ရာမူးက သဘောကျစရာကောင်းတဲ့လူဗျ။လွန်ခဲ့တဲ့ လေးလလောက်က ဒီအိမ်ကိုရောက်လာတာ။ အချက်အပြုတ်ကတော့ တကယ်တော်တဲ့သူ။အဲ.. ထူးထူးခြားခြား သူက ပြင်သစ်အစားအစာတွေဘာတွေ ကောင်းကောင်းချက်တတ်တာပဲ။အရင်က ပြင်သစ်မိသားစု အိမ်မှာ လုပ်ခဲ့တာတဲ့။သူ ချက်တတ်တဲ့ ပြင်သစ် ဟင်းလျာတစ်ချို့ဆို နာမည်တောင်ကျွန်တော်သေချာမထွက်တတ်ဘူး။ ဂါတ်ထိုဒီ ဆော့မွန်[1]တို့၊ ခရိပ် ဆူဇတ်[2] တို့ ၊ဆားဗတ် အော် ဂါတင်[3] တို့ လေ။အဲဒီ ဟင်းကတော့ ကျွန်တော့် အကြိုက်ဆုံးဟင်းပဲ။ သီးရွက်စုံ ပုစွန်ကြော်ပေါ့။ရာမူးက မျက်နှာကလည်း ပုံပန်းကျနတယ်။အဲ..မျက်နှာပေါ်က ကျောက်ပေါက် မာလေးတွေကိုသာ မေ့ထားရင် လူချောတစ်ယောက်ပဲဗျ။သူက ဟိန္ဒူရုပ်ရှင်တွေလည်း တော်တော်ကြိုက် တယ်။သူ အကြိုက်ဆုံးက ချမ်းသာတဲ့ ဇာတ်လိုက်မင်းသမီးက ဆင်းရဲတဲ့ မင်းသားနဲ့ လိုက်ပြေးတယ် ဆိုတဲ့ ဇာတ်လမ်းမျိုး။ ကျွန်တော်ထင်တာကတော့ ရှန်တီ က ရာမူးကိုကြိတ်ပြီးကြွေနေ သလားလို့။ သူ […]
