alinsettJuly 29, 20147min044
  ဟိုတလောက… အန်တီ သဲ…တစ်ယောက်… ပိုစ့်တင်ရင်.. စာလုံးကို..အရောင်ခြယ်တာတို ့…စာသားအကြိီးအသေးလုပ်တာတို ့..  မလုပ်တတ်သေးဘူးဆိုလို ့… တခြားသူတွေလည်း (သိပြီးတတ်ပြီးသူတွေကအကြောင်းမဟုတ်.).မသိသေးသူတွေများ ရှိဦးမလား..တွေးမိလို ့… ဒါလေး…တင်ပြရပါကြောင်းးး အရင်က…  အံဇရာအတုံးတို ့… လမ်းညွှန် တင်ပြထားတာ ရှိပေမယ့်…. အခု  ဖုန်းနဲ ့..ဝင်လုပ်တဲ့..လက်ရှိ ပုံစံ နဲ ့.. ပြန်တင်ပြလိုက်တာ ဖြစ်ပါကြောင်းးး အသုံးဝင်မလားလို ့….       ———————- www.mandalaygazett.com ထဲ..  ဝင်လိုက်ရင်.. ပထမဆုံးမြင်ရမှာက..ဒီလိုကြီးဖြစ်နေမယ်..ဆိုရင်… H0me စာမျက်နှာရဲ့..အောက်ဆုံးနားထိ..သွားပြီး….   ———————————————————————————————————————————    Desktop ဆိုတာလေးကို..ကလစ်ပြီး..ခဏစောင့်လိုက်တာနဲ့.. ကွန်ပူတာမှာ မြင်ရသလို… ဟောသလို…. ——————————————————————————————————————————— ကွန်ပူတာမြင်ကွင်းလို..မြင်ရပြီဆိုရင်တော့.. Add new ကို  ရွေးရတာ […]


  ဟောဗျာ ….။ ဘယ့်နှယ်ဟာကြီးတုန်း ….။ ပုရွက်ဆိတ် ဆိုတာ ပုစိညှောင့်တောင့်လေး ….။ လူဆိုတာက ပုရွက်ဆိတ်နဲ့ ယှဉ်ရင် ဂေါ်ဇီလာ နဲ့ ခြင်နဲ့လောက် ကွာလိမ့်မယ် ထင်တယ်။ ဒါကိုပဲ ပုရွက်ဆိတ်နဲ့ လူ … အတူတူ ဆိုတော့ကာ ??? ဟုတ်ခဲ့ …. ပုရွက်ဆိတ် အကောင်ရေ တစ်သန်းဟာ ဆိုရင် လူတစ်ယောက်နဲ့ ညီမျှပါသတဲ့။ မယုံရင် ပုရွက်ဆိတ်တွေ စုပြီး တိုင်းကြည့်ပေါ့။ ဒီထက် ဆန်းတာကို ပြောရရင်တော့ … ဟောဒီကမ္ဘာကြီးပေါ်မှာ ရှိရှိသမျှ လူသားတွေရဲ့ အလေးချိန်နဲ့ ရှိရှိသမျှ ပုရွက်ဆိတ်တို့ရဲ့ အလေးချိန်ဟာ တူညီပါသတဲ့။ ဟုတ်ချင်လည်း ဟုတ်မှာပေါ့လေ။ ပုရွက်ဆိတ်တွင်း တစ်တွင်း ဆိုရင်တောင် အကောင်တွေက နည်းတာ […]


လင္းJuly 27, 20141min02
အင်း မော်ဒယ် အကယ်ဒမီ Season 2ပြီးတာတော့နည်းနည်းကြာပြီပေါ့ ။ ရေးချင်နေသည်မှာ ကြာပါပြီ။မြန်မာနိုင်ငံတွင် နိုင်ငံတကာ စံလိုလေ့ကျင့်ပေးသည့် ကျောင်း ပုံစံပထမဆုံးထွက်လာသည်မို့ သဘောတော့ကျမိသည်။ထုံးစံအတိုင်း အပြင်အဆင်တွေမှာ သားနားသယောင်ရှိပေမဲ့ မသားနားပေ။ဒါပေမဲ့ တော်တော်ကြိုးစားထားသည်မှာ တော့ ပေါ်လွင် ပါသည်။ Ma Thandar Hlaing သည်ကျမအလွန်နှစ်သက်မိသော Model ။သူမဒီပွဲကို ကြီးကျယ် လာစေရန်ကြိုးစားနေသည်မှာ တော့ မှန်ပါသည်။ အဓိက ပြောချင်နေသည်က ဒါမဟုတ်ပေ။ 🙂 ကျမအဓိကပြောချင်သည်မှာ အရောင်ရွေးချယ်မှုများဖြစ်ပါသည်။ Stage စင်အရောင်မှာမှာ အနက်နှင့် အစိမ်း modal academy ပါ နောက်ခံဖြစ်သည် ပုံမှန်အချိန်တွင် ကြည့်ရသိပ်မဆိုးသော်လည်း catwalk လျှောက်သည့်အချိန်တွင်တော့  model များဝတ်သည့် အရောင်နှင့် လိုက်ဖက်အောင်ပြောင်းပေးလျှင်ပိုကောင်းမည်ထင်ပါသည်။ season 2 တွင် […]


alinsettJuly 25, 20142min016
မမမျိုး….ရယ်… ကျွန်တော်လေ… မမမျိုးနဲ့အတူသွားမယ်လို ့ ရည်ရွယ်ထားခဲ့ပေမယ့်… ဒီခရီးကို.. ကျွန်တော်တစ်ကိုယ်တည်း… အရင် ထွက်ခဲ့မိတယ် ။ မထွက်လို ့မဖြစ်တော့လောက်အောင်လည်း… ကျွန်တော့်ဘက်ကအခြေအနေတွေက… ရှုပ်ထွေးခဲ့ပြီလေ… ။ မမမျိုး… သိတဲ့အတိုင်းပဲ…လေ…။ ကျွန်တော်လိုလူက… မွန်းကျပ်လှတဲ့ ဘဝအမောတွေကြားမှာ…ခက်ခက်ခဲခဲ…အသက်ရှင်နေရသူ..။ ကျွန်တော့် စိတ်နှလုံးရဲ ့ ခံနိုင်ရည်ကိုကျော်သွားတဲ့… နာကျင်မှုတွေကို.. အဆက်မပြတ်ကြုံရတဲ့အခါမျိုးမှာ… ကျွန်တော်… ဆောက်တည်ရာမဲ့သွားတတ်တယ် ။ အဲဒီလို… စိတ်ဒဏ်ရာတွေနဲ ့… ပူလောင်မွန်းကျပ်လာတဲ့အခါတိုင်း… ကျွန်တော်.. . ကျွန်တော့် ပတ်ဝန်းကျင်နဲ ့ ဝေးတဲ့ တစ်နေရာရာကို…ပြေးထွက်မိရော…။ အခုလည်း..ကျွန်တော့် စိတ်ခံစားမှုတို ့ အဆုံးစွန်ထ်ိ….ပေါက်ကွဲမထွက်မိအောင်..ထိန်းတဲ့အနေနဲ့… ကျွန်တော် တစ်ယောက်တည်း..ခပ်မြန်မြန်..ပြေးထွက်ခဲ့ရတယ် မမမျိုးရယ်.. ။ တကယ်ဆို..ဒီခရီးစဉ်က… မမမျိုးနဲ ့..နှစ်ယောက်အတူ…ကြည်ကြည်နူးနူးသွားရမယ့် ခရီးစဉ်ပါ ။ အခုတော့.. ကျွန်တော်တစ်ယောက်တည်း… […]


ဇီဇီJuly 21, 20142min063
အဟိ။ ပန်းကန်တွေ အဖြူအမည်းပြောင်းပြီး အသစ်ဝယ်ပြီးကတည်းက ဒီ ၂ ယောက်ကို မညှင်းရသေးလို့ တင်လိုက်တယ်။ နို့မို့ ဖွဘုတ်မှာဗျာ။ သူများတွေ ဗိုက်ဆာနေချိန်ဆို ဓာတ်ပုံတွေ တက်လာပါပြီ။ အနော်တို့ ကို ညှင်းချက်က ဂလိုပါ ဆို … :mrgreenn: ဒီထဲမှာ ဂွဇွတ်လိ(ခ) ရရင်ဖြင့် ကိုကို ကျောက်ရယ်လေ အိမ်မပြန်ခင် ချတ်ဘောက်ကနေ မမနှင်းကို ခိုင်းထားသဗျ။ ကြက်သွန်ကို ဘယ်လိုလှီးထားးးး ဘယ် အသီးအနှံကို ဘယ်ပုံဘယ်နှယ် လုပ်ပေါ့ဗျာ။ ကိုယ်ဘယ်နှမိနစ် အတွင်းပြန်လာမယ်လေး ဘာလေးပေါ့။ အဲဂလို။   :mrgreenn: အဲ။ မပြီးသေးဘူးးး ချက်ပြီး ပြုတ်ပြီး သူက စားချင်နေပြီဗျ။ အဲလာ မမနှင်းက အလှဆင်ပြီး ဓာတ်ပုံရိုက်တာကို သူက စိတ်မရှည် အော်ချင်ဟောက်ချင် […]


          ယနေ့ခေတ် လူသားများအတွက် မရှိမဖြစ်လိုအပ်သော အရာမှာ လျှပ်စစ်ဓါတ်အား ဖြစ်ပါသည်။ အနည်းဆုံး ဖုန်းအားသွင်းဖို့တော့ လျှပ်စစ်ဓါတ်အား လိုပါသည်။ ကွန်ပျူတာ အသုံးပြုဖို့အတွက် လျှပ်စစ်ဓါတ်အား လိုပါသည်။ ထမင်းဟင်းချက်ပြုတ်ဖို့အတွက် လျှပ်စစ်ဓါတ်အား လိုပါသည်။ တီဗီ ကြည့်ဖို့အတွက် လျှပ်စစ်ဓါတ်အား လိုပါသည်။ အဝတ်အစားများ မီးပူတိုက်ဖို့အတွက် လျှပ်စစ်ဓါတ်အား လိုပါသည်။ ရေခဲသေတ္တာ၊ အဲကွန်း၊ ပန်ကာ၊ အဝတ်လျှော်စက် စသည့် ဇိမ်ခံပစ္စည်းများ အသုံးပြုရန်အတွက် လျှပ်စစ်ဓါတ်အားလိုပါသည်။ ဤမျှ အသုံးဝင်သော လျှပ်စစ်ဓါတ်က လူသားများ၏ အသက်အိုးအိမ်စည်းစိမ်ကို တိုက်ခိုက်လာသောအခါ…။     အခုတလော သတင်းစာ ဂျာနယ်များတွင် ဓါတ်လိုက်သေသောသတင်းတွေ သတိမပြုမိပဲ မနေနိုင်လောက်အောင် ပါနေခဲ့ပါသည်။ အဆိုးဆုံးက ဓါတ်ကြိုးပြတ်ကျလို့ […]


kaiJuly 11, 20146min02
  KrĂźger Foundation to Support Scholarship Program for Burmese Students Lausanne/Switzerland, 3 July 2014 –The KrĂźger Foundation announced a USD 40,000 grant to enable the University of the People (UoPeople) to establish a scholarship program for Burmese students. The grant provides full scholarships for ten promising students in Myanmar to study at a leading US-based […]


alinsettJuly 8, 20141min031
ရင်တော့ အနာသား ။ ရပ်ကွက်တွေထဲမှာ စာအုပ်အငှားဆိုင်လေးတွေ ရှားပါးကုန်ပြီဗျ ။ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်တုန်းကတောင် ရှိပါသေးတယ် ။ အဲဒီ အချိန်လောက်က ကျွန်တော် စာအုပ်အငှားဆိုင်တွေဘက် ချောင်းပေါက်မတတ် အသွားအလာ ရှိနေပါတယ်။ လစဉ် ဖတ်နေရတဲ့ မဂ္ဂဇင်းတွေကြောင့်. . . အသစ်ထွက်နေတဲ့ ရသဝတ္ထုတွေကြောင့်  ဖတ်ချင်စိတ်တွေတဖွားဖွားပေါ်နေတာပါ။ ရပ်ကွက်ထဲက စာအုပ်အငှားဆိုင်လေးဆီမှာ ဖတ်ချင်တဲ့ စာအုပ်သစ်. . . မရောက်သေးရင် ဟိုဘက်ရပ်ကွက်တွေအထိ ဝေးချင်ဝေးပါစေ . . . သွား ငှားဖတ်ခဲ့တာပါ ။ စာအုပ်အငှားဆိုင်လေးတွေနဲ့ ကျွန်တော်ဟာ . . . နှစ်ပေါင်းများစွာ အဆက်အသွယ် ရှိနေခဲ့ခြင်းပါ။ မြို့နယ်ပြောင်း အိမ်ပြောင်းရရင်လည်း ရောက်ရာအရပ်မှာ စာအုပ်အငှားဆိုင်ကို မရမကရှာပြီး ငှားဖတ်ခဲ့တာ. […]


etoneJuly 6, 20141min027
အသက်မွေးဝမ်းကြောင်း အလုပ် အပေါ် တာဝန်ကျေဖို့ ကြိုးစားရင်း ရွာထဲဝင်ပြီး စာမရေးဖြစ်တာရော မဖတ်ဖြစ်တာရော ကြာခဲ့ပါပြီ …. အရင်ကလို မိုးလင်း မိုးချုပ် ရွာရိုးကိုးပေါက်လည်း မလျှောက်နိုင်တော့ဘူး ။ ရွာကြီးကနေ မြို့ဖြစ်သွားတဲ့ သတင်းရော ပိုပြီး လူပိုများလို့ စည်ကားလာတယ်ဆိုတဲ့ သတင်းရော … တချို့ .. တချို့သော … သတင်းတွေပါ ခပ်သဲ့သဲ့တော့ ကြားနေရပေမယ့် …. အရင်ကလို အရပ်တကာလှည့်ပြီး ရန်မတွေ့နိုင်တော့ဘူး …. တအိမ်တက် တအိမ်ဆင်း အတင်းလိုက် မပြောနိုင်တော့ဘူး ….. ။ ဒီနေ့ … အဲ … ဒီည …. ဒါလည်း မဟုတ်သေးဘူး ဒီမနက် ဝေလီဝေလင်းတော့ (ဒါဆိုပိုမှန်မယ် ….. ) […]


ကျုပ်လည်း ဂဇက်မှာစာမရေးဖြစ်တာကြာပါပြီ….ရေးစရာအကြောင်းလည်းရှာမရ…. အဲ..ဒီလိုနေတုန်း သမီးအောင်စါရင်းထွက်တော့….ရီဇတ်ကိုသိသွားတဲ့ မိတ်ဆွေတွေထဲကတစ်ဦးဖြစ်တဲ့… အရီးမုတ်ဆိတ် ဆိုသူက…. လူဆိုး၊ လူမိုက်ကြီး ရဲ့ သမီးလေး ဖတ်ဖို့ – Ask me why 🙂 လူဆိုး၊ လူမိုက်ကြီး ရဲ့ သမီးလေး ဖတ်ဖို့ – Ask me why 🙂 – အရီးခင် ဆိုပြီး သမီးကို ဂုဏ်ပြုခဲ့ပါတယ်…. အဲဒီပို့စ်မှာ မဝင့်ပြုံးမြင့်က…. ဝင့်ပြုံးမြင့် says: ဦးကြီးမိုက် သမီးကို ဘယ်လိုများ ထိန်းကျောင်းပဲ့ပြင်ခဲ့သလဲ သိချင်လိုက်တာ။ ဆိုပြီးမန့်ခဲ့ပါတယ်…. ကျုပ်ကလည်း…. kyeemite says: ကွန်မန့်လေးတွေနဲ့ အားပေးချီးကျူ းကြသူအားလုံးကိုကျေးဇူးပါဗျာ…. ဝင့်ပြုံးမြင့် says: ဦးကြီးမိုက် သမီးကို ဘယ်လိုများ ထိန်းကျောင်းပဲ့ပြင်ခဲ့သလဲ သိချင်လိုက်တာ။ […]


တခါမျှကို မမက်ဖူးသော အိပ်မက်ပါပဲ.. မှော်ဘီအလွန် တိုက်ကြီး အစပ်ပေါ့.. ကျောင်းသားက ၁၀၀.. သင်မှာက ၂ ယောက်.. အတန်းချိန်က ၃ ချိန်.. စမှာက မနက် ရ နာရီ… နေတာက မြို့ထဲမှာ သွားရမည့် ခရီးကြာချိန်က ၂ နာရီလောက် စီးရမှာ… အိပ်မက်ကို စတင်ပေးတဲ့သူက  ယောက္ခထီးပါ… မင်းသွားသင်မလားတဲ့.. ပြောတုန်းကတော့ ကိုယ်ကလဲ နဂို ဒီမှာ(မေတ္တာပါရမီ) ပညာဒါနက လုပ်နေပြီ.. သင်နိုင်မှာပဲလို့ တွေးတာက တကြောင်း… တခြားအကြောင်းအရာက တကြောင်းနဲ့.. ဟုတ်.. ရပါတယ်.. သွားသင်လိုက်မယ်လေ.. တကယ်တမ်းသွားသင်ရမယ်ဆိုတော့.. ရင်တော့ခုန်တယ်.. ဘာလို့ဆိုတော့ အဲက ကလေးတွေရဲ့ Knowledge, IQ  ပြီးတော့ ကိုယ်က လုပ်သာလုပ်တာ အသင်အပြ အဲလောက်မကောင်းတော့မတတ်မှာစိုးတယ်..ကျောင်းသူားကလဲ […]


် တက္ကသိုလ်ရိပ်သာလမ်း ရန်ကုန်တက္ကသိုလ်ရှေ့က မျဉ်းကျားနဲ့ ပြည်လမ်း မဟာမြိုင်မှတ်တိုင်နားက မျဉ်းကျားပါ။ ပြည်လမ်းက ဟံသာဝတီအဝိုင်းကနေ မဟာမြိုင်မှတ်တိုင်အထိ လူကူးမျဉ်းကျားနှစ်ခု ရှိပါတယ်။ အဲဒီနှစ်ခုကလွဲရင် တစ်ခြားနေရာတွေမှာ လမ်းလယ်ကျွန်းပေါ် ပန်းအိုးတွေအပြည့်ထားထားတဲ့အတွက် လမ်းဖြတ်ကူးဖို့မလွယ်ပါဘူး။ လမ်းကူးချင်ရင် မဖြစ်မနေ မျဉ်းကျားကပဲ ကူးလို့ရအောင် လုပ်ထားပေးတဲ့အတွက် စနစ်ကျတယ်လို့ ဆိုရမှာပါပဲ။ ဒါပေမယ့် မြင်ရတဲ့အတိုင်း ကားတွေကတော့ လူကူးမျဉ်းကျားကို ချန်မပေးပဲ ရပ်ထားတာပါ။ ဒီနေရာပဲ လမ်းကူးစရာရှိတဲ့အတွက် ဟိုဘက်ဒီဘက် ကူးတဲ့သူများပါတယ်။ မှတ်တိုင်အကျော်လေးဆိုတော့ ကားပေါ်ကဆင်းတဲ့သူတွေလည်း ပါတာပေါ့။ ပြည်လမ်းဆိုတော့ ကားတွေက တရစပ်သွားတဲ့အတွက် ကားရှင်းအောင် စောင့်ရပါတယ်။ ရှေ့ကားနဲ့ နောက်ကား နည်းနည်းလေး ခြားတဲ့အချိန် အသည်းအသန်ကူးရတာပါ။ တစ်ဖက်ကကူးလာတဲ့ သူတွေနဲ့လည်း မတိုက်မိအောင် ရှောင်ရတာပေါ့။ ဒီလိုမှမဟုတ်လို့ ကားတွေက မီးပွိုင့်မိလို့ တန်းစီရပ်ထားပြန်ရင်လည်း […]


kotun winlattJuly 2, 20144min03
မိုးနဲ့ နွားသိုး အစိုးမရ ဆိုသည့် စကားပုံကဲ့သို့ မနေ့က ညပိုင်းအထိ သာသာယာယာ ရှိနေခဲ့သည့် ရာသီဥတုသည်ကား ယနေ့ နံနက်တွင် ရှစ်ခွင်တိုင်း မှုန်မှိုင်းတဲ့ ပတ်လည် ဖြစ်နေပေပြီ။ မနေ့က ဖားပန်ကျေးရွာ မူလတန်းကျောင်းလေးမှာ အဖွဲ့ဝင်တွေ စုံညီခိုက် ၁၇.၆.၂၀၁၄ ရက်နေ့မှာ ကရင်ကျေးရွာနှင့် သက်ရင်းသာကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ ဆက်ပြီး စာရေးကိရိယာ အလှူသွားကြဖို့ သဘောတူညီမှု ရရှိထားတာမို့ နံနက် ၈ နာရီထိုးတော့ ကျနော့်အိမ်ကို အဖွဲ့ဝင် တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြချေပြီ။ သယ်ဆောင်သွားကြမည့် ပစ္စည်းတွေကို လမ်းမှာ မိုးမိလျှင် ရေမစိုအောင် သေချာစွာ ထုပ်ပိုးမှုတာဝန်ကို ကျနော်မှ ယူထားရသည့်မို့ သေချာကျနစွာ ထုပ်ပိုးနေရ၏။ ရောက်လာသည့် အဖွဲ့ဝင်များကလည်း ဝိုင်းဝန်းကူညီကြသည့်မို့ မကြာလိုက်ပါချေ..။ ပြင်ဆင်ထုပ်ပိုးမှု […]