Thiha Phone MoOctober 16, 20131min03
ပခုက္ကူမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌အောက်တိုဘာ(၁၅)ရက်နေ့ည(၅)နာရီ ချိန်က မြို့ပေါ်ရပ်ကွက်များတွင် ဗုံးပေါက်ကွဲမှု မဖြစ်ပွားစေရေးအတွက် လုံခြုံရေးအစည်းအဝေးကျင်ပပြုလုပ်ခဲ့ကြောင်းသိရှိ ရသည် အစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူး၊ခရိုင်ရဲတပ်ဖွဲ့မှူး၊မြို့နယ်အုပ်ချုပ်ရေးမှူး၊မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်ခရိုင်လဝကမှူး တို့မှ ပခုက္ကူမြို့တွင် ဗုံးပေါက်ကွဲမှုမဖြစ်ပွားစေရေးအတွက် ဗုံးပေါက်ကွဲမှုအကြောင်း လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မိုင်းအသိ၊မိုင်းသတိရှိရန်ပြောကြားခြင်း၊ ဟိုတယ်/မိုတယ်/တည်းခိုခန်းပိုင်ရှင်များအား တည်းခိုခန်းနှင့်ပက်သက်သည့် စည်းမျဉ်း စည်းကမ်းများ ဆောင်ရန်၊ရှောင်ရန်အချက်များအားရှင်းလင်းပြောကြားခဲ့ကြောင်း အစည်းအဝေးသို့ မြို့မရဲစခန်းမှူး၊ခရိုင်သတင်း တပ်ဖွဲ့မှူး၊မြို့နယ်စည်ပင်သာယာရေးလက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မင်းကြိုင်၊မြို့နယ်စည်ပင်သာရေးကော်မတီဥက္ကဌ ဦးတင်ဝင်း၊မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်အေထောက်အကူပြုကော်မတီဥက္ကဌ ဦးရဲထွဋ်၊မြို့ပေါ်ရှ ဟိုတယ်နှင့်တည်းခိုခန်းများမှ ပိုင်ရှင်(၂၂)ဦးတို့တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။


Hlaing Zar ChiOctober 16, 20131min00
    မင်းတုန်းမြို့နယ် ၊ပေါက်ကိုင်းကျေးရွာနေ ဦးသောင်းရွှေနှင့်ဇနီးဖြစ်သူ ဒေါ်လှလှ တို့သည် အောက်တိုဘာ(၁၅)ရက်နေ့ နံနက်(၁၀)နာရီချိန်က နေအိမ်နောက်ဖေး ခြံစည်းရိုးတွင် သန့်ရှင်းရေးပြုလုပ်ခဲ့စဉ် ဗုံသီးဟောင်း တစ်လုံးတွေ့ရှိခဲ့သဖြင့် မင်းတုန်းမြို့မရဲစခန်း ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးတင်ထွန်းအောင်နှင့်နယ်ထိန်းအဖွဲ့၊ စရဖ တပ်ကြပ်ကြီး ခင်ဦးနှင့်အဖွဲ့၊ဒေသ ခံကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်အောင်နှင့် အတူသွားရောက် စစ်ဆေးရာ ဗုံးသီးဟောင်းသည် အလျား(၁၇)လက်မ၊လုံးပတ်(၁၁) လက်မခန့်ရှိကြောင်း ဗုံးမှာပြောင်ချော၍သံချေးများတက်နေကြောင်းစစ်ဆေးတွေ့ရှိရကြောင်း  အဆိုပါ ဗုံးပေါက်ကွဲမှုမဖြစ်စေ ရေး အတွက် သဲအိတ်များဖြင့်ကာရံထိန်းသိမ်းထားရှိကာ သက်ဆိုင်ရာ ခလရ(၄၄)မှ တပ်ရေးဗိုလ်ကြီး တင်မောင်ညွန့်ထံ ဆက်သွယ်    ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။


Hlaing Zar ChiOctober 16, 20131min00
    ပွင့်ဖြူမြို့နယ် သက်တော်ရှည်ရပ်ကွက်ရှိ မြို့နယ်သစ်တောဦးစီးဌာနရုံးဝန်းအတွင်း အောက်တိုဘာ(၁၆)ရက်နေ့ည(၁) နာရီ(၅)မိနစ်ချိန်က မီးလောင်မှုဖြစ်ပွားသဖြင့် တစ်ထပ်လူနေအိမ်(၁)လုံးနှင့်မြို့နယ် သစ်တော ရုံးတစ်ခု မီး လောင်ကျွမ်းခဲ့ကြောင်း သတင်းရရှိသည်။ဖြစ်စဉ်မှာ အဆိုပါနေည(၁)နာရီ(၅)မိနစ်ချိန်က ဝါယာရှော့ဖြစ်ပြီးမီးစတင်လောင်ကျွမ်းခဲ့ကြောင်းမီလောင်မှု ကြောင့် သစ်တောဝန်းအတွင်းရှိ မြို့နယ် သစ်တော ဦးစီးမှူး ဦးသီဟစော နေထိုင်သည့် တစ်ထပ်နေအိမ်(၁)လုံးနှင့် တစ်ထပ်ခြေ တံရှည် မြို့နယ်သစ်တောရုံးတစ်ရုံး မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်(၃၄၂၂၀၀၀)ရှိကြောင်း အဆိုပါမီးလောင်ရာ သို့ မြို့နယ် မီးသတ်တပ်ဖွဲ့ မီးသတ်ယာဉ်(၂)စီး၊အရန်မီးသတ်တပ်ဖွဲ့မှမီးသတ်ယဉ်(၁)စီး၊နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူများ လူအင်အား(၇၀)ကျော်မှ ဝိုင်းဝန်းမီးငြိမ်း သတ်ခဲ့ရကြကြောင်း သိရှိရ သည်။အဆိုပါ မီးလောင်မှုအား မြို့နယ်မီးသတ် တာဝန်ခံ လက်ထောက် မီးသတ်ဦးစီးမှူး ဦးရှိန်မင်းထက်မှအရေးယူပေးရန်တိုင်တန်းသဖြင့် မြို့နယ်သစ်တောဦးစီးမှူး  ဦးသီဟစောအား ပွင့်ဖြူမြို့မရဲစခန်းမှ (ပ)၇၁/၂၀၁၃၊ ပုဒ်မ ၂၈၅ ဖြင့်အမှုဖွင့်ထားကြောင်းသိရှိရသည်။


kaiOctober 16, 20134min08
Security Message to United States Citizens – October 15, 2013 Recent Bombings in Burma and General Security Awareness This Security Message is to alert U.S. citizens residing in or traveling to Burma of recent bombings in several locations around the country.  A series of seven Improvised Explosive Devices (IEDs) have detonated, or have been discovered […]


Hlaing Zar ChiOctober 15, 20131min00
 တောင်တွင်းကြီးမြို့နယ် ပုဂံကုန်းကျေးရွာနေ အသက်(၃၇)နှစ်ရှိအမျိုးသမီးတစ်ဦးသည် အောက်တိုဘာ(၁၂)ရက်နေ့ နေလည်(၂)နာရီချိန်ကနေအိမ်မှ ပန်းရောင်းရန်တစ်ဦးတည်းထွက်လာခဲ့စဉ် အင်ကုန်းရွာမရောက်မီ ကန်သုံးဆင့်ရေကန် အနီး လှည်းလမ်းပေါ်တွင် တစ်ရွာတည်းနေအစ်ကိုဝမ်းကွဲတော်စပ်သူ သောင်းငွေ အသက်(၄၄)နှင့်တွေ့သဖြင့်မေးမြန်းရာ ငါးလာဖမ်း ကြောင်းပြောသဖြင့် ဆက်လက်လျှေက် လာခဲ့ ရာ  သောင်းငွေမှနောက်မှလိုက်လာပြီး တရားလိုမိန်းကလေးအား တွန်းလှဲပြီးကိုယ် ပေါ်တက်ဖိကာသားမယားအဖြစ်ပြုကျင့်ရန်ပြုလုပ်သဖြင့် တရားလိုမိန်းကလေး မှ အော်ဟစ် တွန်းထိုး ထွက်ပြေးခဲ့ပြီး အစ်မဖြစ် သူများပြောပြကာ သားမယားအဖြစ်ပြုကျင့်ရန်ကြံစည်သူ သောင်းငွေ အားအရေးယူပေးပါရန်တိုင်တန်းသဖြင့် တောင်တွင်းကြီး မြို့နယ်၊မြို့မရဲစခန်းမှ (ပ) ၁၉၃/၂၀၁၃၊ ပုဒ်မ ၃၇၆/ ၅၅၁ ဖြင့်အမှုဖွင့် ထားကြောင်းသက်ဆိုင်ရာမှသိရှိရသည်။


Hlaing Zar ChiOctober 15, 20131min00
       အောင်လံမြို့မရဲစခန်းမှဒုရဲအုပ် ထွန်းထွန်းလင်းနှင့်အဖွဲ့မှသက်သေများနှင့်အတူ အောက်တိုဘာ(၁၁)ရက်နေ့ နေ့လယ် (၁၁)နာရီ(၄၅)မိနစ်ချိန်က ရွာတောင်ရပ်ကွက် မြို့ပတ်လမ်းရှိ မတင်ဇာခိုင်  အောင်လံမြို့နယ်နေသူ၏ ကွမ်းယာဆိုင်နှင့်မုန့်မျိုးစုံ ဆိုင်အား နှစ်လုံးထီရောင်းချနေကြာင်းသတင်းအရဝင်ရောက်ရှာဖွေခဲ့ရာ နှစ်လုံးထီစာရွက်စာတမ်းများနှင့်လောင်းကြေးငွေကျပ် (၁၉၄၅၀)တို့အား ကွမ်းယာခုံ အံဆွဲအတွင်းမှတွေ့ရှိခဲ့သဖြင့် သက်သေမျာရှေ့တွင်ရှာဖွေပုံစံဖြင့်သိမ်းဆည်းပြီး အဆိုပါတရားမဝင် နှစ်လုံးထီလောင်းကစားပြုလုပ်သူ မတင်ဇာခိုင်အား အောင်လံမြို့မရဲစခန်းက (ပ)၇၅ /၂၀၁၃၊ လောင်းကစား ပုဒ်မ ၁၅(က) / ၁၆(က)ဖြင့်အမှုဖွင့်ထားကြောင်းနှင့်အဆိုပါနေ့ နေ့လည်(၁၁)နာရီ(၅၀)မိနစ်ချိန်က ချောက်မြို့နယ် ရဲစခန်းမှ ဒုရဲအုပ် သန်းမြင့်နှင့် အဖွဲ့သည် မြို့နယ်ရဲတပ်ဖွဲ့မှူး ၏ လောင်းကစားဖမ်းဝရမ်းအမှတ် ၂၆/၂၀၁၃ ဖြင့်ချောက်မြို့ အမှတ်(၁၀)နယ်မြေ ပတ္တမြားရပ် ကွက ် ရှိ  ကိုကိုဦး ၏နေအိမ်အား ဝင်ရောက် ရှာဖွေရာ နှစ်လုံးထီလောင်းကစားရာ တွင် အသုံးပြုသော စာရွက်စာတမ်း များနှင့် လောင်းကြေးငွေကျပ်(၂၃၆၀၀)တို့အားသိမ်းဆည်းရမိသဖြင့် […]


Hlaing Zar ChiOctober 14, 20131min04
မကွေးမြို့၊ပြည်တော်သာရပ်ကွက် အထက(၁)လမ်းရှိ မြို့တော်ခန်းမတွင် အောက်တိုဘာ(၁၂)ရက်နေ့ည(၇)နာရီချိန် က မကွေးတိုင်းဒေသကြီး အကြိမ်(၂၀)မြောက်မြန်မာတိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ ဆုချီးမြှင့် ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစီအစဉ်အရ ဆို၊က၊ရေး၊တီးပြိုင်ပွဲတွင် ပထမ၊ဒုတိယ၊တတိယဆုရရှိသူများအား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေ နှင့်ဇနီးဒေါ်စန်းစန်းမြင့်၊အစိုးရအဖွဲ့ဝန်ကြီးများ၊မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အေးကျော်၊မကွေးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး တို့မှ ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း အဆိုပါ အခမ်းအနားသို့ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊သူနာပြုသင်တန်းသား/သင် တန်းသူများ၊လူမှုရေးအသင်းအဖွဲ့များ၊မြို့မိမြို့ဖများ၊ပြိုင်ပွဲဝင်အုပ်ချုပ်ရေးမှူးများ၊ပြိုင်ပွဲဝင်များ၊ဖိတ်ကြားထားသည့်ဧည့်သည် တော်များ စုပေါင်းအင်အား(၃၀၀)ကျော်တက်ရောက်ခဲ့ကြသည်။


Hlaing Zar ChiOctober 13, 20131min03
ပခုက္ကူမြို့၊အမှတ်(၁)ရပ်ကွက်နေ အသက်(၁၇)နှစ်ရှိ (၁၀)တန်းကျောင်းသူတစ်ဦးသည် စက်တင်ဘာ(၃၀)ရက်နေ့ နေ့လည်(၃)နာရီချိန်က၎င်း၏နေအိမ်မှ အမှတ်(၄)ရပ်ကွက်ရှိ ထန်းတန်းလမ်းရှိကျုရှင်သို့ ထွက်သွားရာမှ နေအိမ်သို့ ပြန်မလာဘဲပျောက်ဆုံးနေသဖြင့်  အဆိုပါမိန်းကလေး ကျောင်းသူ၏မိခင်ဖြစ်သူ ဒေါ်ကျင်သန်းမှ အောက်တိုဘာ(၉)ရက်နေ့ ကတရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် သက်ဆိုင်ရာ ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်းက လူပျောက်အမှတ်စဉ် ၆ /၂၀၁၃ ဖြင့်အမှု ဖွင့်ဆောင်ရွက်ထားကြောင်းသက်ဆိုင်ရာမှသတင်းရရှိသည်။


Hlaing Zar ChiOctober 13, 20131min00
   ချောက်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သန်းမြင့်နှင့်အဖွဲ့ အောက်တိုဘာ(၁၁)ရက်နေ့ညနေ(၅)နာရီ(၁၅)မိနစ် ချိန်က သွေးနက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးငွေထွန်းနှင့်အတူကျေးရွာ                      အတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် အဆိုပါကျေးရွာ အတွင်း ရဲဘက်ပြေးတစ်ဦးရောက်ရှိနေကြောင်းသတင်းအရလိုက်လံရှာဖွေဖမ်းဆီးခဲ့ပြီး ရဲဘက်ပြေး အောင်ထွန်းဝင်းအား စစ်ဆေးခဲ့ရာ ၎င်းသည်      သွေးနက်ကျေးရွာနေ သိန်းမင်း(ခ)မင်းမင်းအား ဓါးဖြင့်ထိုးရာမှသေဆုံးသွားသဖြင့် ချောက်မြို့မရဲစခန်း မှ(ပ)၂၂၆/၂၀၀၂၊ပုဒ်မ ၃၂၆ မှ၃၀၂ သို့ပြောင်းလဲစစ်ဆေးခဲ့ပြီး မကွေးခရိုင်တရားရုံးမှ             ပြစ်မှုကြီးအမှတ် ၂၇/၂၀၀၂ ဖြင့်လက်ခံ စစ်ဆေးခဲ့ပြီး၎င်းအား သရက်အကျဉ်းထောင်မှ ဝေါလေရဲဘက်စခန်းသို့ပိုဆောင်ခဲ့ရာ အဆိုပါစခန်းမှထွက်ပြေးခဲ့သဖြင့် ချောက်မြို့မရဲစခန်းတွင်ပြန်လည်ဖမ်းဆီးခံရပြီး ချောက်မြို့မရဲစခန်းက(ပ)၄၅၆/၂၀၀၀၊ ပုဒ်မ ၂၂၄ ဖြင့်ချောက်မြို့နယ်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ရာကြီးမှုအမှတ် ၁၃၂၃/၂၀၀၅ ဖြင့်လက်ခံစစ်ဆေးခဲ့ပြီးထောင်(၁)နှစ်ချမှတ်ခဲ့သဖြင့် မြင်းခြံ အကျဉ်းထောင် သို့ပို့ဆောင်ခဲ့ကြောင်း အဆိုပါမြင်းခြံအကျဉ်းထောင်မှ […]


Don Juan RonaldOctober 12, 20133min016
အားလုံးမင်္ဂလာပါ ! ! ! ♥♥♥   ဗမာ ပြည် ကြီး မှာ မိုးစက်ဝိုင် နဲ့ ပါတ်သက် ပြီး ၊ ငြင်းခုံ ကိုက်သတ် နေ တဲ့ အချိန် ၊ တချိန် က ဗိုလ်ချုပ် ပြောခဲ့ တဲ့ စကား ထဲ မှာ ၊ ဖာနိုင်ငံ လို့ သမုတ် ခဲ့ တဲ့ ယိုးဒယားနိုင်ငံ မှာ ၊ သူတို့ နိုင်ငံ ရဲ့ ခေါင်း ဆောင် တရုတ်မကြီး Yingluck Shinawatra ဟာ ယိုးဒယားနိုင်ငံ ၏ အကျိုး စီးပွား တိုးတက်ရေး အ တွက် တရုတ် ပြည်ကြီး သို့ ချစ်ကြည်ရေး ခရီး […]


Hlaing Zar ChiOctober 11, 20131min04
Normal 0 false false false EN-US X-NONE X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-qformat:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin-top:0in; mso-para-margin-right:0in; mso-para-margin-bottom:10.0pt; mso-para-margin-left:0in; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-fareast-font-family:”Times New Roman”; mso-fareast-theme-font:minor-fareast; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:”Times New Roman”; mso-bidi-theme-font:minor-bidi;}               မကွေးမြို့နယ်၊လက်ဆည်ကန်ကျေးရွာတွင် အောက်တိုဘာ(၃)ရက်နေ့ နံနက်(၉)နာရီ(၄၅)မိနစ်ချိန်က    (High Teach)ကုမ္ပဏီမှ ကျပ်(၃၃၅)သိန်း တန်ဘိုးရှိသည့် အမှတ်(၁၁)မူလွန်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့်ပေးအပ်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ […]


အမေရိကန်နိုင်ငံ ပြည်ထောင်စု ဗဟိုဘဏ်မှ အင်္ဂါနေ့တွင် ပုံစံအသစ်နှင့် ပိုတိကျကောင်းမွန်သည့် လုံခြုံရေး အစီအမံများပါသော ဒေါ်လာ၁၀ဝ ငွေစက္ကူ အသစ်ကို စတင်ထုတ်ဝေသည်။ နဂိုမူလ စီစဉ်ထားချိန်ထက် ၂နှစ်ကျော်ကြာ နောက်ကျ ထုတ်ဝေခဲ့ခြင်းလည်း ဖြစ်သည်။ ၁၀ဝတန် ဒီဇိုင်းအသစ်ကို ၂၀၁၂ခုနှစ်တွင် ထုတ်ပြန်ထားခဲ့သော်လည်း ထုတ်လုပ်ရေး နှောင့်နှေးမှုများကြောင့် အမှန်တကယ် ထုတ်ဝေမည့်နေ့ နောက်ဆုတ်လိုက်ရသည်။ ၂၀၁ဝ ဒီဇင်ဘာလတွင်း ပုံနှိပ်နေဆဲ ငွေစက္ကူသစ် တွန့်ကြေ သွားသဖြင့် မူလစီစဉ်ထားသည့်အတိုင်း ၂၀၁၁ခုနှစ်တွင် ရာတန်သစ် ထွက်မလာနိုင် ဖြစ်ခဲ့ရသည်။ နောက်ဆုံး ပြင်ဆင်ထားသော ၁၀ဝတန် ဒီဇိုင်းအား ၁၉၉၆ခုနှစ် မတ်လတွင် စတင်ထုတ်ဝေခဲ့သည်။ ခေတ်မှီ အဆင့်မြင့် ရာတန်စွင့် လူတိုင်းမှတ်မိတဲ့ ဘန်ဂျမင် ဖရန်ကလင် မျက်နှာပဲ ဒီဇိုင်းအသစ်တွင်း ဆက်သုံးထားပေမဲ့ ဘဲဥအဝန်းမျဉ်းလိုင်း […]