သဘောထားကြီး တဲ့ ယိုးဒယား လူမျိုး တွေ ။

Don Juan RonaldOctober 12, 20133min016

အားလုံးမင်္ဂလာပါ ! ! ! ♥♥♥

 

ဗမာ ပြည် ကြီး မှာ မိုးစက်ဝိုင် နဲ့ ပါတ်သက် ပြီး ၊ ငြင်းခုံ ကိုက်သတ် နေ တဲ့ အချိန် ၊

တချိန် က ဗိုလ်ချုပ် ပြောခဲ့ တဲ့ စကား ထဲ မှာ ၊ ဖာနိုင်ငံ လို့ သမုတ် ခဲ့ တဲ့ ယိုးဒယားနိုင်ငံ မှာ ၊

သူတို့ နိုင်ငံ ရဲ့ ခေါင်း ဆောင် တရုတ်မကြီး Yingluck Shinawatra ဟာ ယိုးဒယားနိုင်ငံ ၏ အကျိုး စီးပွား တိုးတက်ရေး အ တွက် တရုတ် ပြည်ကြီး သို့ ချစ်ကြည်ရေး ခရီး သွား ရောက် လည်ပါတ် နေ ပြီ ။

စားဝတ် နေရေး နှင့် ဗိုက် ဝ တာ ထက် ပိုပြီး အရေး ကြီး တဲ့ ကိစ္စ ဤလောက မှာ ဘာ ရှိ သေး သလဲ ? ။

1379947_640630669314725_883648561_n
တရုတ်ယောက်ျားကြီး များစွာ ၏ အလည် တွင် တစ်ပွင့်တည်း သော တောက်ပ တဲ့ ပန်း ၊ ဒေါ်ယဉ်လှ

အထက် ပါ ပုံ ကို ကြည့် လျှင် ချောမောလှပ သော အမျိုးသမီး နှင့် ဓါတ်ပုံ ရိုက်ဖြစ် ဖို့ အတွက် ၊ မည်သည့် အမျိုးသား မှ ဤ အခွင့်အရေး ကိုလက် လွတ် မည် မဟုတ် ပါ ၊ ဝန် လေး လိမ့် မည် လည်း မဟုတ ပါကြောင်း ကို တွေ့ ရှိ နိုင် ပါ သည် ။

559206_640614909316301_294413043_n
တရုတ်ယောက်ျားကြီး များ ၏ အလေးပြု ချင်း ကို ခံယူ နေ သည့် ချောမောလှပတဲ့ ဒေါ်ယဉ်လှ ။ ပုံ-၁
1383735_640590039318788_1859456880_n
တရုတ်ယောက်ျားကြီး များ ၏ အလေးပြု ချင်း ကို ခံယူ နေ သည့် ချောမောလှပတဲ့ ဒေါ်ယဉ်လှ ။ ပုံ-၂
1383781_640589889318803_1416542964_n
တရုတ်ယောက်ျားကြီး များ ၏ အလည်တွင် ပါဝါ အရှိ ဆုံး သော ချောမောလှပတဲ့ တရုတ်မကြီး နှစ် ယောက် ။

လကျ်ာဘက် အမျိုးသမီး သည် တရုတ်နိုင်ငံ သမတ ကတော် အ ဆက်ဆက် မှာ ဤ  သမတ ကတော် သည် ရုပ်ရည် အကောင်း ဆုံး ၊ အခန့်ညား ဆုံး ဖြစ် ပါ သည် ၊ သမတ ကတော် မ ဖြစ် ခင် ကတည်း က တရုတ်ပြည်သူ့ တပ်မတော် ၏ ပြန်ကြားရေး ဌာန မှာ ဗိုလ်ချုပ်ရာထူး ကို ရ ရှိ ထား ပြီး ၊ သီချင်း ဆို အလွန် ကောင်း ၍ ၊ နိုင်ငံ ကျော် အဆိုတော် လည်း ဖြစ် ပါ သည် ။

 

 

1377418_640630445981414_688600399_n
စီးပွားရေး ပူးပေါင်း ဆောင်ရွက် မှု ကို တည်ဆောက် နေ တဲ့ နှစ် နိုင်ငံ ၏ ဝန်ကြီးချုပ် နှစ် ဦး ။

 

တရုတ်ကြီး ရဲ့ ကျည်ဆံ ရထား ဟာ ကွာလ်သီ သိပ် မ ကောင်း လှ ပေမဲ့ something is better than nothing  ပေါ့ ၊ လုံးဝ မရှိ တာ နဲ့ စာ ရင် အ များ ကြီး အဆင် ပြေ ပါ တယ် ။ ကျည်ဆံ ရထား ဆို တာ စီး လို့ အ ရမ်း ကောင်း တာ ၊ တခါ စီး ဘူး ပြီး ရင် တခြား ရထားများ ကို မ စီး ချင် တော့ ပေါင် ။ $$တတ်နိုင် ပေါ့ ကွယ် ။

1394006_641023875942071_1790955794_n
တရုတ်ကြီး ၏ High Speed Railway ခေါ် ကျည်ဆံ ရထား ပြပွဲ ။
1383902_641024305942028_1758007828_n
သင့်မြတ်ချင်း ဟု အမည် ပေး ထား သော ရထား တွဲ ။

 

ယိုဒယားပြည် မှာ တရုတ်မကြီး တ ယောက် တိုင်းပြည် ကို အုပ် ချုပ် နေ တာ ကို လက်ခံ နိုင် တယ် ၊

လူတိုင်း သူမ ကို တရုတ်မကြီး မှန်း သိ ပေ မဲ့ သူ့ ကို တရုတ်မကြီးလို့ မ သတ်မှတ် ပါဘူး ၊ ယိုဒယားမ ကြီး လို့ ဘဲ ခံ ယူ ထား ပါ တယ် ။

အေးပေါ့လေ ~  ရုပ်ရည် ချောမောလှပ တဲ့ အမျိုး အမီးများ ဟာ အစစ အရာရာ မှာ အခွင့် သာ တဲ့ သဘာဝ တရား က လည်း ရှိ သေး တယ် ကို း ။

( အထက် ပါ အဆို ကို ကျနော် ရှောက် ဖြီး ထား တာ မ ဟုတ် ဘူး နော် ၊ ပညာရှင် တွေ သုတေသန လုပ် ထား တယ် ၊ တကယ် ပြော တာ )

 

 ဗမာပြည်ကြီး  မှာ အဲ လို ဖြစ် နိုင် သလား ? မယ်  ကိစ္စ လေး တခု လေး နဲ့ တောင် ဒီ လောက် သောင်းကျန်း နေ တာ ။

ဦးနု ခေတ် မှာ ယိုဒယားပြည် ဟာ ဗမာပြည်ကြီး ထက် အများကြီး အများကြီး ညံ့ ပါ တယ် ။

အခုတော့ ????????????????? ။

 

လူမျိုးရေး ကို ဘေး ဖယ် ထား စမ်း ပါ ၊

စီးပွားရေး ကောင်း အောင် သာ လုပ် စမ်း ပါ ၊

စီးပွားရေး ကောင်း မှ ထမင်းဝ မှာ ။

ဒါပေသည့် ထမင်း ဝ တော့ Satan ထောင် တာ တော့ မဖြစ် စေ ချင် ပါ ဘူး ( http://myanmargazette.net/171698 ) ကို ဖတ်ကြည့် ပါ ။

  

 

သဂျီးမင်း နှင့် တကွ သဂျီးမင်း ခေါင်းဆောင် သော ရွာသူားများ အား လုံး ကို ချစ်ခင် လေး စား ပါ သည် ။

 

ကျေးဇူးတင်ပါသည် ။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာ ရွှင်လန်း ကြ ပါ စေ ။

 

16 comments

  • ဦးဦးပါလေရာ

    October 12, 2013 at 10:39 pm

    ထိုင်းတွေက လက်တွေ့ကျတယ် ကိုရော်နယ်ရဲ့ …

    လက်တွေ့ကျတဲ့သူက အကျိုးရှိတာကို ဦးစားပေးတာပေါ့ ..

    တစ်ချို့ ထိုင်းတွေ ပျော်ပျော်နေ ပေါ့ပေါ့ပါးပါးနေတာကိုတော့ အမြဲလိုလို မြင်ရကြားရပါတယ်။

    ဒါပေမယ့် ထိုင်းတွေကို လူညံ့တွေလို့တော့ ကျွန်တော် တစ်ခါမှ မထင်မိပါဘူးဗျာ…

    Reply

  • မင်းခန့်ကျော်

    October 13, 2013 at 7:20 am

    တို့ အဘ တော့ မြန်မာအတွက် တရုပ်မတယောက်

    များတွေ့ထားသလားပဲ :mrgreen:

    Reply

  • padonmar

    October 13, 2013 at 10:37 am

    အဲဒါကိုပြောချင်လို့ ဘယ်လို အထောက်အထားပြရပါ့မလဲ စဉ်းစားနေတာ ။
    အခုလိုရေးပြလိုက်တော့ ပေါ့ပေါ့ပါးပါး နားလည်လွယ် ကောင်းလိုက်တာ။
    သိုင်းကျူးအကြီးကြီးပါ။
    အဲဒီ ယိုးဒယားတရုတ်မကြီးထက် သာတဲ့ တကယ့်အရည်အချင်းပြည့်ခေါင်းဆောင်ကိုတောင်
    လူမျိုုးရေးဘက်လိုက်တယ် စွပ်စွဲပြီး လက်မခံချင်ကြရင်
    ကိုယ့်တက်လမ်းကိုယ်ပိတ်ကြသလို ဖြစ်မှာပေါ့။
    ချင်ကျားပူမပြောနဲ့ ယိုးဒယားကိုတောင် မီဖို့ အဝေးကြီးဖြစ်သွားမယ်။

    Reply

  • TNA

    October 13, 2013 at 10:37 am

    တရုတ်ကတော့ နေရာအနှံမှာရှိနေတာမို့ အဆန်းတော့လုပ်ပြီးမပြောချင်တော့ဘာဘူး အဘ Don Juan Ronald ရေ

    Reply

  • ရွှေ ကြည်

    October 13, 2013 at 11:10 am

    ဒီမယ်ကိစ္စကတော်တော်တော့ ဂယက်ရိုက်သားကလား
    မိရွှေကြည်အမြင်ကတော့ အရေးအရာလုပ်နေစရာကိုမလိုတာလို့ထင်တယ်
    ဟိုကိုယ်တော်နဲ့ ဟို ကား စီး ပြီး ဟိုပွဲမှာတက်လိုက်တာနဲ့ ဒီကိစ္စတွေပွလာတယ်ထင်တယ်
    ရွာထဲမှာတောင် တော် တော် လေး လှုပ်ခတ်သွားသကိုးးးးးးးးးးးးး 😀

    Reply

  • ဦးဦးပါလေရာ

    October 13, 2013 at 4:08 pm

    ထိုင်းလူမျိုးတစ်ချို့ ဘယ်လောက်တော်လဲ ဆိုတာ နမူနာပြောပြဦးမယ်..
    ကျုပ်မိတ်ဆွေရဲ့ မိသားစုဝင်တစ်ယောက် ထိုင်းမှာ ဆယ့်ငါးနှစ်ကျော်ကြာပြီ
    သူအလုပ်သွားလုပ်ပြီး ရ နှစ်လောက်အကြာမှာ အခြားကုမ္ပဏီတစ်ခုကို ပြောင်းလိုက်ရတယ်
    မူလ ကုမ္ပဏီပျက်သွားလို့..
    အဲဒီ ဒုတိယကုမ္ပဏီမှာ လုပ်ရင်းနဲ့ ခြောက်လလောက်ကြာတော့ ရီဂျင်နယ်မန်နေဂျာရာထူးကိုပေးတယ်..။
    နောက်ထပ်သုံးလလောက်ကြာတော့ သူ့ထက် အသက်လဲနဲနဲပိုကြီး၊ ဘွဲ့လဲပိုရထားတဲ့(MBA) ကုမ္ပဏီပိုင်ရှင်ရဲ့သားကို သူ့လက်အောက် လက်ထောက်မန်နေဂျာရာထူးပေးတယ်။
    ဘာလို့ အဲသလိုလုပ်တာလဲလို့မေးကြည့်တော့ (ငါ့သားထက် မင်းကပိုတော်လို့ပေါ့..။ မင်းလုပ်လို့အောင်မြင်ရင် ငါ့မိသားစုပဲခံစားရမှာပဲ။ အဲဒီထဲမှာ ငါ့သားလဲပါတယ်)လို့ပြောသတဲ့…

    အဲသလို လုပ်ငန်းရှင်မျိုး မြန်မာပြည်မှာ ဘယ်နှစ်ယောက်ရှိမယ်ထင်လဲ …..

    Reply

    • kai

      October 13, 2013 at 4:34 pm

      တယောက်မှရှိမယ်မထင်ဘူး…
      ဒေါ်စုကပြောတယ်ဆို… မြန်မာတွေ.. ဟိုစိတ်ကြီးတယ်တဲ့…။ ဟိုစိတ်..။
      အဲဒါကြောင့်…။
      အဲဒါ…အဲဒီစိတ်… ဘယ်ကလာသလည်း..သိလား.. :mrgreen:

      Reply

  • KZ

    October 13, 2013 at 6:16 pm

    အနော်တို့က ပိုသဘောထားကြီးပါသေးးးးး
    တစ်နိုင်ငံလုံး ကြိုက်ရာကို အလိုရှိသလို သုံး လို့ ပေးထားတယ်လေ။
    အနော်တို့ ခေါင်းဆောင်တွေ သိပ် တရားအားထုတ် ပါတယ်။

    😀

    Reply

    • မင်းခန့်ကျော်

      October 13, 2013 at 6:57 pm

      ဟုတ်လို့လား အားရီ ကေဇီ :mrgreen:

      Reply

      • KZ

        October 13, 2013 at 7:06 pm

        အန်လကယ် မင်းမင်းရဲ့ အဘတွေအတွေ အကြောင်း အန်လကယ် မင်းမင်း အသိဆုံးနေမှာပ

        :mrgreen:

        Reply

  • Don Juan Ronald

    October 13, 2013 at 8:34 pm

    အား လုံး ကို ကျေး ဇူး တင် ပါ တယ် ။

    ဗမာ ပြည် ကြီး မှာ နှစ် ပေါင်း ၄ဝ ကျော် နေ ခဲ့ တာ ခံ စား ချက် အများ ကြီး ရှိ ပါ တယ် ၊ သိပ် မရေး တတ် လို ့ မ ရေး ဖြစ် တာ ။

    Reply

  • joe wynn

    October 13, 2013 at 11:25 pm

    ဦးနေဝင်းဆိုတဲ့ (ရှုမောင်ကြီး) ကျုပ်တို့တိုင်းပြည်ကို
    နှစ်ပေါင်း(၂၀)ကျော်လောက် အုပ်ချုပ်သွားတုံးကတော့
    ဘယ်သူကမှ သဘောထားကြီးတဲ့ မြန်မာလူမျိုးတွေလို့
    မပြောကြဘူး ဟင့်…….ဟင့် ရက်စက်တယ်။

    Reply

    • ဦးကြောင်ကြီး

      October 14, 2013 at 8:12 am

      သိပ်ကောင်းတဲ့ မှတ်ချက်လေးပါပဲ ကိုဂျိုးဝင်းရေ… ဗိုက်ဝရင်တော့ ယောင်မှား မထောင်နဲ့နော်… အရောင်တဝင်းဝင်းဆိုဒေါ့ မျက်စိကျိန်းကုန်မယ်…။ အနော်လည်း ဗိုက်ဝရင် ဟိုဟာထောင်တယ်… လက်ညှိုး လက်ညှိုး … အချိုပွဲ တောင်းမို့… 😀

      Reply

      • Don Juan Ronald

        October 14, 2013 at 8:25 pm

        ဆရာ ကြောင်ကြီး ရဲ့ ဝါဒနာ သိ လို့ ကျော့ကွင်း ထောင် လိုက် တာ မိ သွား ပြီ ။

        Reply

    • Don Juan Ronald

      October 14, 2013 at 9:09 pm

      ရှု = တရုတ်စာ ဒီ လို ရေး တယ် 旭 = အဓိပ္ပါယ် = နံနက်ခင်း တွင် ထွက် လာ သော နေမင်းကြီး

      မောင် = တရုတ်စာ ဒီ လို ရေး တယ် 芒 = အဓိပ္ပါယ = ဖြာ ထွက် နေ တဲ့ အလင်းတန်း

      တိုင်းပြည် တခု လုံး အနှစ် ၂ဝ ကျော် တောင် အဲ ဒီ တရုတ် ကြီး ကို ပေး အုပ်ချုပ် ထား မှ တော့ ဘာကြောင့် ဒီ ပုစိညော့တောက် ကိစ္စ ဖြစ်တဲ့ ကောင်မလေး တယောက် က မယ် သွား ရွေး တာ ကို အရေး လုပ် နေ တာ လဲ ? ဆင်ကြီး တောင် တ ကောင် လုံး ပါ သွား ပြီ ၊ အ မှီး အရေး လုပ် နေ သေး တယ် ။

      Reply

  • alinsett

    October 14, 2013 at 10:17 pm

    ထိုင်းလူမျိုး လေးငါးယောက်လောက်တော့…
    အပေါင်းအသင်းဖြစ်ဖူးပါရဲ ့…။

    Reply

Leave a Reply

Your email address will not be published.