ပြီးခဲ့သော တနင်္ဂနွေနေ့ ညနေ ၆း၄ဝ ခန့်က မလေးရှားနိုင်ငံ၊ မလက္ကာ ပြည်နယ်၊ Simpang Ampat မြို့အနီးရှိ အဝေးပြေးလမ်းမ၊ ကီလိုမီတာ ၂၂၃ တွင် အဝေးပြေး express ကားနှင့် အခြားကား ငါးစီးတို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ လူ ၁၂ ယောက် သေဆုံးခဲ့ပြီး ယခုနှစ်အတွင်း မလေးရှားနိုင်ငံ၏ အဆိုးဝါးဆုံးသော ယာဉ်တိုက်မှု တစ်ခု ဖြစ်ခဲ့သည်။ အလွန် အရှိန်ပြင်းစွာ မောင်းနှင်လာသော express ကားမှာ လမ်းလယ်မှ ခြားထားသော သံဘားတန်းကို တိုက်၍ ကျော်ဖြတ်ကာ ဆန့်ကျင်ဘက်လမ်းကြောမှ လာသော ကားများနှင့် တိုက်မိခြင်း ဖြစ်သည်။ ထိခိုက်ဒါဏ်ရာရသူပေါင်း ၄ဝ ကျော်ရှိပြီး လက်ရှိ မလက္ကာဆေးရုံတွင် အသက် ၄၂ နှစ်ရှိ […]
