kanjosanJune 15, 20121min019
နာမည်ကျော် အမေရိကန်ကုမ္ပဏီ ကိုကာကိုလာ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆ဝ ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေတယ်လို့ သတင်းထွက်ပေါ်လာတော့ မြန်မာနိုင်ငံမှာ တစ်ခြားနိုင်ငံတွေလို ဈေးပေါပေါနဲ့ သောက်ဖို့အရေး နီးစပ်သွားပါတယ်… မြန်မာနိုင်ငံမှာ code သံဗူးကို ဈေးကြီးကြီးနဲ့ သောက်နေရတာဟာ တစ်ခြားနိုင်ငံတွေကတစ်ဆင့်ခံ လည်တင်ပို့လို့ ဖြစ်ပါတယ်… ယခုအချိန် စက်ရုံ မတည်သေးပေမဲ့ အိမ်နီးခြင်းနိုင်ငံတွေကနေ တရားဝင် တစ်ဆင့် ဖြန့်ဖြူးမယ်လို့ သိရပါတယ်…  မြန်မာနိုင်ငံမှာ စက်ရုံ တည်ထောင်ပြီး ဖြန့်ဝေမယ်ဆိုရင်တော့ လုပ်သားအင့်အား အများအပြားလိုအပ်လို့ အလုပ်အကိုင် အခွင့်အလန်းလဲ ပေါ်လာမှာပါ… မြန်မာနိုင်ငံမှာ ကိုကာကိုလာ ဟာ ၁၉၂ရ တည်းကရှိခဲ့ပြီး ပြန်ရုတ်သိမ်းသွားတာ နှစ်ခြောက်ဆယ်တောင် ကြာခဲ့ပါပြီတဲ့…  အမျိုးသမီးများအတွက် အလုပ်အကိုင် အခွင့်အလန်းအတွက် ဒေါ်လာသုံးသန်း ထောက်ပံ့ဖို့လည်း ရှိပါတယ်…


thu thu . sittweJune 14, 20121min016
ငြိမ်းချမ်းရေးဆိုတဲ့စကားကို အပြင်ကလူတွေ ဝိုင်းအော်နေကြပါလား … မြန်မာနိုင်ငံမှာနေတဲ့ မြန်မာတိုင်းရင်းသားတစ်ဦးက ငြိမ်းချမ်းရေးဆိုတာကို ခံစားခွင့် မရှိဘူးလား ? … နိုင်ငံတစ်နိုင်ငံဟာ မည်မျှပင် သေးငယ်ပါစေ အင်အားနဲပါစေ ထိုနိုင်ငံသည် အချုပ်အခြာအာဏာတည်မြဲနေသရွေ့ နိုင်ငံသားတစ်ဦးအနေဖြင့် လုံခြုံငြိမ်းချမ်းစွာဖြင့် ရပ်တည်နိုင်ခွင့်ရှိသည်။ မြန်မာနိုင်ငံသည် မည်မျှပင် အင်အားနဲနေပါစေ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်နေပါစေ မြန်မာနိုင်ငံသားတစ်ဦးအနေနှင့်ရော လူသားတစ်ဦးအနေနှင့်ရော ငြိမ်းချမ်းရေးဆိုတာကို ခံစားခွင့် မရှိဘူးလား …   ငြိမ်းချမ်းရေးဆိုသော စကားကို မပြောခင် လုံခြုံရေးဆိုတဲ့စကားကို ပြောချင်ပါတယ် … ယခုလက်ရှိအခြေအနေမှာ ရခိုင်တိုင်းရင်းသားများဟာ လုံခြုံစိတ်ချရသောအနေအထားတွင် ရှိပါရဲ့လား … သူတို့ရဲ့ စီးပွားရေး၊ စားဝတ်နေရေး၊ ရေရှည်ဘဝတည်ဆောက်မှု မည်မျှအတိုင်းအတာအထိ အလုံအခြုံကင်းမဲ့နေတာကို နက်နက်တွေးလေ ကြောက်စရာကောင်းလေပင် … ဒီလုံခြုံရေးကို ဘယ်သူက တာဝန်ယူမှာလဲ? ဘယ်လိုတည်ဆောက်ပေးမှာလဲ? […]


sterJune 14, 20121min08
မြန်မာ.အလင်း သတင်းစာထဲမှာ နိုင်ငံသားကဒ်တွေ One Stop Service နဲ.လုပ်ပေးနေတာ ဖတ်မိတာနဲ.လွန်ခဲ.တဲ.လ အနည်းငယ်က အကြောင်း သတိရမိသွားလို.ပါ။ တစ်လောက ကျွန်တော. အသိတစ်ယောက် မှတ်ပုံတင် (နိုင်ငံသား စီစစ်ရေးကဒ်) ပျောက်လို. သူနဲ.အတူ လ.၀.က ကိုရောက်သွားခဲ.ပါတယ်။ မိတ္တူ မကျန်ခဲ့လို.အရင် စပြီး လုပ်ခဲ.တဲ. မြို.နယ် လ.၀.က ကို ကိုယ်ရေး ရာဇဝင်တွေ ပြန်တောင်း ခိုင်းပါတယ်။ ပုံမှန်ကတော. တောင်းစာကို စာတိုက်ကနေ ပို.ပေမယ်. ဘယ်အချိန်မှ ပို.မယ်၊ ဘယ်လောက် ကြာမယ်၊ ဟိုရောက်ပြန်တော. ဘယ်လိုပစ်ထားပြီး ဘယ်အချိန်မှ ပြန်စာပို.မယ် ဆိုတာ မပြောနိုင်လို. ကိုယ်တိုင် သွားယူတာ ကောင်းတယ်လို. ဒီဘက် လ.၀.က ကပြော ပါတယ်။ အဲတော.လူကိုယ်တိုင်သွားယူရတယ်ပေါ.။ ကိုယ်ရေးပုံစံ […]


သူကြီး အမေရိကန် refugee ဆိုတာလဲ မရှိဘူး။ အင်္ဂလိပ် refugee ဆိုတာလဲ မရှိဘူး။ ပြင်သစ် refugee ဆိုတာလဲ မရှိဘူး။ မြန်မာ refugee တွေ က ကမာ္ဘ္ဘအနှံ့။ ဒီတော့ သူများရဲ့ refugee တွေ ကို လက်ခံဖို့၊ တရားမျှမျှ တတ နဲ့ လူသားခြင်း စာနာစိတ် အပြည့် နဲ့ ထားဖို့ အတွက်က အဲဒီလို တိုင်းပြည်တွေမှာ ဒီမိုကရေစီ ဆိုတာကို လက်တွေ့အမှန် ကျင့်သုံး နေတဲ့ အစိုးရ နဲ့ အဲဒါကို အရိုးစွဲ နားလည် နေတဲ့ ပြည်သူတွေ ရှိတဲ့ တိုင်းပြည် ဖြစ် မှ ပိုပြီး သင့်တော်ပါတယ်၊ ပိုပြီး ထိရောက်စွာ ကူနိုင်ပါမယ်။ […]


black chawJune 14, 20121min025
အင်း ဒီရက်ပိုင်း လုပ်ကိုင်စားသောက်ရတာ တယ်မလွယ်ဘူး ကျောင်းဒကာကြီးတို့ရေ။ ဘာသာရေးလိုလို လူမျိုးရေးလိုလို အသွင်ယူထားတဲ့ ပဋိပက္ခသတင်းတွေနဲ့ မွန်းကျပ်လှောင်အိုက်လို့…။ ပြီးတော့ ရာဇာရွှေတိုက်တို့ ရာဇာဖက်ကက် တို့ ရဲ့ စိတ်မကောင်းစရာ သဘောထားကွဲလွဲမှုသတင်းတွေကလည်း လူတွေကို ဖီလင်အမျိုးမျိုးပေးလို့…။ ဟေးဟေး…။ နောက်တစ်ခုက ရခိုင် ဒေသ က လူတွေ (လူတွေလို့ ရှင်းရှင်းလင်းလင်းကြီး ရေးထားတယ်နော် ဝတုတ်ရေ) ကို ကူညီတဲ့အနေနဲ့ လက်ဆောင်ပေးကြမယ်ဆိုပြီး နှိုးကြဆော်ကြတော့ ကက်ပ်တိန် FR ကြီးက သူ့ လစာ သိန်းတစ်ရာလောက်ထဲက ရက်ရက်ရောရော ငါးသိန်း ဆိုပြီး မတည်လိုက်ပါလေရော ကျောင်းဒကာရေ။ အဲဒါနဲ့ ဟိုက တစ်သိန်း၊ ဒီက တစ်သိန်း တွေကလည်း ပါဝင်လာကြပါလေရောဗျာ။ ကဲ ဒီလောက် ထက်သန်တက်ကြွနေကြတဲ့ လူတွေထဲတော့ […]


စစ်တွေမြီု့ရဲ့ ၁၂ရက်နေ့ နောက်ဆုံးရ သတင်းဓါတ်ပုံတွေပါ။ စစ်တွေမြို့နဲ့အတူ ရခိုင်ပြည်နယ်ကြီးတစ်လုံးအမြန်ဆုံး အေးချမ်းသာယာပါစေလို့ ဆုတောင်းပါတယ်ဗျာ… တိုင်းရင်းသား ညီအကိုမောင်နှမများ သွေးစည်းကြပါ၊ညီညွတ်ကြပါ။။ ဘယ်သူတွေ မြှောက်ပေးလို့ ဒီလိုဖြစ်ရတာလဲဆိုတာ မကြာခင် ဘူး ပေါ်သလိုပေါ် လာတော့မှာပါ။ ဓါတ်ပုံ…ဒီမိုဝေယံ


Aung ManJune 13, 20121min00
ကုလားနဲ့ကျား….နေရာမပေးနဲ့တဲ့…. အလှုဒါနဆိုတာ တကယ်ကောင်းတာပါ..မင်္ဂလာတရားတော်နှင့်အညီ.. အကြမ်းဖက်ခဲ့ကြတာ..မနေ့တနေ့ကပဲရှိသေးတယ်.. ဒီနေ့..ကျွန်တော်ဒုက္ခသည်ပါဆိုပြီး..ဝင်ထိုင်နေရင်ဘယ်လိုလုပ်ကြမလဲ.. ဒါတောင်ကျွန်မဆိုတာတွေ…မပါသေးဘူးနော်… လူသားချင်းစာနာတတ်ပါတယ်..အကြွင်းမဲ့ပါ..သနားလည်းသနားတတ်ပါတယ်.. ဒါပေမဲ့…ဗာလတွေ(ဘုန်းကြီးကျောင်းများမီးရှို့)ကို..စေတနာထားရင်.. သူတို့တွေ..ကြိတ်ရယ်နေကြလိမ့်မယ်…(ဟီးဟီးဟီး..ငပေါတွေလို့..ဒင်းတို့က) လက်တွေ့ပါလေ.. ဘုရားသော်မှ…လူ့ဗာလဆို..ရဟန်းပင်မချန် ရှုတ်ချခဲ့တဲ့…နိပါတ်တွေရှိခဲ့ဖူးပါတယ်.. အခုလှုတာ ထောက်ပံ့တာ ဒုက္ခသည်အစစ်များအတွက် အရေးတကြီး… အဘဖော ပြောသလို နိုင်ငံတကာလက်ခံနိုင်ဖို့ အခင်းအကျင်း..ပဲဆိုဆို တကယ့်ကို အခိုက်အတန့်ပဲ ဖြစ်သင့်ပါတယ်… ကျွန်ုပ်တို့အလှု..ဆန်မကုန်ချင်ပါ.. ဆိုလိုတာ လှုရင် စေတနာသုံးတန် အပြည့်ထားမယ်.. စေတနာမကွက်ချင်ပါ..အောင့်သက်သက်မဖြစ်လိုပါ.. စကားတွေ သိပ်ရှည်သွားပြီ.. ဟုတ်ကဲ့ ဒီအရေး ငြိမ်သွားပြီဆိုပါတော့… ၎င်း ရိုဟင်ဂျာတွေ ဘင်္ဂါလီတွေ ဘယ်လိုဆက်ထိမ်းကြမလဲ.. ဘယ်နည်းလမ်းတွေ သုံးကြမလဲ.. ဒီအတိုင်းထားလို့တော့ မရနိုင်တာ  အားလုံးသိကြမှာ.. အသင့်တော်ဆုံး စနစ်တွေ ဘာတွေ ရှိကြမလဲ… သတင်းတွေ ကြည့်ရ မြင်ရ ဖတ်ရတာ ဒီတစကောက်မိလို့ပါ.. ဝိုင်းဝန်းတွေးကြည့် ဆွေးနွေးကြပါအုံး.. မင်းတို့ငါတို့ […]


kyawmonkhantJune 13, 20122min06
ဒီရက်ပိုင်း စိတ်မရွှင်စရာ  သတင်းများရဲ့ဖိအားပေးခံနေရခြင်းများ မှ တစွန်းတစ၊ တခဏ လွတ်မြောက်ရန် ဖော်ပြခြင်းဖြစ်ပါသည်။ ဗြိတိသျှ သတင်းစာများက  ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်သည် ရှစ်နှစ်အရွယ် သမီးလေးကို အရက်ဆိုင်တွင် ထားခဲ့ပြီး မိန်းကလေးဟာ သူ့ဇနီးနှင့်အတူရှိနေခဲ့တယ်လို့ထင်လျက် အိမ်ပြန်သွားခဲ့သည်ဟု ထုတ်ဖော်ခဲ့ကြပါသည်။ သူ့ဇနီးစမန်သာသည်လည်း သူမရဲ့ ကလေးနန်စီသည် သူ့အဖေနှင့်အတူရှိနေသည်ဟု ယုံကြည်လျက်  အရက်ဆိုင်မှ သီခြားထွက်ခွါသွားခဲ့သည်။ မစ်စတာကင်မရွန်းရော မစ်စ်ကင်မရွန်းပါ သူတို့၏ အိမ်တွင်ဆုံတွေ့သည့်တိုင်အောင် သူတို့ ကလေးကျန်နေခဲ့သည်ကို သတိမပြုခဲ့ကြပါ။ သူချက်ခြင်းဖုန်းဆက်ခဲ့ပါတယ်။  နန်စီလေးဟာ ဘားဝန်ထမ်းတွေနဲ့အတူ လုံလုံခြုံခြုံရှိနေတယ်လို့ ကြားရတဲ့  အကြောင်း  မစ်စတာကင်မရွန်းကပြောပါတယ်။ ဝန်းကြီးချုပ်တို့ဟာ ကားအသီးသီးနဲ့ မိနစ်အနည်းငယ်ခြားပြီး ထွက်သွားတဲ့အချိန်မှာ သူမဟာ အိမ်သာထဲမှာ ရှိနေခဲ့ပါတယ်။ ဝန်ကြီးချုပ်နဲ့ စမန်သာတို့ဟာ နန်စီလေးသူတို့နဲ့ အတူ ရှိမနေဘူးဆိုတာ သိလိုက်ရတဲ့အချိန်မှာ စိတ်ခြောက်ခြားခဲ့ကြပါတယ်လို့  […]


Wai PhyoeJune 13, 20122min08
ဘယ်Anti Virus ကိုဝယ်သူသုံးစွဲကြမလဲ၊ဘယ်Anti Virus ကကိုယ့်အတွက်အဆင်ပြေနိင်မလဲ? ကွန်ပျူတာနည်းပညာကြီးတိုးတက်လာသည်နှင့်အမျှ Computer Virus များကလည်းတသီကြီးပါလာတတ်ကြသည်။တချို့ Virus များဆိုလျှင် Hard Disk ကိုအရည်ကျိုသလိုပျက်ဆီးသွားနိင်သည် အထိကိုအဖျက်စွမ်းအားကြီးကြပါသည်။သို့နှင့်ပင်ထို Virus များကိုတိုက်ခိုက်ရန် Anti Virus များကလည်းဈေးကွက်တွင်းသို့တစ်မပာုတ်ခြင်းဝင်ရောက်လာကြသည်။Anti Virus တစ်ချို့ကလည်း Performance မြင့်ကြသည်။တချို့ကလည်းအားနည်းချက်များရှိနေကြသေးသည်။ထိုထဲမှာမိမိအတွက်အဆင်ပြေမည့် AntiVirus များကိုယခုတစ်ပတ်အတွက်တင်ပြလိုက်ပါသည်။ 1.Bitdefender Anti-Virus Bitdefender ကတော့အကောင်းဆုံးစာရင်းဝင်ဖြစ်ပြီး တော်တော်လေးကိုလုံခြုံမှူပေးစွမ်းနိင်ပါသည်။သုံးစွဲရလွယ်ကူပြီးUserFriendly လည်းဖြစ်သည့်အတွက်အတော်လေးသုံးကြပါသည်။ နောက်ထပ်အားသာချက်မှာBitdefender သုံးသူများအတွက်မိမိစက်မလေးအောင် အထူးဒီဇိုင်းဆွဲထားခြင်းဖြစ်ပါသည်။သို့သော်စက်ကိုအနည်းငယ်တော့လေးစေပါသည်။KeyLogging တွေ ကိုပါရှာဖွေနိင်သဖြင့် Hacker များရန်မှအတော်အတန်ကာကွယ်နိင်ပါသည်။ 2.Kaspersky Anti-Virus အကောင်းဆုံးစာရင်းဝင်ကာမြန်မာနိင်ငံတွင်အသုံးများဆုံးသောAnti-Virus ဖြစ်ပါသည်။Scan ဖတ်ရာတွင်လည်းမြန်ဆန်မှူတိကျမှူရှိပါသည်။Update တော့မှန်မှန်လုပ်ရန်အလွန်အရေးကြီးပါ သည်။အားသာချက်မှာစက်လုံးဝမလေးခြင်းဖြစ်ပါသည်။သို့သော် License သက်တမ်းကုန်ခါနီးပါက စက်အချို့တွင် Refresh လုပ်ရန်ပင်၁၅second အထိကြာမြင့်တတ်သည်အထိစက်လေး သည်မှာလည်း အားနည်းချက်တစ်ခုဖြစ်ပါသည်။မည်သို့ဆိုစေ Disabled […]


Wai PhyoeJune 13, 20121min015
ကျန်းမာသန်စွမ်းသော သုက်ပိုးထွက်ရှိမှုအတွက် အဓိကကျသည့် မျိုးဗီဇကို စကော့တလန်မှ ပညာရှင်များက လေ့လာတွေ့ရှိခဲ့ပြီးနောက် အမျိုးသားများ သောက်သုံးနိုင်သည့် ပဋိသန္ဓေတားဆေး ထုတ်လုပ်နိုင်ရန် မျှော်လင့်လာနိုင်ပြီ ဖြစ်သည်။ သုက်ပိုးထုတ်လုပ်ရာတွင် နောက်ဆုံးအဆင့်များအတွက် အရေးပါသော Katanal1 အမည်ရ မျိုးဗီဇကို ကြွက်များတွင် လေ့လာရာ၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ Katanal1 မျိုးဗီဇကို တားဆီးနိုင်သော ဆေးဝါး ထုတ်လုပ်နိုင်မည် ဆိုလျှင် အမျိုးသားက ယင်းဆေးကိုသောက်ရုံဖြင့် ပဋိသန္ဓေ တားနိုင်မည်ဖြစ်သည်။ ယခုအချိန်အထိ အမျိုးသားဘက်က ပဋိသန္ဓေတားရန်အတွက် ပုံမှန်အားဖြင့် ကွန်ဒုံးသုံးခြင်းနှင့် သားကြောဖြတ်ခြင်း၊ ထုံးခြင်းကိုသာ ပြုလုပ်၍ရသေးသည်။ အီဒင်ဘာ့ဂ်တက္ကသိုလ် မျိုးဆက်ပွား ကျန်းမာရေးဌာနမှ သုတေသနပညာရှင်များက အမျိုးသားများ မျိုးမအောင်မှုနှင့်ပတ်သက်ပြီး သုတေသန ပြုလုပ်စဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကြွက်များတွင် မျိုးဗီဇကို ကြုံရာကျပန်းပြင်ပစ်ကာ မည်သည့်မျိုး ဗီဇချို့ယွင်းလျှင် မျိုးမအောင်ဖြစ်တတ်သနည်းဆိုခြင်းကို […]


Wai PhyoeJune 13, 20122min010
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ဆူပူအကြမ်းဖက်မှုများသည် လက်ရှိတွင် ရက်သတ္တပတ်နီးပါး ကြာမြင့်လာပြီဖြစ်ပြီး အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာမှုများ ပြုလုပ်ခဲ့သော်လည်း အကြမ်းဖက်မှုများ ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။ ရခိုင်တိုင်းရင်းသား နည်းပါးသော မြို့နယ်များဖြစ်သည့် မောင်တော၊ စစ်တွေ စသည့်မြို့များတွင် အကြမ်းဖက်မှုများ အဓိက ဖြစ်ပွားနေခြင်းဖြစ်ပြီး အခြားသော ကျောက်ဖြူ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ သံတွဲ စသည့်မြို့များတွင်မူ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခြင်း မရှိကြောင်း၊ အလားတူပင် မြန်မာနိုင်ငံ မြို့ကြီးအသီးသီးတွင် လူမျိုးဘာသာပေါင်းစုံ အေးချမ်းစွာ နေထိုင်လျက်ရှိကြောင်း သိရှိရသည်။ ရခိုင်ပြည်နယ်အတွင်း၌ ဇွန်လ ၄ ရက်နေ့မှစတင်ပြီး မောင်တောမြို့တွင် အကြမ်းဖက်မှုများ စတင်ဖြစ်ပွားလာကာ မောင်တောနှင့် ဘူးသီးတောင်မြို့တို့၌ ရိုက်နှက်ခြင်း၊ လုယက်ခြင်းတို့ကြောင့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ခဲ့သည်။ ထို့နောက် စစ်တွေမြို့တွင် […]


black chawJune 13, 20121min035
(သိကြဘို့က မြန်မာ့ဒီမိုကရေစီရေး ဖြစ်ပေါ်တိုးတက်မှုကို မနာလိုမရှိစိမ့်နိုင်ကြတဲ့ အိမ်နီးချင်းအချို့ ရှိတာကိုသတိချပ်ကြဘို့လိုပါတယ်။) သူကြီးရဲ့ ပို့စ် Clinton on Violence in Burma’s Rakhine State ပို့စ်မှာ ဆရာမောင်မိုးညိုပေးတဲ့ ကွန်းမန့်ထဲမှာ ပါတဲ့ စကားလုံး တချို့ပါ။ ပညာရှိ တွေးတာ ပြေးကြည့်တာထက်မှန်သတဲ့။ ဆရာမောင်မိုးညို စကားနဲ့ အလားတူတဲ့ စာတချို့ကို ပြီးခဲ့တဲ့ ဧပြီလ ၃ဝ ရက်နေ့ထုတ် Favourite Journal ထဲမှာ ဆရာဖိုးသောကြာလည်း ရေးခဲ့ဘူးပါတယ်။ နည်းနည်းလေး ထုတ်နှုတ်ပြပါရစေဦး…။ မြန်မာနိုင်ငံခေါင်းထောင်လာမှာကို “မနာလိုမရှုစိမ့်တဲ့ စိတ်” မျိုးထက် အဆများစွာ ဆိုးရွားယုတ်မာတဲ့ “စိမ့်ဝင်ဖျက်ဆီးနည်းဗျူဟာ” ကို သုံးနေသလားလို့တော့ သံသယဝင်မိတယ်ဗျာ။ “သိတ်မှန်တာပေါ့ဗျာ။ အနောက်ကမ္ဘာဟာချမ်းသာကြွယ်ဝပြီး မြင့်မားတဲ့နည်းပညာကို ပိုင်ဆိုင်တယ်။ နိုင်ငံသားတွေရဲ့ အရည်အသွေး […]


Mr. humanJune 12, 20121min05
ဧရာဝတီတိုင်း  ပန်းတနော်မြို့နယ်  ကျုံ လမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ပိုင်  ကျီးတပင် အုပ်စု တွင်  စားကျက်မြေများကကျေးရွာ အုပ်ချုပ်ရေးမှူးမှ တစ်ဧက ၃၀၀ဝ နုန်းကောက်ခံကြောင်းနှင့်တစ်ချို့ စားကျက် မြေများ ကို သိမ်းယူရောင်းစားကြောင်း သတင်းရရှိသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍  ကျီးတစ်ပင် အုပ်စု ရှိကျေးရွာ လယ်သမား များထံ ကျေးရွာ အုပ်ချုပ်ရေးမှူးမှ      စားကျက်မြေ တဧကလျှင်၃၀၀ဝပေးရန်ကောက်ခံခဲ့ပါသည်။ လယ်သမားများကလည်း ပေးပါသည်။  ကျေးရွာ အုပ်ချုပ်ရေးမှူးက   ၁၄ဧက ရှိသော လယ်သမား ဦးဝင်းအောင် ထံမှ ၄ဧက သိမ်းယူ ကာ ရောင်းစားကြောင်း လယ်သမား တစ်ချို့ ထံမှ လည်း သိမ်းယူ ရောင်းစားကြောင်းသိရပြီး ၎င်း ဦးဝင်းအောင်မှ  ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် သို့ […]