IMG_03111.jpg

ဒီနှစ်ဆန္ဒပြမှုဟာ မနှစ်ကလောက်တော့ မဆိုးလောက်ဘူးလို ့တော့ ထင်ရတယ်.. ဘာကြောင့်လဲဆိုတော့ ညနေ ရနာရီလောက်အထိ လိုင်းကား၊ အိမ်ကားတွေ သွားနေကြသေးလို ့.. လက်ရှိအစိုးရရဲ  ့လုပ်ဆောင်ချက်တွေ၊ မသမာသောနည်းနဲ ့နောင်နှစ်ရွေးကောက်ပွဲအတွက် မဲဆွယ်မှုတွေအပေါ် အတိုက်ခံပါတီက သန် ့ရှင်းစေခြင်း လို ့အဓိပ္ပါယ်ရတဲ့ (Bersih) ဆန္ဒပြပွဲတရားဝင်ပြုလုပ်မှာကြောင့် ဒီကနေ ့ကနေ စပြီး အဲ့ဒီ လွတ်လပ်ရေးကွင်းဝန်းကျင်လမ်းတွေကို ပိတ်ထားလိုက်ပါပြီ.. အစောကလေးတင် အဲ့ဝန်းကျင်ကိုရောက်ခဲ့လို ့ ရွာသူားတွေကို သိစေလိုတဲ့ မြင်စေလိုတဲ့ ဆန္ဒတစ်ခုတည်းနဲ ့ဒီပို ့စ်ရေးလိုက်တာပါ.. ကျနော်အဲ့ဝန်းကျင်သွား ဓါတ်ပုံရိုက်ပေမယ့် ဘယ်ရဲမှ မြန်မာပြည်မှာလို စစ်ဆေး မေးမြန်းခြင်းမရှိပါဘူး.. ရဟတ်ယာဉ်တွေလည်း ဒီညနေပိုင်းကစပြီး လွတ်လပ်ရေးကွင်းဝန်းကင်မှာ ၁၅မိနစ်တစ်ခါလောက် ဝဲနေပါပြီ.. ဒီဝန်းကျင်တည်းခိုခန်းတွေမှာလည်း အခန်းတိုင်းလူပြည့်နီးနီးလို ့သတင်းရပါတယ်..  ဒီပို ့စ်ကိုဖတ်ဖြစ်တဲ့ မလေးရှားရောက် […]


black chawApril 27, 20123min087
Marketing သိတ်အရေးကြီးပါတယ် ကျောင်းဒကာ။ နားလည်ထား၊ သိထားရင် မမှားဘူးပေါ့ဗျာ။ ကုန်ပစ္စည်းလိုက်ဖြန့်နေမှ Marketing သိဖို့လိုတာမဟုတ်ပါဘူး။ ဆိုက်ကားသမားတွေလည်း Marketing အကြောင်း အကြမ်းဖျင်းတော့သိထားရင် ကောင်းတာပါပဲဗျာ။ ဥပမာ။ ဘလက်ချော ဆိုတဲ့ကောင် နင်းတဲ့ဆိုက်ကားများ တော့ ဘယ်တော့မှ မစီးနဲ့ဟေ့။ ဘယ့်နှယ့်ရှင် ဈေးခြင်းတောင်းလေး ကူသယ်ခိုင်းတာ စောင့်ကြီးအောင့်ကြီးနဲ့။ ဆိုက်ကားနင်းနေတာကို လေယဉ်မောင်းနေရတယ်များ မှတ်နေလားမသိဘူး။ မနက်မိုးမလင်းသေးဘူး အရက်ကလည်း သောက်ထားပြီ။ ပေါက်ဖေါ်လေးတို့ဆို ခိုင်းစရာတောင်မလိုဘူး။ အန်တီ ဘာကူသယ်ပေးရမလဲ ဆိုတာချည်းပဲ။ နောက်ကို ပေါက်ဖေါ်နင်းတဲ့ ဆိုက်ကားပဲ စီးတော့မယ် ဒါဗျဲ။ ဆိုက်ကားနင်းတာတောင် အလိုက်သိ ဖင်ပေါ့တဲ့လူနင်းတဲ့ ဆိုက်ကားမျိုးကို လူတွေက ရွေးစီးချင်ကြပါတယ်။ ဒီနေရာကနေ ဟိုနေရာကို နင်းပို့ပြီး ပေးဆိုက်ကားခ ဆိုရုံလောက်နဲ့တော့ အောင်မြင်တဲ့ ဆိုက်ကားသမား တစ်ယောက်မဖြစ်နိုင်ပါဘူး […]


စကားပြောရင် သေချာပေါက် မဖြစ်နိင်တာနဲ့ ကိုယ်ပြောဂျင်ဒါကို အလေးအနက် ပြုလေ့ရှိပါဒယ်။ ဥပမာ – ကမာ္ဘလည်တာရပ်မှ နင့်ကိုငါမုန်းမယ်၊ ပင်လယ်ရေ မခန်းသရွှေ့ချစ်တယ်။ တခါတလေ ကိုယ့်ပတ်ဝန်းကျင်က အရာတွေနဲ့ အပျော်ကိုးကားပြောတယ်။ ဥပမာ – သဂျီး သက်သတ်လွတ်စားမှ၊ တရုတ်ကြီး ဝက်သားမစားလျင်၊ မြန်မာပြည် ဒီမိုကရေစီ ရတဲ့နေ…။ အဲဒီထဲဂမှ မဖြစ်နိုင်ထင်တဲ့ အရာတခု ဖြစ်လို့လာဂဲ့ပါပြီ..။ ဒါကြောင့် ယတိပြတ် မပြောဂေးလို့ never say never die အင်္ဂလိပ်စကားပုံ ရှိထားခဲ့ဒါဘာ။ တရုတ်မှတရုတ်ဆိုပြီး မာန်တက်နေဒဲ့ ကြေးမုံဂျီးဒို့လည်း သတိပြုဇရာဘာ..။ ရာဟူးသတင်းမှာ ဂလိုဆိုဘာဒယ်။ တရုတ်အားဂဇားသမားများ လန်ဒန်အိုလံပစ် မတိုင်ခင် ပြည်တွင်းဖြစ် ဝက်သား၊ အမဲသား၊ သိုးသားတွေကို မစားရလို့ အမိန့်ထုတ်တယ်။ ဆေးစစ်တဲ့အခါ တားမြစ်ထားတဲ့ […]


YE YINT THUApril 26, 20121min017
NLD အမတ်လောင်းများ ယနေ ့အထိ လွှတ်တော် မတက်နိုင်သေးတာသိရလို ့ကိုယ့်နိုင်ငံ အတွက် ကြားရတာစိတ်မကောင်းပါဘူး။ ကျွန်တော်တို ့က လွှတ်တော်ထဲကိုရောက်စေချင်လို ့မဲပေးခဲ့တာပါ။ ဒီင်္လိုမှန်းအစကသာသိခဲ့ရင် ပြည်သူ ့အတွက်လွှတ်တော်ထဲဝင်ပြီး တကယ် အလုပ်အကျွေးပြုချင်တဲ့ တစ်ခြားပါတီက ဝါရင့်သဘာရင့်ပုဂ္ဂိုလ်တွေကိုဘဲမဲပေးမှာပေါ့ဗျာ။ ဒီကိစ္စနဲ ့ပတ်သက်ပြီး ရလိုက်တဲ့သင်ခန်းစာကတော့ နောက်တစ်ခါရွေးကောက်ပွဲလုပ်ရင်တော့ လွှတ်တော်ထဲကို တကယ်သတ္တိ ရှိရှိနဲ ့သွားမယ့်သူ၊ ဥပဒေဘောင်ထဲကနေ သိက္ခာရှိရှိ အလုပ်လုပ်မယ့်သူကိုဘဲမဲပေးတော့မယ် NLD ရေ။ ဒါပေမယ့် သမိုင်းကပေးတဲ့ သင်ခန်းစာတွေကိုတော့ သိစေချင်တယ်။ မြန်မာနိုင်ငံ သမိုင်းမှာရှိခဲ့ဘူးတဲ့ ဖွဲ ့စည်းပုံအခြေခံတွေထဲ မှာပြီးပြည့်စုံတဲ့ ဖွဲ ့စည်းပုံအခြေခံဥပဒေ ဆိုတာ မရှိခဲ့ပါဘူး။ အနည်းနဲ ့အများတော့ ချို ့ယွင်းချက်အားနည်းချက်ကလေးတွေတော့ပါ ခဲ့တာ ဟာသမိုင်းမှာ အထင်အရှားရှိခဲ့ဘူးပါတယ်။ ဗိုလ်ချုပ်တို ့ရှိစဉ်အခါကရေးဆွဲခဲ့တဲ့ […]


ကျွန်တော် တစ်ခါမှ ပိုစ်မတင်ဖူးပါဘူး အမှားပါရင် သဘောထားကြီးပေးစေလိုပါတယ် မေးထဲက ကူးယူဖော်ပြတာပါ Serene Lim လို့နာမည်ခေါ်တွင်တေသာ စင်္ကာပူ ထုတ် Today သတင်းစာမှ ဆောင်းပါးရှင် အမျိုးသမီးဟာ ကျွန်တော်တို့ အမိ မြန်မာပြည်  မှ ကျိုက်ထီးရိုး သို့ အပန်းဖြေ ရန် လွန်ခဲ့သော အောက်တိုဘာလ က သွားရောက် ခဲ့ရာမှ သူမ မကျေနပ်သော မြန်မာပြည်မှ မတိုးတက်သေးသော transport အကြောင်းကို ငြီးတွားရင်း မြန်မာပြည်ရဲ့ မတိုးတက်သေးသော အချက်တော်တော်များများကို ပြစ်တင် ရှုံချထားတာကို ပြန်လည် ဝေဖန်တောင်းပန်ခိုင်းထားသော သတင်းတစ်ရပ်ဖြစ်ပါတယ် စာရေးသူရဲ့ အာဘော်ကို ဖတ်ချင်ရင်တော့ http://www.todayonline.com/Travel/EDC120407-0000004/To-Myanmar-with-love မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ် ပြန်လည်တုံ့ပြန်ဝေဖန်ထားသော ကောင်မလေးရဲ့ အာဘော်ကတော့ http://www.youtube.com/watch?v=rfu4i1k0YOM&feature=related မှာ […]


winterkoeApril 24, 20121min024
စင်္ကာပူတွင် နေထိုင်သော မြန်မာအလွန်ဆန်လှသူ မြန်မာအမျိုးသမီးချောလေးတဦးမှ အဝတ်အစားဝတ်ဆင်မှုနှင့်ပတ်သက်ပြီး မြန်မာပြည်တွင်းနေ မြန်မာအမျိုးသမီးများအား မြန်မာပီပီမြန်မာ့ယဉ်ကျေးမှုကိုထိန်းသိမ်းကြရန် ဆုံးမထားပါတယ်။ သူမလေးအနေနဲ့ မယဉ်ကျေးဘူးလို့ယူဆထားတဲ့ မြန်မာအမျိုးသမီးတွေကို အခုချိန်ကစပြီး ယဉ်ယဉ်ကျေးကျေးဝတ်ဖို့ဆုံးမထားတဲ့ Youtube က  ဆုံးမဩဝါဒဗီဒီယိုမိန့်ခွန်းကို တုံ့ပြန်ထားတဲ့ Video Clip တခုထွက်လာအပြီးမှာ အခြေအနေမကောင်းလို့ သူမလေးအနေနဲ့ သူမရဲ့မူရင်းဗီဒီယိုကိုပြန်ဖျက်လိုက်အပြီးမှာ အဲဒါကိုပြန်လည်တုံ့ပြန်ထားတဲ့ ဗီဒီယိုလေးပါ။ အပျင်းပြေကြည့်ရှုနိုင်ပါတယ်။ (သူမလေးရဲ့မူရင်းဗီဒီယိုကတော ပိုင်ရှင်ဖြစ်တဲ့သူမလေးက ဖျက်လိုက်တယ်လို့ဆိုပါတယ်) http://www.youtube.com/watch?feature=player_embedded&v=4ymeJwFIfGY   ဖြစ်ချင်တော့ မိန်းကလေးကိုတုံ့ပြန်ထားတဲ့ဗီဒီယိုလေးမှာ စင်္ကာပူက Sentosa Beach ကိုရောက်နေတဲ့ မိန်းကလေးရဲ့ ဝတ်စားဆင်ယင်မှုလေးလဲပါပါတယ်။ မိန်းကလေးက အင်္ဂလိပ်လိုတွေပြောထားပါသေးတယ်။ အဲဒီအပိုင်းကတော့ Climax ပါပဲ။ ကြည့်လိုက်ရင်ရှင်းသွားမှာပါ။ အဲဒီ Response Video Clip ထွက်လာအပြီးမှာ မိန်းကလေးရဲ့ မူရင်းဆုံးမစာရော၊ Youtube Account,  […]


ဒီနေ့ဧပြီ၂၃ရက်နေ့ မြန်မာနိုင်ငံမှာ လွှတ်တော်အစည်းအဝေး ပြန်စနေပြီ။ ငါးရက်ပဲ ကြာမယ်ပြောတယ်။ အန်အယ်လ်ဒီ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ မပါသေးဘူး။ ရခိုင်တိုးတက်ရေးပါတီက ကျမ်းကျိန်တဲ့ စကားလုံး အသုံးအနှုန်း ပြင်ပေးဖို့ အဆိုတင်မယ်ပြောတယ်။ ကြံ့ဖွတ်နဲ့စစ်ဗိုလ် အများစု ချုပ်ကိုင်ထားတဲ့ လွှတ်တော်က ဘယ်လိုတုံ့ပြန်မှာလည်း ကြည့်ရမယ်။ အန်အယ်လ်ဒီ လွှတ်တော်တက်မတက် အခုအချိန်အထိ ပြသနာ မရှိသေးပါ။ အစည်းအဝေးဖိတ်စာရတော့ မျှော်လင့်မထား အံ့ဩမိကြောင်း အန်အယ်လ်ဒီကိုယ်တိုင် ထုတ်ဖော်ပြောဖူးလို့ စစ်တပိုင်း အစိုးမရဘက်က သွေးတိုးစမ်းလိုက်တာ ဖြစ်ဖို့များတယ်။ ရွေးကောက်ပွဲ ဥပဒေမှာကြ အသုံးအနှုန်းကို ပြင်ပေးရင် လွှတ်တော်ထဲမှာလည်း ပြင်မပေးနိုင်စရာ မရှိပါ။ အခုအချိန်အထိ နှစ်ဖက်စလုံး မိမိတို့လိုလားချက်များကို ကမ်းလှမ်းထားတဲ့ အဆင့်ဖြစ်နေတယ်။ နိုင်ငံတကာ အစိုးရများ စိုးရိမ်ပူပန်မှု သိပ်မပြဘူး။ တကယ်လည်း နိုင်ငံရေး ကစားနေကြတာပဲ […]


KyaemonApril 23, 201214min03
  ကြားဖြတ်ရွေးကောက်ပွဲအတွက်သတင်း လာယူရင်း နိုင်ငံခြားသား ပရိသတ် အတွက် အမြင်ဆန်းမယ် ထူးခြားကွဲပြားမယ် စိတ်ဝင်စားစရာဖြစ်မယ် လို့ အထင်နဲ့ဓာတ်ပုံတွေရိုက်သွားတာ March 26, 2012  Myanmar Is the recent political thaw in Myanmar genuine? Democratic elections are coming to the long-reclusive southeast Asian nation of Myanmar, formerly Burma. A long military dictatorship has nominally ended, and the regime has signed peace treaties with several ethnic separatist […]


ရွာထဲကိုမရောက်ဖြစ်တာလည်း ၂ ပတ်လောက်ရှိပြီ။ တိတိကျကျပြောရရင်တော့ သင်္ကြန်ရုံးပိတ်ရက်တွေ စကတည်းက ဆိုပါစို့။ ဒါကြောင့်မို့ သဂျီးခဗျာင်္း ဒီပို့စ်ဟာ တစ်ခြားးလူတွေ ရေးပြီးသားဆိုရင်တော့ Discard လုပ်ပေးပါခဗျားင်္။ သေချာတာကတော့ ကော်ပီပေ့စ် မဟုတ်ရပါဘူး။ ကျွန်တော်သိထားသမျှ သတင်းအချက်အလက်တွေကို အခြေခံပြီး စဉ်းစားရေးထားခြင်းဖြစ်ပါတယ်။ သတင်းတွေအရတော့ ဧပြီလ ၁ ရက်နေ့မှာကျင်းပခဲ့တဲ့ ကြားဖြတ်ရွှေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ လွှတ်တော်အသီးသီးက ကိုယ်စားလှယ်တွေဟာ ၂၃ ဧပြီ ၂၀၁၂ တနလာင်္နေ့ကစပြီး လွှတ်တော်တက်ရမှာ ဖြစ်ပါတယ်။ (ဒါပေမယ့် NLD ပါတီရုံးချုပ်တွင် ဧပြီလ ၂ဝ ရက်နေ့ နေ့ လည်ပိုင်းက ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် နေပြည်တော်၌ ဧပြီလ ၂၃ ရက်နေ့တွင် စတင်ကျင်းမည့် လွှတ်တော်အစည်းအဝေးများသို့ NLD မတက်ရောက်ရန် ရာခိုင်နူန်းပိုများကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ […]


ပုံ-ကိုနစ် ရဲရင့်ငယ်(ကနေဒါ) မှ ပြန်လည်ဖေါ်ပြပါသည်။ ပြည်သူ့လွှတ်တော်အမတ်(ဝါ)အမျိုးသားလွှတ်တော်အမတ်တွေလည်း သမတကြီးလိုပဲ နိုင်ငံတော်ဖွဲ့စည်းပုံ၊အခြေခံဥပဒေကို ထိန်းသိမ်းစောင့်သိ ရိုသေစွာ လိုက်ပါမယ်ဆိုရင် ရောမရနိုင်ဘူးလားခင်ဗျာ။။။ မသိလို့မေးကြည့်တာနော်….။။။။။။။


မြန်မာနိုင်ငံ ကချင်ပြည်နယ်ဖားကန့်နဲ့မကွေးတိုင်း ကံမမြို့တွင်းများမှာဖြစ်ပွါးခဲ့တဲ့၊ဗလီဖြိုဖျက်ခံရမူတွေနဲ့ ပက်သက်ပြီး မြန်မာနိုင်ငံ ရဟန်းတော်များအဖွဲ့ချုပ် မှအသိပေးကြေညာချက်ကိုထုတ်ပြန်ခဲ့ပါတယ်။ ရဲရင့်ငယ်၊ကနေဒါမှ ရရှိပါတယ်။ အမှန်က ဒီအချိန်မှာ ဘာသာရေး၊လူမျိုးရေးတွေကို အထူးသတိပြုရမဲ့အချိန်ပါပဲ၊စည်းလုံးမူတွေ မပြိုကွဲအောင်အားလုံးက သတိရှိရှိနဲ့ဆောင်ရွက်ရမဲ့အချိန်ပါပဲ၊ ကိုနာဂချစ်သူရဲ့ ဦးရာဇတ်ပို့စ်လေးအတွက် အထူးလေးစားမိပါတယ်။ကျနော်တို့အားလုံး ဒီအချိန်မှာ တရုတ်။ကုလား အဖြူ။အမဲ ခွဲရမယ့်အချိန်မဟုတ်ပါဘူးလို့ယူဆပါတယ်။ ကျနော်တို့လည်း မြန်မာရဟန်းတော်များအဖွဲ့ချုပ်ရဲ့ ကြေညာချက်အတိုင်း သဘောမတူကြောင်းကန့်ကွက်ပါတယ်၊။။ ဥပဒေပြင်ပမှ ကျူးလွန်သောမည်သည့်ကိစ္စကိုမှ လက်မခံပါ။ တိုင်းရင်းသား ညီအကိုမောင်နှမအပေါင်းစည်းလုံးကြပါ၊ရွာသူားပေါင်း စည်းလုံးကြပါညီညွတ်ကြပါ။


သတင်းတချို့ကြားပြီး စိတ်ပူလို့ ဒီပို့စ်ကိုရေးဖြစ်ပါတယ် NLD ဆိုပြီး အခုတက်ကြွစွာလှုပ်ရှားနေသူတွေထဲမှာ စစ်ထောက်လှမ်းရေးခေတ်က စစ်ထောက်လှမ်းရေး အမာခံသတင်းပေး၊ နောက်စရဖတက်တော့ စရဖသတင်းပေး နောက် ကြံ့ဖွံ့အမာခံတွေ ရှိနေတယ်လို့ သတင်းကြားနေရလို့ပါ နေရာတွေရဖို့လည်းကြိုးစားနေကြတယ်လို့ဆိုပါတယ်။ ဒီသတင်းဟာ တဆင့်ပြော(here say) ဆိုပေမယ့် အမေစုနဲ့ NLD အတွက် စိတ်ပူလို့ တင်ပေးခြင်းဖြစ်ပါတယ် ရွာသူရွာသားများလည်းဝိုင်းဝန်းအကြံပြုပေးကြပါဦး သူတို့မှာ ဘာအကြံတွေရှိလဲမသိရဘူး ဖြစ်နိုင်ရင် NLD ပါတီဝင်မယ်ဆိုရင် သူတို့ရဲ့ရာဇဝင်ပါလိုက်သင့်နေပြီထင်တယ်။


manawphyulayApril 21, 20121min010
ကိုယ်ပိုင်အရေးအသားတော့ မဟုတ်ပါဘူး။ သူငယ်ချင်းက တင်ပေးဖို့ ကူညီတောင်းလာလို့ တင်ပေးလိုက်ပါတယ်။ ဒီလိုမဖြစ်အောင် သူများတွေလည်း ရှောင်နိုင်အောင်ဖြစ်ပါတယ်ရှင်။ Forward Mail from my friend 🙂 Chris Linn —- သူငယ်ချင်းများသို့သတင်းကောင်းပါးခြင်း သူငယ်ချင်းတို့ရေ ကိုယ်ဒီသင်္ကြန်ရက်မှာ အောင်သုခဘုရားဖူးယာဉ် နဲ့တောင်ကြီး အင်းလေး ပင်းတယ ထမ့်စမ်း ဘုရားဖူးသွားခဲ့တယ်။ လက်မှတ်ဝယ်တုန်းက ကားပိုင်ရှင်က မှန်လုံလေအိတ်ကားနဲ့စရိတ်ငြိမ်း ၆သောင်းတဲ့။ ကားစထွက်ကတည်းက မအေးလို့ တစ်လမ်းလုံး တံခါး ဖွင့်ထားရတယ်။ အဲဒါထားတော့ ကားမှာသူခိုးတွေပါလာသေးတယ်။ ကားထမင်းချက် ၃ ကောင်နဲ့ ကားနဲ့ပေါင်းပြီးခိုးတယ်ဆိုတာ ရန်ကုန်ရောက်မှ သိရတယ်။ တောင်ကြီးရောက်ရောက်ချင်း ပထမညမှာ ကားဆရာခေါင်းအုံးအိပ်တဲ့ပိုက်ဆံထုတ်ထဲကငွေ ၄ သိန်း စပျောက်တာ၊ ဒုတိယညမှာ (နောက်တစ်နေ့ဆိုပြန်တော့မှာလေ) ကိုယ့်ကြီးကြီးရဲ့ ပိုက်ဆံအိတ်ပျောက်တာ၊ ခရီးပန်းပြီးအိပ်ပျော်နေကြလို့မနိုးကြဘူးလေ၊ […]