ဂဇက် ရွာသူ/ရွာသားများ ခင်ဗျာ အောက်ဖော်ပြပါ ပို့စ်ဟာ ကျွန်တော် ဦးကျောက်ခဲရဲ့ အားထုတ်မှူ မဟုတ်ရပါခင်ဗျား။ မူလရေးသားသူမှာ ထိုင်းနိုင်ငံ ဖူးခက်မြို့က ဆရာဦးမင်းဒင် ဖြစ်ပါတယ်ခင်ဗျာ။ ယခုအချိန်မှာ အားလုံးဘဲ စဉ်းစားကြသင့်စေလိုတာ ကြောင့်ပါခင်ဗျား။ ( ခွင့်ပြုပေးသော ဆရာဦးမင်းဒင်ကိုလဲ အထူးကျေးဇူးတင်ရှိပါသည် ခင်ဗျား) Credit to http://www.mindin.info/2012/12/blog-post.html   ဆိုရေးရှိပြီဟု ထင်မြင်သည်။  (မင်းဒင် ရေးသည်။)   တိုင်းရေးပြည်ရေးဟာ ကိုယ်ထင်တာမြင်တာနဲ့ အများကြီး ကွဲလွဲနေတတ်တာမို့ ကြက်ဥ အရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်၊ ပြည်ထဲအရေး ပေါက်နဲ့ကျေးလို့ဆိုကြပါတယ်။ ကိုယ်တိုင်က သတင်းတွေ ဖတ်ပြီး နားစွင့်တဲ့အဆင့်သာရှိတာမို့   ကျနော်ဟာ နိုင်ငံရေးခေါင်းစဉ်တပ်ပြီး စာရေးခဲ ပါတယ်၊ နှစ်သက်သည်ဖြစ်စေ  မနှစ်သက်သည်ဖြစ်စေ ရေငုံနှုတ်ပိတ် နေလေ့ရှိပါတယ်။ ငြိမ်နေရတဲ့ […]


အလဲဗင်းမီဒီယာမှာ သာသနာရေးဝံကျီး သူရမြင့်မောင် လက်ပံတောင်းအရေးအခင်းမှာ အစိုးရက အကြမ်းဖက် ဖြိုခွဲမှုနဲ့ ပတ်သက်ပြီး သံဃာမဟာနာယက အဖွဲ့ကို လျောက်တော့ ဆန္ဒပြဘုန်းကြီးတွေ မလိမ်မိုးမလိမ်မာ အတီးအတမို့ အသုံးချခံရတယ်၊ အဲဒီအတွက် စိတ်မကောင်းဘူး၊ ရဲတွေအနေနဲ့ တောင်းပန်ပြီးပြီ၊ မလုပ်မဖြစ် လုပ်ခဲ့ရတာမို့ အစိုးရ ကိုယ်စားတောင်းပန်တယ်၊ နောင်မဖြစ်စေဖို့ ကြိုးစားမယ်၊ သွေးထိုးတဲ့ လူပုဂ္ဂိုလ်တွေ လွတ်နေတယ်။ သူတို့ကြတော့ အနာမခံ ပြေးကုန်ပြီ။ ဒဏ်ရာရ သံဃာတွေကို ကျနော်တို့ပဲစောင့်ရှောက် ပေးထားတယ်။ အဲလိုသဘောကို စာချောအောင် ပြောသွားတယ်။ အပြည့်အစုံကို ဒီမှာဖတ်ပါ။ မီးဝါနေတုံး လမ်းဖြတ်ကူးသူကို တိုက်မိတဲ့ ကားသမားက မင်းသောက်ရမ်းကူးလို့ တိုက်မိသွားတာ ဆောရီးပဲ လဒူရေလို့ ပြောသလိုပဲ။ ဘုန်းကြီးတွေကို တုံးအသူများ၊ အသုံးချခံများအဖြစ် ပုံဖော်စွပ်စွဲခဲ့ပြီး ဆန္ဒပြလှုံဆော်သူများကိုလည်း ခြိမ်းချောက်တယ်။ […]


kalinkDecember 7, 20121min02
Facebook အထူး သတိပေးကြေညာချက် (Facebok Profile view အား အသုံးမပြုရန်) ယခု ရက်ပိုင်းအတွင်း Facebook profile view ဆိုတဲ့ Application က ဖေ့စ်ဘွတ်မှာ အတော်ပျံ ့နှံ့နေပါတယ်။ ဘယ်သူက ကိုယ့် Facebook Profile ကိုလာကြည့်သလဲဆိုတာ ကို ထောက်လှမ်းပေးတယ်လို့ ဆိုပါတယ်။ Instagram Photos လို့ဆိုပြီး ကိုယ့် Profile ကို ဘယ်သူတွေ ကြည့်ပါကြောင်း နာမည်တွေလျှောက် ထည့်ရေးပါတယ်။ အမှားတွေ ပိုများ ပါတယ်။ ကိုယ်လည်းတစ်ခါမှ မကြည့်ရပဲ နဲ့ ကိုယ်နာမည် ပါနေတာတို့။ ကိုယ့်ကို Tag ထားတာတို့ကို မြင်ရ မှာ ဖြစ်ပါ တယ်။ ယင်း Application ကိုအသုံးပြုခြင်းရဲ […]


kalinkDecember 6, 20121min02
၁၂ နှစ်အောက် သားသားမီးမီးလေးတွေရှိတဲ့ ရွာသူရွာသားတွေအတွက် သတင်းကောင်းလေးပါးပါရစေ…ခုမှ စဖွင့်တဲ့ အင်တာနေရှင်နယ်စကူးရဲ့ အဗာတိုက်ဇင်းအနေနဲ့ စပွဲထုတ်တဲ့ …ကလေးတွေအတွက် အခမဲ့ပြိုင်ပွဲလေးကို..ရွာသားတွေ သိရအောင် ကြော်ငြာမောင်းခတ်လိုက်ပါတယ်………..ဝင်ကြေးအနေနဲ့ ဘာမှမပေးရတဲ့အပြင် ဘာစာရွက်စာတန်းဖိုးမှလဲမပေးရပါဘူး.. ရွာသားတွေရဲ့နီးစပ်ရာ ကလေးတွေကို လက်တို့ပီး သွားပြိုင်ခိုင်းလိုက်ပါအုံး… အနုပညာပိုးရှိတဲ့ကလေးလေးတွေ စင်ပေါ်တက်ပီး စွမ်းရည်တွေပြဖို့.. အမြန်ဆုံး… စာရင်းသွားပေးလိုက်ကြပါနော်…………….အသေးစိတ်ကို ကြော်ငြာမှာ ဖော်ပြထားပါတယ်………. ကယ်..ရွာသားတို့ရဲ့..သားသားမီးမီးတွေ…… ဆုတွေများကြီးရပါစေလို့…….ဆုတောင်းလိုက်ပါတယ်…….  ELITE-Super Star Talent Contest   အနာဂတ်မှာအောင်မြင်တောက်ပတဲ့ ကြယ်ပွင့်လေးတွေဖြစ်ဖို့အတွက်.. (၁၁-၁၂-၂၀၁၂) စိမ်းလန်းစိုပြေ မြက်ခင်းပြင်မှာ ကျင်းပမဲ့ ELITE-Super Star Talent Contest   * အသက် ၁၂နှစ် နှင့်အောက် မည်သူမဆို အခမဲ့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။ * မိမိနှစ်သက်ကျွမ်းကျင်ရာ “ စွမ်းရည်တစ်မျိုးမျိုး ” ဖြင့် တစ်ဦးချင်းဖြစ်စေ၊ […]


တနင်္လာနေ့တုန်းက နယူးယောက် တိုင်းမ်းစကွဲ စတေရှင်မှာ ခလေးနှစ်ယောက်ဖခင် Ki-Suck Han ဆိုသူ ရထားဘူတာထဲ ဝင်လာစဉ် ပလက်ဖောင်းကနေ တွန်းချအသတ်ခံရတယ်။ Davidဆိုသူ (၃ဝနှစ်) သူ့အနား ကပ်လာပြီး စကားများရန်ဖြစ်စဉ် အဲသလို ရထားလမ်းပေါ် တွန်းချအသတ်ခံခဲ့ရတာပါ။ အဲဒီလူကို ဖမ်းထားပြီး ရော့ကဲဖဲလား စင်တာအနီးရှိ လမ်းဘေးဈေးသည်အကူ ဖြစ်ဟန်တူပါတယ်။ သူ့ကို စိတ်မမှန်သူတဦးလို့လည်း ပြောနေကြတယ်။ အသတ်ခံရသူ ဟန် (၅၈နှစ်) ရထားအတိုက်ခံရပြီး မကြာခင်သေတယ်။ ရထားပလက်ဖောင်းပေါ် ပြန်တက်ဖို့ ကြိုးစားသေးပေမဲ့ မမှီတော့ဘူး၊ ရထားနဲ့ ပလက်ဖောင်းအစွန်း ကြိတ်မိပြီးသေတယ်။ အဲဒီအဖြစ်အပျက်ကို မှတ်တမ်းတင်သူ အလွတ်တမ်း ဓာတ်ပုံဆရာကို အသက်မကယ်ဘဲ ဓာတ်ပုံရောင်းစားဖို့ စိတ်ကူးရှိသူအဖြစ် ဝေဖန်နေကြတယ်။ အဲဒီသတင်းနဲ့ ဓာတ်ပုံ နယူးယောက်ပို့စ် မျက်နှာဖုံးသတင်း ဖြစ်သွားတယ်။ သူကတော့ […]


thit minDecember 5, 20124min041
ဝမ်းသာစရာသတင်း   “ဒီမြှားက ဘယ် အရပ်ကလာတာလဲ၊ ဒီမြှားကို ဘယ်သူပစ်တာလဲ ၊ ဘယ်သူကပစ်ခိုင်းတာလဲ၊ဘယ်လိုမြှားအမျိုးအစားလဲ ဆိုတာ လေ့လာသင့်ပေမဲ့ ပထမဦးစားပေးကတော့ အခု ဝေဒနာ ခံစားနေရသူများကို ဆေးကုဖို့လိုအပ်တာပါ။ ခုသတင်းလေး က အရမ်းဝမ်းသာဖို့ကောင်းပါတယ်။ ပြည်ဝင်ခွင့်ကိုလဲ လွယ်လွယ်ကူကူဖြစ်ပါစေ။”  Special credit to Venus News Weekly   ဒဏ်ရာရ သံဃာတော်များကို နိုင်ငံလေးနိုင်ငံမှ အရေပြားဆရာဝန်များ လာရောက်ကုသပေးမည်   ကျော်ဇေယျာထွန်း ရန်ကုန်၊ ဒီဇင်ဘာ ၅။   လက်ပံတောင်းတောင် အထွေထွေ သပိတ်စခန်းများအား အစိုးရက အကြမ်းဖက်ဖယ်ရှားစဉ် ဒဏ်ရာရခဲ့သော   သံဃာတော်များကို ထိုင်းနိုင်ငံ၊ ထိုင်ဝမ်၊ အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ အရေပြားအထူးကု ဆရာဝန်များ   လာရောက် […]


ခင္ခDecember 5, 20121min020
သတင်းလေးအတိုင်း တကယ်ဖြစ်ရင် ကောင်းမှာဘဲလို့။ အသက် ၆ဝ နှင့် ၇ဝ ကျော်အရွယ် ဘိုးဘွားများ နိုင်ငံပိုင်ဆေးရုံကြီးများတွင် အခမဲ့ဆေးကုသခွင့်နှင့် ကျန်းမာရေးစစ်ဆေးခွင့်များ ရရှိတော့မည်ဖြစ်ကြောင်း ဒီဇင်ဘာလ  ၃ ရက်နေ့က ပြုလုပ်ခဲ့သော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြောကြားခဲ့သည်။ “ နိုင်ငံတော်ရဲ့ ဆင်းရဲချမ်းသာ၊ ဘာသာလူမျိုးမရွေး ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီစေဖို့အတွက် နိုင်ငံတော်၏ စီးပွားရေးအခြေအနေနှင့် လိုက်လျောညီထွေမှုရှိတဲ့ ကျန်းမာရေး ဘဏ္ဍာငွေ ကူညီမှုတစ်ရပ်အဖြစ် ဆေးရုံများမှာ ဆေးပဒေသာပင်နဲ့ စရိတ်မျှပေးကျန်းမာရေးစနစ်ကို ပြုလုပ်နေပါတယ်။ ကျန်းမာရေးဦးစီးဌာနအနေနဲ့ တိုးပွားလာသော သက်ကြီးရွယ်အိုများအတွက် အစီအမံများ ချမှတ်ထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သက်ကြီးရွယ်အို စောင့်ရှောက်ရေးစီမံချက်ဝင် မြို့နယ် ၈၈ ခုရှိပြီး မြို့နယ်အဆင့် ဆေးရုံ၊ တိုက်နယ်ကျန်းမာရေးအဆင့်၊ […]


kaiDecember 5, 201210min052
*************************************************************** BURMA RELATED NEWS – December 01-03, 2012. *************************************************************** Reuters – Myanmar govt asks Suu Kyi to investigate mine dispute Reuters – Calls grow for probe into police violence at Myanmar mine Reuters – Calls grow for probe into police violence at Myanmar mine Reuters – Blind China dissident urges Xi follow Myanmar path to […]


minhtettharDecember 3, 20121min00
ကျွနုပ်တို့၏ မန္တလေးတွင် အကြီးအကျယ်မီးလောင်မှု နှစ်ခုဖြစ်ပွားခဲ့ရာ ကျွန်တော်တို့ အောင်မြေသာစံ မြို့နယ်အကွက် အမှတ်၁၅၄နှင့် ၁၅၅ မှာ မီးဘေးဒုက္ခမှ လွတ်မြောက်ခဲ့ပါသည်။ ဒါပေမဲ့ ယခုအခါတွင် ကျွန်တော် တို့အားမီးလောင်မြိုက်တွင်းသို့ ပို့ချင်သူတစ်ဦးပေါ်ထွက် လာခဲ့ပါပြီ။ ကျွန်တော်တို့ရပ်ကွက်အတွင်းတွင် ဓါတ်ဆီသိုလှောင်ရေးနှင့် ရောင်းဝယ်ရေး လာလုပ်ခြင်းဖြစ်ပါသည်။ အမြန်လမ်းမများနှင့် မြို့ပြင်များတွင်သာ ဖွင့်ခွင့်ပြုသည့် ဓါတ်ဆီဆိုင်ကဲ့သို့ လာရောက်ဖွင့်လှစ်ရန် ဆီဆိုင် ဆောက်ခြင်း၊ ဆီသိုလှောင်ခန်း တူးဖော်ထားခြင်းဖြစ်ပါသည်။ လူမှုရေးအရ၊ စီးပွားရေးအရ လုံးဝလက်မခံနိုင်သည့် ကိစ္စရပ်ဖြစ်ပါသည်။ လူမှုရေးအရ လက်မခံနိုင်ခြင်းမှာ ဤကဲ့သို့သော အန္တရာယ်ကြီးသည့် ကိစ္စရပ်မျိုးတွင် ရပ်ကွက်၏ အရှေ့(၁၀)အိမ်၊ အနောက်(၁၀)အိမ်၏ လက်ခံခွင့်ပြုချက်ပါမှသာ ဖွင့်လှစ်နိုင်ပါသည်ဟု သိရှိရပါသည်။ သို့သော် အဆ ိုပါစီးပွားရေးသမားမှာ ကျွန်တော်တို့ရပ်ကွက်၏ ခွင့်ပြုချက်နှင့် အိမ်များ၏ခွင့်ပြုချက် မရပါပဲနှင့် လာရောက်ဆောက်လုပ်ပြီး ဖွင့်လှစ်ရန် […]


nigimi77December 2, 20121min016
င်္FR ရဲ  ့ စဉ်စားကြစေလိုပါတယ် ဆိုတာကို ဒီနေရာမှာ ငှားသုံးချင်ပါတယ် ။ အမြင်တွေကတော့ မတူနိုင်ဘူးပေါ့ ။  မတူသော်လည်းပဲ  စဉ်းစားလို ့ရအောင် ဆရာ တင်လတ် ရဲ  ့  Wall ပေါ်ကနေ  ကူးယူပြီး  မျှဝေလိုက်ပါတယ် ။ ======================================== ဆဲချင်ကြလဲ အားလုံးဝိုင်း ဆဲကြဗျာ။ ဒီပွဲမှာ မြန်မာနိုင်ငံ ရဲ့ ၂နှစ်သားဒီမိုကရေစီ မရင့်ကျက်သေးကြောင်း၊ ကလေးအဆင့်ပဲရှိသေးကြောင်းကမ္ဘာကိုပြလိုက်တာပဲ။ ကျွန်တော်ကတော့ ဒီကိစ္စမှာ သုံးဘက်လုံးမှားတယ်ယူဆပါတယ်၊ လက်ရှိအစိုးရဟာ အရင်အစိုးရလက်ထက်က အထုပ်တွေကို လက်ဆင့်ကမ်းကာကွယ်နေတာ ရပ်သင့်ပါပြီ၊ ဒေသခံတွေအတွက် ထည့်သွင်း စဉ်းစားထားခြင်းမရှိတဲ့ Project မှန်သမျှ ပြန်သုံးသပ်ပြီး Revise လုပ်သင့်ပါပြီ၊ မြန်မာနိုင်ငံ သည် S…overeign State ဖြစ်တဲ့အတွက်၊ နိုင်ငံအကျိုး၊ […]


ဆရာ မနိုင် ပြိုင်ချင်ရာပြိုင် ရွာသူရွာသားအပေါင်းတို့ခင်ဗျား.. ကျနော်များ မတထောင်သား ဂေဇက်အဖွဲ့သားများ ဦးဆောင်၍ ဂဇက်ရွာ ရဲစခန်းအား မနက်ဖြန်နံနက် ဝေလီဝေလင်း အချိန်တွင် ဝင်ရောက်စီးနင်း တိုက်ခိုက်မီးရှို့မည်ဖြစ်သည်။ ထိုသို့ စီးနင်းတိုက်ခိုက် မီးလောင်ဗုံးများ အားရပါးရ ပစ်သွင်းအပြီးတွင် ပြသနာ ပြေလည်စေရန် စခန်းမှူး ရဲမူး ဖောရှောခိုင်နှင့် ရဲသားများအား ဝန်ချတောင်းပန်ပွဲ ဆက်လက်ပြုလုပ်ပါမည်။ ထို့ကြောင့် ရဲဘော်ရဲမေများ အနေဖြင့် စုရပ်သို့ လာသည့်အခါ တုတ်၊ဓါး၊ မီးလောင်ဗုံးများနှင့်အတူ အုန်းပွဲငှက်ပျောပွဲများ တပါတည်း ယူဆောင်လာကြပါရန် နှိုးဆော်ပါသည်။ မှတ်ချက်။ သဂျီးသမီးတော်ဂလေးအား ကြံစည်နေသူများ မပါရ။ ဦးကြောင်ကြီး – ဂဇက်ပြည်သူ့ကွန်မန်ဒို မုံရွာ၊ နိုဝင်ဘာ ၃၀ လက်ပန်တောင်းတောင် ကြေးနီး စီမံကိန်းကို ငြိမ်းချမ်းစွာ ကန့်ကွက် ဆန္ဒပြနေကြသည့် […]


လင္းစက္ရာDecember 1, 20121min05
လက်ပန်းတောင် ကိစ္စမှာ အမေစု ဒီနေရာကို လာမှာ သိသိကြီးနဲ့ လာခါနီးမှ ဒါမျိုးကပ်လုပ်တာဟာ နိုင်ငံရေးကစားကွက်တစ်ခုလားလို့ ထင်မြင်မိပါတယ်..။ အမေစုဟာ အစိုးရက ဖြေရှင်းရမယ့် ကိစ္စတွေမှာ စည်းကမ်းရှိရှိနဲ့ ဝင်မပါပဲ စောင့်သာ ကြည့်နေခဲ့ပါတယ်..။ ဒီကိစ္စမှာလည်း အမေစုရဲ့ မူရင်းရည်ရွယ်ချက်က သွားရောက်လေ့လာရုံ ၊ ပြည်သူတွေကို မျှမျှတတ အေးအေးချမ်းချမ်း ရှိအောင် ဖြောင်းဖျရုံ လောက်ပဲ လုပ်ဖို့ သွားရောက်တာလို့ မြင်မိပါတယ်..။ အခုတော့ အမေစု လာခါနီးမှ ဒီလို လုပ်လိုက်တော့ ဒီကိစ္စဟာ အမေစု ခေါင်းပေါ် ပုံကျလာပါတယ်… ။  အမေစုလာတဲ့အခါ ဒီကိစ္စကို တရားမျှတမှုရဖို့ လူတွေက တောင်းဆိုကြမှာပဲ..။ ပြည်သူတွေကို မျက်ကွယ်မပြုတတ်တဲ့ အမေစုဟာ မဖြစ်မနေ ကြားဝင်ရတော့တာပေါ့…။ ဒီကိစ္စကို ပြေလည်အောင် လုပ်ပေးပါ့မယ်ဆိုပြီး […]


လက်ပံတောင်းကြေးနီစီမံကိန်းမှ သပိတ်စခန်းများကို အကြမ်းဖက်နှိမ်နင်းမူအား ဆန့်ကျင်ရှုတ်ချလိုသည့် မြန်မာပြည်သူပြည်သားများအနေဖြင့် အိမ်ဖြူတော်(အမေရိကန်အစိုးရ)အား တိုက်ရိုက်လက်မှတ်ရေးထိုး ပန်ကြားနိုင်ပါသည်။ ပန်ကြားချက်ကိုအောက်ပါလင့်မှ သွားရောက်၍လက်မှတ်ရေးထိုးနိုင်ပါသည်။ (ဒီဇင်ဘာလ ၂၉ရက်နေ့အထိ လက်မှတ်ရေးထိုးသူဦးရေ ၂၅၀၀ဝပြည့်ရမည်ဖြစ်ပြီး၊လက်မှတ်မရေးထိုးမှီ အကောင့်အသစ်ပြုလုပ်ရမည်ဖြစ်သည်…။ လက်မှတ်ရေးထိုးရန်လင့်…့http://wh.gov/5Yrl ကဲ..ဒီရွာထဲက သူကြီးကစပြီး လှည်းနေလှေအောင်း၊မြင်းဇောင်းမကျန် ရှိရှိသမျှ ရွာသူားအပေါင်းတို့ … အပြောမဟုတ်အလုပ်နဲ့သက်သေပြကြပါဆို့…