aunt.

    Reply

  • Kaung Kin Pyar

    June 1, 2014 at 8:29 am

    ဒီပို့စ်ကို တင်ပေးလို့ကျေးဇူးပါ အာတီဒုံ။
    ကောင်းကင်ပြာ အမေလဲ ဆီးချိုရှိတယ်။ မျိုးရိုးကြောင့်မဟုတ်ဘဲ ကောင်းကင်ပြာ ၉တန်းနှစ်မှ စ ဖြစ်တာပါ။ ဒါကြောင့် ကောင်းကင်ပြာလဲ ဆင်ခြင်နေရတယ်။
    တစ်ခုကောင်းတာက အမေ့ဆီးချိုက အရမ်း တက်မလာဘူး။ အမေက အပင်စိုက်တာ၊ ရေလောင်းတာတွေနဲ့ အမြဲ လှုပ်လှုပ်ရှားရှားရှိတယ်။
    ပြီးတော့ အမေ့မျက်လုံး ဘယ်လိုစမ်းစမ်း ပါဝါ တိုးသွားတယ် မရှိဘူး။
    နည်းကောင်းလေးတစ်ခု ပေးချင်ပါတယ်။ ထမင်းအိုးပေါ်မှာ အပေါ်က ချွေးလေးတွေရှိတယ်။ တည်ပြီး ပထမဆုံး စ ထမင်းခူးရင် ထမင်းအိုးအဖုံးအတွင်းထဲက ရေတွေကို ခွက်လေးတစ်ခုထဲ ထည့်ပြီး အအေးခံပါ။ ပြီးရင် အအေးသောက်တဲ့ ပိုက်လေးကို လက်၂ဆစ်လောက်ဖြတ်ပြီး မျက်စဉ်းသဘောမျိုး ခပ်ပေးတာ မျက်လုံးအတွက် အရမ်း ကောင်းပါတယ်။
    မျက်စိနာချင်တာ၊ မျက်လုံးထိခိုက်မိတာတွေပါပျောက်တာ လက်တွေ့ပါ။ ကိုယ်လဲ စရိတ်မကုန်မပင်ပန်း၊ တခြားမျက်စဉ်းတွေလိုလဲ လည်ချောင်းထဲ ခါးမကျန်ခဲ့လို့ ရွာသူားတွေလဲ စမ်းကြည့်ကြပါလို့
    တစ်နေ့ ၂ကြိမ်နဲ့ ၂ရက်တစ်ခါ အဲ့မျက်စဉ်းရေ လဲပါ။
    ကိုShwe Poe ရေ။ ကောင်းကင်ပြာအမေတော့ အဆစ်အမြစ်အတွက် ပန်ဒိုရာအောင်ကြီးဆီမှာ ပြပါတယ်။ ကောင်းလဲ ကောင်းပါတယ်။ လိပ်စာ အတိအကျမသိပေမယ့် လသာဘက်မှာပါ။ စုံစမ်းလို့ မလွယ်ရင် ကောင်းကင်ပြာ ပြန်မေးပေးပါ့မယ်။
    ရွာသူားတွေအားလုံး အမြဲကျန်းမာပြီး စိတ်ချမ်းသာ ပျော်ရွှင်ကြပါစေနော်။

    Reply

    • padonmar

      June 3, 2014 at 10:04 pm

      ကောင်းကင်ပြာလေး မေမေ ဆီးချိုထိန်းနိုင်တာ ကိုယ်လက်လှုပ်ရှားမှုရှိလို့ပါ။
      ကောင်းပါတယ်။
      မျက်စဉ်းလေးလည်း ကောင်းပါတယ်။
      ပေါင်းခံရေလို ဖြစ်တာပေါ့။
      ဒေါ်ပင်ဒိုရာအောင်ကြီးဆေးခန်းက ကုမုဒြာဆေးခန်း၊စမ်းချောင်းလမ်းပေါ်မှာရှိပါတယ်။ လသာလမ်းအပေါ်လမ်းမှာ အကြောအဆစ်တွက် ရွှေခြင်္သေ့ဆေးခန်းရှိပါတယ်။

      Reply

  • ကေဇီ

    June 1, 2014 at 10:57 am

    အနော်တို့က ဆီးချိုမျိုးရိုး အာတီဒုံ။
    ဖတ်သွား မှတ်သွားပါတယ်။

    🙂

    Reply

    • padonmar

      June 3, 2014 at 10:06 pm

      ကေဇီလေးတော့ ဒီလောက်စားရင် ဆီးချို ခလုပ်နှိပ်မိတော့မှာပဲ။
      သတိ….

      Reply

  • Ma Ma

    June 1, 2014 at 11:59 am

    အစားသောင်းကျန်းတဲ့သူတွေဖြစ်ပါလျှက်နဲ့ ခုချိန်ထိတော့ ဆီးချိုမရှိသေးဘူး။
    အိမ်မှာလည်း မျိုးရိုးမရှိတော့ နည်းနည်းတော့ စိတ်ချမ်းသာစရာကောင်းသား။
    လက်ဖက်ရည်ကြမ်း (အဖန်ရည်)ကို အမြဲသောက်လို့ပဲ ဆီးချို မဖြစ်စေသလားလို့တောင် တွေးမိတယ်။ 😀

    Reply

    • padonmar

      June 3, 2014 at 10:07 pm

      အစားသောင်းကျန်းတဲ့သူတွေဖြစ်ပါလျှက်နဲ့

      ဟေ့ ..ကိုယ့်ဖာသာကိုယ်ပြောတာနော်၊ဒို့ မဖော်ဘူး။

      Reply

  • alinsett (gazette)

    June 2, 2014 at 9:48 am

    မှတ်သားစရာ
    ရွှေစာလွှာ. . .

    *——-

    ရောဂါကို ဖြစ်မှာ ကြောက်တဲ့စိတ်နဲ့ စိုးရိမ်စွာ ကာကွယ်တာထက်
    ကျန်းမာခြင်းကို လိုလားနှစ်သက်တဲ့ စိတ်နဲ့
    ကျန်းမာရေးကို ဂရုစိုက် ကာကွယ် နေထိုင်တာကို
    ပိုသဘောကျပါကြောင်း. . .

    Reply

  • kai

    June 2, 2014 at 1:07 pm

    အမတော်ရေ့..
    ဒါကို… သတင်းစာမှာသုံးလို့ရသလားခင်ဗျ..။

    Reply

    • padonmar

      June 3, 2014 at 9:42 pm

      သူကြီးရေ၊
      မမဒေါ်ခင်နွယ်ဝင်းဆီ ခွင့်တောင်းပြီးပါပြီ။
      ခွင့်ပြုပါကြောင်း။
      ကာလီဖိုးနီးယားက မြန်မာတွေ ဖုန်းဆက်ပြီး တိုင်ပင်ကြ၊လိုက်နာပြီး သက်သာကြောင်းပြောကြလို့ ဝမ်းသာပါတယ်တဲ့။
      AZm TV from California ကလည်း မမနဲ့ ကျန်းမာရေးအကြောင်း interview လုပ်ပါတယ်တဲ့။
      မြန်မာလို လွှင့်တာဖြစ်လို့ မြန်မာတွေအတွက် အကျိုးရှိအောင်လုပ်ပေးခွင့်ရတာ ဝမ်းသာနေပါတယ်။

      Reply

  • kyeemite

    June 2, 2014 at 1:31 pm

    မျှဝေပေးတာ ကျေးဇူးပါ အာတီဒုံ..ကျုပ်တော့တစ်ခါမှစစ်မကြည့်ဖူးပါဘူး
    ကွကိုယ်တော့ မရှိဘူးထင်တာပဲ…မျိုးရိုးလည်းမရှီဘူး….
    အဲ့တော့..စစ်ထားဖို့လိုမလို အကြံပြုပါအုံးဗျာ… 🙂

    Reply

    • padonmar

      June 3, 2014 at 10:10 pm

      ဦးမိုက်ရေ
      ခုခေတ်ကြီးက မျိုးရိုးထက် ပတ်ဝန်းကျင်၊အစားအသောက်၊အနေအထိုင်တွေက ဆီးချိုဖြစ်ဖို့ တွန်းပို့လောကဖြစ်နေပါတယ်။
      ဒါကြောင့် အနည်းဆုံး တနှစ်တခါတော့ စစ်ကြည့်တာ မမှားပါဘူး။
      အချို ရှောင်တာ အကောင်းဆုံးပါပဲ။

      Reply

  • ဦးဦးပါလေရာ

    June 2, 2014 at 2:59 pm

    ။သွေးချိုက စဖြစ်ကာစ အခြေအနေကိုရောက်ဖူးတယ်
    ။အစားကို သင့်အောင်ထိန်းတာနဲ့တင် ရပ်သွားပြီး ပုံမှန်ပြန်ဖြစ်သွားတယ်..
    ။စောစောသိလေ စောစောထိန်းနိုင်လေ ကောင်းလေပါပဲ…

    Reply

    • padonmar

      June 3, 2014 at 10:12 pm

      ဦးပါပြောတာဟုတ်တယ်။
      စဖြစ်တယ်လို့ သိခါစကတည်းက အစားအသောက်ဆင်ခြင်လိုက်ရင် ပို မဆိုးလာတော့ဘူး။
      ဒါကြောင့် ဉာဏ်ယှဉ်ပြီး ကာကွယ်ပါလို့ ပြောတာပါ။

      Reply

  • အာတီဒုံရေ ကျေးကျေးဗျို.
    ကျနော်လဲ အဲဒီ အကြောင်းသိချင်နေတာ….နဲ.အတော်ပဲ… ဒီပို.စ်ထဲမှာပါသလိုပဲ ဆင်ခြင်ရမှာပေါ့.. ဖြစ်တော့မဖြစ်သေးပါဘူး… ကြိုတင်ကာကွယ်တာပိုစိတ်ချရတာပေါ့ဗျာ..နော..

    Reply

  • black chaw

    June 3, 2014 at 2:16 pm

    ဆီးချိုမျိုးရိုးတော့ မရှိဘူးအစ်မရေ…။
    ကျွန်တော်တို့က သွေးတိုးမျိုးရိုးခင်ဗျ…။
    မျိုးရိုးမရှိပဲ ကိုယ့်ကျမှ ထဖြစ်နေမှ ဟုတ်ပေ့ဖြစ်နေဦးမယ်…။
    ဆင်ခြင်ရတာပေါ့ဗျာ…။

    Reply

  • padonmar

    June 3, 2014 at 10:21 pm

    အလင်းဆက်၊ရွှေတိုက်၊ကိုဘလက်
    ကာကွယ်ခြင်းက ကုသခြင်းထက် အရာရောက်ပါတယ်။
    ပါးစပ်နဲ့ မကာကွယ်ကြပါနဲ့၊
    လက်တွေ့ရှောင်ကြဉ်ခြင်းဖြင့် ကာကွယ်ကြပါ။

    Reply

  • မ မာ ရေ ကျ နော် လဲ ဆီး ချို စ ဖြစ် စ အခြေ အ နေ မှာသိ တော့

    အစာအသောက် ဆင် ခြင် နေ ရ တယ်

    ဒီ ပိုစ်ေ လး ကျ နော် ကော် ပီ ကူး သွား ပါ တယ်

    ကျေး ကျေး ပါ

    Reply

    • padonmar

      June 4, 2014 at 8:55 pm

      ကိုပေါက်ရေ
      ဆင်ခြင်လိုက်တာ အကောင်းဆုံးပေါ့။
      အနှစ် ၅ဝလောက် စိတ်တိုင်းကျ စားခဲ့ပြီးပြီလေ။
      နည်းနည်းလောက် လျှော့ရတာ အပန်းမကြီးပါဘူးနော်။
      အသက်ရှည်ရှည်နေရရင် တန်ပါတယ်။

      Reply

  • TNO

    June 4, 2014 at 10:29 am

    can i share ma padonmar ? have you watched part 4 on april ?

    Reply

  • padonmar

    June 4, 2014 at 9:04 pm

    TNO
    Of course . Everybody can share.
    Sharing knowledge is helping people.
    I have already watched the health talk No:4 .
    It is a kind of Question & Answer.
    Listeners can easily understand Ma Ma Daw Khin Nwe Win’s answers.
    ကြိုက်သလို ရှဲနိုင်ပါတယ်။
    မူရင်း ဟောပြောသူ ဒေါ်ခင်နွယ်ဝင်းကလည်း လူတွေ များများသိစေချင်ပါတယ်။
    ခုလို မိတ်ဆွေတွေကို ဗဟုသုတ မျှဝေပေးတာ လူတွေကို ကူညီရာရောက်တာကြောင့် များများ ရှဲပေးလေ ကောင်းလေပါ။
    ကျမ ရတနာဃရ ခန်းမမှာ ကျင်းပတဲ့ ဟောပြောပွဲ အမှတ်(၄)ကို ကြည့်ပြီးပါပြီ၊
    အမေးအဖြေပုံစံဖြစ်လို့ နားထောင်သူတိုင်း နားလည်လွယ်မယ်ထင်ပါတယ်။
    ဒီဗွီဒီခွေကို ဓမ္မဗျူဟာမှာ အလွယ်တကူဝယ်နို်င်ပါတယ်။
    ဒါကြောင့် အဲဒီအတွက် ကောက်နှုတ်ချက် မရေးတော့တာပါ။
    မိတ်ဆွေတွေ လိုအပ်တယ်ထင်ကြရင်တော့ အချိန်ယူပြီး ရေးပေးပါမယ်။

    Reply

  • အရီးခင်

    June 5, 2014 at 3:44 am

    အစ်မဒုံ
    အဖေက ဆီးချို ရှိတယ်။
    ဒီတော့ မျက်စိ ကိုပါထိခဲ့တယ်။
    ဆီးချို သမားက အစားလေးရှောင်နေလိုက်ရင် သက်သာတတ်ပါတယ်။
    အဖေ့မှာရှိတော့ ကျွန်မလဲ အစာအသောက် ဆင်ခြင်သင့်တာ။
    အခုမျှပေးတာလေး က တကယ်ဘဲ တန်ဖိုးရှိလှပါတယ်။
    အစ်မ ကိုရော၊ ရေးသူ စရာမ ကိုပါ ကျေးဇူးပါနော်။ :-))

    Reply

  • အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမှုနည်းတော့ ဆီးချိုဖြစ်နိုင်ခြေများနေတယ်..
    ကော်ဖီလည်း သောက်နေတော့ သကြားလည်း စားဖြစ်နေတယ်…
    မျက်စိလည်း မကောင်းဘူး…
    အခု အသားရှောင်ပြီး အသီးအရွက် နဲ့ ပဲများများ စားမလို့… ကောင်းလားဟင် အာတီဒုံ

    Reply

  • padonmar

    June 5, 2014 at 9:18 pm

    အရီး နဲ့ လုံမရေ
    သာဓုပါ

    Reply

  • TNA

    June 8, 2014 at 10:48 am

    ပိုစ့် သုံးခုလုံးအတွက် ကျေးဇူးအကြီးကြီးပါအန်တီဒုံရေ။ အခွေကတော့ နားထောင်ပေမဲ့ ကျကျန်ခဲ့တာတွေရှိ လို့ စာကတော့ ကော်ပီကူးသိမ်းထားပြီး တွေ့တဲ့လူတိုင်းကို ပရင့်ထုပ်ဝေပလိုက်ပါတယ်။ ကိုယ်တိုင်လဲ ပရင့်ထုပ်လိုက်နာဆောင်ရွက်နေပါကြောင်း။ ဒီလိုကျန်းမာရေးဆောင်းပါးလေးကို ဝေမျှတဲ့ အန်တီဒုံလဲ အသက်ရှည်ကျန်းမာ နုပျိုနိုင်ပါစေ

    Reply

Leave a Reply

Your email address will not be published.