သက်နှစ်ဆယ်..အရွယ်ရှိခါမှ..ငါသိတယ်လေး

surfJuly 1, 20111min09

ကျူရှင်ဆရာလေး ကျနော် အောင်ထက်ဟာ..စာသင်ပြီးရင်..
ကျတော်တို့ သူငယ်ချင်းတစ်စု..အုပ်ချုပ်နေတဲ့..စာကြည့်တိုက်မှာပဲ..အချိန်ကုန်နေတတ်ပါတယ်..
စာကြည့်တိုက်မှာက..internet လဲရပါတယ်..
တစ်နေ့တော့ စာအုပ်ဟောင်းတွေမွှေနှောက်ရင်း..ဖတ်ဘူး..ကြိုက်ခဲ့ဘူးတဲ့ ကဗျာလေးတစ်ပုဒ် ပြန်တွေ့ပါတယ်..ငယ်ချစ်လေးပြန်တွေ့သလိုမျိုးပေါ့လေ..
စာပေဗိမ္မာန်ထုတ်..ဟာသစာပေစာတမ်း (စာတမ်းရှင်..အိုးဝေ ဦးညိုမြ) ထဲမှာပါ..
မူရင်း ပိုင်ရှင်က..ရတနာပုံ သတင်းစာပါ..သတင်းစာဆရာကြီး ဘိုးဝဇီရရဲ့ သတင်းရေးသားချက်ပါ..

အသက်လေးရပါမှ ပြန်ဖတ်ရတော့..ငယ်ငယ်တုန်းက ခံစားရသလိုမျိုးမဟုတ်တော့ပါဘူး..
ငယ်ဘဝ ဖတ်ဘူးခဲ့စဉ်ကတော့..ဖတ်ပီးရီလိုက်ရတာ..အူနာလုမတတ်..ဟိုလူပြ..ဒီလူပြနဲ့..
ခုတော့ ဖတ်ပီး..ရင်ထဲမှာ..အီလည်လည်ကြီးပါ..စိတ်မကောင်းသလိုလို ဘာလိုလိုကြီး..
ဖတ်ကြည့်လိုက်လေ..

“ ငါ..ငယ်ငယ်ခိုက်ကယ်က..မိုက်မိတယ်..စောကြွယ်ရယ် ”
ဒွေးစိန်ရဲ့တူ..ငသာမြတ်ကယ်နဲ့
သနပ်ကန် တောင်ယာထဲမှာ ကျွဲကြောင်းရတယ်..အိုလေ..အဝေး..
တကြော့တမော့ အကျွန်ကန်တော့ပါရဲ့..
အပေါ့အလေးများသည်တွင်..သွားရင်ဖြင့် တောဖျားကနတ်
ဖမ်းစားတတ်သည်ဟု ငသာမြတ်သူက ပြောသောခါ
တောထဲမှာ စေကြွယ်ရယ်..ငါယုံမိသေး..
တကြော့တမော့ အကျွန်ကန်တော့ပါရဲ့..
အပေါ့ပေါက်ရန် အိမ်ကိုပြန်လျှင် နင့်ထံတွင်…တဲ့
တကယ်အေရယ်..ငသာမြတ်နှစ်ခါတွယ်လို့
သက်နှစ်ဆယ် အရွယ်ရှိခါမှ..ငါသိတယ်လေး..

ကဲဘယ်လိုလဲ..စာဖတ်သူ..ဆိုလိုရင်းသဘောပေါက်မှာပါ..
ကျနော်မျက်စေ့ထဲမြင်ယောင် လိုက်ရတာကတော့..
အသက်၁၉..၂ဝ လောက် တောသား လူရည်လည်လေးတစ်ယောက်ရယ်..
အပျိုပေါက်..၁၃..၁၄ နှစ်ရွယ် ကောင်မလေးတစ်ယောက်ရယ်..

သနပ်ကန် တောင်ယာတောမှာ ဆိတ်အတူကြောင်းနေကြပါတယ်..
ငသာမြတ် ဆိုတာက ကောင်မလေးက..ဒွေးလေး.ဒွေးလေး လို့သူမခေါ်နေကျ..ရွာသူရဲ့သားလေ..
ဒီတော့..ငသာမြတ်ကို တစိမ်းပေမဲ့ အကိုကြီးလိုတစ်မျိုး..အမျိုးလိုတစ်ဖုံ အားကိုးပါလိမ့်မယ်..

ငသာမြတ်ကတော့..ကောင်မလေးရဲ့ အလှတရားတွေကိုမြင်ရင်း ကျိတ်ပီး ရင်ခုန်နေသူကိုး..
စာမတတ်..ပေမတတ်..ကောင်မလေးက..ငသာမြတ်ပြောသမျှယုံသူပေါ့..
“ တောထဲ တောင်ထဲ အပေါ့အလေးမသွားနဲ့နော်..တောတောင် စောင့်တဲ့နတ် ဖမ်းစားမယ် “ ပေါ့

တတစ်နေ့..ကောင်မလေး အန ္တရာယ်မလွယ်နိုင်တော့ .
“ ဟဲ့..ဒီတောမှာ မသွားနဲ့ ရွာကိုပြန်..ကြုံတုန်းလေးဟာ..နင်ဝန်မလေးရင်..ငါဟာပါ ယူသွားပေးပါ ” ပေါ့
(ငသာမြတ်က ဆိတ်ကြောင်းရင်းသစ်ပင်ရိပ်မှာ..ရေတွေ အတင်းတိုက်နေလားမှ မသိတာ )

ဒီလိုနဲ့..ရွာပြန်ရောက်..ညပိုင်း အရွယ်တူတွေ..စုပီး လသာသာ ဗိုင်းငင် ချည်ရစ်ရင်း ဒီအကြောင်းကို ဖေါက်သည်ချပါလိမ့်မယ်..
အဲဒီမှာတင်..သူတို့ထဲက..ရီးစားထားဖူးသူ..အရွယ်ရောက်..မိန်းကလေးတစ်ယောက်ပြောပါလိမ့်မယ်..
“ ဟဲ့..ကောင်မ ညီးကို ငသာမြတ်ညာပီး ယူလိုက်တာ..ဖြစ်ရလေဟယ်..” ပေါ့

နောက်နေ့..ဆိတ်ကြောင်းထွက်ကြပြန်..ငသာမြတ်နဲ့ အတူတူပဲပေါ့..
ကောင်မလေးမျက်နှာမသာမယာ..ငသာမြတ်က..အကဲခပ်နေတဲ့ လူလည်လေ..
ဒါနဲ့ပဲ..ပြောပြန်ပါလိမ့်မယ်..
“ ကွယ်.. မင်းမကြေနပ်လဲ..မနေ့က ငါ့ဟာကို ငါပြန်ယူပါ့မယ်..” ပေါ့..
ဒီလိုနဲ့ပဲ..
“အပေါ့ပေါက်ရန် အိမ်ကိုပြန်လျှင် နင့်ထံတွင်…တဲ့
တကယ်အေရယ်..ငသာမြတ်နှစ်ခါတွယ်လို့
သက်နှစ်ဆယ် အရွယ်ရှိခါမှ..ငါသိတယ်လေး..”

ဒါကတော့..ဟိုးရှေးရှေး..မိန်းကလေးများ ရိုးပုံ..သနားလို့ကုန်နိုင်ဖွယ်မှ..ကုန်နိုင်ဖွယ်..
………………………………………………………………….
(ရှေး..ကဗျာဟောင်းလေးတစ်ပုဒ်အား ခံစားရေးဖွဲ့အပ်ပါသည်။)
ကျနော်..အောင်ထက်ပါ

 

 

Copy from Crazybag……

9 comments

  • surf

    July 1, 2011 at 5:35 pm

    copy from crazy bag online family….no need for point! just for joke

    Reply

  • အာဖျံ ကွီး

    July 1, 2011 at 5:59 pm

    အမယ် .. မောင် Surf
    မင်း ပွိုင့်မလိုချင်လဲ မရဘူးကွာ …
    ပိုစ့်တင်တာနဲ. .. ဒို.သဂျီးက .. ပက်ခနဲ ပွိုင့်ထုတ်ပေးပီးသား ..

    မင်းက member အသစ်မို.လို. ကြိုပြောထားမယ် ..
    ဒို.သဂျီးက တအားသဘောကောင်းပီး ရိုးတယ်
    ငသာမြတ်နဲ.မတူဘူး .. အဟီးးး

    (မင်းပို.စ်ကိုကြိုက်တယ်ကွာ .. ဒါပဲ 😀 )

    Reply

  • bigcat

    July 2, 2011 at 3:46 am

    ဘယ်လိုပြောမလဲ၊ ဖတ်ရတာ ရှက်စရာကြီး၊ နောင်ကိုလည်း များများတင်ပေးနော်.. 😳

    Reply

  • kai

    July 2, 2011 at 9:44 am

    အိမ်ထောင်ပြုတမ်း ကစားတတ်ကြတဲ့ .ရှေးမြန်မာတွေရဲ့ အသက်တန်းကို မြင်သာပါလိမ့်မယ်..။ 🙂

    လိင်ကိစ္စဆိုတာဟာ.. ကြောက်စရာ..ရှက်စရာ.. မလိုလားစရာကြီးလိုဖြစ်အောင်… ရိုက်သွင်းနေခဲ့တဲ့..
    ပို့စ်ဝါး(စစ်ပြီး)ခောတ်နောက်ပိုင်း…အထူးသဖြင့် ၂ဝရာစုနှောင်းပိုင်းက ရဟန်းပညာရှိ၊လူပညာရှိတွေကို…. ထပ်ခါပြောသင့်ပြသင့်တယ်..။

    Reply

  • R Ga

    July 2, 2011 at 10:52 am

    လူရွှင်တော်တွေ ခဏ ခဏပြောတက်တဲ့ မိအေးနှစ်ခါနာ ပုံပြင်လိုလိုဘာလိုလိုနဲ့ …။ တကယ့်ရှေ့ကဗျာ ဆိုရင် တော့ ကောင်းလှပ..။ ဖတ်ရတာပြောပါတယ်။ ဒီလိုမျိုး စာမျိုး တူတော့မတူဘူး ဟာသ အမြင်နဲ့ စာတစ်ပုဒ်တော့ ဦပုည ရေးထားတာဖတ်ဖူးတယ်။

    Reply

  • PinkCandy

    July 2, 2011 at 2:06 pm

    ကြားတော့ ကြားဖူးတယ်
    အဲလောက်ရိုးအတဲ့ ရွာသူလည်းရှိသေးတယ်နော်
    ဒီရွာထဲမှာတော့ အဲလောက်ရိုးအတဲ့သူ ရှိဘူးနဲ့တူတယ်နော 🙂

    Reply

  • naywoonni

    July 2, 2011 at 3:23 pm

    အင်း…. အဲဒိလိုမျိုးစာပေရှိပါသည်..။ ကွယ်ပျောက်ရတာက ……….. ပြောတော့ဝူးးးးးးးးးး

    Reply

  • pan pan

    July 4, 2011 at 3:43 am

    အမလေး ငသာမြတ်
    ဒီလိုလူ အရေဆုတ်
    နှုတ်နှုတ်သာ စဉ်းတော့မယ်
    အလည်လွန်တော့ ယုတ်သွားတယ်
    ငရဲမှာ ဂျိုးကပ်မယ့်ကောင်

    Reply

  • fatty

    July 4, 2011 at 3:58 am

    ငသာမြတ်ကြိး ငရဲရောက်သွားခါမှ … ပြန်ပြန်သတိရနေလို့ ကိုသာမြတ်ကြီးများ ရှိသေးရင် ..
    ဆိုတဲ့ … အတွေးလေးတွေဝင်ဝင်လာမှာစိုးရတယ် …… လေး ။

    Reply

Leave a Reply

Your email address will not be published.