ဒီ တနင်္လာတော့ ဟင်းစပ်တွေ မရှာပဲ ဝက်ခေါက်ကင်ရမလားစဉ်းစားပြီး တင်လိုက်တယ်။ ရထားတဲ့ ၂ နည်းကို ဖက်စပ်ပြီး ကိုယ်တိုင်ကင်ပြီးမှ တင်တာမို့ စိတ်ချလက်ချ စားလို့ရတယ်လို့။ ဒီမှာတော့ Crispy Roasted Pork လို့ ခေါ်တယ်။ ရန်ကုန်မှာ အခေါက်ကင်လို့ခေါ်ပြီး မန်းလေး အခေါ်က နံကင်လို့ ခေါ်ပါတယ်။ ဟိ။ :mrgreenn: နည်း ၂ နည်းကို အရင်ပြောရရင် …….. ပထမနည်းက မွဘုတ်က ပေးတာပါ။ သူ့ရဲ့ မလေးရှားက မြန်မာစာဖိုမှူးမိတ်ဆွေရဲ့ နည်းပါ။ သူလည်း လက်တွေ့ကင်ပြီးပါပြီ။ ပထမနည်း ဝက်သုံးထပ်သားဗိုက်သားကောင်းကောင်း ရှာဝယ်ပါ ။လေးငါးယောက်စာဆိုရင် အလျား တစ်ပေ၊အနံခြောက်လက်မ လောက်ဆိုရင်ရပြီ။ ပထမဆုံး ဝက်သားအပေါ်အောက်ကို အဝတ်ခြောက်နဲ့စိုထိုင်းမှူ့မရှိအောင်အရင်သုပ်ပါ ။ပြီးရင် ဗန်းထဲကိုရတေစ်ဝက်ကျော်ထည့်၊သံဇကာခံပြီး […]
