အဲဒီကာလအတွင်းမှာ ဆလင်း နဲ ့ကျွန်တော် ဒီ မသန်မစွမ်း ကျောင်းက ချာတိတ်တစ်ချို့ နဲ့ မျက်မှန်းတန်းမိလာတယ်။ ဒီ ချာတိတ်တွေနဲ့ ကျွန်တော်တို့ ပေါင်းခွင့် ရောခွင့် မရအောင် မူစတာဖာတို့နှစ်ယောက်က ပါးပါးနပ်နပ်နဲ့ တားမြစ်ထားပေမဲ့ လစ်ရင်လစ်သလို ကျွန်တော်တို့လည်း အဲဒီကောင်လေးတွေကို မေးမြန်း စူးစမ်းကြတာပဲ။ဒီက ကောင်လေးတွေလည်း ကျွန်တော်တို့ ဒေလီ လူငယ်ဂေဟာက ကောင်လေးတွေရဲ့ ဘဝလိုပါပဲ။နောက်ခံ အကြောင်းတွေက အတူတူလိုပဲ။ ရက်စက်တဲ့ အမျိုးတွေကြောင့်၊ ရဲတွေကြောင့်..ဒါတွေပဲ။တစ်ခါတလေကျတော့လည်း ဒါတွေဟာ ဘယ်သူ့ကြောင့်ရယ်လို့ ပြောရတာ ပေါက်ပင်ဘာလို့ကိုင်းရတယ် ဆိုတာမျိုးလိုပဲ။သူတို့ အကြောင်း ပိုသိအောင် မေးမြန်းစူးစမ်းကြည့်ရင်း နောက်ဆုံးတော့ မာမန် ဆိုတဲ့လူကြီးဘာလဲ ဘယ်လဲ ဆိုတာ တဖြည်းဖြည်းရုပ်လုံးပေါ်တော့တာ။ ပထမဆုံး အသောက ဆိုတဲ့ လက်တွေကောက်ကွေးနေတဲ့ ဆယ်သုံးနှစ်သား […]
