weiweiMarch 15, 20111min021
  အခုတလော သတ်သတ်လွတ်စားဖြစ်တာများတော့ စားစရာတွေကို ကြံဖန်လုပ်စားရင်း ဒီနေ့ လုပ်စားဖြစ်တာလေးကို မှတ်တမ်းတင်ထားလိုက်ပါတယ်။ ရှမ်းရိုးရာ ဟင်းထုတ်ပါ .. သတ်သတ်လွတ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်လောက်က ရှမ်းလူမျိုး သူငယ်ချင်းတစ်ယောက် လုပ်ကျွေးဖူးတာကို ပြန်စဉ်းစားပြီး အတတ်နိုင်ဆုံး တူအောင် လုပ်ထားပါတယ်။ ပါဝင်သော ပစ္စည်းများ ကြက်သွန်မိတ် ခရမ်းချဉ်သီး ဂေါ်ဖီထုတ် ယိုးဒယားမယ် အမှုန့် (သို့) ရှမ်းဆန်အမှုန့် ဆီ၊ ဆား ငှက်ပျောဖတ် ပြုလုပ်ပုံအဆင့်ဆင့် အနေတော်လှီးဖြတ်ထားသော ကြက်သွန်မိတ်၊ ဂေါ်ဖီနှင့် ခရမ်းချဉ်သီးကို ယိုးဒယားမယ်အမှု့န့် ဆား ဆီသင့်တော်သလိုထည့်ပြီး ရေအနည်းငယ်ထည့်ပြီး နှံ့အောင် မွှေရပါတယ်။ ထို့နောက် အနေတော်ဖြတ်ထားတဲ့ ငှက်ပျောရွက်ထဲမှာ ဂေါ်ဖီရွက်နဲနဲခံပြီး ထည့်ထုတ်ပါတယ်။ ထုတ်ပြီးသားအထုတ်များကို ပေါင်းအိုးဖြင့် နာရီဝက်ခန့် ပေါင်းပြီးပါက စားသုံးနိုင်ပါပြီ။ […]


bigbirdMarch 9, 20111min028
ကာမစိတ်ကို နှိုးဆွနိူင်သော ကော်ဖီမစ်များ ဈေးကွက်အတွင်း တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် တွင်ကျယ်စွာတင်သွင်းရောင်းချနေခြင်းကြောင့် လူငယ်များ အကြားအသုံးချမှု မှားယွင်းကာမလိုလားအပ်သော လူမှုရေးပြဿနာများဖြစ်လာနိူင်စရာရှိကြောင်း၊ ယင်းကဲ့သို့ဖြစ်လာနိူင်သည့် အခြေအနေများကိုတွေးဆ၍ မိဘများနှင့်ဆရာ၊ ဆရာမတချို့မှလည်း စိုးရိမ်ပူပန်လျက်ရှိကြောင်းသိရသည်။ ကော်ဖီမစ်ထုတ်များမှာ ၂ မျိုးခွဲထားကြောင်းသိရသည်။အမျိုးသားများ သောက်ရန်တမျိုး နှင့် အမျိုးသမီးများ အတွက်တမျိုးထုတ်လုပ်ထားကြောင်းသိရသည် ။ အမျိုးအစားမှာ ဘရာဇီးကော်ဖီဖြစ်ကြောင်း၊ ရေနွေးတွင် ပျော်ဝင်မှုမြန်ကြောင်း။ အခြားကော်ဖီများနှင့် အရောင်အသွေးခပ်ဆင်ဆင်တူကြောင်း၊ သောက်နေစဉ် အချိန်အတွင်း ကာမစိတ်ကိုနိုုးကြွစေနိူင်ကြောင်း၊ ဆန့်ကျင်ဖက်လိင်နှင့် တွေ့လာပါက ကာမစိတ်များဖြစ်ပေါ်စေနိူင်ကြောင်း အင်္ဂလိပ်ဘာသာဖြင့် အညွှန်းရေးသားထားသည်။ ထိုကော်ဖီကို လူငယ်ယောင်္ကျားလေးများ အများဆုံးဝယ်ယူကြကြောင်းတွေရှိရသည်။ ူ ယခင်က ပီကေ၊သကြားလုံးများ သာခေတ်စားနေပြီး ယခုအခါ အမျိုးသမီးမိန်းကလေးများသတိမထားမိသည့် ကော်ဖီကို အသုံးများလာကြောင်း သိရသည်။ ကော်ဖီဧ။် ဈေးနှုန်းမှာလည်း အများဝယ်ယူသုံးစွဲ နိူင်သော အနေအထားဖြစ်နေခြင်းကြောင့် လူငယ်အမျိုးသားများ […]


kaiMarch 3, 201112min06
ခေါင်းစဉ်အတု်ိင်းပါပဲ..။ဘာသာပြန်ပြီး  ကြည့်သာဖတ်ကြပေတော့နော..။ မရှင်းရင်အင်္ဂလိပ်-မြန်မာ အဘိဓာန်လေး လှန်ကြဦးပေါ့..။ 🙂 တိုတိုလွယ်လွယ်ပြောရရင်.. မိုက်ခရိုဝေဗ့်နဲ့ ပလပ်စတစ်က ထင်သလောက်ပြသနာမရှ်ိဘူးလို့ပါပဲ..၊ ပစ္စည်းတွေမှာ“Microwave Safe.” ရေးထားရင် စိတ်ချသုံးနိုင်ပါတယ်..။ မရေးထားရင်လည်း.. သာမန်အားဖြင့် ပြသနာမကြီးပါဘူး..တဲ့။ Again, there is no credible scientific evidence to back up the nutritionist’s claims that heating or freezing plastic will leak toxins into the container’s contents. ပလပ်စတစ်က အပူဖြစ်ဖြစ်..။အအေးဖြစ်ဖြစ်မှာ ကယ်မစ်ကယ် (အဆိပ်ဓါတ်)ထုတ်တယ်ဆိုတာ သိပ္ပံစမ်းသပ်ချက်အထောက်အထား လုံးဝမရှိပါဘူးတဲ့.။ However, some plastic containers – such as […]

banana-sleep6.jpg

ညဖက်ဆာတတ်လို့ အိပ်မပျော်တာဆိုပြီး ညသန်းကောင် သွားရည်စာ စားနေရသူများအတွက် သဘာဝအလျောက် အိပ်မောကျစေရန် အထောက်အကူပြုမည့် အစားအစာငါးမျိုးကတော့…. ၁. ချယ်ရီသီးမှာ အိပ်ပျော်စေရန် လုပ်ဆောင်ပေးတဲ့ ကိုယ်ခန္ဓာအတွင်းပိုင်းစနစ်ကို ထိန်းချုုပ်တဲ့ melatonin ဓာတ်ပါရှိသည်။ အိပ်ရာမဝင်ခင် ဒါမှမဟုတ် လေယာဉ်ခရီးစဉ် မစတင်မှီ တနာရီအလိုမှာ ချယ်ရီသီး သို့ ချယ်ရီသီးပါတဲ့မုန့်များကို စားခြင်းဖြင့် အိပ်ပျော်ဖို့အတွက် melatonin ဓာတ်ကိုရရှိသည်။ ၂. ငှက်ပြောသီးတွင် သဘာဝအလျောက် ကြွက်သားကိုပြေလျော့စေသော natural muscle relaxants ပိုတက်စီယမ်နှင့် မဂ္ဂနီစီယမ်ဓာတ်များ အလုံအလောက် ပါဝင်သည်။ ထို့ပြင် ဦးနှောက်အတွင်း 5-HTP အဖြစ်သို့ပြောင်းသွားတဲ့ အမိုင်နိုအက်ဆစ် L-tryptophan လည်းပါရှိသည်။ 5-HTP သည် serotonin (a relaxing neurotransmitter) and melatonin […]


ကြက်သွန်နီက နှလုံးရောဂါကိုကာကွယ်ကောင်းကို လင်းယုန်မဂ္ဂဇင်းမှ ဖေါ်ပြထားသည်ကို ပြန်လည်ဖေါ်ပြပေးခြင်းဖြစ်ပါတယ်။ ကြက်သွန်နီမှာ ခန္ဒာကိုယ်ထဲမှ နှလုံးရောဂါနဲ့ လေသင်ထုန်းရောဂါများဖြစ်ပွားစေမည့်မကောင်းသော ကိုလက်စရောလ်များကို ကူညီစွန့်ထုတ်ပေးပြီး တစ်ချိန်တည်းမှာ နှလုံးရောဂါကိုတိုက်ဖျက်ပေးသည့်ကောင်းသော ကိုလက်စရောလ်များကိုထိန်းပေးသိမ်းကြောင်း တရုပ်သုတေသီများကထုတ်ဖေါ်ကြေငြာလိုက်ပါတယ်။ ယောင်ကောင်မှ သုတေသီများက ကိုလက်စရောလ်များသော အစာများကို တိုက်ကျွေးထားသောကြွက်များကို ခြေမွထားသော ကြက်သွန်နီ များကို ခြေမွထားသော ကြက်သွန်နီများကို စားစေပြီး စမ်းသပ်လေ့လာမူ ပြုလုပ်ခဲ့ကြပါတယ်။သီတင်း(၈)ပတ်မျှ ကြာသောအခါ မကောင်းသော ကိုလက်စရောလ်များပါဝင်နေမူအဆင့်(သို့မဟုတ်)လစ်ပိုပရိုတိန်းပါဝင်သိပ်သည်းမူနိမ့်ကျနေမူ(LDL)ကို ၂ဝထိလျှော့ကျနေကြောင်းကိုပညာရှင်များကတွေ့ရှိခဲ့ကြသည်။ တစ်ချိန်တည်းမှာ ကြွက်များ၏လစ်ပိုပရိုတိန်း သိပ်သည်းဆမြင့်မားမူ(HDL) မှာမူ မလျှော့ပါးပဲ ကောင်းသော ကိုလက်စရောလ်များမနိမ့်ကျသွားကြောင်း တွေ့ရှိခဲ့ကြသည်။ကြက်သွန်နီအများဆုံးစားသုံးသော ကမ္ဘာဒေသများမှာကင်ဆာဖြစ်ပွားမူအနည်းဆုံးတွေ့ရှိရသည်ဟု လေ့လာသူများကဆိုပါသည်။ဂျောဂျီယာနှင့်အမေရိကားတို့တွင် အစာအိမ်ကင်ဆာနှင့်အခြားကင်ဆာအမျိုးမျိုးဖြစ်ပွားမူနူန်းကို ပျမ်းမျှ ရာခိုင်နူန်းဝက်လျှော့ချစေသည်ဟုယုံကြည်စွာဖြင့် Videlia onion ဟုခေါ်သော ကြက်သွန်နီဥငယ်များစိုက်ပျိုးစားသုံးလာကြကြောင်းသိရှိရပါသည်။ကမ္ဘာဒေသများအနက် ကြက်သွန်နီနှင်ုကြက်သွန်ဖြူများကို အများဆုံး စားသုံးသော တရုပ်နိုင်ငံတွင် အစာအိမ်ကင်ဆာ ဖြစ်ပွားမူမှာ ကျန်ဒေသများထက် ပျမ်မျှအားဖြင့်၄ဝ ရာခိုင်းနူန်းလျှော့နည်းကြောင်းကို သုတေသီများက ပြောကြားခဲ့ပါတယ်ဟုသိရှိရပါတယ်။ ကြက်သွန်နီစားခြင်းဖြင့် နှလုံးရောဂါကာကွယ်နိုင်ကြပါစေ။


ကိုကာကိုလာ-ပက်စီ-ကုတ် တွေအကြောင်းကိုလူတိုင်းနှီးပါးသိပြီးကြမယ်လို့ထင်ပါတယ်။ မသိသေးတဲ့သူတွေအတွက်ကတော့သတင်းထူးပါဘဲဗျာ- ဒီကနေ ့ဂျစ်တူးအကိုရဲ ့သူငယ်ချင်းတစ်ယောက်စင်္ကာပူကိုရောက်လာခဲ့ပါတယ်။အပျော်ထွက်-ဈေးဝယ်လာ တာတော့မဟုတ်ပါဘူး။သူမရဲ ့ချစ်ဆုံးယောက်ျားဆုံးသွားလို ့အပူနဲ ့လာခဲ ့ရသူပါ။ လက်ထပ်ထားတာမှတစ်နှစ်တောင်မပြည့်သေးပါဘူးတဲ ့။သူကကျောင်းဆရာမဆိုတော့ခွင့်ယူဖို ့- အလုပ်ထွက်ဖို ့ဆိုတာတော်တော်ခက်လို ့ယောက်ျားရှိတဲ့နေရာမှာလည်းမလိုက်လာနိုင်။ယောက်ျားကလည်း သူမနှင့်အတူလိုက်မနေနိုင်ဆိုတော့ မယ်တစ်ရွာမောင်တစ်မြို ့အနေဝေးနေကြတာပေါ့။နောက်နှစ်ဆိုရင် တော့အတူတူနေလို ့ရပါပြီ။(ဒီလိုအတွေးကလေးတွေနဲ ့ဆရာမလေးတစ်ယောက်ပျော်နေခဲ ့တာပေါ့) ဒါပေမဲ့အခုတော့သူမအပျော်တွေဘယ်တွေရောက်နေကုန်ပြီမသိတော့ပါဘူး။ ဆရာမလေးယောက်ျားတစ်ယောက်မြန်မာနိုင်ငံထုတ်အကြောဖြေဆေးနဲ ့ပက်စီသောက်မိလို ့သေဆုံးသွား ပါတယ်။မနက်ဖြန်ဆိုရက်လည်နေ ့ပေါ့။ ဒီလိုသတင်းတွေကြားနေရတာတော်တော်များနေပါပြီ။ ပြီးခဲ့တဲ့သုံးပတ်လောက်ကလည်းပါတာစီတစ်မော့နဲ့ကိုကာကိုလာသောက်မိလို ့သေသွားတဲ ့မြန်မာအမျိုးသား တစ်ယောက်လည်းဆုံးပါးသွားပါပြီ။ သူ့ခေါင်းတွေကိုက်လွန်းလို ့ပါတာစိတစ်မော့ကိုသောက်တယ်တဲ့(ဆေးရက်စွဲမကုန်သေးပါဘူး) နဲနဲကြာတော့ရင်တွေပူလွန်းလို ့ဆိုပြီးကိုကာကိုလာသောက်လိုက်တယ်(သူ့အမျိုးသမီးကိုယ်တိုင်ရေခဲသတ္တာ ထဲကယူပေးလိုက်တာပါ)။ ခဏနေတော့ပါးစပ်ထဲကအမြုတ်တွေထပြီးမူးလဲသွားလို ့ဆေးရုံကိုပို့လိုက်ရပါတယ် အဲဒီဆေးရုံသွားတဲ့လမ်းမှာဘဲအသက်ဆုံးသွားခဲ့ပါတယ်။ အရင်ဆုံးကြားရတဲ့သတင်းကတော့ ဂျစ်တူးတို့သူငယ်ချင်းအရင်းခေါက်ခေါက်ကိုယ်တိုင်ပါဘဲ။ ကုန်လွန်ခဲ့တဲ့သုံးလလောက်ကဖြစ်ခဲ့တာပါ။ မြန်မာနိုင်ငံထုတ်ညော်ထွက်တဲ့ဆေးတစ်မျိုးကိုသောက်ပြီးတော်တော်ကလေးကြာမှပက်စီကိုသောက်လိုက်တာ တခါတည်းအသက်ပါ ပါသွားလိုက်တာပါ။ ကြားခါစမယုံမကြည်ဖြစ်မိပါတယ်။ဒီလောက်သန်သန်မာမာကျန်းမာရေးအထူးဂရုစိုက်တဲ့သူတစ်ယောက်သေ တယ်ဆိုတော့ဘယ်လိုမှမယုံကြည်မိပါဘူး။တကယ်တန်းမီးခိုးငွေ့တွေအဖြစ်ကြုံရတော့မယုံကြည်လို့မရတော့ ပါဘူး။ နီးစပ်ရာသက်ဆိုင်ရာသူငယ်ချင်းအပေါင်းတသင်းများကိုစကားတိုးတိုးပြောပေးပါ။ အထက်ပါအကြောင်းအရာတွေကိုပါ။မဖြစ်အောင်တားလို ့ရပါတယ်။တစ်ယောက်ကြည့်လို […]


etoneJanuary 28, 20111min052
ရွာသူရွာသားတို့ရေ …  သတ်သတ်လွတ်စားတာ ၊ မစားတာနဲ့ ပတ်သတ်လို့ ဟိုးတလောက တော်တော်လေးပွဲဆူသွားခဲ့တယ်နော်…။ အဲ့ဒီအချိန်ကတည်းက ကြုံခဲ့ဖူးတဲ့အတွေ့ကြုံလေးတစ်ခုကို ပို့စ်တင်မယ် စဉ်းစားထားပြီး မတင်ဖြစ်တာ ကြာနေပြီ ။ မနေ့ညကမှ အလားတူဖြစ်ရပ်မျိုးပြန်တွေ့တော့.. တင်ပေးလိုက်ပါတယ်…။ ည ရ နာရီ ကို ရွှေဂုံတိုင်နားက ကေပါရာဒိုက်ဟော်တယ် ဘေးက စားသောက်ဆိုင်မှာ ဆုံမယ်လို့ ကျမတို့ GM ကပြောပါသည် ။ ဂျာမဏီကလာသော အထူးဧည့်သည်လည်းပါမည် ၊ စက်ရုံပိုင်ရှင် ကျမတို့ boss လည်းပါမည် ၊ GM လည်းပါမည် ။ ကျမတို့နဲ့ အလုပ်အတူလုပ်နေသော မန်နေဂျာတစ်ယောက်လည်း ပါမည်ပေါ့ … ။ စုစုပေါင်း ငါးယောက် ညစာစားဖို့ချိန်းထားပါတယ်…။  အလုပ်ကိစ္စနဲ့ ပြောကြဆိုကြရင်း ရောက်လာတဲ့ ဧည့်သည်ကိုလည်း […]


manawphyulayJanuary 15, 20111min00
ဆီးချိုရောဂါ ကာကွယ်ရန်မှာ လူတစ်ဦးချင်းဆီ၏ တာဝန်သာဖြစ်သည်။ အဝလွန်စေမည့် အစားအသောက်များကို ဆင်ခြင်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းဖြင့် ဆီးချိုရောဂါကို ကာကွယ်နိုင်ပါသည်။ ယုတ်စွအဆုံး ဓာတ်လှေကား အသုံးပြုမည့်အစား ရိုးရိုးလှေကား အသုံးပြုခြင်းသည်ပင် ကိုယ်လက်လှုပ်ရှားမှုကို ဖြစ်စေပါသည်။ ကလေးငယ်များသည်လည်း TYPE – 2 ဆီးချိုရောဂါဖြစ်ပွားမှု တိုးတက်လျက်ရှိသဖြင့် မိဘများက မိမိသားငယ်၊ သမီးငယ်များကို ကွန်ပျူတာ၊ ရုပ်မြင်သံကြား၊ ဗီဒီယိုရှေ့တွင် အချိန်မကုန်စေရန်၊ ကိုယ်လက်လှုပ်ရှားမှုပြုရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကိုသာ စားသောက်ပြီး ဆင်ခြင်စရာရှိသည်တွေကို ဆင်ခြင်ဖို့ ပြောဆို သင်ယူရန် လိုအပ်ပါသည်။ ဒါကြောင့် ဆီးချိုရောဂါများ မဖြစ်စေရန် ဖြစ်နေသော သူများကလည်း ဆောင်ရန် ရှောင်ရန်များကိုပြောပြပြီး ဆင်ခြင်စရာများကို ဆင်ခြင်စေရန် ပြောစေချင်ပါသည်ရှင့်။


manawphyulayJanuary 13, 20111min03
လေပြွန် ရောင်ခြင်း ဆိုသည်မှာ အဆုတ် အတွင်း လေဖြတ် သန်းရာ လမ်းကြောင်း တစ်လျှောက် ရှိ အချွဲမြှေး လွှာ (mucous membrane) ရောင်ရမ်း ခြင်း ကို ခေါ် ပါတယ်.. လေပြွန် ပတ်လည် ရှိ အချွဲ မြှေး ရောင်ရမ်း ခြင်းနဲ့ အတူ ချွဲသလိပ် များပြား လာခြင်း ကြောင့် လေပြွန် ကျဉ်းမြောင်း လာ၍ ချောင်းဆိုး သလိပ် ထွက်ဖြစ် လာပြီး မောလာ တတ် ပါတယ်.. လေပြွန် ရောင်ခြင်း ကို 1.    လတ်တလော လေပြွန် ရောင်ခြင်း (acute bronchitis) နဲ့ 2.    နာတာရှည် လေပြွန် ရောင်ခြင်း […]


manawphyulayJanuary 11, 20111min06
ဆီးချိုရောဂါဟာ ရှိပြီးပြီဆိုရင် နောက်ဆက်တွဲဆိုးကျိုး အများဆုံး ရောဂါလို့ ဆိုနိုင်ပါတယ်။ ဆီးချိုရောဂါ ဖြစ်တာ ကြာလာပြီဆိုရင် ကျောက်ကပ် ပျက်စီးဖို့ အန္တရာယ် ရှိတာ အားလုံးအသိ ဖြစ်ပါတယ်။ ဒါပေမယ့် အိုမီဂါသရီး ပါဝင်တဲ့ ငါးကြီးဆီတွေ မှီဝဲပေးမယ်ဆိုရင် ငယ်ငယ်ကတည်းကဖြစ်တဲ့ ဆီးချိုရောဂါ အမျိုးအစား(၁) ဝေဒနာရှင်တွေရဲ့ ကျောက်ကပ်ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ ကျန်းမာရေးစစ်ဆေးမှုများအရ တွေ့ရှိရပါတယ်။ အမေရိကန် နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ဆီးချို၏နောက်ဆက်တွဲများ ထိန်းချုပ်ရေး စမ်းသပ်မှုမှာ ပါဝင်ခဲ့တဲ့ လူ ၁၅၀ဝ အပေါ် စမ်းသပ်စစ်ဆေးချက်များအရ ကျန်းမာရေး အကျိုးပြု အိုမီဂါသရီးအဆီများဖြစ်တဲ့ eicosapentaenoic acid (EPA) နဲ့ docosahexaenoic acid (DHA) တို့ကို မှန်မှန် စားသုံးပေးတဲ့ ဆီးချိုရောဂါ အမျိုးအစား(၁) ဝေဒနာရှင်တွေဟာ […]


kaiJanuary 5, 20112min05
စတားဘတ်ကော်ဖီဆိုင် ဒီနေ့လိုဂိုပြင်တာကြေငြာပါတယ်..။ အဲဒီအကြောင်းရေးမလို့ဟာ ..စာတင်ရခက်နေတာနဲ့..။ ထားပါတော့ ..တိုတိုပြောရရင် ..အနှစ်၄ဝ ခရီးမှာ တံဆိပ်၄ခါပြောင်းပါတယ်၊ အပေါ်ကပုံက အဲဒီတံဆိပ်တွေကို ပြထားတာပါ။ ရှေ ့ဆုံးပုံက အခုပြောင်းတဲ့ပုံပေါ့။ ရေသူမပုံပဲ ကျန်တော့တာပါ။ စာတွေအကုန်ဖြုတ်လိုက်ပါပြီ။ စတားဘတ်ခွက်ကလေးမှ မနက်မှာမကိုင်ထားရရင် ခေတ်မမှီသလိုဖြစ်နေတဲ့သူတွေအတွက်သတင်းဦးလေးဖြစ်ကြောင်း..ပါ။ စတာဘတ်စ်ဆိုတာက ယူအက်စ်ရဲ့ ကော်ဖီဆိုင်ကုမ္ပဏီကြီးအမည်ဖြစ်ပါတယ်. ဇာတိမြေက မိုက်ခရိုဆော့နဲ့ တူတူပါပဲ။ ဝါရှင်တန်ပြည်နယ်ကပါ။ ကော်ဖီ၊ လက်ဖက်ရည်တွေနဲ့ လူတိုင်းသောက်နိုင်တဲ့ဆိုင်လေးတွေ ကို တကမ္ဘာလုံးမှာဖွင့်နိုင်ခဲ့တာပါ။ ခေတ်မှီပြီး ကလပ်စစ်ဆန်တဲ့ စတားဘတ်ဆိုင်တွေက မနက်ခင်းကော်ဖီဝယ်ပြီးသောက်လို့ကောင်းသလို ညနေမိတ်ဆွေတွေနဲ့ ထိုင်ကောင်းပါတယ်။ မြန်မာပြည် ညနေခင်းလဘက်ရည်ဆိုင်တွေလိုပေါ့နော..။ ကော်ဖီတဗူးဝယ်ရင် .. တနေကုန်သောက်ရပါတယ်။ များလို့ဆိုတာထက် အရသာပျင်းလွန်းလို့ပါ။ ဂျဇ်သီချင်းနောက်ခံလေးနဲ ့၊ နံရံမှာ ခေတ်စမ်းဆေးပန်းချီတွေနဲ့..။ အင်တာနက်ဖရီးနဲ့..  စတားဘတ်ဆိုင်ထဲက.. ထိုင်ခုံမြင့်လေးပေါ်ထိုင်နေတဲ့.. အပ်ပဲလ်လက်ပ်တော့လေးထိုင်လုပ်နေတဲ့ ရွှေရောင်ဆံပင်၊ […]


weiweiJanuary 5, 20111min012
ဆလပ်လုပ်နည်းတစ်မျိုး … ကျွန်မသူငယ်ချင်း ဥဇဘတ်လူမျိုး ကောင်မလေးလုပ်စားနေကျ ဆလပ်ဖြစ်ပါတယ်။ ပါဝင်သောပစ္စည်းများက ဆလပ်ရွက်၊ ကြက်သား၊ ကြက်ဥ၊ ပြောင်းဖူး၊ ဥနီနဲ့ မရောနိ၊ ဆား တို့ဖြစ်ပါတယ်။ ကြက်သား၊ ကြက်ဥ၊ ပြောင်းဖူးကို ကျွန်မကတော့ ခပ်လွယ်လွယ်ပဲ ရောပြုတ်လိုက်ပါတယ်။ ကျက်ခါနီးမှာ ဥနီလှီးထားတာထည့်လိုက်တယ်။ ပြီးတော့ အအေးခံပြီး အားလုံးကို လှီးလိုက်တယ်။ အားလုံးရောပြီး မက်ရောနိရယ် ဆားရယ် တစ်ခါတစ်လေတော့ သကြားနဲနဲထည့်တယ်။ ရောမွှေလိုက်ရုံပဲ။ သူက အဲဒီဆလပ်နဲ့ ပေါင်မုန့် အကြမ်းနဲ့ကို အမြဲတမ်း စားလေ့ရှိပါတယ်။


weiweiDecember 19, 20101min012
ဒါလဲပဲ တော်တော်လွယ်တဲ့ဟင်းတစ်မျိုးပဲ … ပဲကြီးကို တစ်ညရေစိမ်ထားလိုက်တယ် … ပွလာတော့မှ အခွံတွေ ခွာလို့ရပါတယ် … ပြီးတော့ အိုးထဲမှာ ဆီနဲနဲထည့် ကြက်သွန်နီနဲနဲဆီသတ်ပြီး ပဲကြီးထည့်ကြော်လိုက်တယ် .. ဆားနဲနဲထည့်ပြီး ရေနဲ့ နာရီဝက်လောက်ချက်ထားလိုက်ပြီး ရေခန်းတာနဲ့ စားလို့ရပါပြီ .. အရောင်လှချင်ရင် ဆီသတ်နေချိန်မှာ ဆနွင်းနဲနဲထည့်ရပါမယ် … ကြက်သွန်နီကြော်လုပ်ရတာအဆင်ပြေရင်တော့ ပဲကြီးချက်ပြီးပန်းကန်ထဲထည့်ပြီးချိန်မှာ အပေါ်ကဖြူးလိုက်ရင် လှပပြီး မွှေးသွားပါလိမ့်မယ် ..