Kyaw LayOctober 12, 20141min03
မန်းလေးတောင်ခြေမှာရှိတဲ့ဘိုးဘွားရိပ်သာကျောင်းကို ပရဟိတသူငယ်ချင်းများစုပေါင်း၍ ဘိုးဘွားများရဲ့အဝတ်များအားလျှော်ဖွတ်ပေးခြင်း အမိူက်ကောက်ခြင်း သန့်ရှင်းရေးလုပ်ခြင်းများပြုလုပ်၍ လုပ်အားဒါနကုသိုလ်ဆောင်ရွက်ခဲ့ပါသည်


Kyaw LayOctober 10, 20141min04
ဒီနေ့မနက် ညီမလေး Zu Sinyawt တို့သူငယ်ချင်းများနှင့်အတူ အမျိုးသမီးသက်မွေးသင်တန်းကျောင်းကို သွားရောက်ပြီး အဝတ်အစားများနှင့် ငွေပဒေသာပင်အလူငွေ(၁၀၀၀၀၀)ကျပ် လူဒါန်းခဲ့ပြီး လမ်း(၃၀)ပေါ်က ကလေးပြုစုရေးကျောင်းကိုဝင်ခဲ့ပါတယ် ကျောင်းရောက်တော့ သားသားမီးမီးတွေနဲ့ခဏတာဆော့ကစား ပြီး သနပ်ခါးများလိမ်းပေးကာ တစ်နေ့တာ ထမင်းကျွေး(၅၅၀၀၀)အား နှစ်ရက်စာ လူဒါန်းခဲ့ပါသည်။ အခုလိုလူဒါန်းတဲ့ ညီမ Zu Sinyawt နှင့်သူငယ်ချင်းများ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျမ်းမာခြင်းနဲ့ ပြည့်စုံပြီးလိုရာဆန္ဒများလည်းပြည့်ဝပါစေလို့ သားသားမီးမီးများကိုယ်စား ဆုတောင်းပေးလိုက်ပါတယ်ဗျာ ကျွန်တော်ကတော့ အကျိုးတော်ဆောင် လုပ်အားသက်သက်သာ 😉


Kyaw LayOctober 9, 20142min02
ဝမ်းသာစရာပါ ————— ခေါင်းထဲတွင်ရေအိပ်တည်ရောဂါဝေဒနာ ခံစားနေရတဲ့ သားလေးရိူင်းထက်အောင် မန္တလေးမြို့ဆေးရုံကြီးသို့ တတိယအကြိမ်မြောက် ဆေးစစ်မူခံယူဖို့ရောက်လာပါတယ် ဆေးစစ်ချက်အဖြေအရ သားလေးရဲ့ကျန်းမာရေးက အတော်ကောင်းမွန်နေပြီး ဦးခေါင်းမှာလည်း အတော်ပိန်နေပါပြီ (၄)လကြာဆေးသောက်ပြီးမှ ထပ်မံကုသရမယ်လို့ ဆရာဝန်များက ပြောကြားပါတယ်လိုအပ်တဲ့ဆေးဝါးများနှင့် သားသားအတွက် နို့မုန့်ဖိုးဝယ်ရန် အလူရှင်ကိုယ်စား (၁၀၀၀၀၀)ကျပ် လူဒါန်းခဲ့ပါသည်။ အလူရှင်ကတော့ ——————– ကိုရဲဖြိုးအောင် (ရန်ကုန်)မှ ဖြစ်ပါသည်။


Kyaw LayOctober 8, 20142min02
စိတ်တူကိုယ်တူပရဟိတ သူငယ်ချင်းများနှင့် မိတ်ဆွေ အပေါင်းအသင်းများခင်ဗျား.. ကျွန်တော်တို့အဖြူရောင်မိသားစုမှ (၁၆ ) ကြိမ်မြောက် လှူဒါန်းမည့် စစ်ကိုင်းတောင်ရိုး အမှတ်(၂၁) တောင်ဗီလာ ဘုန်းတော်ကြီးသင် အခမဲ့မူလတန်းပညာရေးကျောင်းအတွက် လိုအပ်သော စာသင်သာမဏေလေးများ၏ ချိုးရေအတွက် မိမိတို့မှ ရေမော်တာနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်လှူဒါန်းလျှက်ရှိပါသည် ။ ထို့ပြင် ကျောင်းစာသင် ရှင်သာမဏေလေးများ မှာ ဖြစ်သလို သီတင်းသုံးနေကြပြီး တကိုယ်ရေသန့်ရှင်းမှုအားနည်း သဖြင့် အရေပြားရောဂါများလည်း ဖြစ်ပွားနေကြပါသည်။ ထိုကြောင့် မိမိတို့သူငယ်ချင်းများစုပေါင်း၍ အောက်ပါ အသုံးအဆောင်တို့အား လှူဒါန်းကုသိုလ်ယူကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါသည် ။ 1 / ခေါင်းအုံး 2 / စောင် 3 / ခြင်ထောင် 4 / ဖျာ 5 / ဆပ်ပြာခဲ ၊ […]


Kyaw LayOctober 7, 20141min03
(6-10-2014)11:00AM ပန်းပျိုးသူစာသင်ဝိုင်းမှအကိုအမများနှင့် မန္တလေးမြို့ကင်ဆာဆေးရုံဌာနရှိသားသားမီးမီးများအား ဗူဖေါင်းအရုပ်များနှင့်အလူငွေများအား သွားရောက်လူဒါန်းခဲ့ပါသည်


Kyaw LayOctober 6, 20141min08
အမေ့နာမည်က ဒေါ်မြသင်း အသက်က(၇၉)နှစ် သားသမီးက(၂)ယောက်ရှိတယ် လူလောကမှာတော့မရှိတော့ဘူး အမေက အသက်ကြီးနေပြီ ရှာကျွေးမယ့်သားသမီးက ရှိမနေမှတော့ ကိုယ်တိုင်လိုက်ပြီးတောင်းနေရပြီပေါ့တဲ့ အမေ့ကိုသနားတာနဲ့ လူလူချင်းစာနာမူပံသကူ အလူငွေ(၁၀၀၀၀)ကျပ်လူဒါန်းခဲ့ပါသည်။


Kyaw LayOctober 5, 20141min00
အဖွားနာမည်က ဒေါ်ကြည်ဌေး အသက်က(၅၃)နှစ် နေတာက နွားထိုးကြီး ထန်းတောရွာမှာနေတာပါ သားသမီး(၃) ယောက်ရှိပြီး လွန်ခဲ့တဲ့(၁)လလောက်က ချှော်လဲတာ ခြေထောက်ကျိူးပြီး ရှိတဲ့ပိုုက်ဆံလေးနဲ့ စတီးချောင်းတွေ တပ်ထားရတယ် အခု ခြေထောက်ကသွေးမလျှောက်ပဲ ရောင်နေကာ လူပ်မရနိုင်ပဲဖြစ်နေပါတယ် ဆက်လက်ပြီး ဓါတ်မှန်ရိုက် ဆေးကုသဖို့ ငွေကြေးအခက်အခဲရှိနေတာကြောင့် အလူရှင်ကိုယ်စား အလူငွေ(၅၀၀၀၀)ကျပ် လူဒါန်းပေးခဲ့ပါသည်။ အလူရှင်ကတော့ —————– ကိုအောင်နိုင်ထွန်း(ရန်ကုန်) မှဖြစ်ပါသည်။


Kyaw LayOctober 5, 20141min01
လစဉ်အလုပ်မှသူငယ်ချင်းများနဲ့အတူ ကျောက်ဆည်ခရိုင် သင်းတောင်းကြီးကျေးရွာ မဟာရွှေသိမ်တော်ဘုရားဖူးပြီးအပြန် စုပေါင်းအလူလေးတစ်ခုပြုလုပ်ခဲ့ပါတယ် အဲဒါကတော့ ကျောက်ဆည်မြို့မှာရှိတဲ့ ရွှေစေတီဘိုးဘွားရိပ်သာက အဖိုး အဖွား(၂၃)ယောက်ထံရောက်ရှိခဲ့ပြီး တစ်ဦးလျှင် အလူငွေ(၃၅၀၀)ကျပ် ပုဆိုး+ထမီ နှင့်မုန့်များလည်း လူဒါန်းခဲ့ပါသည်။


Kyaw LayOctober 5, 20142min07
ကျွန်တော်တို့ သူငယ်ချင်းတွေနဲ့ အလှူရှင်တွေ စုပေါင်းပြီး လာမယ့် တနင်္ဂနွေနေ့ (5.10.2014) တွင် မန္တလေးမြို့ ၊ မြစ်ဆိပ် ကမ်းနားလမ်း ၊ ပေါ်တော်မူ ဘုရား အနီး ဧရာမေတ္တာတိုက်ခန်းတွေ နား က ကျူးတဲတွေ မှာ နေထိုင်ကြတဲ့ ကလေး လူကြီး ၂၀ဝ ကျော် ကို ဝက်သား အချိန် ၂ဝ ပိသာာ အရွက်ကြော် နဲ့ နေ့လည်စာ ကျွေးမွေးမှာဖြစ်ပါတယ်ခင်ဗျာ.. ထမင်းကိုတော့ ဘုန်းကြီးကျောင်း က ပိုနေတဲ့ ဆွမ်းတွေ ကို ဧရာမေတ္တာပရဟိတ အသင်းမှ အသင်းသားများက နေ့စဉ် ယူလာပြီး ခွဲဝေပေးပါတယ် ။ ကလေးတွေ က နေ့တိုင်း ၁၁ နာရီလောက်ဆို ထမင်းဖြူ ခွဲတမ်းရဖို့ […]


Kyaw LayOctober 4, 20141min01
“လူလူချင်းစာနာမူပံသကူအလူ” ——————— ဆရာလေးဘွဲ့တော်က ဒေါ်ပုည သက်တော်(၆၇) နှစ် အရင်ကသီတင်းသုံးနေထိုင်တာ ကျောက်ဆည်မြို့က ပေါက်ဖျားကျောင်းမှာပါ လွန်ခဲ့တဲ့(၅)နှစ်က မျက်စိမူန်လာပြီး အခုတစ်နေ့တစ်နေ့ပိုပိုဆိုးလာကာ မျက်စိမမြင်ရရှာတော့ဘူး အဲဒါနဲ့တူမတွေရှိရာ ရွှေသိမ်တော်ဝန်းထဲက ဘုရားတန်ဆောင်းနားမှာ သီတင်းသုံးနေထိုင်တာကိုတွေ့လို့ လူလူချင်းစာနာမူပံသကူ အလှုအဖြစ် အလူရှင်ကိုယ်စား အလူငွေ(၁၀၀၀၀)ကျပ် လူဒါန်းခဲ့ပါသည်။ အလူရှင်ကတော့ —————– Facebook fri ထဲက Myint Moe Bgn မှ ကျန်တော့်ဖုန်းထဲသို့ Bill (၁၀၀၀၀)ဖိုးဖြည့်ကာ လူဒါန်းပါတယ်ခင်ဗျာ…


Kyaw LayOctober 4, 20141min05
“လူလူချင်းစာနာမူပံသကူအလှု” ——————– ဒီနေ့မနက် ဈေးချိုဘေးက ဗေဒါရွှေကြာ လက်ဖက်ဆိုင်ကို ဈေးသွားဝယ်တော့ အဖွားအိုတစ်ယောက် နာမည်က ဒေါ်နန်းရင် အသက်က(၈၄) သားသမီးတွေက ပစ်သွားတော့ အဆင်ပြေသလို ဈေးထဲလိုက် လိုက်တောင်းနေရတာပါဆိုလို့ အလူငွေ(၁၀၀၀၀)ကျပ်လူဒါန်းခဲ့ပါတယ်… အလူရှင်ကတော့ —————— ညီမငယ် Khar Khar (ရန်ကုန်) မှဖြစ်ပါသည်။


Kyaw LaySeptember 27, 20141min04
ဦးနှောက်ထဲသွေးယိုစီးပြီး ရေအိပ်တည်ရောဂါဝေဒနာ ခံစားနေရသော အသက်(၂)လအရွယ် သမီးလေးမေမြတ်နိုး မန္တလေးဆေးရုံကြီး ဦးနှောက်နဲ့အာရုံကြောခွဲစိတ်ဌာနမှာ ပြန်လည်တက်ပြီး ဆေးဝါးကုသမူ ထပ်မံခံယူနေတဲ့အတွက် အလူရှင်များကိုယ်စား အလူငွေ(၂၀၀၀၀၀)ကျပ် သွားရောက် လူဒါန်းပေးလိုက်ပါသည်.. အလူရှင်ကတော့ —————— တာချီလိတ်မြို့မှာနေထိုင်တဲ့ ကိုစိုင်း+မနန်းလှရင် သား လမင်းအေး မိသားစုတို့မှဖြစ်ပါသည်