လိင်တူဆက်ဆံတဲ့ ဗီဒီယိုကို ဖြန့်ချီခံလိုက်ရလို့ ရှက်ရွံ့ပြီး သတ်သေသွားတဲ့ အမေရိကန် လူငယ်လေး

PhyoOctober 7, 20101min01

သက်တံ့အယ်ဒီတာအဖွဲ့။ October/4/2010

အသက် ၁၈နှစ်အရွယ် ရှိပြီဖြစ်တဲ့ အမေရိကန်တက္ကသိုလ် ကျောင်းသားလေးတယောက် သူ့ရဲ့အခန်းဖော် သူငယ်ချင်းက သူ့ရဲ့ချစ်သူနဲ့အတူ လိင်ဆက်ဆံနေတဲ့ ဗီဒီယိုအခွေကို အင်တာနက် ပေါ်ကနေတဆင့် ဖြန့်ချီပေးလိုက်တဲ့ အတွက်ကြောင့် အရှက်ရပြီး နောက်ဆုံး ကိုယ့်ကိုယ်ကို အဆုံးစီရင် သွားခဲ့တာ ဖြစ်နိုင်တယ်လို့ သတင်းရပ်ကွက်တွေက ထွက်ဆိုကြပါတယ်။

Tyler Clementi လို့ခေါ်တဲ့ အဲဒီ ကျောင်းသားလေးဟာ အမေရိကန်နိုင်ငံ New Jersey ပြည်နယ်က Rutgers တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ သူတယောက် ဖြစ်တယ်လို့ ဆိုပါတယ်။

Clementi ဟာ George Washington တံတားပေါ်ကနေ သူ့ကိုယ်သူ အဆုံးမစီရင်ခင် ဂေးတွေ အများစု အသုံးပြုလေ့ရှိတဲ့ အင်တာနက် Dating ဝက်ဆိုဒ်တစ်ခုမှာ သူ့အခန်းဖော် သူငယ်ချင်းတွေရဲ့ နှောက်ယှက်မှုတွေကို မကြာခဏ ခံနေရကြောင်း၊ သူ့ရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်တွေကို ချိုးဖောက်ခံနေရကြောင်းနဲ့ သူ့ကို တနည်းနည်းနဲ့ ကူညီပေးကြဖို့အတွက် တောင်းဆိုတဲ့ သတင်းစကားတွေကို Gawker လို့ခေါ်တဲ့ Dating ဝက်ဆိုဒ်မှာ တင်ထားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် လူအများစုက အဲဒီ သတင်းစကားတွေကို သိပ်အမှတ်မထား မိခဲ့ကြဘူးလို့လည်း ဆိုပါတယ်။

Clementi ဟာ အခုလို သူ့အခန်းဖော်တွေရဲ့ နှောက်ယှက်တာ Webcam တွေနဲ့ ဗီဒီရို ခိုးရိုက် ခံနေရတာတွေကို အဆောင်မှူးတွေဆီကို အခန်းပြောင်းပေးဖို့အတွက် အကူအညီ တောင်းခဲ့ပေမယ့်လို့ အဆောင်မှူးတွေက လျစ်လျူရှုခဲ့တယ်လို့လည်း ဆိုပါတယ်။

အခုအခါမှာ Clementi ကို နှောက်ယှက်တဲ့ လူငယ်လေး နှစ်ယောက်ကိုတော့ သူတပါးရဲ့ ပုဂ္ဂလိက အခွင့်အရေးတွေကို ဝင်ရောက်စွက်ဖက် နှောင့်ယှက်မှုနဲ့ ဒေသခံ အာဏာပိုင်တွေက အရေးယူထားတယ်လို့ ဆိုပါတယ်။

အသက်ဆုံးရှုံးသွားခဲ့ပြီးဖြစ်တဲ့ Clementi ဟာ Bergen မှာရှိတဲ့ Ridgewood သံစုံတီးဝိုင်းထဲမှာ တယောထိုးလေ့ရှိတဲ့ တယောထိုးရာမှာ အလွန်ပင် ကျွမ်းကျင်ပြောင်မြောက်တဲ့ အနုပညာရှင် တယောက်လည်း ဖြစ်တယ်လို့ သိရပါတယ်။

Clementi ရဲ့ မိသားစု ရှေ့နေတယောက်ဖြစ်တဲ့ Paul Mainardi က “ဒီကောင်ကလေးက အရမ်းလိမ္မာတဲ့ လူူငယ်တယောက်ပါ။ ပြီးလို့ရှိရင် အနုပညာမှာ အရမ်းကို ထူးချွန်ပြောင်မြောက်တဲ့ လူငယ်လေး တယောက်ပါ။ သူတို့ မိသားစုဝင်တွေလည်း အခုချိန်မှာ အတော်လေးကို ကြေကွဲ ဝမ်းနည်းနေကြပါတယ်။ အခုလိုမျိုး ဝမ်းနည်းကြေကွဲနေရတဲ့ အချိန်အခါမျိုးမှာ မိသားစုဝင်တွေရဲ့ အိမ်တွင်းရေးနဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်တွေကို အများပြည်သူတွေ အနေနဲ့ လေးစား အသိမှတ်ပြုပေး ကြပါဆိုပြီး” ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာ ဒီတစ်လအတွင်းထဲမှာပဲ လိင်တူချင်း ချစ်တဲ့သူ ဖြစ်တဲ့အတွက်ကြောင့် ခွဲခြားဖိနှိပ်ခံရတဲ့ ဒဏ်တွေကို မခံနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့တဲ့ အမှုပေါင်း ၅ခုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

Tyler Clementi

http://www.coloursrainbow.com/articles/2010-09-20-04-31-42/412-2010-10-04-09-46-24.html

One comment

Leave a Reply

Your email address will not be published.