သက်တံ့အယ်ဒီတာအဖွဲ့။ October/4/2010 အသက် ၁၈နှစ်အရွယ် ရှိပြီဖြစ်တဲ့ အမေရိကန်တက္ကသိုလ် ကျောင်းသားလေးတယောက် သူ့ရဲ့အခန်းဖော် သူငယ်ချင်းက သူ့ရဲ့ချစ်သူနဲ့အတူ လိင်ဆက်ဆံနေတဲ့ ဗီဒီယိုအခွေကို အင်တာနက် ပေါ်ကနေတဆင့် ဖြန့်ချီပေးလိုက်တဲ့ အတွက်ကြောင့် အရှက်ရပြီး နောက်ဆုံး ကိုယ့်ကိုယ်ကို အဆုံးစီရင် သွားခဲ့တာ ဖြစ်နိုင်တယ်လို့ သတင်းရပ်ကွက်တွေက ထွက်ဆိုကြပါတယ်။ Tyler Clementi လို့ခေါ်တဲ့ အဲဒီ ကျောင်းသားလေးဟာ အမေရိကန်နိုင်ငံ New Jersey ပြည်နယ်က Rutgers တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ သူတယောက် ဖြစ်တယ်လို့ ဆိုပါတယ်။ Clementi ဟာ George Washington တံတားပေါ်ကနေ သူ့ကိုယ်သူ အဆုံးမစီရင်ခင် ဂေးတွေ အများစု အသုံးပြုလေ့ရှိတဲ့ အင်တာနက် Dating ဝက်ဆိုဒ်တစ်ခုမှာ သူ့အခန်းဖော် သူငယ်ချင်းတွေရဲ့ နှောက်ယှက်မှုတွေကို […]
