ပန်းတနော်က ကျေးရွာ အုပ်ချုပ်ရေးမှူး စာကျက်မြေကို သိမ်းလို့တဲ့

Mr. humanJune 12, 20121min05

ဧရာဝတီတိုင်း  ပန်းတနော်မြို့နယ်  ကျုံ လမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ပိုင်  ကျီးတပင် အုပ်စု တွင်  စားကျက်မြေများကကျေးရွာ အုပ်ချုပ်ရေးမှူးမှ

တစ်ဧက ၃၀၀ဝ နုန်းကောက်ခံကြောင်းနှင့်တစ်ချို့ စားကျက် မြေများ ကို သိမ်းယူရောင်းစားကြောင်း သတင်းရရှိသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍  ကျီးတစ်ပင် အုပ်စု ရှိကျေးရွာ လယ်သမား များထံ ကျေးရွာ အုပ်ချုပ်ရေးမှူးမှ      စားကျက်မြေ တဧကလျှင်၃၀၀ဝပေးရန်ကောက်ခံခဲ့ပါသည်။

လယ်သမားများကလည်း ပေးပါသည်။  ကျေးရွာ အုပ်ချုပ်ရေးမှူးက   ၁၄ဧက ရှိသော လယ်သမား ဦးဝင်းအောင် ထံမှ ၄ဧက သိမ်းယူ ကာ ရောင်းစားကြောင်း

လယ်သမား တစ်ချို့ ထံမှ လည်း သိမ်းယူ ရောင်းစားကြောင်းသိရပြီး ၎င်း ဦးဝင်းအောင်မှ  ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် သို့ လက်မှတ်ရေးထိုး   တင်ပြ တိုင်တန်းကြောင်း သိရပါသည်။

ပန်းတနော် မြို့နယ် ရှိ လယ် သမားများမှ ကျေရွာ အုပ်ချုပ်ရေးမှူး အားဝန်ကြီး ချုပ်မှ အမြန်ဆုံး အရေးယူပေးပါရန် လိုလားလျှက်ရှိပါသည်။

 

5 comments

  • htet way

    June 13, 2012 at 4:36 pm

    ဒေသကြီး ဝန်ကြီး ချုပ်ကို တိုင်တယ်လို့ ပြောတာ ကြားပါတယ်
    လူတွေက မိမိမကျေနပ်တာကို အားကိုး တကြီးတော့ တိုင်ကြတာပဲ
    အရေးယူတာ ကိုတော့ ………………..။

    Reply

  • မွန်မွန်

    June 13, 2012 at 4:53 pm

    ငယ်ငယ်တုန်းက ကဗျာလေးကို သတိရတယ်..
    “တိုင်တစ်လုံး ငါးကျပ်. နင့်ပါး ဆယ်ချက်” ဆိုတာလေး..
    😛

    Reply

  • သားဦး၊မြေးဦး

    June 13, 2012 at 7:16 pm

    ကုန်ပါပီဗျာ။စားကျက်မြေ အမှန်ဆို သိပ်အရေးကြီးတာ။
    ကူညီကြပါအုံး

    Reply

  • cum min

    June 19, 2012 at 5:00 pm

    ဟုတ်တယ် ကူညီကျပါ

    Reply

  • သားဦး၊မြေးဦး

    June 19, 2012 at 7:16 pm

    ကိုကမ်းမင်းလဲ ပန်းတနော် သတင်းတွေရေးတယ်လေ။အတူပူးပေါင်းလိုက်ပြိး
    ကြိုးစားသင့်ပါ၏

    Reply

Leave a Reply

Your email address will not be published.