ရွှေမြယာသို့ အမှတ်တရ…

ကုိ ထြဋ္July 3, 20141min06

တခါမျှကို မမက်ဖူးသော အိပ်မက်ပါပဲ..

မှော်ဘီအလွန် တိုက်ကြီး အစပ်ပေါ့..

ကျောင်းသားက ၁၀၀.. သင်မှာက ၂ ယောက်.. အတန်းချိန်က ၃ ချိန်.. စမှာက မနက် ရ နာရီ…

နေတာက မြို့ထဲမှာ သွားရမည့် ခရီးကြာချိန်က ၂ နာရီလောက် စီးရမှာ…

အိပ်မက်ကို စတင်ပေးတဲ့သူက  ယောက္ခထီးပါ…

မင်းသွားသင်မလားတဲ့.. ပြောတုန်းကတော့ ကိုယ်ကလဲ နဂို ဒီမှာ(မေတ္တာပါရမီ) ပညာဒါနက လုပ်နေပြီ.. သင်နိုင်မှာပဲလို့ တွေးတာက တကြောင်း… တခြားအကြောင်းအရာက တကြောင်းနဲ့..

ဟုတ်.. ရပါတယ်.. သွားသင်လိုက်မယ်လေ..

တကယ်တမ်းသွားသင်ရမယ်ဆိုတော့.. ရင်တော့ခုန်တယ်..

ဘာလို့ဆိုတော့ အဲက ကလေးတွေရဲ့ Knowledge, IQ  ပြီးတော့ ကိုယ်က လုပ်သာလုပ်တာ အသင်အပြ အဲလောက်မကောင်းတော့မတတ်မှာစိုးတယ်..ကျောင်းသူားကလဲ များတယ်လေ…

ကိုယ်ဆိုလိုချင်တာ သူတို့သဘောပေါက်ဖို့ အရေးကြီးတယ်လေ.. ကိုယ်က ဒါန လုပ်သလို သူတို့ကလဲ အချိန်ပေးရတယ်… တန်အောင်ပေးချင်တယ်.. အဲမှာ စ စားတာပဲ…

ပြီးတော့ ကျောင်းသားဦးရေ ၃ဝ ကို တတန်းဆိုတော့ အဲလောက် အများကြီး မသင်ဖူးဘူး…

ပြီးတော့ သွားရမှာက တနင်္ဂနွေ.. မနက်ကလဲ ၄ နာရီလောက်ထမှ ရမှာကိုး… ရ နာရီ အတန်းစ ဆိုတော့… (Mon To Sat က ရုံးအလုပ်လုပ်တယ်လေ စကားချပ်)

တကယ်သင်တော့ အဆင်ပြေပါတယ်.. ဝေးတာလဲ ဝေးပါတယ်.. တချို့ဆို တော်တော်ဝေးပဲ.. နေရာရော.. ဒုံးရော…

ဒါပေမဲ့ ရိုးသားတဲ့ မျက်နှာ၊ တကယ်လိုချင်တဲ့ စိတ်ကလေးတွေကို သိလိုက်ရတော့ သင်ရတာ အားရတယ်ဗျာ…

အတန်းလဲ မပျက်ကြဘူး.. ဒီမှာက ပညာဒါန ဆိုပေမဲ့ အတန်းလဲ လစ်ချင် လစ်တယ်.. ဟိုမှာက အတန်းလစ်တယ်ဆိုတာက အလုပ်ကိစ္စရှိကြတယ်.. စက်ရုံလုပ်တဲ့သူနဲ့.. ပန်းစိုက်တဲ့သူနဲ့…

နောက်တခုကြိုက်တာက ဘုန်းကြီးကျောင်းမှာ သင်ရတာက တကြောင်းပေါ့.. မသင်ခင် ဘုရားဝတ်ပြုရတယ်… အဲဒါလေးလဲ သဘောကျတယ်…

အဖေက ပြောဖူးတယ်.. သားနေ့တနေ့မှာ ကုသိုလ်၊ ပညာ၊ ဥစ္စာ တခုခု ကျန်အောင်လုပ်လို့ ဆုံးမထားတယ်.. ဒီမှာဆို ဘုရားရှိခိုးလို့ ကုသိုလ်ရ.. ပညာလာသင်လို့ ပညာရဆိုတော့.. သဘောကျတယ်ဗျာ..

အမှတ်ရတာ နောက်တခုက ကျွန်တော်တို့ သင်တန်းမှာ သင်ဖို့လာတဲ့လမ်းမှာ… တချို့ကျောင်းသူားတွေက စက်ဘီးတွေ၊ ဆိုင်ကယ်တွေနဲ့ လာတယ်.. ကျွန်တော်တို့ကို ကျော်ရမယ်ဆိုရင် စက်ဘီးဆို

ဆင်းတွန်း ခေါင်းငုံ့၊ ဆိုင်ကယ်ဆိုလဲ ဆင်းတွန်း ဆန့်တဲ့ ဆိုင်ကယ်ဆို တင်ခေါ်နဲ့.. တကယ် ကြည်နူးရတယ်…

ကိုယ်တွေတောင် မလုပ်ဖူးဘူးဗျ.. ပွင့်ပွင့်လင်းလင်းပြောရရင်… နှုတ်တော့ ဆက်ပါတယ်.. လက်အုပ်ချီပြီး မင်္ဂလာပါပေါ့.. သူတို့က ဒီထက်ပိုတယ်… ဆရာတွေကို တန်ဖိုးထားတယ်…

ကျွန်တော်ဆိုလိုချင်တာ ပညာဒါနတွေ ဖွင့်ကြပါတယ်.. ဒါပေမဲ့ တကယ်လိုတဲ့ နေရာတွေကို မရောက်သေးပါဘူး… ပြီးတော့ အဲလို ဝေးတဲ့ နေရာတွေကလူတွေတောင် အမှန်ဆို မိဘလုပ်ငန်း

ပန်းစိုက် တခြားအိမ်အလုပ်တွေ လုပ်မယ်.. ဒါတွေ သင်စရာ မလိုဘူးလို့ မတွေးပါဘူး…

ဒီမှာ ဖွင့်တဲ့ မြို့ထဲမှာ ဖွင့်တဲ့ သင်တန်းတွေကို တန်ဖိုးထားတက်ပါ… မနေ့ ကတင်တဲ့ပို့စ်လို ပိုက်ဆံကို ပြီးစလွယ် မရှာဘဲ.. ဒီလို သင်တန်းတွေတက်.. နည်းနည်းအနစ်နာခံပြီး အလုပ်လုပ်မယ်ဆိုရင်…

ပညာတတ်နဲ့ ပန်းရံ၊ ဆိုက်ကားနင်းလုပ်စရာ မလိုပါဘူးလို့.. အခုဆို ၁ဝ တန်းအောင်ဆို လစာ ဘယ်လောက်.. ဘွဲ့ရဆို လစာ ဘယ်လောက် သတ်မှတ်ပြီး ပေးနေပါပြီလို့…

ပညာရေးက ညံ့နေသေးသော်လဲ သတ်မှတ်ချက်နဲ့ လစာပေးနေပါပြီဆိုတာရယ်…

နောက်ဆုံး ဘွဲ့မရသော်လဲ ဒီလို ပညာဒါနသင်တန်းတွေ တက်ပြီး  ကိုယ် လိုရာ ပန်းတိုင်သို့ ခရီးဆက်နိုင်ပါကြောင်း ရွှေမြယာသို့ အမှတ်တရ ဆောင်းပါးလေးမှ ရေးသားလိုက်ရပါတယ်…

 

 

6 comments

  • kyeemite

    July 3, 2014 at 1:45 pm

    ခင်ဗျားရဲ့ပညာဒါန အတွက်လေးစားဂုဏ်ယူပါတယ်ဗျာ…

    Reply

  • Ko chogyi

    July 3, 2014 at 3:40 pm

    ပညာရေးကုသိုလ်ဆိုတာ အမွန်မြတ်ဆုံးပါ

    Reply

  • Yae Myae Tha Ninn

    July 3, 2014 at 5:13 pm

    ကျွန်တော်တို့တုန်းက ခက်ခဲခဲ့တာကို.. သူများတကာ လွယ်ကူစွာ ရရှိတန်ဖိုးထားတတ်စေချင်တာပါ…:)

    Reply

  • ဇီဇီ

    July 3, 2014 at 7:11 pm

    သာဓု ခေါ်ပါတယ်ဗျာ။
    ကျနော် အရမ်းအားပေးတဲ့ ဒါန က ပညာဒါနပါ။
    🙂

    Reply

  • Ma Ma

    July 3, 2014 at 10:07 pm

    အင်မတန်မွန်မြတ်တဲ့အလုပ်ပဲ။
    လေးစားပါတယ်။
    အားလည်း အားကျတယ်။
    ကိုယ်တိုင်လည်း ဆရာလုပ်ချင်တဲ့ဝါသနာကြောင့် သင်ပေးနိုင်တာရှိရင်လည်း သင်ပေးချင်တယ်။
    ဒါပေမယ့် တတ်တာကလည်း ဟုတ်တိပတ်တိမရှိ။ 😆

    Reply

  • Yae Myae Tha Ninn

    July 4, 2014 at 10:12 am

    ဟုတ်… ဒါပေမဲ့ လူတိုင်းမှာ ဘဝ အတွေ့အကြုံရှိကြတာပဲ.. ဒါကိုပဲ မျှဝေပြီး ပတ်ဝန်းကျင်ကလူတွေ အားငယ်နေတဲ့သူ စိတ်ပျက်နေတဲ့သူတွေကို နှစ်သိမ့်နိုင်ရင်လဲ ပရဟိတ ပါပဲ… 🙂

    Reply

Leave a Reply

Your email address will not be published.