One Stop Service

sterJune 14, 20121min08

မြန်မာ.အလင်း သတင်းစာထဲမှာ နိုင်ငံသားကဒ်တွေ One Stop Service နဲ.လုပ်ပေးနေတာ ဖတ်မိတာနဲ.လွန်ခဲ.တဲ.လ အနည်းငယ်က အကြောင်း သတိရမိသွားလို.ပါ။

တစ်လောက ကျွန်တော. အသိတစ်ယောက် မှတ်ပုံတင် (နိုင်ငံသား စီစစ်ရေးကဒ်) ပျောက်လို. သူနဲ.အတူ လ.၀.က ကိုရောက်သွားခဲ.ပါတယ်။ မိတ္တူ မကျန်ခဲ့လို.အရင် စပြီး လုပ်ခဲ.တဲ. မြို.နယ် လ.၀.က ကို ကိုယ်ရေး ရာဇဝင်တွေ ပြန်တောင်း ခိုင်းပါတယ်။ ပုံမှန်ကတော. တောင်းစာကို စာတိုက်ကနေ ပို.ပေမယ်. ဘယ်အချိန်မှ ပို.မယ်၊ ဘယ်လောက် ကြာမယ်၊ ဟိုရောက်ပြန်တော. ဘယ်လိုပစ်ထားပြီး ဘယ်အချိန်မှ ပြန်စာပို.မယ် ဆိုတာ မပြောနိုင်လို. ကိုယ်တိုင် သွားယူတာ ကောင်းတယ်လို. ဒီဘက် လ.၀.က ကပြော ပါတယ်။ အဲတော.လူကိုယ်တိုင်သွားယူရတယ်ပေါ.။ ကိုယ်ရေးပုံစံ ရလာမှ  ဒုက္ခတွေ.တော.တာ။ မှတ်ပုံတင် အဟောင်းထဲက မွေးသက္ကရာဇ် နဲ.မတူတော.ဘူး။ ဒါတင် မကသေးဘူး။ လက်ခံစာရင်းမှာ လည်း အတူတူ မှတ်ပုံတင်လုပ်ခဲ့တဲ့ ညီအစ်ကို မောင်နှမ နာမည်တွေ လွဲနေတယ်။ မထင်မရှားနဲ. လက်ရေးတွေလဲမတူဘူး။ ဘယ်နေရာမှာ ဘယ်လိုမှားကုန်လဲ မသိဘူး။ (ဖြစ်နိုင်တာက နယ်တွေမှာ စီမံချက်နဲ့ မှတ်ပုံတင်လုပ်တဲ့အခါ ပုံစံတွေမှာ (၁)စုံကိုသာ မှတ်ပုံတင် လုပ်သူကိုယ်တိုင် ကိုယ်ရေးရာဇဝင်ဖြည့်ခိုင်းပြီး ကျန်ပုံစံတူ ကိုတော့ ပုံစံအလွတ်မှာ အချက်လက်တွေ မဖြည့်ဘဲ အောက်ဆုံးမှာ မှန်ကန်ကြောင်း လက်မှတ်သာ ထိုးပေးရတဲ့ ထုံးစံရှိခဲ့ပါတယ်။ စီမံချက်နဲ့ အမြန်လုပ်ပေးကြတာမို့ တစ်ယောက်ချင်းစီကို ပုံစံအားလုံးဖြည့်ဖို့ မစောင့်နိုင်ပါဘူး။ အဲဒီ လက်ခံပုံစံကိုလည်း မစစ်ဆေးဘဲ နောက်မှ လုပ်အားပေးတွေနဲ့ အဆင်ပြေသလို အလွယ်တကူူ ဖြည့်ခိုင်းတတ်ပါတယ်။) သူတို.ကိုပြောတော.လဲ ဘာမှမသိရဘူး။ ဒီဘက် လ.၀.က ပြန်ရောက်လို. ပြောပြတော.လဲ ဒါအမှန်တဲ.။ လက်ရှိ ပုံစံ(၁၀)မူရင်း မှာ မှတ်ပုံတင် နဲ့ မွေးနေ့ သက္ကရာဇ် အမှန်လည်းရှိနေတာဘဲ။ မူလမွေးနေ့အမှန်အတိုင်း လုပ်ချင်တာ အခက်သားနော်။ အကုန်ရှုပ် ကုုန်တာပေါ.။ ဒီလိုရုံးတွေမှာ ဒီထက်ပိုပြီး စနစ်တကျလေးလုပ်ဖို.ကောင်းတယ်။ တချို.နေရာတွေမှာ စီမံချက်နဲ. အမြန်လုပ်ပေးတဲ.အခါ ဂရုတစိုက် လုပ်ပေးရင် ကောင်းပါတယ်။ data တွေ ထိန်းသိမ်း တဲ.စနစ်တွေ မပြောင်းလဲ နိုင်သေးရင်လဲ ဒီထက်စနစ်တကျလေး လုပ်သင်.ပါတယ်။

(နယ်တွေမှာ ဆင်းပြီး One Stop Service လုပ်ပေးနေသလို လဝကရုံးမှာ ကိုယ့်အသိစိတ်နဲ့ကိုယ် လာလုပ်တဲ့သူတွေကိုလည်း ပိုပြီးအဆင်ပြေလွယ်ကူ မြန်ဆန်အောင် မှန်မှန်ကန်ကန်လေးလုပ်ပေးသင့်ပါတယ်။)

 

14.6.2012 နေ. မြန်မာ.အလင်းသတင်းစာ

8 comments

  • Thel Nu Aye

    June 14, 2012 at 10:31 pm

    အောင်မယ်လေး မြန်မာနိုင်ငံသားသာ မှတ်ပုံတင်ကိုအဲလောက်အထောက်အထားတောင်းတာ။ ရိုဟင်ဂျာ များဆို ဘာလျှောက်လွှာမှဖြည့်စရာမလိုဘူး။ သူ့ဟာသူ ဖြည့် မြန်မာနာမည်၊ အဖေနာမည် အားလုံးအပြီး အစီး။ အိမ်တိုင်ရာရောက်။ မှတ်ပုံတင်လက်ထဲရောက်မှ အာရ်ကေပေး။ အောင်မယ်လေးလွယ်မှလွယ်။ တကယ့် One Stop Service အစစ်နော်။ ကိုယ်တွေ့။ အဲဒီရိုဟင်ဂျာနားကနေ မမြင်ဖူးလို့တောင်းပြီး များ တောင်ကိုင်ကြည့်ခဲ့သေး။ သူကတော့ ကြွားနေတာ နင်တို့မြန်မာတွေကဆိုပြီး အစချီပြီးနှိမ်သွားသေး တယ်။ ငါးခုံးမတကောင်ကြောင့်တလှေလုံးပုပ်ဆိုတာ အဲဒါမျိုးနေမှာ။

    Reply

  • ကြောင်ဝတုတ်

    June 15, 2012 at 12:35 am

    အော်…. အမသဲနုအေးကလဲ ဒီရိုဟင်ဂျာကိုဆွဲထည့်ပြန်ပါပြီ…
    မှတ်ပုံတင်ပန်းရောင်လေးကိုင်ထားတဲ့ မြန်မာစကားမတတ်တဲ့ ပရာဒိုပေါ်ကတရုတ်ကြီးကိုတော့ ကျွန်တော်ဆွဲမထည့်တော့ပါဘူး…

    ကြောင်ဝတုတ်

    Reply

    • Thel Nu Aye

      June 15, 2012 at 9:38 am

      အီးးးးးးးးးး နာ့ကို သမိုင်းတရာခံဖြစ်အောင်လုပ်ပြန်ပီ တန်းလန်းစာရေးစရာကတော့။
      ရိုဟင်ဂျာကို ဆွဲထည့်တာမဟုတ်ပါဘူးဟ။ တရုတ်တွေ မှတ်ပုံတင်ရတယ်ဆိုတာကတော့ ကိုယ်တွေ့မဟုတ်ပေမဲ့ အဲဒီ ရိုဟင်ဂျာလို့ထင်ရသောသူနဲ့က နီးနီးကပ်ကပ်ခင်မင်ဖူးခဲ့ပြီး သူ့မှတ်ပုံ တင်ဘယ်လိုရခဲ့ တယ်ဆိုတာ အမှတ်ထင်ထင်ရှိခဲ့လို့ ပြန်ပြီး ဥပမာပေးပြောပြတာပါ။ နောက်ပြီး အဲဒီမြန်မာလဝကတွေ လာဘ်စားခဲ့လို့ မြန်မာတွေ အားလုံးကို သိမ်းကြုံးပြီး တော်တော်လေးစော် ကားမော်ကားပြောခံခဲ့ရတာ အသည်းနာခဲ့ရတာလဲမှတ်ထင်ထင်ရှိခဲ့ပါတယ်။ အဲလာကြောင့်ပါ။

      Reply

      • Thel Nu Aye

        June 15, 2012 at 9:39 am

        မှားလို့ တန်းလန်းစာရေးဆရာ။

        Reply

  • the best

    June 15, 2012 at 10:06 am

    မှတ်ပုံတင်၊ သန်းခေါင် စာရင်း ရေးဖြည့်တဲ့ လက်ရေးညံ့တာတွေ၊ ပြန်ဖျက်ရေးတာတွေ၊ မင်မကောင်းလို ့ မင်ပြန် ့တာတွေ၊ လုံးဝဖတ်မရအောင်ဖြစ်တာတွေ၊ ကို အရေးတယူ ပြင်ဆင်သင့်ပါတယ်။

    လဝက အရာရှိတွေ အားလုံး(အားလုံး) ဒီကိစ္စကို မသိကြတာလား။

    ဒီလိုဖြစ်တဲ့ ကဒ်တွေ ပြန်လဲဖို ့၊နောင်ထုတ်ပေးမဲ့ကဒ်တွေ ဒီလိုမဖြစ်အောင်လုပ်ဖို ့ သိပ်အရေးကြီးပါတယ်။

    နည်းပညာအရ အရမ်းအားနည်းနေပါတယ်။ လဝက မှာ နည်းပညာရှင် ကောင်းကောင်းလိုနေပါတယ်။
    ဒီလို ဆက်သွားရင် နောင်မှာ ပြဿနာတွေ၊ အတုလုပ်တာတွေ ပိုများလာပါလိမ့်မယ်။

    မြန်မာနိုင်ငံမှာ အသုံးပြုနေကြတဲ့ကဒ်တွေထဲမှာ “မှတ်ပုံတင်ကဒ်”ဟာ အဆင့်အမြင့်ဆုံးဖြစ်ရပါမယ်။

    “အမြန်ဆုံးပြုပြင်ပါလို” ့ အကြံပေးလိုက်ပါရစေ။

    Reply

  • ster

    June 15, 2012 at 12:52 pm

    ကိုယ်ရေးရာဇဝင် ရှာပေးတဲ. သူက တစ်မြို.နယ်လုံးက သူတွေရဲ. ကိုယ်ရေးရာဇဝင် စာရွက်စာတမ်းဖိုင် တွေကြား ဆေးလိပ်သောက်ပြီး အခန်းထဲမှာပဲ အောက်ချပြီး မီးသတ်နေတာ တွေ.ခဲ.ဖူးတယ်။ မလုပ်သင်.ပါဘူးဗျာ။ အဲဒါတွေ ဆုံးရှုံ့းကုန်ရင် ဘယ်လိုလုပ်ကြမလဲ။ ပုံစံလာယူတဲ.တစ်ဦးချင်းစီကို မိတ္တူကူးခိုင်းရင်လဲ တရပ်ကွက်လုံးစာ တဖိုင်လုံးကို ပေးလိုက်တာ။ ပျောက်ဆုံး၊ ပျက်ဆီးနိုင်တာပေါ.။ အဲဒီဖိုင်ကြီးတွေကလည်း ကာလကြာပြီး ကိုင်တာများလို. တော်တော်ရိနေပြီ။ data သိမ်းတဲ.စနစ်တွေ ပြောင်းသင်.နေပါပြီ။
    the best ပြောသလို ကဒ်ပုံစံတွေလဲ ပြောင်းသင်.နေပါပြီဗျာ။ ကားလိုင်စင်တွေတောင် ပြောင်းနေပြီပဲ။

    Reply

  • ster

    June 15, 2012 at 1:14 pm

    အမ သဲနုအေး ပြောသလို အာရ်ကေပေးပြီး အိမ်တိုင်ယာရောက် လုပ်လို. ရတာတော.မသိဘူး၊ လ.၀.က ရုံးတွေမှာတော. နေ.တိုင်းကြိတ်ကြိတ်တိုးနေတာ ကြုံဖူးတဲ.လူတွေသိပါလိမ်.မယ်။ စီမံချက်နဲ. အပြင်သွားနေတဲ. ဦးစီးမှုးကို လက်မှတ်ထိုးဖို. ထိုင်စောင်.နေတာ တပုံတခေါင်း။

    Reply

    • Thel Nu Aye

      June 15, 2012 at 4:08 pm

      ရပါ့တော်ရပါ့။ မျက်စိရှေ့တင်ပါ။ ကိုယ်တိုင်ပေးလို့တော့မရပါ။ အဆက်အသွယ်ဆိုင်ရာပိုင်ရာ ရှိ လျှင် အိမ်တိုင်ယာရောက်ပါ။ မှတ်ပုံတင်ဘယ်နှစ်ခုလိုချင်လဲ။ ပွဲစားတွေရှိပါတယ်။ ဒီနေ့ပျောက် တပတ်အတွင်းထွက်တယ်။ မှတ်ပုံတင်နောက်တမျိုးလိုချင်လားရတယ်။ အဖေလွှဲမလား၊ မွေးနေ့ လွှဲမလား၊ မွေးဖွားရာဒေသလွှဲမလား ကြိုက်တာပြောအားလုံးရတယ်။ အခုခေတ်တော့မသိဘူး။ လွန်ခဲ့တဲ့ တနှစ်နှစ်နှစ်လောက်ဆီကထိအဲလိုရသေးတယ်။

      Reply

Leave a Reply

Your email address will not be published.