သမိန်ပေါသွပ် ခေါ်ချက်တာမဟုတ်ဘူးးနော်…. ဒီ တစ်ပတ်တော့ အသီးအနှံ တစ်ခုခုထဲကို အသားတစ်မျိုးမျိုး အစာသွတ်တာ ရေးမားလို့။ ဟိ။ :mrgreenn: အသားဟင်းချည်း သီးသန့်မစားချင်တဲ့ သူတွေ အကြိုက်ပေါ့။ KZ အဖေ ဆို ဂလို အရောအနှောလေးတွေမှ ခံတွင်းတွေ့တာရယ်။ ဒါပေမဲ့ ခုရေးမှာက အစာသွတ်ဟင်းတွေ။ အရောအနှောဟင်းက နောက်မှ သတ်သတ်လာမှာ။ ~~~~~~~~~~ ၁) ဗုံလုံသီးကို ဝက်သားအကြေသား သွတ်မယ်နော်။ ဒီမှာက ဝက်သားတောက်တောက် စင်းပြီးသားရတယ်။ အဲဒါကို ပဲငံပြာရည် အကြည်၊ ဂျင်း၊ ကြက်သွန်ဖြူထောင်းထားပြီးသားနဲ့ နယ်ထားး ဗုံလုံသီးဝယ်ရုံပဲ။ ပဲလင်းမြွေသီးလို့လည်း ခေါ်တယ်လေ။ ထိပ်ပိုင်းလေးကို ဈေးသည်မသိအောင် ချိုးကြည့်။ အဟွတ်။ ဖျောက် ကနဲ့ ကျိုးမှ […]
