မနက်လင်းလို့ အိပ်ရာထပြီဆိုရင်ပဲ သတင်းစာကို မျော်နေမိတာက အကျင့်လိုဖြစ်နေမိပြီ။ မနက်ပိုင်း Breakfast လေးစား ကွန်ပြူတာရှေ့ ယောင်ခြောက်ဆယ် လုပ်ရင်းနဲ့ သတင်းစာပို့သမားရဲ့ ခေါင်းလောင်းကြိုးဆွဲ သံလေးကိုပါနားစွံ့ နေမိတယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ ဂေဇက် အဖွဲ့သားတွေရဲ့ ဆောင်းပါးတို လေးတွေကလဲ မကြာမကြာပါနေတော့ ဒီနေ့များ ဘယ်သူ့ဟာ ပါလာမလဲဆိုပြီး … ဒီနေ့မနက် သတင်းစာလာလို့ ကောက်ကိုင်လိုက်တော့ အင်တာဗြူး သမားလေးတစ်ယောက်ကိုသွားတွေ့လိုက်တယ် .. သူကတော့ မနောဖြူလေးပါပဲ။ ကျွန်တောက သူကို စာပဲရေးတယ်ထင်ထားတာ ဗြူးပါဗြူးတပ်တယ် ဆိုတာကို ဒီနေ့မှသိလိုက်ရတော့တယ်။ နောက်ဆိုသူနဲ့မတွေ့အောင် ရှောင်မှပဲ တော်ကြာကိုယ့်ပါလာဗြူးပြီး အဖြေကျပ်တဲ့ မေးခွန်တွေ ဗြူးနေမှ ဒွတ်ခ ဖြစ်မှာ 🙂 သူဗြူးထားတဲ့သူကတော့ ကြည့်မြင်တိုင်တစ်ဖက်ကမ်း အေးရွာ က မိန်းကလေးတစ်ယောက်ကိုပါ။ ငါးခြစ်တဲ့ […]
