PareByokeDecember 16, 20118min01
ထိုင်ဝမ်းရောက် မြန်မာနွယ်ဘွား ၁၁ နှစ်သား အရွယ်ရှိ မောင်ရဲမာန်အောင်က ထိုင်ပေ့ မြို့မှာကျင်းပတဲ့ လူရည်ချွန်ကလေးလူငယ်များရဲ့စွမ်းရည် ပြိုင်ပွဲထဲ ပါဝင်ယှဉ်ပြိုင်တာ ကြယ်ပွင့် ၂၅ပွင့်အနက် ၂၄ပွင့်ကို ထူးချွန်စွာ ဆွတ်ခူး ခဲ့ပေတယ်၊ “မလာပါနဲ့” ဆို တဲ့မြန်မာသီချင်း ကို ဆိုပြတဲ့ပြင် တရုပ်သီချင်းကိုလည်းဆိုပြ ခဲ့တာ  အကဲဖြတ် ဒိုင်လူကြီး တို့က လည်း တအံ့တဩကောင်းချီးဩဘာပေးကြပေတယ် အ ခြားအဆိုကျော်များ သီဆိုကြတဲ့ "မလာပါနဲ့"သီချင်းတို့လဲ နှိုင်းယှဉ် ခံစားနိုင်အောင် တင်ပေးထားတယ် 【超級童盟會】緬甸小歌王歌聲迷人,聽得如痴如醉!!! – YouTube http://www.youtube.com/watch?v=Ueb2ZDnwH0w&sns=fb 超級童盟會-緬甸小歌王/我是一隻小小鳥-張龍 – YouTube http://www.youtube.com/watch?v=G7lBdcT6n_s&feature=related   Ma Lar Par Nae-張龍/YE MAN AUNG – YouTube http://www.youtube.com/watch?v=iuAQKYLRx4w&feature=related   […]


poochDecember 11, 20111min031
ဒီနေ့ မရည်ရွယ်ပဲနဲ့ ပွဲ တခုကို ရောက်သွားခဲ့ပါတယ်။ ကိုယ်နှစ်သက်တဲ့ အနုပညာရှင်တွေမို့လည်း သွားဖြစ်ခဲ့တာပါ။ ထူးထူးဆန်းဆန်း စရောက်ရောက်ချင်းမှာပဲ လက စကြတ်ပါတယ်။ နောက်တဖြည်းဖြည်းနဲ့ ကြတ်သွားတာ ပွဲပြီးမှ ပြန်လင်းလာခဲ့ပါတယ် ။ ဒါလေးက တိုက်တိုက်ဆိုင်ဆိုင် ကြုံတောင်ကြုံခဲ မြင်လိုက်ရတာပါ။ တခါကလည်း ကြယ်မိုးရွာမယ်ဆိုလို့ တညလုံး စောင့်ခဲ့ဖူးပါတယ်။ အဲ့ဒီညတုန်းကတော့ လေကြီးမိုးကြီးကျပြီး ကောင်းကင်တခွင်လုံး ပိန်းပိတ်အောင်မဲပြီး မှောင်နေခဲ့ပါတယ်။ ဒါကို ဇွဲက မလျှော့ဘူး ပေါ်လာနိုး ပေါ်လာနိုးနဲ့ပါ။ သူငယ်ချင်းတွေ ညီအမတွေနဲ့ တညလုံးတလှည့်စီစောင့်မယ်လို့ တိုင်ပင်ထားတာမှာ အိမ်က ညီမတွေက သူတို့ အရင်အိပ်နှင့်မယ် စောင့်နှင့်နော်လို့ ပြောပြီး လောကကြီးနဲ့ အဆက်ပြတ်သွားကြပါတယ်။ သိပ်မကြာခင်မှာပဲ သူငယ်ချင်းက သူအိပ်လိုက်အုန်ုးမယ် ဆက်စောင့်နေနော်ဆိုပြီး ချစ်စရာကောင်းစွာ ဖုန်းဆက်လာပါတယ်။ နောက်ခဏနေတော့ တဝုန်းဝုန်း […]


“အဲဒါနဲ့ နောက် ဘာဆက်ဖြစ်လဲ ပြောပါဦးဗျ..” မစ္စတာ ဝါဂဲလ် က စကားကို ပြန်ဆက်ခိုင်းတယ်။ “ထူးထူးခြားခြား သိပ်မရှိတော့ပါဘူး…ငါလည်း ရန်သူ့ဘန်ကာဆီသွားတယ်..အဲဒီမှာ ပါကစ္စတန် စစ်သားသုံးယောက် အလောင်း နဲ့ ခါနေးလ် အလောင်း ရှိတာ..ခါနေးလ် အလောင်းကို ပခုံးပေါ်ထမ်းလို့ ငါ့တပ်ဆီပြန်သယ်လာခဲ့တာပေါ့..နောက်နေ့မနက်ကျတော့ ခါနေးလ် အလောင်းကို မီး သဂြုႋဟ် တယ်..ငါ့တပ်မှူးကို ခါနေးလ် ရဲ့ ရဲဝံ့ပြောင်မြောက်တဲ့ တာဝန်ထမ်းရွက်မှုကို သေသေချာချာပြော ပြတော့ တပ်မှူးက ခါနေးလ်ကို အမ်ဗွီစီ ဘွဲ့တံဆိပ် ပေးဖို့ ထောက်ခံချက်ပေးလိုက်တော့တာပဲ..အင်း..ခုထိ သူ့မျက်နှာကို မြင်ယောင် တုန်းပါပဲ…” စစ်သားအိုကြီးက သူ့ရဲဘော်ရဲဘက် ခါနေးလ်ကို သတိရမိလို့ပဲလားတော့ မသိဘူး..မျက်လုံးတွေမှာ မျက်ရည်စလေးတွေ သီလို့။ “အမ်ဗွီစီ ဆိုတာ ဘာတုန်း အဘရဲ့..” ဒယာနက်ရှ် က […]


   ဒီဇင်ဘာလ(၆)ရက်နေ့က Trader Hotel မှာကျင်းပသွားတဲ့Miss Moe Yan 2011 Beauty Contest ဖြစ်ပါတယ်။ နောင်အနာဂတ်ရဲ့မြန်မာ့အနုပညာရှင် ကြယ်ပွင့်လေးများ….ရဲဝင့်စွာဖေါ်ကြပါသည်..ခေတ်ဆန်နိုင်ပါသည် သို့သော်..ယဉ်ကျေးမူလေးတော့ မပျောက်စေချင်ပါ။ ကိုလင်းဝေရဲ့ မြန်မာ့ ရုပ်ရှင်ဆိုတဲ့ ပို့စ်ကြောင့်ပြန်လည် တင်ပြပေးခြင်းပါ၊ www.myanmarcelebrity.com မှကူးယူတင်ပြပါသည်။  


လင်းဝေDecember 7, 20111min026
လုပ်ရင်းကိုင်ရင်း သွားရင်းလာရင်း မြင်မိတာလေးအပေါ် ဖောက်သည်ချရင်း တွေးမိရေးမိတာလေးတွေပါ။ ကပေါက်ကချာလေးတွေ တောင်စဉ်ရေမရ ရေးခွင့်ပြုကြပါ။ မနေ့က နေ့လည်ဖက် MRTV-4 ကနေပြီး သီချင်းဆိုတဲ့ ပွဲတစ်ခု လွှင့်နေတာမှာ ထွန်းအိန္ဓြာဗိုလ် တစ်ယောက် ဆိုနေတာများ ဖြူဖြူကျော်သိန်း ကို အားကျသော ကြီးတော်ကြီး လို့ပြောရမလိုပါပဲ။ ဘာတွေ လျှောက်လုပ်ပြနေမှန်းကို မသိနိုင်အောင် အူကြောင်ကြောင်ပုံဖြစ်နေတယ်လို့ မြင်မိတာပဲ။ ဝတ်ထားတာကလည်း ရင်ရှားလိုမျိုးပုံပါ။ အတူပါလာတဲ့ ရုံးက ကလေးမ လေးက အခုတလော အဲဒါမျိုး ရင်ရှားတွေပဲ ဝတ်တယ်လို့ပြောနေသေးတယ်။ ကိုယ့်အမြင်မှာတော့ ဘယ်ဝက်သားသည်က ( ဝက်သားသည်ဆိုတော့ သူ့ရောင်းကုန်ပဲ မျက်စိထဲ စွဲနေမယ်ထင်တယ်လေ၊ ဝက်ပေါင်တင်းတင်းလေးတွေဆိုရင် လှတယ် မှတ်မှာပေါ့) မြှောက်ပေးလိုက်တာကို အဟုတ်မှတ်ပြီး လက်မောင်းဖော်ဝတ်နေသလဲမသိပါဘူး။ ဆိုနေတဲ့ သီချင်းက ကော်ပီ။ ဝတ်ထားတာက […]


black chawDecember 6, 20111min035
(၁) အိမ်ဆိုတာ သစ်ကိုင်းလေးတကိုင်းဘဲ ဖြစ်ချင်ဖြစ်မယ် (ငှက်တွေအတွက်ဆိုရင်ပေါ့) ရေစပ်ကချုံလေးဖြစ်ချင်ဖြစ်မယ် (ငါးလေးတွေအတွက်ပေါ့) တောထဲကမြေတွင်းတတွင်းလဲဖြစ်ချင်ဖြစ်မယ်(ယုန်လေးတကောင်အတွက်ပေါ့) တခြား တယောက်အတွက် အသေးအဖွဲ ဖြစ်ချင်လဲဖြစ်နေပါ လိမ့်မယ်။ အဲသည် သက်ဆိုင်သူအတွက်တော့ အရမ်းအရေးကြီးတဲ့ “နေရာ” လေးပါ။ နန်းတော်လို့ခေါ် ခေါ်၊ တဲ လို့ခေါ်ခေါ်၊ ရဲတိုက်လို့ခေါ်ခေါ်၊ အခန်းငယ်လေးတခုခုဘဲဖြစ်ဖြစ်အားလုံးဟာ အဲဒီ ပိုင်ဆိုင်ရသူအတွက် သူပိုင် ပိုင်နက်နယ်မြေလေးလိုပါတယ်။ “ဒါ ငါ့အိမ် ” လို့ ရွတ်ကြည့်လိုက်ပါ။ စိတ်ထဲမှာ မိတ်ဆွေနွေးထွေးသွားပါလိမ့်မယ်.။ (၂) ဆတ်ကနဲ လန့်နိုးသည်။ ဆောင်းတွင်းကြီးမှာ ချွေးတွေစိုရွှဲလျက်။ ထထိုင်မိလျက်သားကြီး ဖြစ်နေသည်။ တိုင်ကပ်နာရီကိုကြည့်လိုက်တော့ မနက် ၁ နာရီထိုးတော့မည်။ မိန်းမပါ လန့်နိုးသွားသည်ထင်သည်။ စိုးရိမ်တကြီး နှင့် မေးရှာသည်။ “ အိပ်မက်ဆိုးတွေ မက်ပြန်ပြီလား “ […]


PareByokeDecember 5, 20119min06
            မာကာအိုရောက် မြန်မာနွယ်ဘွား တရုပ် တို့ရဲ့ ၂၀၀၉ ခု နှစ်က အတာသင်းကြန်ပွဲကို မာကာအိုမြို့မှာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့တာပါ ပင်လယ်ရပ်ခြားနေ မြန်မာနွယ်ဘွား တရုပ် တို့က ၂ နှစ် တကြိမ် ပြန်လည်စုံစည်း တဲ့ ပွဲ ကိုလဲ တပါတည်း ကျင်းပခဲ့တာလို့သိရကြောင်း မြန်မာယဉ်ကျေးမှုဝန်ကြီးဌာနမှ ယဉ်ကျေးမှုအဖွဲ့ဝင် တို့လဲ ကြွရောက်ခါ ပါဝင်ဆင်နွဲခဲ့ ကြကြောင်း တွေ့ရတာ ပါ                                     […]


“ဟေမန္တ” မြူခိုးကဝေ စိမ့်လေကဆော်သွေး ။ နှင်းပွင့်ကြွေဟေမာန်တွင်းမှာ မြင်ကွင်းကဖွေး ။ နန်းထိုက်တဲ့ပန်း ပွင့်လန်းကပင်မြင့် ။ ဂုဏ်မြင့်သူဆံမှာပန်တော့ လှဟန်သွင်တင့် ။ လွပ်လပ်ခဲ့ပြီ တို့ပြည်ကိုတို့စိုး ။ တို့အမျိုးကျက်သရေက တက်နေသို့တိုး … ။ ။


kaiDecember 2, 20111min058
ဒီနေ့အလုပ်က ပြန်လာတော့.. လမ်းမှာထုံးစံအတိုင်း ကားမောင်းရင်း.. သတင်းနားထောင်ပါတယ်..။ အများဆုံးနားထောင်ဖြစ်တာက..NPR  ပေါ့.။ တနိုင်ငံလုံးလွှင့်တဲ့.. အစိုးရကတလေးတစားနားထောင်နေတဲ့.. ရေဒီယိုသတင်းဌာနတခုပါ..။ ဆိုတော့.. ရေဒီယိုလည်းဖွင့်ရော.. လေးဖြူအသံကြီးထွက်လာသဗျ…။ “အို..ဒီဇင်ဘာ ကိုယ့်ရင်ခွင်မှာ…”ကြားလိုက်ရတော့.. ဟ.. ငါများရေဒီယိုနဲ့.. စီဒီမှားဖွင့်မိသလားပေါ့..။ http://www.youtube.com/watch?v=TDX_8oJZrPM& လှမ်းကြည့်လိုက်တော့.. အက်ဖ်အမ်ရေဒီယိုပါ..။ ဆက်နားထောင်တော့.. မြန်မာပြည်က.. ကော်ပီခိုးချထားတဲ့သီချင်းတွေအကြောင်း ဆွေးနွေးနေတာခင်ဗျား..။ အဲဒါက.. Collective Soul’s ရဲ့ Decemberကို ခိုးချထားတာတဲ့..။ ဒေးတွန်ယူနီဗာစတီက.. မြူးဇစ်ပါမောက္ခတယောက်..မြန်မာပြည်သွားမွှေလာပြီး စာအုပ်ရေးထားတဲ့အကြောင်းလည်း ပြောပြတယ်..။ သူ့စာအုပ်က.. Burma’s Pop Music Industry- by Heather MacLachlan အရှေ့ကျွန်းက.. ဂီဂီသိုင်းသမားဖတ်ကြည့်ဖို့ကောင်းတယ်..။ သူတို့ပြောတဲ့အထဲ.. ခိုးကူးသီချင်းတွေက.. စီးပွားရေးအရ ရောင်းကောင်းထားတာလည်း ပါတယ်..။ Madonna – Like A Virginလည်းပါတယ်..။ […]


ムラカミNovember 30, 201121min045
သူကတော့ Paul Gilbert ဆိုသူပါ။ အမေရိကန်ပြည်ထောင်စု အိလိနွိုက် ပြည်နယ် အခြေစိုက် ဂစ်တာသမားပေါ့ဗျာ။GuitarOne magazine ရဲ့ အလိုအရ ကမာ္ဘ့ နံပါတ်၄ အဆင့်ရှိတဲ့သူပေါ့...။ကမာ္ဘ့အမြန်ဆုံး ဂစ်တာသမားတွေအကြောင်းပြောကြတဲ့အခါ သူ့ကို ချန်မထားစကောင်းဘူးရယ်လို့ သတ်မှတ်ခံရတဲ့လူပါဗျ။ ကျနော်အနှစ်သက်ဆုံး ဂစ်တာသမားလည်းဖြစ်တယ်ဗျ.. ထူးခြားချက်တွေ ပြောမယ်ဗျာ ... သူဟာ GIT ကျောင်းဆင်းခည....(MIT - Massachusetts Institute of Technologyမဟုတ်ပါ GIT-guitar institute of technologyခည)အဲ့သည့်ကျောင်းမှာပဲ ဆြာပြန်လုပ်တော့ အသက် ၁၈နှစ်ဗျာ... ပါရမီကို တွက်ကြည့်နိုင်မယ်ထင်ပါတယ်... သည်အတွက် သူဟာ California မှာ နေထိုင်စဉ်ကာလများမှာ တခြား ချာတိတ်တွေလို Mc Jobs တွေလုပ်ကိုင်ခဲ့ရခြင်းမရှိပါဘူး နောက်ထပ် ထူးခြားချက်တခုကတော့ ဘာသာရေးကိုင်းရှိုင်းတဲ့ အလယ်အလတ်တန်းစား […]


mipukayNovember 22, 20111min010
ကျမတို ့အထည်ချုပ်လောကမှာ အခုတစ်လောခေတ်စားနေတဲ့သီချင်းတစ်ပုဒ်ပေါ်ပေါက်နေပါတယ် ခင်မင်ရင်းနှီးတဲ့ညီမလေးတွေဖွတားတဲ့ သီချင်းလေးဖြစ်လို ့ဒီဆိုဒ်မှာတင်ခွင့်တောင်းပြီး မျှဝေချင်ပါတယ်။ အားလုံးဘဲနှစ်သက်ကျလိမ့်မယ်လို ့ယူဆပါတယ်။ ကူးယူဖော်ပြထားတာဖြစ်လို ့ သီဖွဲ ့သူတွေရဲ ့နံမည်အပါအားလုံးကို မချွင်းမချန်ဖော်ပြလိုက်ပါတယ်။ ——————— အထည်ချုပ်မှပရိတ်သတ်ကြီး!!!!!!! အားလုံးအားလုံးမင်္ဂလာပါ။ ဒီသီချင်း အောင်ရင် ကိုဆိုမလားလို.အရင်ပြကြည်.ပါတယ်။ သူမဆိုဘူးတဲ.။(မရီနဲ.မဂီ ခဲနဲ.ထုမှာကြောက်လို.လို.ပြောပါတယ်) သူမဆိုတာနဲ.သူနဲ.နာမယ်တူတဲ.သူကိုဘဲကျနော်ဆိုခိုင်းလိုက်ပါတယ်။ သူလဲအောင်ရင်ပါဘဲ။မိန်းမဖြစ်နေတာတခုဘဲရှိတယ်။ သူလဲနာမယ်ကြီးဘဲလေ။ နာမယ်က”မအောင်ရင်”တဲ.။(ဖျာလိပ်နတ်လေ) ဟိဟိ သီချင်းနာမယ်ကို ” မလည်ရှုပ်တဲ.အထည်ချုပ်” လို.ပေးထားပါတယ်။ ကို်ယ်ဟာကိုယ်နာမယ်ပြောင်းချင်ရင်လဲရတယ်။ ပို်က်ဆံမတောင်းဘူး။ (အောက်မှာ စာလုံးပေါင်းမှားတာလေးတွေနဲ.အကျအပေါက်လေးတွေ ပြန်ပြင်ပေးလိုက်ပါတယ်။) Thandar MMGFT GFT သန္တာမှ အောင်ရင်၏နေကာမျက်မှန်လေးနဲ့သီချင်းကို ကိုယ်ပိုင်ဟန်နှင့် သီးကုံးဖွဲ့နွှဲ့ထားပုံကို ခံစားကြည့်ကြပါရှင် …. မရေရာနက်ဖြန်ရေးကအတွေးဆရန်မလွယ်ပါတယ် အဖြေရှာ Chat မှာမေးတော့ ပဲရဟတ်ဟာလည်နေပါတယ် ဝင်္ကပါအမှိုက်ပုံကြီးသဖွယ် စာရင်းမရပါတယ် ….. တပြည်တရွာက […]


GreeNSheePNovember 21, 20111min018
ဦးစွာ ကျတိ ၏ ဘိုင်အိုဂရပ်ဖီလေး ဖော်ပြခွင့်ပြုပါ ။ ပန်ဒိုရာ ပထမ အပုဒ်တွင် “etone” ဆိုသူက ကျတိ ကို “ကပေ” ဆိုသူနှင့် လူမှားနေသောကြောင့် ။ ကျတိ သည် ကျတိ သာ ဖြစ်ပါသည် ။ ကျတိ သည် ဗဒင်၏ သီချင်းစာသားထဲမှ သိုးမည်း ဆိုတာကို ကြိုက်နှစ်သက်သူ ခရေဇီဖြစ်သည် ။ ထို ့ကြောင့် ကျတိ နာမည် သည် GreeNSheeP ဖြစ်လာသည် ။ ၂ဝနှစ်ကို ငါးနှစ် ထပ်ပေါင်းလျှင် ကျတိ အသက် ဖြစ်သည် ။ ကျန်တာတော့ ဘာမှ သိပ်ထွေထူး ပြောစရာ မရှိပါ ။ ဒုတိယ တင်သော […]


“ဒီလိုနဲ့ ..တိုက်ပွဲစတဲ့ ဒီဇင်ဘာ ၃ရက်နေ့ ည မှာ တို့လေးယောက်က ရှေ့ဆုံးတန်း ဘန်ကာထဲမှာ ရှိနေတာပေါ့..အဲ..” အဘိုးကြီးပြောနေတုန်း ပူတူးက ဖြတ်မေးသေးတယ်။ “အဘ တို့ ဘန်ကာထဲမှာ တီဗီရော ရှိလားဟင်…” အဘိုးကြီးက ရီတယ်။ “မရှိပါဘူး ..ငါ့မြေးရယ်.. တီဗီလည်း မရှိဘူး ..ကောဇောလည်း မရှိဘူး..ကျဉ်းကျဉ်းကျုတ်ကျုတ်လေး ရယ်..တို့ လူလေးယောက်  ဝမ်းလျားမှောက်တိုးဝင်ရတာ…ခြင်တွေကိုက်လိုက်တာလည်း မပြောနဲ့..တစ်ခါတစ်လေ မြွေတွေ ဘာတွေတောင် ဝင်လာတတ်  သေးတာ..” အဘိုးကြီး ဘယ်လ်ဝမ် ဆင်းဂ် အသံက ပိုပြီး လေးနက်တည်ကြည်လာတယ်။ “မင်းတို့အထဲမယ် ..ဘယ်သူက ချမ်းဘ် နယ်မြေနဲ့ ပတ်သက်ပြီး ရင်းရင်းနှီးနှီးရှိလည်း တော့ ငါမသိဘူး..အဲဒီနေရာက မြေပြန့်ဆိုပေမဲ့ မီးခိုးရောင် ကျောက်တုံးတွေရယ်..ဆာကန်ဒါလို့ခေါ်တဲ့ မြက်ရိုင်းပင် အရှည်ကြီးတွေ ရှိတယ်လို့တော့ သိကြတာ..မြက်ရိုင်းပင်ကြီးတွေ […]