mg wineApril 21, 20121min012
Max Plus အချိုရည် ကားများသည် မြို့နယ်တွေထိလိုက်လံရောင်းချပေးနေသည်ကိုတွေ့ရပါသည်။အိမ်မဲမြို့က ဖြန့်ဖြူသူဆိုင်ရှင်တစ်ဦးက ယခုလို ရင်ဖွင့်ပြောကြားပါတယ်။ အချိုရည်ဖြန့်ဖြူးသောကုမ္မဏီက ကားက (၂၇.၃.၂၀၁၂)မှာ အိမ်မဲမြို့ကို ရောက်လာပါတယ်။ကုမ္မဏီကးမောင်းတဲ့ ကိုယ်စားလှယ်တွေက Max Plus အချိုရည်တွေဈေးတက်မယ် ပစ္စည်းပြတ်နေတယ်နဂိုက ၅ကဒ်ဝယ်ရင် FOC(လက်ဆောင်)တစ်ကဒ်ပေးတယ်။ နောင်ဈေးတက်ရင် FOC(လက်ဆောင်)တစ်ကဒ် မပေးတော့ဘူး။အခုကားလာတာ ပစ္စည်းမပါဘူး။အခုဘောက်ချာဖွင့် အဝယ်ပြရင် အရင်ဈေးအတိုင်း ရမယ် အရင်လိုပဲ လက်ဆောင်၅ကဒ်မှာ တစ်ကဒ်ရမယ်လို့ ပြောဆိုတဲ့အခါ ဆိုင်ရှင်တွေကလည်း ဘောက်ချာဖွင့်ကြပါတယ်။(Crystal Spring Co.LTD ) ဘောက်ချာဖြင့် အဝယ်ဘောက်ချာဖွင့်တယ် ကြိုတင်ပေးငွေတွေယူသွားတယ်။ ဒီမှာ သူတို့က ပို့ပေးမယ့်ရက်ကိုလည်းပြောသွားပါတယ် ၄လပိုင်း ၂ရက်နေ့သို့မဟုတ် ၃ရက်နေ့အရောက်ပို့ပေးမယ်လို့လည်း အာမခံသွားပါတယ်။ “ဈေးအရောင်းဆိုင်များကလည်း အချိုရည် ကုမ္မဏီက ဈေးထိန်းပေးခြင်းနှင့် ပစ္စည်းရမည့်ရက်မဝေးတာရယ် ၊အခွင့်ရေးတစ်ခုပေးတာလို့ မြင်မိပြီး မှာကြတာဖြစ်ပါတယ်” အချိုရည် […]


chityimhtooApril 21, 20121min010
ဒီရက်ပိုင်း Google က g talk ဆာဗာဘာဖြစ်လည်းမသိပါဘူး။ voice ပြောရင် signal တစ်တုံးမှမရှိဘူး။ကွန်နက်ရှင်လည်းကောင်းနေတယ်။မြန်မာပြည်ကဘဲဖြစ်တာထင်လို့ နောက်တော့ တစ်ခြားနိုင်ငံကသူငယ်ခြင်းတွေမေးကြည့်တော့သူတို့လည်းဖြစ်ကျတယ်။ဂျပန်နဲ့ ပြောတော့ အတုံးမတက်ဘူး စင်ကာပူနဲ့လည်းအတုံးမတက်ဘူး နောက်တော့ ဒူဘိုင်းနဲ့ စမ်းကြည့်တော့ အတုံးတက်တယ်။ရွာထဲကလူတွေကော စမ်းကြည့်ကျသေးလားမသိဘူး။


tunlinaungApril 20, 20121min06
Maung Wuntha – တိုက်ခိုက်စာတချို့နဲ့ စပ်လျဉ်းလို့ ရှင်းပြချက် တိုက်ခိုက်စာတချို့နဲ့ စပ်လျဉ်းလို့ ရှင်းပြချက် မောင်ဝံသ၊ ဖေ့စ်ဘွတ်၊ ဧပြီ ၁၉၊ ၂၀၁၂ မိတ်ဆွေများခင်ဗျာ ခုတလော၊ ခုတလောမကပါဘူး၊ အတော်တောင်ကြာခဲ့ပါပြီ။ Facebook မှာ Mizu yota ဆိုတဲ့ နာမည်နဲ့ အကောင့်ဖွင့်ထားသူတစ်ယောက်က ကျွန်တော့်ကို ပုဂ္ဂိုလ်ရေးတွေ တိုက်ခိုက်ပါတယ်။ လွန်လွန်းလာတော့ ကျွန်တော် သူ့ကို block လုပ်လိုက်ရပါတယ်။ အဲဒီတော့ ဘာလုပ်သလဲဆိုတော့ Burma Media Wash အမည်နဲ့ ဖွင့်ပြီး ကျွန်တော့်ကို စွပ်စွဲတိုက်ခိုက်တဲ့စာတွေ ကျွန်တော့်ရဲ့ ပြည်သူ့ခေတ်ဂျာနယ်အပါအဝင် email လိပ်စာအများကြီးဆီပို့ပြီး သဲသဲမဲမဲ ဆက်လုပ်ပါတယ်။ သူဘယ်သူဆိုတာ ကျွန်တော် ခန့်မှန်းလို့ရပါတယ်။ ဘာကြောင့် ခုလို ကျွန်တော့်ကို သဲသဲမဲမဲ […]


မြန်မာစကားမှာရှိတယ်၊ နှုတ်တရာ စာတလုံးတဲ့၊ ပါးစပ်က စကားအခွန်းပေါင်း များစွာထက် စာနဲ့ပေနဲ့ ရေးသားတာ အပုံကြီးသာတယ် တရားဝင်တယ်လို့ အဓိပ္ပါယ်ရတယ်။ ဒါလည်း မြန်မာပြည်မှမဟုတ် ခေတ်သစ် ကမာ္ဘမှာ ဒီအတိုင်းပဲသွားတယ်။ ပြောတာ အပြောပဲရှိတယ်.. ခိုင်လုံမှုအားနည်းတယ်။ ပြသနာဖြစ်လာတဲ့အခါ ဒီလိုပါ ဟိုလိုပါနဲ့ ရှောင်ထွက်သွားလို့ရတယ်။ ဒါကြောင့်ပဲ ရှေ့နေရှေ့ရပ် စာချုပ်စာတမ်း ရုံးကန္နား ဥပဒေများ ထွန်းကားလာတယ်။ ၁၉၉ဝခုနှစ် ရွေးကောက်ပွဲအပြီးမှာ အနိုင်ရပါတီကို အာဏာလွှဲပေးမယ်ဆိုတဲ့ ဗိုလ်ချုပ် စောမောင်ပြောစကား မြောင်းထဲရောက်တာ စာနဲ့ပေနဲ့ မထုတ်ပြန်ခဲ့လို့၊ ၁၉၉ဝ ရွေးကောက်ပွဲ ဥပဒေမှာ အနိုင်ရပါတီကို အာဏာလွှဲပေးမယ်ဆိုတဲ့ စကားလုံး အတိအကျ မပါခဲ့ပါဆိုတဲ့ ဆင်ခြေနဲ့ အနိုင်ရပါတီ အာဏာမရ၊ လွှတ်တော်မတက်ရတဲ့ ရွေးကောက်ပွဲအဖြစ် ကမာ္ဘမှာ ရှားရှားပါပါး ဖြစ်ရပ်မှတ်တမ်း ဝင်ခဲ့တယ်။ […]


ေရႊညာသားApril 19, 20121min019
မြင်းခြံမြို့ပြည်သူ့ဆေးရုံက တာဝန်မဲ့ဆရာဝန် – ဆရာမတွေနဲ့ ဆရာဝန်ကြီးရဲ့လုပ်ရပ်   ရွှေညာသားရဲ့အသိတစ်ယောက် သတင်းပေးလို့ပါ။သင်္ကြန်းတွင်း အကျနေ့လောက်ကပါပဲ။ မြင်းခြံနားက နတ်ညွှန်းဆိုတဲ့ကျေးရွာက အစာအိမ်သွေးကြောပေါက်တဲ့ လူမမာတစ်ယောက်ကို ဆေးရုံလာတင်ပါတယ်။ ထုံးစံအတိုင်း တာဝန်ကျဆရာ/ဆရာမ တွေအကုန်လုံးဆောင့်ကြီးအောင့်ကြီးနဲ့ပါပဲ။ ဆရာဝန်တွေထက် Nurse မတွေကပိုဆိုးပါတယ်။ ဒီနောက် နေရာရဖို့ ဆေးရုံပေါ်ရောက်အောင် အမျိုးမျိုးသော ရစ်နည်းစုံမှဆေးဝါးကုသဖို့ အတွက်ကို နေရာရတာပါ။ဆရာဝန်တွေက Drip Set ချိတ်ပေးဖို့ညွှန်ကြားပါတယ်။ ဒီအခါမှာ Drip နှစ်လုံးလောက်ချိတ်အပြီးမှာ လူနာဟာ မခံမရပ်နိုင်အောင် အေးပြီးတုန်တတ် လာပါတယ်။ ပါးစပ်ကလည်း ချမ်းတယ် ၊ ချမ်းတယ်နဲ့အော်ဟစ်လာပါတယ်။ဒါကို လူနာစောင့်တွေ က တာဝန်ကျတဲ့ဆရာမကို သွားခေါ်တဲ့အခါမှာ ချမ်းတယ်ဆိုရင် စောင်ခြုံပေးထားလိုက် လို့ပြောပြီးတော့မှ လုံးဝလိုက်ကြည့်မပေးပါဘူး။ ခဏအကြာမှထပ်မံပြီးသွားခေါ်တော့လည်း လိုက်ကြည့်မပေးပါဘူး။ ခဏအကြာမှာ တော့  လူနာဟာ အသက်ပျောက်သွားပါတယ်။ […]


black chawApril 18, 20123min070
ပြည်သူလူထု ဘက်တော်သား စီးပွားရေးပိတ်ဆို့တာ ဒို့မမှုပါ သယံဇာတတွေ ပေါတဲ့ပြည် အဲဒီမှာ စလွဲတာပဲ ဦးလေးရေ။ သာမန်လူတစ်ယောက်ရဲ့အလွဲဆိုရင် သိတ် မထင်ရှားဘူးပေါ့။ အခုတော့ ဆရာကြီးတစ်ယောက်ရဲ့ သီချင်းဖြစ်ပြီး တိုင်းပြည်ထဲမှာ ရှိသမျှ တီဗီစတေရှင်တွေကနေ နေ့တိုင်းလိုလို လွှင့်ထုတ်ပေးနေခဲ့တော့ကာ တိုင်းသိပြည်သိ အလွဲကြီးကို ဖြစ်နေတော့ တာပေါ့ ကျောင်းဒကာရယ်။ တလွဲမာနလို့ ခေါင်းစဉ်တတ်ပေးရတော့မှာပဲ။ အခုတလော ပြန်ဖွင့်ပေးဖို့ အော်နေပြီဖြစ်တဲ့ Sanction ကို အံတုပြီး မင်းတို့ ပိတ်လည်း ငါတို့က သောက်ဂရုမစိုက်ပါဘူး ကွာ။ သယံဇာတတွေပေါလွန်းလို့… ဆိုပြီး ရေးချလိုက်တာ ကျောင်းဒကာ။ အတည်ပေါက်ကြီးနဲ့ဗျ။ မျက်နှာသနပ်ခါးနဲ့ ပေါင်သေးကြောင်းနဲ့ ဆိုတဲ့ ဇာတ်လမ်းပေါ့ဗျာ။ အဲဒီ သယံဇာတတွေပေါလွန်းတာကပဲ ကျွန်တော်တို့ မြန်မာနိုင်ငံကြီးကို ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံများ စာရင်းထဲ […]


14ကျမက တာလှလားဟင် သင်္ကြန်ကို ဓါတ်ပုံရိုက်တာ ဒီနှစ်က ပထမဆုံးအကြိမ်ပါ။ ကင်မရာရေစိုမှာစိုးတော့ မထိရဲဘူး။ ဒီနှစ်တော့အရဲစွန့်ပြီး ရိုက်ကြည့်မိပါတယ်။ ကျေနပ်ပါ၏။ သင်္ကြန်ပုံတွေကတော့အများကြီး 2012 အတွက် ဒီလောက်နဲတော်ပါပြီ။ နှစ်သစ်မှာပျော်ရွှင်ကြပါစေလို့ဆုတောင်းပါ၏။   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲစနက်ရှော့ (17-4-2012) မြန်မာနှစ်ဆန်းတစ်ရက်နေ့


  ဒီနှစ်သင်္ကြန်အပြင်သိပ်မထွက်ဖြစ်ပါဘူး။ အိမ်နဲ့နီးနီး ခဏလောက်ဘဲသွားဖြစ်ပါတယ်။ ဒီနေ့တော့ စိတ်ဆာလာပါတယ်။ သင်္ကြန်မဏ္ဍပ်ပေါ်ကနေ လက်ဆော့ချင်တာပါ။ အဲဒါနဲ့ဘဲ ဒီပုံတွေရလာပါတယ်။ ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့ (16-4-2012)


အခု ကျွန်တော် ရေးချင်တဲ့ ပို့စ်လေးကတော့ အများသူငှာကို ထိခိုက်စေလိုသော ရည်ရွယ်ချက်မရှိပါကြောင်း ကြိုတင်ပြောကြားရင်း သင်္ကြန်နဲ့ ပက်သက်သော အတွေးများ ထပ်ကာထပ်ကာ ပေါ်လာသောကြောင့် ကောက်ခါငင်ကာ ရေးသားမိခြင်းဖြစ်ပါသည်။ (အောက်ပါရေးသားချက်များမှာ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုသော စာသားများ မဟုတ်သောကြောင့် ပြုပြင်ပြောင်းလဲစေလိုသော စိတ်ကူးသက်သက်သာ ဖြစ်ပါကြောင်း) ၁) လှည်းတန်းမှာ လမ်းဖြတ်ကူးသူတွေကို ဘာကြောင့် နှစ်ပေါင်းများစွာ ဖမ်း။ လမ်းဖြတ်ကူးသူတွေ အင်မတန်များပြားသော စည်းကမ်းမဲ့သောကြောင့် နှစ်စဉ် ယဉ်တိုက်မှု့များ ဖြစ်ပေါ်လေ့ရှိပါတယ်.. ယဉ်တိုက်မှု့ဖြစ်ပေါ်တိုင်းလည်း မျဉ်းကျားမှ မကူးခြင်း၊ စည်းကမ်းမဲ့ လမ်းဖြတ်ကူးသောကြောင့် မော်တော်ယဉ်များမှ အရှိန်မထိမ်းသိမ်းနိုင်တော့ဘဲ တိုက်မိလေ့ ရှိ့သောကြောင့် ယဉ်မောင်းသူအတွက်ကော လမ်းဖြတ်ကူသူများ အတွက်ကော အင်မတန်မှ အန္တရာယ်များလှပါတယ်။ ယဉ်ထိန်းရုံးနှင့် အင်မတန်နီးကပ်နေခြင်း၊ နယ်မြေ(၃) ယဉ်ထိမ်းရုံးမှာလည်း အရေးပါသော အဓိကကျသော […]


  ဒါကတော့အတက်နေ့ညနေပိုင်းက ပုံရိပ်ကလေးတွေ. ထပ်တင်စရာတွေကျန်ပါသေး၏။ ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့ (16-4-2012 ညနေပိုင်း ပုံရိပ်များ)